Saturday, June 13, 2015

သီတဂူ ဆရာတော် ဘုရားကြီးရဲ့ Dagon City project အပေါ်အမြင်

 ဗုဒ္ဓဘာသာ မြန်မာပြည်'s photo.


``ရွှေတိဂုံ ဘုရား အန္တရာယ် ရှိနေပြီ´´။
``ရွှေတိဂုံ ဘုရားနား မှာ မြို့တော်ကြီး ဖော်ဆောင်တော့ မှာ´´။
``ရွှေတိဂုံ ဘုရားကို ကာကွယ်ကြ ပါစို့´´။
 

ဤနှိုးဆော်ချက် သည် မိမိ အတွက် တုန်လှုပ်ချောက်ခြားဖွယ် အလွန်ကောင်းသည့် ``သေမင်း တမန်နှိုးဆော် ချက်´´ ဖြစ်၏။

ရွှေတိဂုံ ဆိုသည်မှာ မြန်မာ တို့၏ အသက်၊ မြန်မာ တို့၏ ၀ိညာဉ်၊ မြန်မာ တို့၏ နှလုံး သည်းပွတ်ပင် မဟုတ်ပါလော။


ရွှေတိဂုံ ဘုရားသာ တစုံ တစ်ခု ဖြစ်သွားလျှင် . . . ဆက်ပြီး မတွေးရဲ။ တွေးလိုက် တိုင်း ကျောချမ်းမိ၏။

``အရှင် လတ်လတ် အသတ် ခံရသလို´´

စီးပွားရေး လုပ်ငန်းရှင် တို့၏ မြို့တော် စီမံကိန်းကြောင့် ရွှေတိဂုံ ပုံရိပ် တစ်စုံ တစ်ခု ဖြစ်သွား မှာကို ဗုဒ  ဘာသာဝင် တို့သည် မည်သို့သော အကြောင်းကြောင့်မှ လက်ခံနိုင်ပါ။

ဘာ့ကြောင့်နည်း၊ ရွှေတိဂုံ ပုံရိပ် ပြောင်းလဲ သွားလျှင် မြန်မာ သည်လည်း အရှင် လတ်လတ် အသတ် ခံလိုက် ရသလို ခံစားရမည် ဖြစ်သောကြောင့်တည်း။




 ဗုဒ္ဓဘာသာ မြန်မာပြည်'s photo.


လုပ်ငန်းရှင် များ၏ စီမံကိန်း ကလည်း လူနေ တိုက်ခန်းမြောက်မြားစွာ၊ ရုံးခန်းမြောက်မြား စွာ၊ ဈေးဆိုင် ခန်း မြောက်မြားစွာ၊ ဘဏ်များ၊ စားသောက်ဆိုင် များ ပါဝင် မည် ဖြစ်ရကား ပတ်ဝန်းကျင် ကို ညစ် ညမ်းစေ မည့် စီမံကိန်းကြီး ဖြစ်၏။

ထို လုပ်ငန်းရှင် တို့မှာ Marga Land Mark ၊ သုခ ရတနာ၊ ရွှေတောင်နှင့် Adventures Myanmar ကုမ္ပဏီ တို့ ဖြစ်ကြ၏။

မိမိ သည် (၁၇၊ ၀၆၊ ၂၀၁၅)နေ့တွင် ရွှေတိဂုံ ဘုရားအနီး Marga Land Mark ကုမ္ပဏီ က ဆောက်လုပ်မည့် ၂၂ ဧက ကျယ်ဝန်းသော Dagon City One စီမံကိန်း ကို သွားရောက် လေ့လာခဲ့၏။

``နောင်မှ မတ ကြပါနဲ့´´

မိမိသည် မန်နေဂျာ အား လာရခြင်း၏ အကြောင်းကို ရှေးဦး စွာ ပြောပြလိုက်၏။ ရွှေတိဂုံဘုရားကြီး အတွက် စိုးရိမ် လို့ လာရောက် လေ့လာ ရခြင်းဖြစ်ကြောင်း၊ မည်သည့် အဖွဲ့အစည်း ၏ ကိုယ်စားပြုလည်း မဟုတ်ကြောင်း ၊ စီမံကိန်း တည်နေရာ မှာ ဘုရားနှင့် ဘယ်လောက်နီး သလဲ ဆို တာကို သိချင် ၍ ဖြစ်ကြောင်း၊

