Saturday, June 13, 2015

အားလုံး ကတော့ ၇င်တမမ ပဲ




ဦးသက်နိုင်ဦး, တိုးတက်သာ, အိမ်ခြံမြေ, ဆောက်လုပ်ရေး   














တိုးတက်သာ ဆောက်လုပ်ရေး လုပ်ငန်း အမှုဆောင် အရာရှိ ချုပ် ဦးသက်နိုင်ဦး (ဓာတ်ပုံ – မေစိုးစံ / ဧရာဝတီ)  


အိမ်ခြံမြေဈေးကွက် အရောင်း အ၀ယ် သာမက ဆောက်လုပ်ရေး လုပ်ငန်း များ ရပ်တန့်နေပြီး စီးပွားရေး အရ ၀င် ရောက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းကြီး များသည် လည်း နိုင်ငံရေး အပြောင်းအလဲ ကို စိုးရိမ်နေကြ သဖြင့် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် စောင့်ဆိုင်း လျက် ရှိသည်။

ထို အချိန်တွင် အသေးစားနှင့် အလတ်စား ဆောက်လုပ်ရေး လုပ်ငန်း ၇၀ ရာခိုင်နှုန်း ခန့်သည် လည်း လုပ် ငန်း ရပ်တန့် သည့် အလား အလာ များ ရှိလာခြင်း တို့ကြောင့် လက်ရှိ အခြေ အနေ များနှင့် ပတ်သက်၍ တိုးတက်သာ ဆောက်လုပ်ရေး လုပ်ငန်း မှ အမှုဆောင် အရာရှိချုပ် ဦးသက်နိုင်ဦး ကို ဧရာဝတီ သတင်းထောက် မေးစိုးစံ က တွေ့ဆုံ မေးမြန်းခဲ့သည် များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ အိမ်ခြံမြေ ဈေးကွက် က အရင် တုန်းက အခြေအနေ နဲ့ အခု လုပ်ကိုင် ရတဲ့ အခြေအနေ ဘယ် လို ပြောင်း လဲမှုတွေ ရှိလာပါ သလဲ။

ဖြေ။ ။ ကျနော်တို့ စလုပ်ကိုင်တဲ့ အချိန်က အိမ်ခြံမြေလောက လုပ်ကိုင် ရတာ ဘာပြဿ       နာမှ မရှိသေးဘူး။ အခု နောက်ပိုင်း မှာတော့ နာမည်ကြီး ဆောက်လုပ်ရေး လုပ်ငန်း တခုက လိမ်လည် မှုတွေက နိုင်ငံတော် အဆင့် အထိ ရောက် လာတော့ အိမ်ခြံမြေမှာ အောက်ခြေ က ဆောက်လုပ်ရေး လုပ်ငန်းကလေးတွေ အထိ ဂယက် ရိုက်ခဲ့ တယ်။

ဒီပြင်မှာ ကျနော်တို့ နိုင်ငံမှာ ဘီလီယံနာပေါင်း မြောက်များ စွာ ရှိနေတယ်။ ဆင်းရဲ တဲ့ သူက လုံးဝ ဆင်း ရဲနေပြီး ချမ်းသာတဲ့ သူက မတရား ချမ်းသာနေတယ်။ အဲဒီ ဘီလီယံနာတွေ က မြန်မာပြည် မှာ သူတို့ စီးပွားရေး လုပ်ဖို့ အတွက် သစ်လည်း မရှိတော့ဘူး။ ပဲ လုပ် ငန်းလည်း ရပ်သွားပြီ။ ငါးလုပ်ငန်း လည်း ရပ် သွားပြီ အိမ်ခြံမြေ က လည်း ရပ်သွားပြီ။ 



အခုက အကုန်လုံး နီးပါးလောက် ရပ်တာ၊ နောက် ကားလုပ်ငန်း ကလည်း ရပ်နေပြီး ပွတ်ပြီး စားနေရတာ။ ဒီလို ပါးပါးလေး ပွတ်စား လာရတဲ့ အတွက် ဘီလီယံနာတွေ က စိတ် မ၀င်စားတော့ဘူး။ ကျန်တဲ့ စီးပွားရေး နှစ်ခု ပဲ ကျန်တော့တယ် ဒေါ်လာရယ် ရွှေ ရယ်ပေါ့။ အိမ်ခြံမြေပေါ် ရင်းနှီးမြှုပ်နှံမယ့်သူ လျော့ကျ သွားတယ်။

