Thursday, June 4, 2015

ထမင်း စားပြီးသော အခါ ရှောင်ကျဉ်ရန်

U Than Win's photo.

သင် ဟာ အသက်ရှင်ခြင်း ရဲ့ အခြေခံ လိုအပ်ချက် အတွက် ၊ အာဟာရ ရရှိဖို့ အတွက် အချိန် တန်ရင် ထမင်း စားရပါတယ်။ ထမင်းစားပြီးရင် ဗိုက်ပြည့်ပြီ။ လုပ်ချင်တာ ပြန်လုပ်မယ်ဆိုပြီးတွေးထားရင်တော့ ဘာ အာဟာရ မှ ရမှာ မဟုတ်ပါဘူး။ ထမင်းစားပြီးပြီးချင်းမှာ ရှောင်ကြဉ်သင့်တာလေးတွေရှိပါတယ်။ အဲဒါတွေကတော့......


၁။ လက်ဖက်ရည် မသောက်ပါနဲ့
လက်ဖက်ရည်မှာပါဝင်တဲ့ ပိုလီဖနော တွေဟာ သင်စားလိုက်တဲ့ အစားအစာတွေမှာ ပါဝင်တဲ့ သံဓါတ်တွေကို ရယူနိုင်ဖို့ ခက်ခဲစေပါတယ်။ ဒါ့အပြင် လက်ဖက်ရည်မှာ ပါဝင်တဲ့ အက်ဆစ် အမျိုးမျိုး တို့ဟာ ထမင်းစား ချိန်တုန်းက ရရှိထားတဲ့ ပရိုတိန်းတွေ ကို နှောင့်ယှက်လိုက်တဲ့ အတွက် ထမင်းစားပြီး လက်ဖက်ရည်သောက် ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

၂။ ရေမချိုး ပါနဲ့
သင့်ရဲ့ အစာအိမ် ထဲက အစာတွေ ကို ကောင်းမွန်စွာ ချေဖျက်နိုင်ဖို့ အတွက် သင့်ရဲ့ အစာအိမ် ကို သွားတဲ့ သွေးလည်ပတ်မှု တွေကို လှုံ့ဆော်ပေးဖို့ လိုပါတယ်။ ရေချိုးလိုက်ခြင်း ဟာ သင့်ရဲ့ ခြေထောက် နဲ့ လက် မှာ ရှိတဲ့ သွေးလည်ပတ်မှု တွေကို ပြောင်းပြန်ပြုလုပ်လိုက်တဲ့ အတွက် ထမင်းစားပြီး နာရီဝက်ခန့် ကြာမှသာ ရေချိုးသင့်ပါတယ်။



၃။ မအိပ်ပါနဲ့
ဒါကတော့ ကမ္ဘာကြီး ရဲ့ ဆွဲငင်အား နဲ့ ဆိုင်ပါတယ်။ သင်ဟာ လဲလျောင်းလိုက်တဲ့ အခါမှာ သင့်ရဲ့ အစာအိမ် အတွင်း က အစာချေဖျက်ပေးမယ့် အရည်တွေ ဟာ ပျောက်ဆုံးသွားတဲ့ အတွက် အစာစားပြီးပြီး ချင်းလဲလျောင်း အိပ်စက်တာ ဟာ မကောင်းပါဘူး။

၎။ လမ်းမလျှောက်ပါနဲ့
လမ်းလျှောက်ခြင်း ဟာ သင့်ရဲ့ စွမ်းအင်တွေ ကို လောင်ကျွမ်းစေနိုင်ပါတယ်။ စွမ်းအင်တွေ လောင်ကျွမ်းသွား တဲ့ အခါမှာ သင့်ရဲ့ အစာအိမ် အတွင်းက အစာချေဖျက် တဲ့ အရည်တွေ ဟာ အစားအစာ မှာ ပါတဲ့ အာဟာရတွေ ကို ရယူနိုင်စွမ်းမရှိတော့ပါဘူး။

၅။ သစ်သီးတွေ မစားပါနဲ့
အချိုတည်း တယ်လို့ လူတွေပြောကြပေမယ့်လည်း ထမင်းစားပြီး ပြီးချင်း သစ်သီး စားခြင်းက ဘာအကျိုးကျေးဇူး မှ မရပါဘူး။ သစ်သီးတွေမှာ ပါတဲ့ သကြားဓါတ် ဟာ အစာအိမ် အတွင်းက အစာချေဖျက်တဲ့ အရည်တွေ ရဲ့ စုပ်ယူမှုကို ခံလိုက်ရတဲ့ အတွက် သင့်ရဲ့ ခန္ဓာကိုယ် အတွင်း သကြားဓါတ် ပိုမိုရောက်ရှိသွားမှာပါ။

 U Than Win
Ref : Menxp
BY http://health.thithtoolwin.com/
Gold Fish

No comments:

Post a Comment