Monday, May 25, 2015

မြန်မာ မှ ကယ်တင်ထားသည့် လှေစီး ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဟု ကုလသမဂ္ဂ အတည်ပြု

Hmuu Zaw's photo.


By ဒီဗွီဘီ (25 May 2015)
မြန်မာရေတပ်က ကယ်တင်ထားတဲ့ ပင်လယ်ပြင်လှေစီးဒုက္ခသည် ၂၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ က အမျိုးသားတွေဖြစ်တယ် လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ပြန် ကြားရေးရုံး က ဒီကနေ့ အတည်ပြုကြေညာပါတယ်။

ကုလအတွင်းရေးမှုးချုပ် ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယား နဲ့ မြန်မာနိုင်ငံ ရှိ ကုလသမဂ္ဂ အကြီးတန်း အရာရှိ Ms. Renata Dessallien မစ္စ ရီနာတာ ဒက်စ်ဆယ်လီအန် တို့ မေလ ၂၂ ရက်က ရခိုင်ပြည်နယ်ကို သွားရောက်ကာ ကယ်တင်ထား သူတွေကို သွားရောက်တွေ့ဆုံပြီးနောက် ထုတ်ပြန်လိုက်တာပါ။

မေလ ၂၁ ရက်နေ့က မြန်မာ့ရေပြင်ထဲ ရွှေ့ပြောင်း  ၀င်လာသူ ၂၀၀ ကျော် ကို အရေးပါတဲ့ ကယ်တင်မှုတွေ လုပ်ခဲ့တဲ့ အတွက် ကုလသမဂ္ဂ အနေနဲ့ ပြည်ထောင်စု အစိုးရကိုရော ရခိုင်ပြည်နယ် အစိုးရကိုပါ ချီးကျူးပါတယ်။

ကယ်ဆယ်ခဲ့သူ ၂၀၀ ဟာ ဘင်္ဂလားဒေ့ရှ် လူငယ် အမျိုးသားတွေ လို့ ယုံကြည်ပြီး ဒီထဲက ၁၉ ယောက် ဟာ အသက် ၁၇ ကနေ ၁၅ နှစ် အကြား ရှိကြတယ်လို့ ထုတ်ပြန်ချက် မှာရေး ထားပါတယ်။


 
မြန်မာ အစိုးရ အနေနဲ့ ပင်လယ်ထဲမှာ ရှိနေနိုင်သေးတဲ့ ရွှေ့ပြောင်း သွားလာသူ အများ အပြား ကို ရှာဖွေ ကယ်ဆယ်မှုတွေ ဆက်ပြီး လုပ်ဆောင်ဖို့လည်း ကုလသမဂ္ဂ က တောင်း ဆိုပါတယ်။

ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ ရဲ့ ရခိုင် ခရီးစဉ် အတွင်း တရားမ၀င် ခိုးဝင်မှု၊ လူမှောင်ခို ကူးမှုတွေ နဲ့ ပုံသဏ္ဍာန် မမှန်တဲ့ ရွှေ့ပြောင်း သွားလာမှု ပြသနာတွေ ကို အစိုးရ တာဝန်ရှိ သူတွေနဲ့ နှစ်ဖက်ဆွေးနွေး ခဲ့ကြပြီး ပွဲစားတွေ နဲ့ ရာဇ၀တ်ကောင်တွေ ကို အာရုံစိုက် အရေး ယူ ဆောင်ရွက်ဖို့ လိုတယ် ဆိုတာ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒြါ့ပင် နေစရာမဲ့ ဒုက္ခသည်တွေ အပါအ၀င် ရခိုင်ပြည်နယ် အတွင်း လတ်တလော အခြေအနေ တိုးတက်လာတယ် ဆိုတာကို ကုလသမဂ္ဂ က လက်ခံ အသိအမှတ်ပြုတယ်လို့လည်း ထုတ်ပြန် ချက်မှာ ရေးထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် အနီး ပင်လယ်ပြင် မှာ လူ ၂၀၈ ဦး လိုက်ပါလာတဲ့ စက်လှေ တစင်းနဲ့ လူမပါ တဲ့ စက်လှေ တစင်းကို မြန်မာရေတပ် က ကင်းလှည့် စဉ် တွေ့ရှိ ကယ်ဆယ်ခဲ့တာပါ။

လှေစီးဒုက္ခသည်တွေ ကို အလယ်သံကျော်ကျေးရွာ မှာ ယာယီစခန်း ဖွင့်လှစ်ကာ စားနပ် ရိက္ခာ နဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေပေးထားပြီး ဒီကနေ့ မေလ ၂၅ ရက် မနက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့ နီးတဲ့ တောင်ပြို လက်ဝဲမြို့နယ် ကို မော်တော်ယာဉ်တွေ နဲ့ ပို့ဆောင်ပေးနေ ပြီး ပြန်လည် လွှဲပြောင်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေတယ် လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ထား ပါတယ်။


[Source: http://burmese.dvb.no/archives/94507 ]
 Ye Htut shared Hmuu Zaw

No comments:

Post a Comment