မေး။ ။ ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ကိုင်တဲ့ အခါမှာ စည်ပင် နဲ့ ဆောင်ရွက်နေရ တဲ့ အပိုင်းတွေမှာ အခက်အခဲ ရှိတယ်လို့ လုပ်ငန်းရှင် တချို့က ပြောပါတယ်။ ဘယ်လို လုပ်ဆောင်နေရသလဲ သိပါရစေ။

ဖြေ။  ။ စည်ပင်ဖိုင် တဖိုင် ဖြစ်ဖို့အတွက် တော်တော် ကြာပါတယ်။ အခု ဖြစ်နေတဲ့ အခြေအနေတခုက ခွင့်ပြု ချက်မဲ့ အဆောက် အအုံတွေ ဆောက်ကြတာ။ ဒါက ဆောက်ချင်လို့ ဆောက်နေကြတာ မဟုတ်ပါဘူး။ 

ကျနော်တို့ ကန်ထရိုက်တွေ က ခွင့်ပြုချက် မဲ့ အဆောက် အအုံတွေ ဆောက်လည်း စည်ပင် မှာ ကုန်ကျတဲ့ စရိတ်လောက်ပဲ ကုန်တာပဲ။ စည်ပင် မှာ ကုန်ကျတဲ့ စရိတ်က စုစုပေါင်း ကျပ် သိန်း ၁၀၀ လောက် ကုန်တယ်။ အဆောက် အအုံ တလုံး ကို ကုန်ကျတာပေါ့နော်။ အနည်းဆုံး ငွေတင်ထားရတာ က သိန်း ၅၀ ကို ပေး ထား ရတာ။ ပြီးမှ ပြန်ရတာ။

အရင်က မီးသတ် ကို သောင်း ဂဏန်းပဲ ပေးရတယ်။ အခုက ပေ ၂၀ တလုံး ကို ၉ သိန်း ကျတယ်။ ပေ ၄၀ တလုံး ကို ၁၃ သိန်း နီးပါးကျတယ်။ အခြား စာရွက်ကြေးတွေပါရင် သိန်း ၁၂၀ လောက်ရှိတယ်။ တရားဝင် လုပ်လည်း ဒီလောက် ကုန်တယ် ခွင့်ပြုချက်မဲ့ ဆောက် လည်း ဒီလောက်ပဲ ကုန်တဲ့ အကြားမှာ ဘာကြောင့် ခွင့်ပြုချက် မဲ့တွေ ကို ဆောက်တာလဲ ဆိုရင် စည်ပင် မှာ တင်တဲ့ စရိတ်နဲ့ အချိန်က ကြန့်ကြာလို့။ 

ကိုယ့်ငွေနဲ့ ကိုယ် ရင်းထားတဲ့ ကန်ထရိုက် တယောက် အနေနဲ့ ကတော့ ဒီငွေကြောင့် ဆုံးရှုံး သွားတဲ့ အချိန် ကာလ ငွေ ရဲ့တိုးပွား တဲ့ အချိန် ကာလတွေ  နစ်နာတယ်။ မြန်မြန် လုပ်ပေးနိုင်ရင် ကျနော် တို့မှာ အကျိုးများ များ ရှိလာနိုင်တာပေါ့။

အချိန် ကာလ ကို စည်ပင် မှာ တရားဝင် ကြေညာ ထားတာက ၄၅ ရက် ဆိုပေမယ့် တခါမှ မရခဲ့ဘူး၊။ အကြမ်းဖျဉ်း အမြန်ဆုံး လုပ်နိုင်ရင် ၃ လ က အမြန်ဆုံးပဲ။ ဒီထက် မက ကြန့်ကြာနေတဲ့ ဖိုင်တွေ အများကြီး ပဲ။ နောက်ပြီး စည်ပင် လူကြီး အပြောင်းအလဲ ဖြစ်ရင် လည်း လုပ်ထုံးတွေက ပြောင်းတတ်တော့ ကျနော်တို့ က သိန်း ၁၀၀ လောက်က လက်ထဲမှာ ဆောင်ထားပြီး သူတို့ ပြောင်းလဲတဲ့ လမ်းကြောင်းပေါ် လျှောက်နေ ရတာ။

