Tuesday, June 16, 2015

ငွေ တံဆိပ် မှ သည် ၂၀၁၇ ရွှေ တံဆိပ် သို့

 The Irrawaddy (Burmese Version)'s photo.


 မြန်မာ ယူ ၂၃ အသင်း သည် ၂၈ ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်းပြိုင်ပွဲမှ အမျိုးသား ဘောလုံး ပြိုင်ပွဲ တွင် ထိုင်း ယူ ၂၃ အသင်း ကို ၃ ဂိုး ဂိုး မရှိဖြင့် အရေးနှိမ့် ခဲ့ပြီး ဒုတိယ ဆု ငွေတံဆိပ်ဖြင့် အဆုံးသတ် ခဲ့ရသည်။

မြန်မာ အသင်းနှင့် ထိုင်း အသင်း တို့သည် အုပ်စုပတ်လည် ပွဲနှင့် အကြိုဗိုလ်လုပွဲ တွင် ရှုံးပွဲ မရှိ ဗိုလ်လုပွဲ ကို တက်ရောက် လာခဲ့ခြင်း ဖြစ်သည်။

ဗိုလ်လုပွဲ တွင် ပထမပိုင်း ၄၅ မိနစ် အထိ တဘက်နှင့် တဘက် အပြန် အလှန် တိုက်စစ်ဖွင့် ကစား ခဲ့ပြီး ထိုင်း အသင်းမှ အပိုင် ရရှိသည့် အမှတ် မထင် ကန်သွင်းချက်များ ကို မြန်မာ ဂိုးသမား ကျော်ဇင်ဖြိုး လက်စွမ်းပြ ကာကွယ်နိုင် ခဲ့၍ ပထမပိုင်း တွင် ဂိုးမပေးရခြင်း ဖြစ်သည်။


 The Irrawaddy (Burmese Version)'s photo.

ဒုတိယပိုင်း ပြန်လည် ကစားရာ တွင် ထိုင်း အသင်း တိုက်စစ် ကို မြန်မာ အသင်း မထိန်းချုပ်နိုင်သောကြောင့် ထိုင်း အသင်း ဦးဆောင် ဂိုးများ ရရှိခဲ့သည်။ မြန်မာ အသင်းအနေဖြင့် ချေပဂိုး ရရှိရန် တန်ပြန် တိုက်စစ်ဆင် ကစားခဲ့သော် လည်း ပွဲချိန်ပြီးဆုံး သွားသည့် အထိ ဂိုးမသွင်းနိုင်ဘဲ ဒုတိယဖြင့် သာ ဖြေသိမ့်ခဲ့ရသည်။


 
အနိုင်ရ ဗိုလ်စွဲ သွားသည့် ထိုင်း ယူ ၂၃ အသင်း သည် ဆယ်စုနှစ်ကြာ စနစ် တကျ ဖွဲ့စည်း တည်ထောင် ထားသည့် လူငယ် အသင်းဖြစ်သည်။ နည်း စနစ်ပိုင်း ကို ဦးစားပေး ၍ အစဉ် တစိုက် ပြုစုပျိုးထောင်ထားသည့် အာဆီယံဒေသ တွင်း အကောင်းဆုံး အသင်း တသင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

မြန်မာ ယူ ၂၃ အသင်း သည် တက်လက်စခြေစွမ်း ရရှိထားသည့် အသင်းဖြစ်ပြီး ပွဲအခြေအနေ ကို အချိန် မရွေး ပြောင်းလဲ စေနိုင်သည့် အသင်းဖြစ်သည် ဟု ပြိုင်ဘက် အသင်း နည်းပြများ မှ သုံးသပ်ကြ သည်။

 မြန်မာ အသင်း နည်းပြ ဦးကြည်လွင် က ယခု ဆီးဂိမ်းပြိုင်ပွဲ တွင် မြန်မာ အသင်းသည် ပုံမှန်ခြေစွမ်း မျိုး ပြန်လည် ရရှိလာပြီး အကောင်းဆုံး အနေအထားဟု ဆိုသည်။ 

 The Irrawaddy (Burmese Version)'s photo.

 ရွှေတံဆိပ် ဆုနှင့် ကာလ အတန်ကြာ ဝေးကွာနေခဲ့ သည့် မြန်မာ အသင်းသည် ယခု ဆီးဂိမ်း တွင် ဗိုလ်လုပွဲ အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် အတွက် မြန်မာ လူထုနှင့် မြန်မာ ပရိသတ်များ မျှော်လင့်တောင့် တနေ သည့် ရွှေတံဆိပ်ဆု သည် လက်တကမ်း အလိုသို့ ကျရောက် လာခဲ့သည်။

သို့သော်လည်း ပွဲချိန် မိနစ် ၉၀ ရလဒ် သည် မြန်မာလူထု ကို လာမည့် ၂၀၁၇ ဆီးဂိမ်း သို့ တွန်းပို့ ခဲ့သည်။ ဒုတိယ ဆု ငွေတံဆိပ် ကို မြန်မာ လူထု သည် ကျေကျေ နပ်နပ်ဖြင့် ခံယူ ခဲ့ကြ သည်။

 မြန်မာ ယူ ၂၃ လူငယ် အသင်းကို နိုင်ငံကိုယ်စား အကြွင်းမဲ့ ကျေးဇူးတင်ခဲ့ကြသည်။ 

အမိနိုင်ငံ ပြန်ရောက် လာလျှင် ခမ်းခမ်း နားနား ကြိုဆို ကြဦးမည်သာ ဖြစ်သည်။

 ငြိမ်းဇော်
 The Irrawaddy (Burmese Version)

No comments:

Post a Comment