 ခေတ်သစ်ဆောက်လုပ်ရေး နည်းပညာ ကို ဂဃနဏ မသိပါကြောင်း၊ ရွှေတိဂုံဘုရား သည် မြန်မာ တို့ ၏ ပြယုဂ်ဖြစ်သည့် အတွက် မည်သည့် အန္တရာယ် ကိုမှ မရှိစေလိုပါကြောင်း စသည်ဖြင့် ပြောပြလိုက်ပါသည်။

ထိုအခါ မန်နေဂျာ ကိုယ်တိုင်ပင် သူတို့ လုပ်ငန်းစဉ် အကြောင်းကို ကျကျ နန ရှင်းပြပါ၏။ သူတို့ ဆောက် လုပ်မည့် ``ဒဂုံ စီးတီးဝမ်း´´ စီမံကိန်း သည် ရွှေတိဂုံ ဘုရားအတွက် မည်သို့မျှ အန္တရာယ် မဖြစ်နိုင်ကြောင်း၊ ခေတ်မီ နည်း ပညာ များဖြင့် ဆောက်လုပ်မည် ဖြစ်ကြောင်း၊ 

ကုမ္ပဏီ ပိုင်ရှင် သူဋ္ဌေး မှာ ဟောင်ကောင် က ဖြစ်ကြောင်း၊ သူဋ္ဌေး သည် ဗုဒ္ဓ ဘာသာဝင်ဖြစ်ကြောင်း အကျယ် တ၀င့် ရှင်းပြပါ၏။ ထိုသို့ ရှင်းပြသည် ကို စိတ်ဝင် တစား နားထောင် ခဲ့ပါသော်လည်း မိမိ၏ စိုးရိမ် စိတ်ကား လွန်ကဲနေဆဲ။

တစိုးတစိ မှ လျော့မသွားပါ။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်၏ ဆိုသည့် အတိုင်းပင် ကြိုတင် ကာကွယ် မှဖြစ်မည်ဟု အတွေးဖြစ်ခဲ့ ရသည်။ ကြိုတင် မကာကွယ် ပါက နောင်မှ တ ရမည့် အဖြစ်မျိုး ရင်ဆိုင် ရမည် ဖြစ်၏။


ဗုဒ္ဓဘာသာ မြန်မာပြည်'s photo. 











``ပညာရှင် များ၏ အဆို´´
ရွှေတိဂုံ ဘုရားဝန်းကျင် မှာ ရှိသည့် စီမံကိန်း များနှင့် ပတ်သက်၍ ပညာရှင် တို့၏ အမြင်၊ သဘောထား၊ အချက်အလက် ကို လေ့လာကြည့်၏။ ယင်းသို့လေ့လာ ကြည့်သောအခါ . . . ။ ကြေကွဲဖွယ်ရာ၊ ထိတ်လန့် စရာအပြည့်။ ရှုစားကြပါလော။