နောက်တချက်က ကန်ထရိုက် တိုက်တွေ အားလုံးကို စည်ပင် ကနေ ရေ မပေးဘူး၊ ငမိုးရိပ် ဂျိုးဖြူ ကလာ တဲ့ရေ မပေးဘူး။ ကန် ထရိုက် တိုက် မှာ နေတဲ့သူတွေ ကလည်း အခွန်ဆောင် ထားတဲ့ ပြည်သူ မဟုတ် ဘူးလား၊ ကျနော် တို့ ဆီမှာ စည်ပင် ရဲ့ အခွန်ပေါင်း မြောက်များစွာ ကို ကောက်တယ်။ ကျနော်တို့ ထမ်းဆောင်ရတယ်။ ဒါပေမယ့် ကန်ထရိုက် တိုက်တွေ ကို ရေသန့် မပေးဘူး။

ဒီလို မပေးတဲ့ အခါကျတော့ ကျနော် အင်ဂျင်နီယာ တယောက် အနေနဲ့ မြင်တဲ့ အမြင်ပေါ့။ ကန်ထရိုက် တိုက် တိုင်း အ၀ီစိတွင်း တူးရ တယ်။ ဒီလို တိုက်အောက် မှာ အ၀ီစိတွင်း တူးလိုက်ခြင်း အားဖြင့် ကန်ထရိုက် တိုက် ရဲ့ ဖောင်ဒေးရှင်း ကောင်းပါ့ ဦးမလား။ 

အ၀ီစိတွင်း တူး လိုက်တော့ သဲတွေ လည်း ထွက်မယ် ရေတွေ လည်း ထွက်လာမယ် ဆိုရင် မြေအောက်မှာ ဂလှိုင်ပေါက်ကြီး ဖြစ်လာနိုင်တယ်။ ဒီလို ဆိုရင် ရန်ကုန်မြို့ မှာ ကန်ထရိုက် တိုက်တွေ တပုံကြီးဖြစ်လာရင် အ၀ီစိတွင်းတွေ မြောက်များ စွာ ဖြစ်လာပြီး တချိန် မှာ ကျနော် တို့ ရန်ကုန်မြို့ကျွံပြီ ဆိုရင် ဘယ်သူက တာဝန် ယူမှာလဲ။ နားလည် တတ်ကျွမ်းတဲ့ အသိ ပညာရှင်တွေနဲ့ ပြုပြင် သင့်ပြီ လို့ ကျနော် ထင်တယ်၊ ဒါက မှားနေ တယ်။

နောက်ပြီး မြို့တည်နေပြီး အောက်ခြေ မှာ လုပ်ရမယ့် ကိစ္စတွေကို နောက်ကျ မှ လုပ်နေတယ်။ အခြားနိုင် ငံတွေ မှာ မြို့တည်ရင် ဘယ် လို တည်သလဲ ဆိုတာ နမှုနာ ယူသင့်ပြီ လို့ ထင်တယ်။ တခြားနိုင်ငံမှာ မြို့ တည် ရင် လမ်းပိုင်း ရေပိုင်း မြေအောက် ထဲမှာရှိတဲ့ ကိစ္စအားလုံး ကို စီမံကိန်းကို အရင် ချပြီးတော့ မှ မြေပေါ်မှာ တက်လာမယ့် ကိစ္စ ကို စဉ်စားတယ်။ ဒီမှာ က အပေါ် အစီအမံတွေ ကို ဖြစ်ချင် သလိုဖြစ် လုပ်နေ တာ နောင်ဖြစ်လာနောင်မှ ရှင်းမယ်ဆိုတဲ့ အရာတွေ မလုပ်သင့်တော့ဘူး။

မေး။ ။ ဟိုတလောက ရန်ကုန် မှာ လုပ်ခဲ့တဲ့ ဆောက်လုပ်ရေး လုပ်ငန်း ပွဲတစ်ခုမှာ လုပ်ငန်းပြီးစီးမှု မရှိဘဲ ရပ်တန့်နေတဲ့ ဆောက်လုပ် ရေး လုပ်ငန်းတွေ ၇၀ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ လတ်တလော ဆောက်လုပ်ရေး လုပ်ငန်းတွေ ရဲ့ အခြေအနေ ကို သိချင်ပါတယ်။

