Friday, June 26, 2015

လူတိုင်း အတွက် အရေးကြီး တဲ့ မနက်စာ


Happy family eating breakfast

နေ့တစ်နေ့ရဲ့အစ မှာ လူတိုင်း အတွက် မနက်စာ ဟာ အရေးကြီးပါတယ်။ မနက် အိပ်ယာက ထတာ နဲ့ အစာအိမ် ဟာ အစာသစ် ကို လက်ခံ ဖို့အတွက် အဆင်သင့်ဖြစ်နေ ပါပြီ။ ကိုယ်ခန္ဓာ တစ်ခုလုံး ဟာ  အာဟာရ ဓာတ်တွေကို လက်ခံဖို့စောင့်ဆိုင်းပါတယ်။ 

ဒါကြောင့် နေ့တစ်နေ့ မှာ မနက်စာ ဟာ အရမ်း ကို အရေးကြီးလှ သလို မနက်စာ ပုံမှန် စားခြင်း ရဲ့ အကျိုးကျေးဇူး ကလည်း များလှပါတယ်။

ဦးနှောက် အတွက် စွမ်းရည် တိုးစေဖို့ အထောက် အကူပြုပါတယ်
မနက်စာ စားခြင်း ဟာ ဦးနှောက် ရဲ့ စွမ်းရည် ကို တိုးစေဖို့များစွာ အထောက် အကူပြု သလို သင်ကြားလေ့ လာမှု အပိုင်း မှာ ဦးနှောက် ကို များစွာနိုး ကြားစေပါတယ်။ 

ဒါ့အပြင် မနက်စာ ဟာ ဦးနှောက် ရဲ့စွမ်းအင် အရင်း အမြစ်တွေဖြစ်တဲ့ ဂလူးကို့စ် အဆင့်ကို များစွာ သိုလှောင်ပေး ပါတယ်။ အထူး သဖြင့် မနက်စာ စားတဲ့ ကလေးငယ် တို့ဟာ မှတ်ဥာဏ် စွမ်းအား ပို အားကောင်းကြောင်း ပညာရှင် တို့က သုတေသနပြုဖော်ပြ ထားကြပါတယ်။


 
မနက်စာ စားခြင်းဖြင့် သင့်ရဲ့တစ်နေ့တာ ကို အားဖြည့်စေပါတယ်
မနက်စာ ကို အာဟာရ ရှိတဲ့ အစားအစာ ကို စားသောက်ခြင်း ဖြင့် ကိုယ်ခန္ဓာ အတွက် စွမ်းအင်တွေ ကို ရရှိစေ ပါတယ်။ မနက်စာ စားဖို့မေ့လျော့ခြင်း ဟာ တစ်နေ့တာကို စတင် ဖို့ခွန်အား မဲ့စေပါတယ်။ မိမိ ရဲ့ တန်ဖိုး ရှိတဲ့ အရင်းအမြစ်တွေ ကို အသုံးချဖို့ခဲယဉ်းစေပါတယ်။ 

လူတွေ မှာ ဘယ်လောက်ဘဲ ဥာဏ်ရည် ထက်မြက် ကျွမ်းကျင်သူဖြစ်ပါစေ။ အာဟာရဓာတ် မပြည့် စုံရင် မိမိ ရဲ့ခွန်အား ကို အသုံးချ လို့မရနိုင် သလို လိုရာ ပန်းတိုင်ရောက်ဖို့ နှေးကွေးစေတတ် ပါတယ်။ ဒါကြောင့် လူတွေ မှာ အဘက်ဘက် ကို ညီညွတ်မျတအောင် ဂရုစိုက်နိုင်မှ သာ မိမိတို့ ကြိုးပမ်း အားထုတ်နေ တဲ့ပန်း တိုင် ကို လှမ်းနိုင် မှာဖြစ်ပါတယ်။ ဒါတွေဟာ အလေးအနက် ထား စဉ်းစားပြီး မိမိ ကိုယ်ကို ဂရုစိုက် သင့်တဲ့ အချက်တွေဖြစ်ပါတယ်။

မနက်စာ စားခြင်းဖြင့် ကိုယ်ခန္တာ ရဲ့စွမ်းအင် ကိုမြှင့်တက်စေ ပါတယ်
မနက်စာ ကို အာဟာရပြည့်ဝစွာ စားသုံးခြင်းဖြင့် ကြွက်သားတွေ တည်ဆောက်မှု နဲ့ ထိန်းသိမ်းမှု တို့ကို အထောက် အကူပြု တဲ့ ပရိုတင်း ဓာတ်ကို ရရှိစေပါတယ်။ ကိုယ်ခန္ဓာ စွမ်းအားတွေ ကိုပြည့်ဝေစေ တဲ့ ကာဗွန်ဟိုက်ဒရိုက် ကို ရရှိစေပါတယ်။ ကျန်းမာစွာ အစာကြေဖျက်မှု ကို အားကောင်းစေ တဲ့ အမျှင်ဓာတ် ကို ရရှိစေပါတယ်။ 

