Sunday, May 3, 2015

ဦးနှောက်သွေးကြောပြတ်ခြင်း ( ဖတ်ဖြစ်အောင်ဖတ်၊ Shareဖြစ်အောင်Shareပါ )

Sanda Zaw Teet's photo.

မိတ်ဆွေတို့...
မိမိ မဖြစ်လောက်သေးပေမယ့် အသက်ကြီး သူတွေ ဘာကြောင့် ဦးနှောက်သွေးကြောပြတ် သေ ဆုံးကြရ ပါသလဲ.ဆိုတာလေး သိရအောင်  ထပ်ဆင့်မျှဝေ တင်ပြလိုက်ပါတယ်...


၁၉၀၀ ပြည့်နှစ် ၀န်းကျင်လောက် က Thomas Vills “ သောမတ်စ် ဗီးစ် ” ဆိုတဲ့ ကောင်လေး တစ်ယောက် သူအရမ်း ချ စ်တဲ့ သူ့အဖိုး...သူ့ရှေ့မှာ ဦးနှောက်သွေးကြော ပြတ်သွား တာကိုကြုံခဲ့ရတယ်..

ဘာမှ မသိသေးတဲ့ ကလေးလေး ဆိုပေမဲ့ သူ့အရမ်းချစ်တဲ့ အဖိုးဖြေးဖြေး လဲကျသေဆုံး သွားပုံ ကို မျက်စိ ထဲက မထွက်ခဲ့ဘူး..

ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ ခဲ့ပြီးတဲ့နောက်မှာ “ သောမတ်စ် ဗီးလ် ” ဟာ ဆရာဝန်ဖြစ်လာ ခဲ့တယ်..
သူ ငယ်ငယ် ကတည်းက မျက်စိရှေ့တင် လဲကျသေဆုံး သွားတဲ့ အဖိုးအဖြစ် ကို  ဘာကြောင့် ဦးနှောက်သွေးကြောပြတ် ရတာလဲ လို့ သူ့လေ့လာခဲ့တယ်..... မလေ့လာရင်သာနေမယ်..လေ့လာရင် အရာရာ သိလာရတာပါပဲ....
.
ဘာကြောင့်လို့ ထင်ပါသလဲ သူငယ်ချင်း........

တစ်ခါ တစ်လေ ကြီးမားတဲ့ အပြောင်းအလဲတွေ ဟာ မထင်မှတ်တဲ့ နေရာတွေက အစပြုတတ်ပါတယ်.....

 မြန်မာနိုင်ငံမှာ ဦးနှောက်သွေးကြောပြတ်ပြီး ခဲ့ရတဲ့ လူတွေ အများကြီးပါ..သူတို့ ဟာ အဓိက အားဖြင့် ဘယ်လို အခြေအနေမျိုးမှာ ဖြစ်တတ် ပါသလဲ...


“ အလွန်ဒေါသထွက် ၊ ရန်ဖြစ်နေချိန်က လွဲလို့ ဦးနှောက်သွေးကြောပြတ် သေဆုံးသူ အများစုဟာ  အိမ်သာ က အထွက် မှာ မူးပြီး လဲကျ  ဦးနှောက်သွေးကြောပြတ်တယ်. .လို့တွေ့ရမှာပါ.

ဒီလိုပါပဲ...သောမတ်စ်ဗီးလ် လဲတွေ့ရှိခဲ့တယ်.. ”
သူ့အဖိုး ကလဲ အိမ်သာ က အထွက်မှာ လဲကျ သေဆုံး သွားခဲ့တာလေ..
 

သူ သေသေ ချာချာ လေ့လာတော့ ရိုးရိုး အိမ်သာခွက် (ဆောင့်ကြောင့် ထိုင်ခွက်) မှာ ထိုင်ပြီး အိမ်သာတတ် သူ၏ ဒူးက ၁၅၀ ဒီဂရီကျော် ကွေးပြီး ထိုင်ရုံသာ မက လူဝိတ် ကပါ ဖိမိ ထားတော့ ခန္ဓာကိုယ် က သွေးကြောတွေ ပိတ် မိနေတယ်..

ဒီအချိန်မှာ အိမ်သာ တက် ပြီးလို့ ရုတ်တရက် ထလိုက်တော့ ကွေးနေတဲ့ ဒူးဟာ.. ရုတ်တရက်သွေးကြော ကိုဖွင့်ပေးလိုက် သလို ဖြစ်ပြီး ဦးနှောက်သွေးကြော ကိုဆောင့်တိုး စေတယ်..

လူငယ်တွေ မှာ ခံနိုင်ရည် ရှိပေမဲ့လူကြီးတွေ ကျတော့ ခံနိုင်ရည် အားကျနေပြီလေ. ဒါကြောင့် အိမ်သာ က အထွက် မှာ လူတွေ ဦးနှောက်သွေးကြောပြတ်တာ လို့... သူတင်ပြတယ်..

ဒါနဲ့ လေ့လာတွေ့ရှိ မှု နောက်ဆက်တွဲ အဖြစ် နဲ့ ရိုးရိုး အိမ်သာခွက်တွေ အစား ထိုင်ကမုတ်ခွက် တွေ ကို ပြောင်းသုံး ဖို့ သူ တီထွင်ခဲ့တယ်..

ထိုင် ကမုတ်ခွက် တွေ အပြောင်း အလဲရဲ့ အကျိုး သက်ရောက်မှုကလဲ  အံ့သြစရာကောင်းပါတယ်....
၇၀ % သော လူတွေ ဦးနှောက်သွေးကြောပြတ်မှု ကို ကာကွယ်နိုင်ခဲ့တယ်..

 ပြင်သစ် ၊ ဆွီဒင် ၊ ဂျာမနီ ၊ အမေရိကန် ၊ဟော်လန်နိုင်ငံတွေမှာ ထိုင် ကမုတ်ခွက် သုံးပြီး ကတည်းက ဦးနှောက်သွေးကြောပြတ်သူ ၈၅ % လျော့ချနိုင်ခဲ့တယ်.. အင်္ဂလန် အပါအ၀င် တခြားနိုင်ငံတွေမှာ ၇၀ % လျော့ ချနိုင်ခဲ့တယ်..

ဖွံဖြိုးပြီး အာရှနိုင်ငံ များ မှာ ၆၀ % ကျော်လျော့ချနိုင်ခဲ့တယ်.. အာဖရိကတိုက် မှာတော့ ဦးနှောက်သွေးကြောပြတ် သူ တဖုတ်ဖုတ် ပါပဲ..


အားလုံး ဘေးကင်းကြပါစေ...။ ။

မိုးမင်း
Credit:Mr-Daung Char Sai (via ဦးမိုး မင်း)

No comments:

Post a Comment