Tuesday, June 16, 2015

ကားလောက မှ တက်ယောင်ကန်းများ နှင့် Hybrid (ဟိုက်ဘရစ်) နည်းပညာ

 MoeZac Auto's photo.

 ၂၀၁၂ နှစ်လယ်လောက် က စလို့ ၁၃၀၀ စီစီ အောက်ကားလေး တွေ ကို အခွန်လျော့ ကောက် တော့ Hybrid ကားတွေ ထဲ က ၁၃၀၀ စီစီ Honda Civic နဲ့ Honda Insight တို့ လူကြိုက်များ လာပါတယ်... လူကြိုက် များလာတာ နဲ့ အမျှ ဆီစား သက်သာ တယ် ဒီဇိုင်းလန်းတယ် ဆိုတာ ကိုအကြောင်းပြု ပြီး အ၀ယ်လိုက် လာ ကြပါတယ်…

အခုပြောချင်တာက Hybrid ကားတွေ ထဲ ကမှ Honda Civic နဲ့ Insight အကြောင်း ပါ.. ဘယ်က ဘယ် တက်ယောင်ကန်း ပညာရှိ က စပြောလိုက်လဲတော့မသိ... ကားလောက မှာ ပြောပြောနေကြတာ က ကီလို ၄၀ ကျော် ရင် အင်ဂျင်က ရပ်ပြီး ဘက်ထရီ နဲ့ ပဲ ဆက်သွားနေတယ် ဆိုတာပါပဲ… 

အဲဒီလိုမျိုး တကယ်သာ ဆိုရင် နိုင်ငံတကာ မှာ ကီလို ၁၀၀ နဲ့အောက်ထစ်မောင်း ရတဲ့ ဟိုင်းဝေး တွေမှာ ဆီလုံးဝ မကုန်တဲ့ Honda ကားတွေပဲ မောင်း မနေကြတာလဲ မေးစရာဖြစ်လာပါတယ်… မြန်မာနိုင်ငံ အနေ နဲ့ ရော အမြန်လမ်း သွား ရင် ဆီ မကုန်တဲ့ Honda Hybrid ကိုပဲ သုံးနေရ မဲ့ အနေအထားမှာ ရှိပါတယ်… 

တကယ်တမ်းပြန်လည် သုံးသပ်ကြည့်လိုက် တော့ဒီ ကီလို ၄၀ ကျော်ရင် ဘက်ထရီ နဲ့ ပဲမောင်းတယ် ဆိုတာ လုံးဝ ရုပ်တိ မရှိတဲ့ အဆိုတခုပါ…

အသေးစိတ် လေ့လာကြည့် လိုက်တော့ Hybrid စနစ် ဆိုတာ ဓာတ်ဆီ နဲ့ ဘက်ထရီ နှစ်မျိုးသုံး ကားများ ကို သာ ဆိုလိုခြင်း လုံးဝ ဟုတ်ပဲ အရမ်းကျယ်ပြန့် ပါတယ်… Hybrid ကား ဆိုတာ ကားတစီးထဲ အတွက် စွမ်းအင် ကို နေရာနှစ်မျိုး မှ ရယူခြင်းဖြစ်ပါတယ်… 



Hybrid သဘော အရ ဓာတ်ဆီ. CNG. ဒီဇယ်. ဘက်ထရီ. ဟိုင်ဒရိုဂျင်. စတဲ့ စွမ်းအင် နှစ်မျိုး ကိုပေါင်းစပ် ထားခြင်းဖြစ်ပါတယ်… ဥပမာ. ဓာတ်ဆီ နဲ့ CNG တွဲ ထားတဲ့ Taxi ကားတွေ ဟာလဲ Hybrid တွေပါပဲ. CNG ကုန်တာ နဲ့ ဓာတ်ဆီ ပြောင်းသုံးလို့ ရပါတယ်…

ဘက်ထရီ Hybrid ကားတွေ ထဲမှာတော့ အဓိက အနေနဲ့ သုံးမျီုး သုံးစား ကိုတွေ့  ရပါမယ်…

. . . ကားအင်ဂျင် က အချိန်ပြည့် အလုပ် လုပ်နေပြီး စွမ်းအား ပိုမို လိုအပ် လာသောအခါ ဘက်ထရီ က မော်တာ က တဆင့် အား အကူ ပံ့ပိုးပေးတဲ့ စနစ်
ဥပမာ ။ ။ Honda Insight, Honda Civic
ဤ စနစ်မှာ ကားက အင်ဂျင်ကို အဓိက ထားပြီး သွားနေရမှာပါ… အရုန်း အထ တွေမှာ အင်ဂျင်အလုပ် နဲ သွား အောင် မော်တာ က ၀င်ကူ တွန်းပေးတဲ့ သဘောပါ... ဘက်ထရီ ကိုတော့ ဘရိတ် အုပ်ချိန်တွေ. အရှိန်လျှော့ ချိန်တွေမှာ အားပြန်ဖြည့်ပေးပါတယ်. 


