Tuesday, June 9, 2015

ရန်ကုန် ကမ္ဘာ ထဲက ခရီးသွား များရဲ့ နေ့စဉ်ဒုက္ခ




ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်ကျပ်၊ ကားကျပ်ကျပ် မစီးချင်လို့ ညနေရုံးဆင်းချိန် ဘူတာကြီးကိုသွားပြီး ရထား စီးပြီး အိမ်ပြန်မယ်လို့ ဆုံးဖြတ်ကာ ဘူတာရုံဆီ ထွက်ခဲ့ပါတယ်။ အချိန်က နေ၀င်ချုပ်စ နွေဦးည ခုနစ်နာရီ ခန့်ပေါ့။ 


ကိုယ်က တောက လာတာ ဆိုတော့ ကားစီး ရတာလည်း မကျွမ်း သလို ရထား ထွက်ချိန်တွေ လည်း တိတိ ကျကျသိသူ မဟုတ်ပါဘူး။ တိတိကျကျ သိပါတယ် ဆိုရင်တောင်မှ ရထားဆိုက်ချိန် ထွက်ချိန်က မမှန် တော့ လည်း မသိတာ နဲ့ ဘာမှ မထူးပါဘူးဗျာ။ ပန်းဆိုးတန်း ခုံးကျော်တံတားကြီးပေါ်က မြို့ပတ်ရထား ထွက်တဲ့ စင်္ကြံ ဆီ ဆင်းခဲ့ ပါတယ်။

ဆင်းဆင်းချင်း တွေ့တဲ့ လက်မှတ် အရောင်းဌာန မှာ RBE အဲကွန်းရထား ရှိလားမေးပြီး လက်မှတ်ဖြတ် ဖို့ လုပ်တော့ လက်မှတ် ရောင်းသူက သူနဲ့ မျက်နှာချင်းဆိုင် က လက်မှတ်ရောင်းတဲ့ ရုံကလေးဆီ လက်ညှိုး ထိုးပြရှာ ပါတယ်ဗျာ။


 နေရာကတော့ ပန်းဆိုးတန်း ခုံးကျော်တံတား ရဲ့အရှေ့ဘက် အနည်းငယ် လှမ်းသပေါ့။ ဒီလိုနဲ့ လက်မှတ် RBE တစောင် ၀ယ်ပြီး ကိုယ့်ဆရာရေ ဘယ်စင်္ကြံ မှာ စီးရမလဲ ဆိုတော့ စောစောက လက်မှတ်ဝယ်တဲ့ ဘက်ဆီ လက်ညှိုးထိုးပြပါတယ်။ ကိုယ်လည်း သေချာ ကြည့်ပါရဲ့ ဘူတာရုံ မှာလည်း မီးတွေ လင်းလင်း ချင်းချင်း ရှိ ပါရဲ့ ဒါကို ကိုယ်ပဲ အမြင်အာရုံချွတ်ယွင်း သလားဆိုတော့ ဘယ်မှာ ထပ်မေးရမယ်မသိ။



မြင်သာတဲ့ အသိပေး ဆိုင်းဘုတ် ကလည်း ချိတ်မထား၊ အသံ နဲ့ ကြေညာ တဲ့ စနစ်ကလည်း ဒိန်ချ ဉ် သည် ရဲ့ လော်စပီကာလောက်တောင် ကြည်ကြည် လင်လင် မရှိဘူး။ ကျွန်တော်ပြန် မှာက အင်းစိန်-အောင်ဆန်း မြို့ပတ် ရထားဝေါဟာရ နဲ့ ဆိုရင်တော့ လက်ယာရစ်ပေါ့။ အဲဒီ အချိန်မှာ ကိုယ် သွားမယ့် လက်ယာရစ် ရဲ့ ဆန့်ကျင်ဘက် ရထားတစီး ကလည်း ၀င်လာပါ လေရော။ 