အနီရောင် သွေးဆဲလ်တွေ နဲ့ အောက်ဆီဂျင်တွေ တစ်ကိုယ်လုံး သို့လည်ပတ် အားကောင်းစေဖို့ သံ ဓာတ် ပြည့်ဝစွာ ရရှိစေပါတယ်။ ဒါ့အပြင်  ဗီတာမင် ဓာတ်တွေ နဲ့ အာဟာရဓာတ်တွေ ကိုပါရ ရှိစေခြင်း တို့ဘဲဖြစ်ပါတယ်။ ဒီ အာဟာရ ဓာတ်တွေ ဟာ ကိုယ်ခန္ဓာ ကျန်းမာ ဖွံ့ဖြိုးဖို့ အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတွေဖြစ်ပါတယ်။

မနက်စာ စားခြင်းဖြင့် ကျန်းမာတဲ့ ကိုယ် အလေးချိန်ကို ထိန်းသိမ်းရာရောက်ပါတယ်
တစ်ချို့လူတွေ ဟာ မနက်စာ ကို စားဖို့မေ့လျော့တဲ့ အခါ ရှိပါတယ်။ ဒီလိုမေ့လျော့မိတဲ့ အခါ ကိုယ်ခန္ဓာ ရဲ့ ပုံမှန် လုပ်ဆောင်တွေ ဟာ အားနည်း သွားပြီး နောက်နေ့အထိ ပါ သက်ရောက်မှု ရှိသွားစေတတ် ပါတယ်။ 

ဒီလို နဲ့ နေ့လည်စာ မတိုင်ခင် အလွန် အကျွံ ဆာလောင် လာပြီး မလိုလား အပ်ဘဲ မုန့်ပဲ သရေစာ နဲ့ နေ့ လည်စာ တို့ကို အလွန် အကျွံ စားမိတတ်ကြ ပါတယ်။ ဒီလို စားသုံးမိတဲ့ အခါ ညီညွတ် မျတမှု မဖြစ်စေတော့ ဘဲ ကိုယ်ခန္ဓာ အဝလွန်ခြင်းကို ဦးတည်သွားစေတတ် ပါတယ်။ 

ဒါကြောင့် မနက်စာ ကို အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးခြင်းဖြင့် ကျန်းမာတဲ့ ကိုယ်အလေးချိန် ကို လည်း ထိန်းသိမ်း ရာရောက်သလို တစ်နေ့တာ ရဲ့လုပ်ငန်းဆောင်တာ ကိုလည်း ထိရောက်အောင်မြင်စေ ပါတယ်။

အာဟာရပြည့်ဝ တဲ့ မနက်စာ ကို စားခြင်းဖြင့် ကျန်းမာရေး ကိုကောင်းမွန်စေပါတယ်
 ကြက်ဥ ၊ ဗီတာမင်  C နဲ့ D တို့ပါဝင်တဲ့ အစားအစာတွေ၊ ထမင်း၊ ဂျုံ နဲ့ လိမော်သီး ၊ စပျစ်သီး ၊ပန်းသီး အစ ရှိတဲ့ သစ်သီးတွေ ဟာ မနက်စာ မှာ ထည့်သွင်း စားသုံး သင့်တဲ့ အစား အစာတွေဖြစ်ပါတယ်။ 

ဒီ အစားအစာတွေ ဟာ ယေဘုယျ အားဖြင့် အရိုးကို သန်မာစေခြင်း၊ နှလုံးရောဂါ၊ ကင်ဆာ နဲ့ဆီး ချိုရော ဂါဖြစ်နိုင်ချေ တို့ကို လျော့ကျစေ ပါတယ်။ ဒါကြောင့် ကျန်းမာ သန်စွမ်းတဲ့ လူတွေ၊ အသက်ရှည် ကျန်းမာတဲ့ လူ ကို လေ့လာကြည့် ရင် သူတို့ဟာ အများ အားဖြင့် မနက်စာ ကို ကောင်းကောင်း စားကြသူတွေ အဖြစ်လေ့  လာတွေ့ရှိ ရပါတယ်။

ဒါကြောင့် တစ်နေ့တာ လုပ်ငန်းဆောင်တာလေးတွေ ကို အကောင်းဆုံး လုပ်ဆောင်နိုင်ကြစေဖို့ လူတွေ ဟာ မနက်စာ ကို ဂရု တစ်စိုက် အလေးထား စားကြဖို့ လိုအပ် ပါတယ်။ 

တစ်နေ့တာလေးတွေ ကို အကောင်းဆုံး လုပ်ဆောင်နိုင် မှ ကြီးမား တဲ့အောင်မြင်မှုနေ့ရက်ကြီးတွေ ကို ပိုင်ဆိုင်နိုင် မှာဖြစ်တာကြောင့် မနက်စာ ကို အကောင်းဆုံး စားသုံးခြင်းဖြင့် သင့်ရဲ့အောင်မြင်မှု ကို ရယူ ဖို့တိုက်တွန်း လိုက်ပါတယ်။

 http://www.searchmyanmar.com/link/frame/cid/51666

No comments:

Post a Comment