အင်ဂျင် ပါဝါ အသေး သုံးထား တဲ့ကားတွေ လိုပဲ ဟိုင်းဝေး မှာပဲ ဖြစ်ဖြစ် မြို့  တွင်းပဲ ဖြစ်ဖြစ် ဆီစား သက် သာစေပြီး Hybrid ကား ရဲ့  အားသာချက် က ၁၃၀၀ စီစီချင်း တူနေတောင် မှ တခြား ကားတွေ ထက် ပါဝါ ပိုများခြင်းဖြစ်ပြီး သာမန် ကားတွေ ထက် အရုန်း အဆွဲ တွေ သိသိသာသာ ပိုကောင်းပါတယ်… ဟို်င်းဝေးမှာ ကားကျော်ချင်တဲ့ အခါ မှာအင်မတန် အထောက်အကူပြုပါတယ်…

. . . ကား အင်ဂျင် နဲ့ မော်တာ တလှည့် စီ အလုပ် လုပ်ပြီး လိုအပ်လျှင်နှစ်ခု လုံး အလုပ် လုပ်သောစနစ်
ဥပမာ ။ ။ Toyota Prius
ဤစနစ် က စနစ် ၁ နဲ့ နီးစပ် ပါတယ်. စနစ် ၁ ထက်ကောင်းမွန် တဲ့ မော်တာ နဲ့ ဘက်ထရီ ကို အသုံးပြုထား တဲ့ အတွက် ဘက်ထရီ အားရှိ နေရင် မော်တာ ပဲ သီးသန့်မောင်းနှင်နိုင် မှာ ပါ. ဒါပေမဲ့ သာမန် Hybrid ကားတွေ ဆို ၁ မိနစ် လောက်ဆို ဘက်ထရီ က ကုန်သလောက် ရှိပါပြီ… 


ယခုနောက်ပိုင်း အသုံး များလာ တာက Plug In Hybrid လို့ခေါ်တဲ့ သာလွန်ကောင်းမွန် တဲ့ ဘက်ထရီ ကို သုံး ထားတဲ့ ကား ဖြစ်ပြီး Toyota Prius Plug-In Hybrid ဆိုရင် အိမ် က ပလပ်ပေါက် ကနေ အပြည့် သွင်းလို့ရတဲ့ အားနဲ့ ကားစ ထွက်ချိန် မှ စပြီး ၁၁ မိုင် လောက် အင်ဂျင် လုံးဝ လုံးဝ မသုံး သွားလို့ ၇ပါတယ်… အသေးစိတ် ကို Toyota Plug-In Prius လို့ ရှာဖွေ လေ့လာနိုင်ပါတယ်. 

Plug-In Hybrid ကိုနေ့စ ဉ်သုံး ကားများ သာမကပဲ BMW i8 ကဲ့သို့ Super ကားပါ ရရှိနိုင် ပါတယ်.. အဲဒီ Super ကားတောင် မှ အားပြည့် ဘက်ထရီ နဲ့ ၂၂ မို်င် ပဲ မောင်းလို့ ရတာ. Honda လို ကားက ကီလို ၄၀ ကျော်ကျရင် ဘက်ထရီ ပဲ သုံးတယ် ဆိုတာ ယုံချင်စရာကို မရှိဘူး…

၃ . . . ကားကို မော်တာ ကသာ မောင်းနှင်စေပြီး … အင်ဂျင် က ကားမောင်းရန် အ တွက်လုံးဝ မဟုတ်ပဲ ဘက်ထရီ အားသွင်းရန် အတွက်သာ သုံးသော စနစ်
ဥပမာ ။ ။ Chevy Volt
ဤ စနစ်မှာ အဓိက ကားကို သွားစေတာ မော်တာတွေဖြစ်ပါတယ်… ကား အင်ဂျင်က ဘက်ထရီ အား မပြည့် မချင်း သတ်မှတ် ထားတဲ့ အင်ဂျင် RPM နဲ့ အလုပ် လုပ် လည်ပတ်နေမှာပါ… ဒီအမျိုး အစားအတွက် လဲ Plug-In တွေ ကိုတွေ့ ရမှာပါ. 


လူတွေ အမှန် ကို အမှန် အတိုင်းမြင် အောင် SHARE ပေးပါအုံး …
ဖောနေတာ ကြုံဖူး ရင်လဲ COMMENT လေးပေးသွား အုံးနော်..



 MoeZac Auto

No comments:

Post a Comment