Tuesday, June 23, 2015

ကမ္ဘာကျော် ပျောက်ဆုံး မှု များနှင့် ဘုရားရှင် လက်ထက် က ပျောက်ဆုံးမှု များ

 Lynn Latyar's photo.



 အမေရိကန်နိုင်ငံ မှာ ၁၉၄၅ ခုနှစ် က ဖလော်ရီဒါ လေတပ် စခန်း မှာ လေ့ကျင့်ခန်း ဆင်းနေတဲ့ ဗုံးကြဲလေ ယာဉ် စုစုပေါင်း အစင်း - ၂၀ ခန့် ပျောက်ဆုံး သွားတယ်။ စုံစမ်း ဖို့ လေယာဉ် - ၅ စင်း ထပ်လွတ် လိုက်တယ်။ ၅ - မိနစ် အတွင်း ထပ်ပျောက် သွားကြတယ်။ ယနေ့အချိန်ထိ ပေါ်မလာခဲ့ကြပေ။

၁၉၇၀ ခုနှစ် က သံမဏိ တန်ချိန် - ၂ သောင်းကျော် တင်လာတဲ့ သင်္ဘော တစ်စင်း သမုဒ္ဒရာထဲ မှာ ပျောက် ဆုံး ခဲ့တယ်။ 

အီတလီနိုင်ငံ ဘိုလော့နာမြို့ မှာ ရထား တစ်စင်း ဟာ လူ - ၁၃၇ ယောက် တင်ပြီး ၁၅ - မိနစ် သာ ဖြတ် သန်း သွားရ တဲ့ လှိုဏ်ခေါင်းထဲ ဝင်သွားတာ ပျောက်ဆုံး သွားပြီး ၄၂ - နှစ်ကြာ မှ ပြန်ပေါ် လာခဲ့တယ်။ 

ရထားပေါ် က ပါသွားသူတွေ ဟာ အသက်ကြီး မသွားပဲ ရထားပေါ် လိုက်ပါသွားတဲ့ အချိန်က အရွယ်ပဲ၊ သူတို့ ကိုမေးတော့ လည်း ဘာမှ မေးလို့ မရဘူး။ သိပ္ပံပညာရှင်တွေ က time wamp တဲ့ မအို၊ မနာ၊ မသေ၊ အချိန် မဲ့သော နေရာတဲ့။


 
၁၉၅၅ ခုနှစ် က အမေရိကန် ဖလော်ရီဒါ က ခရီးသည်လေယာဉ် တစ်စင်း ဟာ ပျံတက်ပြီး ပျောက်ဆုံး သွား ခဲ့ကာ၊ ၁၉၉၀ ခုနှစ် မှာ ဗင်နီဇွဲလား နိုင်ငံ မှာ ပြန်ပေါ် လာခဲ့တယ်။ သူလည်း ၃၅ - နှစ်ကြာ ပျောက်ဆုံး သွား ခဲ့တယ်။ 

သိပ္ပံ ပညာရှင်တွေ က ခရီးသည်တွေ ရဲ့ ဒီအန်အေ ကို စစ်ကြည့်တော့ မအိုကြောင်း အတည်ပြု ထောက် ခံပေး ခဲ့တယ်။ သူတို့ကိုမေးတော့ သူတို့ ဘာမှ မသိပါဘူးတဲ့။

ဒုတိယ ကမ္ဘာစစ် တုန်းက မြန်မာနိုင်ငံ ရခိုင် ရိုးမတောကြီး ထဲမှာ မဟာမိတ် တပ်ကြီး တစ်တပ် လုံး ပျောက် သွား ခဲ့တယ်။ အင်္ဂလိပ် ဝန်ကြီးချုပ် ချာချီ ကိုယ်တိုင် ကမ္ဘာ့ စစ်ရေးမှာ မကြုံဘူးသော ထူးဆန်းသည့် အကြောင်း အရာ တစ်ခု ဟု မှတ်ချက်ပြုပေးခဲ့တယ်။ သူတို့ လည်း ခုချိန်ထိ ပေါ်မလာကြသေးဘူး။

ဘုရားရှင် လက်ထက် က ပျောက်ဆုံး မှုများ

ဘုရားရှင် မပွင့်မီ နှစ်ပေါင်း - ၇၀၀ အလို က ပြိတ္တာ တစ်ဦး ဟာ လူယောင် ဖန်ဆင်းပြီး၊ သူ့ ရဲ့မယားဟောင်း ကို ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားတွေပေး ကာ မိဘတွေဆီ က တောင်ယူပြီး ခေါ်သွား ခဲ့တယ်။ ၇ - နှစ်လောက် ကြာတော့ မယား က ပြန်ချင်တယ်ပြောတော့ ပြိတ္တာ က ပြန်ဖို့ မဖြစ်နိုင်ကြောင်း၊ လူ့အသက်နဲ့ ဆို နှစ်ပေါင်း - ၇၀၀ ကြာမြင့် သွားပြီဖြစ်ကြောင်း ပြောပြတော့၊ မယုံကြည်တဲ့ အတွက် အတင်းပြန်ပို့ ခိုင်း တယ်။