ရထားပေါ် က ဆင်းလာသူ အချို့ကို အင်းစိန်-အောင်ဆန်း ကို ဘယ်ဟာ စီးရမလဲ လို့မေးတော့ သူတို့ ကလည်း မသိဘူးတဲ့။ ဘယ်သိ မလဲ သူလို ကိုယ်လို ခရီးသွားတွေကို နောက်ဆုံး မီးရထား ရဲ တစ်ယောက် ကိုတွေ့ တော့မေးမှ ဟိုးမှာ ရပ်ထားတဲ့ ရထားတဲ့။ ကျွန်တော် ရပ်နေတာ က ပန်းဆိုး တန်းခုံးကျော်တံတား၊ စီးရမယ့် ရထား က ဆူးလေ ခုံးကျော်တံတားအောက်မှာ။ 

ဘယ်နှယ့် ဘူတာမှာ မရပ်ဘဲ အဲသလောက် အဝေးကြီး ရပ်ထားရသလဲ လို့ အဲဒီ အချိန်က မစဉ်းစားအား ပါဘူးဗျာ။ ရထားဆီ သုတ်ခြေတင် အား ကုန်ပြေးရတော့ တာပေါ့။ အဲဒီလိုပြေးနေရင်း ရထားဘီးလှိမ့် တာ မြင် ရ ပါ တော့တယ်။ သူက ဘီး စလှိမ့်လေ ကိုယ်က ပိုပြေးလေ ပဲဗျို့။ 

အဲဒီ ရထား ပေါ်က ဆင်းလာတဲ့ ရဲနှစ်ယောက် အနက် တယောက် က မမီလောက်တော့ ဘူးလို့ ဆိုတာကို ကျန်တယောက် က သူပြေးပုံ နဲ့ မီမှာ ပါတဲ့။ ဒါနဲ့ ရထား ပေါ်ရောက် မှ အနားယူမယ် ဆိုပြီး ပိုပြေးလိုက်ပေါ့ ဗျာ။ ကိုယ်က ပြောရင်း နဲ့ ရထားက ပိုအရှိန် နဲ့ထွက်သွားပါတော့တယ်။

ဒီလိုနဲ့ ရထားမမီ လိုက်ဘူး။ ဒါပေမဲ့ ဇာတ်လမ်းက မဆုံးသေးဘူးဗျ။ နောက်ထွက်မယ့် ရထားလက်မှတ် ၀ယ် မလို့ ပထမဦးဆုံး လက်မှတ် ၀ယ်ဖို့ မေးတဲ့ လက်မှတ်ရုံဆီ သွားခဲ့ပါတယ်။ လက်မှတ်ရောင်းသူကို ကျွန်တော် က စောစောက အဲကွန်းရထား မမှီလိုက်ဘူး။ အဲဒီ လက်မှတ်နဲ့ ထပ်စီးလို့ ရသေးလား ဆိုတော့ လက်မှတ် အသစ် ၀ယ်ရမယ်တဲ့။ 


ဒါနဲ့ လက်မှတ် ၂၀၀ တန် ၀ယ်ပြီး ရထား ထပ်စောင့်တာ နာရီဝက်လောက်ကြာတော့ ရောက်လာ ပါတယ်။ ဥု ပြီဆိုပြီး ရထားပေါ်တက်စီး လာခဲ့ပါတယ် ခင်ဗျာ။ အဲဒီ ရထား ကလည်း စီးလာလိုက်တာ အင်းစိန်မှာ ဂိတ်ဆုံးတယ် တဲ့ခင်ဗျာ။ ကျွန်တော် ပြန်ရမှာက အောင်ဆန်း ဘူတာ။


 


 ဒီနေရာ မှာ ကျွန်တော်ပြောချင် တာက မီးရထား လက်မှတ်ရောင်းတဲ့ ၀န်ထမ်းတွေ မေးလိုက် ရင် ဖြေချင် သလိုလို၊ မဖြေချင် သလိုလို၊ ရထား ထွက်ချိန် ကလည်း ဘယ်တုန်းက မှ မမှန် ဖူးဘူး။  ကြော်ငြာ တာလည်း ကိုယ်နဲ့ မဆိုင်တာတွေ ဘဲ ထပ်ဖန် တလဲလဲပြနေတယ်။ အသံ နဲ့ ကြေညာတော့ လည်း ဗလုံးဗထွေးနဲ့။ ရထားစီး သူက ဘယ်အရာ ကို အားကိုးရမလဲ။