၁။ ရွေတိဂုံ ဘုရား ၀န်းကျင်မှာ အိမ်ရာမြေဆောက်လုပ်ခြင်းကြောင့် လူဦးရေ သိပ်သည်း လာမည်။
၂။ လူဦးရေ များလျှင် မိလ္လာ အညစ်အကြေး၊ အမှိုက် သရိုက်၊ ပို့ဆောင်ရေး ယန္တရား များ မြားပြားလာမည်။
၃။ ယင်းသို့ မြားပြား လာသည့်အတွက် ယာဉ်ကြော ရှုတ်ထွေးပြီး ပတ်ဝန်းကျင် ညစ်ညမ်းသွားပါမည်။
၎။ အဆောက် အဦးဆောက် လုပ် မည့်နေရာမှာ သဘာဝပေါက်ပင် များ ပျက်စီးသွားပါသည်။
၅။ ယင်းသို့ ပျက်စီး သွားသည့် အတွက် မြေသား ခိုင်ခံ့ မှုလည်း ကျဆင်းသွားပါသည်။
၆။ သဘာဝပေါက်ပင် များ မရှိတော့လျှင် ရှဥ့်ငှက် ပိုးမွှား တိရစ္ဆာန်လေးများ စားကျက်ပျောက်သွားမည် ဖြစ် သည်။
၇။ စားကျက်ပျောက်သွားခြင်းကြောင့် ပတ်ဝန်းကျင်ဂေဟ စနစ်လည်း ပျက်စီးသွားမည် ဖြစ်သည်။
၈။ ရွှေတိဂုံကုန်းမြေ သည် သဲဆန်သောကျောက် များဖြင့် ဖွဲ့စည်း ထားသောကြောင့် မြေအောက်ရေ သိုလှော င်သည့် နေရာဖြစ်ပါသည်။
၉။ မြေပြင်ပေါ် မှာ ကွန်ကရစ်လို အလွှာများ ခင်းကြသောကြောင့် ရေစိမ့် မ၀င်နိုင်တော့ပါ။
၁၀။ ရေစိမ့်ဝင် အား မရှိလျှင် မြေအောက်မှာ လည်း မိုးရေ မရောက်နိုင်တော့ပါ။
၁၁။ မြေအောက် မိုးရေ မရောက်လျှင် မြေအောက် မိုးရေများ ထုတ်ယူလို့ မရနိုင်တော့ပေ။
၁၂။ မြေအောက် မိုးရေ မရှိတော့ ရကား ရန်ကုန်မြစ် ကလာမည့် ဆားငန်ရေ များ အစားထိုး ၀င်ရောက် လာမည် ဖြစ်သည်။
၁၃။ ယင်းသို့ မြေအောက်ရေ ပြောင်းလဲ သွားလျှင်ကား သဘာဝဘေးအန္တရာယ် များ ကျရောက်ပြီး မြေ သားခိုင်ခံ့မှု လည်း ကျဆင်းသွားမည် ဖြစ်ပေသည်။
၁၄။ မြေသား ခိုင်ခံ့မှု ကျဆင်း သွားလျှင် ယင်းကုန်းမြေပေါ် မှာ အခိုင်အမာ ယူထား သည့် ရွှေတိဂုံဘုရားကြီး ဘာဖြစ်သွား နိုင်သနည်း။ လေးလေးနက်နက် စဉ်းစားရမည် ဖြစ်ပေသည်။


ပညာရှင် များ၏ အဆိုအရ ဆိုလျှင် အစားထိုး မရသည့် ဆုံးရှုံးမှု များ မလွဲ မသွေ ရင်ဆိုင် ကြုံတွေ့ရမည် ဖြစ် ၏။

 ဗုဒ္ဓဘာသာ မြန်မာပြည်'s photo.

``ပန်းဥယျာ ဉ်ထဲ မီးသွေး မဖုတ်ခိုင်းပါနဲ့´´
မိမိ၏ အမြင်ကတော့ ရိုးရိုးလေးပါ။
``ရွှေတိဂုံဘုရား အနီး မြို့ပြ တည်ဆောက်ခြင်းသည် ကမ္မဋ္ဌာန်း ရိပ်သာ အနီး အရက်ဆိုင်ဖွင့် သလို (သို့မဟုတ်) ပန်းဥယျာဉ် ထဲ မီးသွေး ဖုတ်ခိုင်း သလိုပင် ဖြစ်နေ၏´´ဟူ၍သာ။

``ဒဂုံမြို့တော်လား၊ ဘီလူးမြို့တော်လား´´
ထိုသို့ ဆိုလျှင် ရွှေတိဂုံ ဘုရား အနီးက မြို့ပြ စီမံကိန်း များသည် ရွှေတိဂုံ ဘုရားအတွက် အန္တရာယ်ချောက် ကမ်းပါး ပင် ဖြစ်၏။

အန္တရာယ်ချောက်ကမ်းပါး ဆိုလျှင်တော့ ``ဒဂုံမြို့တော်´´ဟု ဆို လို့ မရတော့။ မြန်မာ ၏ ပုံရိပ် ကို ဖျက်ဆီး မည်ဖြစ်ရကား ``ဘီလူးမြို့တော်´´ဟု ဆိုရတော့မည် သာတည်း။

ထို့ကြောင့် မြန်မာ တို့၏ နှလုံး သည်းပွတ်ဖြစ်သော ``ရွှေတိဂုံ ဘုရားကြီး ကို ကာကွယ်ကြပါစို့´´ဟု ထပ်လောင်း ၍ နှိုးဆော် လိုက်ရပါသည်။



သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ ၏ စာမျက်နှာ မှ ကူးယူမျှဝေသည်။
 ဗုဒ္ဓဘာသာ မြန်မာပြည်



No comments:

Post a Comment