ဖြေ။  ။ လတ်တလော ဖြစ်နေတာက ရပ်ကွက်တွေ တော်တော်များများမှာ ဆောက်လုပ်ရေး သမားတွေက ကြိုပွိုင့် ယူထားတဲ့ အိမ်တွေရှိတယ်။ အိမ်ပိုင်ရှင်တွေကို ရွှေ့ပြောင်း စရိတ်လေးပေးပြီး အိမ်တွေ ဖျက်ထား တာတွေ ရှိတယ်။ အခုလိုမျိုး အခြေ အနေ လည်း ရောက်ရော တအိမ်လုံးကို ဆက်ဆောက်ရင် သိန်းထောင် ချီပြီး ကုန်မှာ ဆိုတော့ စရန် အဆုံးခံပြီး ပြန်အပ်လိုက် တာတွေ ဖြစ် လာတာ တော်တော် များလာတယ်။ 

အိမ်ရှင်တွေ ကလည်း သူ့ အိမ်တလုံး ကလည်း ဖျက်ထားတော့ နေစရာတွေ ပျောက်လာ တာတွေ ဖြစ်နေ တယ်။ အခုဆို အိမ်တွေ ကိုလည်း ဆက် မဆောက်နိုင်တော့ဘူး။ အိမ်တွေကို ပြန်ပေါင် တာတွေ ဖြစ်နေ တယ်။ အခု ဆိုရင် ရပ်ကွက် တိုင်းမှာ ဆက်ပြီး မလုပ်နိုင်တော့လို့ စရန်တွေ ပြန်လှန်နေ တာတွေ ဖြစ်နေ တယ်။ မြေကွက် အပေါ်မှာ အဆောက် အအုံကြီး ဖျက်ခံလိုက်ရလို့ ငုတ်တုတ်ကြီး မေ့သွားရတဲ့ သူတွေ တော်တော် များ လာပြီ။

မေး။  ။ ကြိုပွိုင့် တိုက်ခန်း အရောင်းအ၀ယ် အခြေအနေ ကရော ဘယ်လို ရှိပါသလဲ။

ဖြေ။  ။ အခု ကတော့ ကြိုပွိုင့် ပျောက်နေတယ်။ ကြိုပွိုင့် ဆိုတာက မြေ၀င် ကစားနေတဲ့ ၀ယ်ရောင်းတွေ ပျောက် သွားတာ။ ပထမက သူတို့ က ဒလ ဘက်မှာ စီမံကိန်း လုပ်မယ်။ အခု မြို့တည်မယ် အခု မတည်တော့ ဘူးနဲ့ ပိုက်ဆံ ရှိတဲ့သူတွေက ဘာမှမဟုတ်တဲ့ လယ် ကွင်းကြီးကိုတောင် သွားရင်း နှီးမြှုပ်နှံ လိုက်တော့ ပိုက်ဆံတွေ ဆုံးရှုံးသွားတယ် ကာလတခု ရပ်သွားတယ်။ 

ဒီတော့ အိမ်ခြံမြေဈေးကွက် ကို ငွေထုတ် ဖို့ စိတ် မရှိတော့ဘူး။ ကြိုပွိုင့်ဆိုတာ ငွေရှင်တွေ လာပြီးတော့ ကစားတဲ့နေရာ။ ကန်ထရိုက်တိုင်းမှာ အဆောက်အအုံ တခုအပေါ်မှာ ဘက်ဂျက် လျာထားမှု ရှိတယ်။ သိန်း ၁၀၀၀ ဆို ၅၀ ရာခိုင်နှုန်း အောက်မှာပဲ ရှိတယ်။