 ပြိတ္တာ လည်း ပြန်ပို့ တဲ့ အခါမှာ သူနေခဲ့တဲ့နေရာတွေ ဟာ မမှတ်မိတော့ပဲ ဘုရားရှင် ပွင့်ထွန်းတဲ့ အချိန်ဖြစ်နေတော့ အမျိုးသမီး လည်း ဘုရားရှင် ကို လျှောက်ထားတော့ ထွက်သွားချိန် ဟာ နှစ်ပေါင်း - ၇၀၀ ကြာသွား တာ ဟုတ်မှန်ကြောင်းဖြေကြားပြီး၊ ပြိတ္တာ ဘုံ နဲ့ လူ့ ဘုံ ရဲ့ အချိန် ကွာခြား မှုကြောင့် ဆိုတာ ကို ဟောကြားတော် မှုခဲ့တယ်။ 

အမျိုးသမီး လည်း ကြောက်လန့် တုန်လှုပ်ပြီး မိမိ ဝတ်ဆင် ထားသော လက်ဝတ် ရတနာများကို  ရောင်းချကာ ဘုရားရှင် အား ကျောင်းဆောက် လှူတန်းလိုက်တယ်။ သေလွန်တော့ အထက်နတ်ပြည် ကို ရောက် သွား ခဲ့တယ်။ 

နောက် တစ်ခု ကတော့ ဗာရာဏသီ မင်းကြီး သည် ပြိတ္တာ မတွေ ဖျားယောင်းပြီး ရေထဲမျော လိုက်တဲ့ သရက်သီးကို လိုချင် လို့ လိုက်သွား ခဲ့ရာမှ ပြိတ္တာမတွေ နဲ့ ပေါင်းသင်းနေထိုင် လိုက်တာ နှစ်ပေါင်း - ၁၅၀ ကြာသွား ခဲ့တယ်။ 

နောက် တစ်ခါ ကုန်သည် တစ်ယောက် ဟာ အခြား ကုန်သည်တွေ နဲ့ ကုန်ကူး သွားတုန်း မယားက ပြိတ္တာ အာနုဘော် နဲ့ လှေကို တားထားပြီး မဲနှိုက်တဲ့ အခါမှာ သုံးခါ စလုံး သူချည်း ကျတဲ့ အတွက် ရေထဲကို ပစ်ချ ခံခဲ့ ရတယ်။

 ရေထဲသို့ မကျမီ မှာ ပြိတ္တာ က ခေါ်ယူ သွားပြီး ပေါင်းသင်းနေထိုင် လိုက်တာ နှစ်ပေါင်း - ၅၀ ကျော် ကြာသွား ခဲ့တယ်။ မြန်မာပြည် က ဦးရှင်ကြီး ဝတ္တု ကလည်း အဲဒီ သဘောမျိုးပါပဲ။

တစ်ကယ်တော့ ကမ္ဘာက အဖြေ မထုတ် နိုင်ဘူး ဆိုတာ ဟာ ဗုဒ္ဓဘာသာဝင် မဟုတ် တာလည်း တစ်ကြောင်း၊ နောက် တခါ ဖြစ်တဲ့ အကြောင်းအရာ ဟာ ဘုရားရှင်တို့ မှသာလျှင် ဖြေရှင်းနိုင်တဲ့ အရာဖြစ်လို့ အဖြေ မထုတ်နိုင်ကြတာပါ။ 

ဘုရားရှင် က ကိစ္စ တစ်ခုကို ယုံကြည် ဖို့ရန် အကြောင်း သုံးချက် နဲ့ ညှိ ရမယ်တဲ့။ ထို အချက် သုံးချက် ကတော့ -

၁။ မျက်မြင် ကိုယ်တွေ့ အားဖြင့်၎င်း၊
၂။ ဝေဖန် ဆင်ခြင်ဉာဏ် အားဖြင့်၎င်း၊
၃။ဘုရားရှင် တို့၏ ဟောပြောမှုကြောင့်၎င်း၊   ယုံကြည်ရမယ် တဲ့။



ဒီဖြစ်စဉ်တွေ က သက်သေပြချက် မရှိဘူး။ စဉ်းစားဝေဖန် လို့လဲ မရဘူး။ ဘုရားရှင် တို့၏ ဉာဏ်တော် အရာ သာ ဖြစ်တဲ့ အတွက်ကြောင့် မို့ အဖြေ မရှိကြတာပါ။

ဒါ့ကြောင့်လည်း အိုင်းစတိုင်း က ပြောခဲ့ တာပေါ့။ သိပ္ပံ ပညာရှင်တွေ မဖြေရှင်းနိုင်တဲ့ အရာကို ဗုဒ္ဓဘာသာ က ဖြေရှင်းပေးလိမ့်မယ် တဲ့။ 

တကယ်တော့ ဘုရားရှင် ရဲ့ ဂုဏ်တော် ကိုးပါး ထဲက ‘လောကဝိဒူ’ဆိုတဲ့ ဂုဏ်တော် ဟာ လောက အကြောင်း အကုန် သိတယ်လို့ ပြောတာပါ။

 ဗုဒ္ဓဘာသာဝင် များလည်း မိမိတို့ ဘာသာ ၏ တန်ဘိုး ကို နားလည်နိုင်ကြပါစေ ခင်ဗျာ . . .


 ကောင်းသန့် စာပေ's fb wall
 Lynn Latyar

No comments:

Post a Comment