 နေ့စဉ် မြို့ပတ် ရထားစီးပြီး ခရီးသွားတဲ့ သူ ရှစ်သောင်း လောက် ရှိတယ်လို့ သိရတယ်။ အဲဒီ ရှစ်သောင်း က နေ့စဉ် ဒီဒုက်္ခတွေ ကို ခံစားနေရတာ နှစ်ပေါင်း မနည်းတော့ပါဘူး။

မီးရထားစီး လို့ အဲဒီ ဒုက်္ခတွေများတယ်။ ဘတ်စ်ကားစီးမယ် ဆိုရင် သူ့ထက်ပိုတဲ့ ဒုက်္ခတွေက အများ ကြီး စောင့်ကြို  လို့နေပါတယ်။ မြို့စွန် က နေ မြို့ထဲကို သွားဖို့ လေးဆယ့် ငါးမိနစ်လောက် ရှိတဲ့ ခရီးကို ၂ နာရီလောက် ကြာမှ ရောက်တယ်။ 


ဘတ်စ်ကားပေါ် တက်ပြီ ဆိုကတည်းက စပယ်ယာ တွေ ရဲ့ တွန်းထိုး တင်ပြီး သူ့ရဲ့ဆူပူအော်ဟစ်မှု နဲ့ စီးရ ပါတယ်။ ကားပေါ် မှာ စပယ်ယာတွေ က လူတွေ ကို အုတ်စီ သလို အထပ်ထပ် စီပြီး ၂ နာရီ လောက် ကျပ် သိပ်နေတဲ့နေရာ မှာ မတ်တတ် ရပ်ရပါတယ်။

ထိုင်ခုံ ရလို့ ထိုင်မယ် ဆိုရင်လည်း ကိုယ့်ထက် အသက် အရွယ်ကြီးသူ၊ အားနွဲ့တဲ့ အမျိုးသမီး တွေကို မျက်နှာလွှဲ မျက်နှာပြောင် တိုက်ပြီး လိပ်ပြာ မလုံစွာနဲ့ စီးနေရပါတယ်။ ဒါဟာ နေ့စဉ် ဘတ်စ်ကားစီး ခရီး သွားနေတဲ့ ၂ ဒသမ ၂ သန်းခန့် ရဲ့ ဒုက်္ခများ စွာထဲက တခုပါ။ 


တကယ် ကို လူတွေ က လူ့အဆင့်အတန်းနဲ့ အညီ လူ ပီသ စွာ စီးနင်းခွင့် မရကြရှာပါဘူး။ နေ့စဉ် လူ့အခွင့် အရေး ချိုးဖောက် ခံနေရပါ တယ်။
 

တစ်ကယ် ဆိုရင် နေ့စဉ် ဒီလောက် ဒုက်္ခရောက်နေတဲ့ ပြည်သူတွေ အတွက် လူ့ အခွင့်အရေး အချိန်နဲ့ အမျှ ချိုးဖောက် ခံနေရတဲ့ ရန်ကုန် ကမ်္ဘာ လေး ထဲက ပြည်သူတွေ အတွက် မီးရထား က တာဝန်ရှိ သူတွေ၊ မထသ တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာက လူတွေကို ယာဉ်မောင်းတွေ၊ စပယ်ယာ တွေ၊ ယာဉ်ပိုင်ရှင်တွေ ကို လူ့ အခွင့်အရေး အချိုးဖောက်ဆုံး လူတွေ အဖြစ် ၀ိုင်းဝန်း ရှုတ်ချခြင်း အပြင် တရားစွဲဆိုသင့်နေပါပြီ။ 

ခရီးသွားပြည်သူများ က ရော ဘယ်တော့ များ လူသား ဆန်စွာ လူ့ အခွင့်အရေးနဲ့ အညီ ဘယ်တော့ ခရီးသွား ခွင့်ရကြမလဲ။

 

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


No comments:

Post a Comment