 ကြိုပွိုင့် ၀င် ၀ယ်တဲ့ငွေနဲ့ ဆက်လုပ် သွားတာ၊ တချို့ဆို ဘက်ဂျက်တောင် မလျာ ထားဘဲ ကန်ထရိုက် လုပ်နေ တဲ့သူတွေ ရှိတယ်။ အိမ်ရှင် အတွက် ရင်းနှီး လိုက်တဲ့ငွေပဲ သူက ရှာပြီးလုပ်တာ ရှိ တယ်။ အခု အဲဒီလို ကန် ထရိုက်တွေက တော်တော် အထိနာခဲ့ တယ်။ အခု အရောင်းအ၀ယ် က ဈေးကို တ၀က် ချိုးပြီး ၀ယ်လာ တယ်။

 နောက်ပိုင်းမှာ လူလိမ်တွေ ရှိလာနိုင်တယ်။ အခုချိန် က မြို့ထဲ က ကွန်ဒိုတွေရော ကျနော် တို့လို အလတ် စားတွေရော အ၀ယ်တွေ ပျောက်နေတယ်။

မေး။  ။ မကြာခင် မှာ ရွေးကောက်ပွဲ ကာလကိုလည်း ဖြတ်သန်းရမှာ ဖြစ်တဲ့အတွက် အိမ်ခြံမြေ စီးပွားရေး လုပ်ငန်းတွေမှာ ရင်နှီးမြှုပ်နှံမှု ဘယ်လို ရှိပါသလဲ။

ဖြေ။  ။ အားလုံး ကတော့ ရင်တမမ ပဲ။ စီပွားရေးသမားတိုင်း က နိုင်ငံရေးပေါ်မှာပဲ လုပ်နေတာ။ နိုင်ငံရေး အပြောင်းအလဲ မှာ ကောင်း ရင် အများကြီး ကောင်းသွားမှာ။ နိုင်ငံရေး အခြေအနေ ဆိုးသွားရင် ဒီနေ့ ကျနော် တို့ ကားစီးနိုင်ပေမယ့် နောက်နေ့ ဆိုက်ကား စီးတဲ့ ဘ၀ ရောက်သွားမှာ။ 

ဘာကြောင့်လဲ ဆိုရင် ကျနော် ပိုင်တဲ့ ငွေတွေကို သူများအိမ် တွေကို ကတိ အရ ဆောက်ပေးလိုက်တဲ့ အတွက် ငွေတွေ က ၀င်သွားပြီ။ ဒီ တိုက်ခန်းလည်း ရောင်းမရ ကျနော် သုံးလိုက်တဲ့ ငွေလည်း ဆုံးပြီ။ ဒီလို ကာလ အတွင်းမှာ ကိုယ်ပိုင်တဲ့ငွေ ကို စိုက်ထုတ် ရမှာ စိုးရိမ်နေရတယ်။

ဒွိဟ အချိန်ဖြစ်နေတော့ ကျနော် တို့ရဲ့ နစ်နာ ဆုံးရှုံးမှု မဖြစ်အောင် ကျောထောက် နောက်ခံပေးနိုင်တာက ဘဏ်တွေ ကပဲ။ ဘဏ်တွေ ကပဲ ကျောထောက် နောက်ခံပေးနိုင်မှာ။ ဖြစ်စေချင် တာက ဒီလို အခြေ အနေတွေ မရောက်ခင် ဆောက်လုပ်ရေး ဘဏ်နဲ့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ 

ဒါပေမယ့် သူတို့ဆီက လိုအပ်ချက်တွေက ကျနော်တို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် သမားတွေကို ဖြည့် ဆည်းပေး ဖို့အတွက် အခက်အခဲ အများကြီး ရှိတယ်။

မေး။ ။ ဆောက်လုပ်ရေး နဲ့ အိမ်ရာဖွံဖြိုးရေးဘဏ် က ချေးငွေ ထုတ်ချေးပေးတာတွေ လုပ်မယ်လို့ ပြောနေ တာ ရှိပါတယ်။ အဲဒီ ဘဏ် ကရော တကယ်ပဲ အလုပ်ဖြစ်ပါသလား။

ဖြေ။ ။ ကျနော် တို့ သွားကြည့်တယ်။ သူတို့ မှာ အခြားဘဏ်တွေ မှာ မရှိသေးတဲ့ ချေးငွေ တမျိုး ရှိတယ်။ ပရောဂျက် ချေးငွေပေါ့။ ဒါက နှစ်ဘက်စလုံး ကိုပေးတာ အိမ်ရှင် ဘက်ကိုလည်း ပေးတယ်။ ကန်ထရိုက်ဘက် ကိုလည်း ပေးတယ်။ ကန်ထရိုက် မှာကလည်း ငွေလိုလို့ လုပ်တဲ့ ကန်ထရိုက် ရှိတယ်။

 နောက် ဒီပရောဂျက် ချေးငွေက သုံးနှစ် အထိ ပေးတဲ့ အတွက်ကြောင့် အတိုးမှန်ရင် ပေးတဲ့ အခါ ကျနော်တို့ ကြိုပွိုင့်တွေကို ပေးလို့ရတယ်။ အခုလောလောဆယ် ကြိုပွိုင့်တွေ ပျောက်နေတာ ကို ဈေးကွက်ပြန် ရ လာအောင် ကျနော် လုပ်ခဲ့ပေမယ့် အချည်းအနှီးပဲ။

ပရောဂျက် တခုလုံး မှာ အိမ်ရှင် နဲ့ ကန်ထရိုက် စာချုပ် ချုပ်ထားတယ်။ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း အပေါင် တင်မှာလား အရစ်ကျပေါ့။ အခုသွားတော့ မူက ပြောင်း သွားပြန်ရော၊  အခု က ဆိုက် ထဲမှာ ၂၀ ရာခိုင်နှုန်း ပြီးနေ ရမယ် ဖြစ်ပြန်ရော။ ကျန်တဲ့ ခိုင်မာတဲ့ စာရွက်စာတမ်းတွေလည်း တင်ပြရမယ်၊ ကုမ္ပဏီပိုင်းက အဆောက် အအုံက သိန်းတထောင်ကျရင် ၁၀၀၀ တန်တဲ့ မြေကွက်ကို စာရွက် စာတမ်း ပေးထားနိုင်မှ ပိုက်ဆံ ရမှာ။ 

ကျနော် တို့ လုပ်ငန်းတွေ က တလုံးတည်း လုပ်နေတာ မှ မဟုတ်တာ အနည်း ဆုံး ၁၀ လုံး အလုံး ၂၀ ရှိကြ တယ်။ အခု လို ကြိုပွိုင့် ပျောက်နေချိန် မှာ လည်ပတ်ဖို့ ခက်ခဲနေတယ်။ အခုချိန်မှာ က ဘဏ်က ချေးငွေရဖို့ အခွင့် အလမ်း အရမ်း နည်းနေတယ်။

အခက်အခဲ က စီးပွားရေးသမားတိုင်း မှာ မြေတွေ အိမ်တွေ ၀ယ်ထားတာ ရှိကြတယ်။ ဒါပေမယ့် ကိုယ်နေတဲ့ အိမ်က လွဲ ကျန်တဲ့ အိမ် အားလုံးက စီးပွားရေး လုပ်ဖို့ အတွက် သက်သက်ပဲလေ။ နောက်တယောက်က နာမည်ပြောင်း လုပ်ပေါ့။

 နောက် ကျနော်တို့ က ပါမစ် မြေတွေ လည်း ၀ယ် ထားတယ်။ ကျနော်တို့ နာမည် ဖောက်စရာ မလို ဘူး။ နောက် တယောက် ရောင်းလိုက်ရင် သူ့ဟာ သူ နာမည် ဖောက် မှာပေါ့။ ၉၉ ယောက် လက်ထဲမှာ အဲဒီလိုမျိုးကြီး ပဲ ရှိတယ်။ အဲဒီမြေ ကို ဘဏ်က မယူဘူး။ 

ကိုယ့် နာမည် ပေါက်ပြီးသား မြေ ကိုပဲ ဘဏ် က ယူတယ်။ ဒါဆိုရင် commercial loan ပဲလေ။ ဒါဆို ဒီဘဏ် မှ ချေးမှ ဖြစ်တာ မဟုတ်တာ အခြား ဘဏ်တွေမှာ လည်း ရတာပဲ၊ ဆောက်လုပ်ရေးဘဏ် ဆိုတာ က ဆောက် လုပ်ရေး သမားတွေ အတွက် အထောက် အကူဖြစ်တဲ့ ဘဏ်ဖြစ်ရမယ်။

မေး။  ။ ကန်ထရိုက်တိုက် ဆောက်လုပ်ရေး လုပ်ငန်းတွေ အနေနဲ့ အခြား အခက် အခဲတွေ ရှိပါသလား။

ဖြေ။  ။ နောက်ဆောက်လုပ်ရေး အသင်း မှာ ဆွေးနွေး တဲ့ အချိန် တုန်းက ကုမ္ပဏီတွေ က မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုး ရေး ကနေ ထောက်ခံ စာ ယူရမယ် ဆိုတဲ့ အချက် တချက်ပါတယ်။ ကန့်ကွက်ခဲ့ ဖူးတယ်။ ဘာကြောင့် လဲ ဆိုရင် မြို့ရွာ နဲ့ အိုးအိမ် ဖွံ့ဖြိုးရေး မှာ လုပ်နေတဲ့ ကန် ထရိုက်တွေ က ကြီးကြီး မားမားတွေ လုပ်ခဲ့တယ်။ 

အရင်က လုပ်တဲ့ သူတွေ က ကျနော်တို့ ဆီမှာ လုပ်တဲ့သူတွေ ကနေ တဆင့် ပွားတဲ့ သူတွေက လုပ်တာ။ မြိ့ရွာ နဲ့ အိုးအိမ် က သိတဲ့ သူက သိသလို စည်ပင် မှာ သိတဲ့ ကန်ထရိုက် က ပိုများတယ်။ ဒီကိစ္စ က ကြိုးနီ စနစ် ကို အားပေးနေတာ တခုပဲ။

မြို့ရွာ နဲ့ အိုးအိမ် ဖွံ့ဖြိုးရေး နဲ့ မလုပ်တဲ့ ကုမ္ပဏီတွေ အများကြီးပဲ။ ဆောက်လုပ်ရေး လုပ်ငန်းရှင် ၈၀ ရာခိုင်နှုန်း က စည်ပင် နဲ့ တွဲလုပ်ပြီး လိုင်စင် ယူရတယ်။ မြို့/အိုး မှာလည်း လိုင်စင် ယူရတယ်၊ ကျနော်တို့နိုင်ငံ မှာ အင်ဂျင်နီယာ ဖြစ်တာ အောက်တန်း တော်တော် ကျတယ်။ ဘာကြောင့်လဲ ဆိုရင် ဆရာဝန် က ဆ/မ လက် မှတ် ရသွားပြီးရင် တစ်တိုင်းပြည်လုံး သွားပြီး ဆေးကုလို့ ရတယ်။

အင်ဂျင်နီ ယာ က အရင် က စည်ပင်  အငယ်တန်း လိုင်စင် ဆိုပြီး လျှောက်ရတယ်။ ပြီးရင် အကြီးတန်း အင်ဂျင် နီယာ လိုင်စင်လျှောက်၊ ဒါလည်း ဒီ ရန်ကုန်မြို့ဧရိယာ တစ်ခု ပဲ လုပ်ခွင့်ရှိတယ်၊ နောက် စည်ပင် လိုင်စင် ကိုင်ပြီး အိုး/အိမ် မှာ သွားလုပ်လို့ မရဘူး။ 

လိုင်စင်ပြန် တင်ရတယ် အင်ဂျင်နီယာ လုပ်ရတာ ဒီမှာ က သူတောင်းစား လိုပဲ။ အခုလာပြန်ပြီ။ အင်ဂျင်နီယာ ကောင်စီ ဆိုပြီး နားကို မလည်တော့ ဘူး။ အင်ဂျင်နီယာ ကောင်စီက ပဲ အုပ်ချုပ် မယ်ဆိုရင် စည်ပင် က လိုင်စင် ယူစရာ မလိုတော့ဘူး။ ဒီနိုင်ငံ မှာ အင်ဂျင်နီယာ ဖြစ်ရတာ အရမ်း အောက်တန်း ကျ တယ်။ အခု အိမ်ခြံမြေလောက မှာ ရင်းနှီးမြှုပ်နှံ ရတာက မသေချာ တဲ့ လမ်းပေါ် လျှောက်နေရသလိုပါပဲ။     ။


irrawaddynews

 

 

No comments:

Post a Comment