Friday, July 17, 2015

ဘ၀ မှာ တိုးတက်အောင်မြင် ချင်ရင် အနစ်နာ ခံရမယ်


 သား မိုက်'s photo.

 ဘ၀ မှာ လူတွေ ဟာ  အောင်မြင်သူတွေ ကို အားကျကြတယ်၊ လွယ်လွယ် နဲ့ ရလာတယ် ဘဲ ထင်တတ်ကြ တာ များပါတယ်၊ တကယ်တော့ ဘယ်အရာ မှ အလကား မရပါဘူး ၊ သူ့နေရာ နဲ့ သူ ထိုက်သင့်တဲ့ ပေးဆပ်မှု ကိုတော့ ပြုခဲ့ရတာပါ။

ကဲ - ပြောပြတော့မယ်နော် ၊ တစ်ခါ က ပန်းပု ဆရာကြီး တစ်ယောက် ရှိပါသတဲ့၊ သူ့ဆီ ကို သစ်သားတုံး နှစ်တုံးရောက် လာတယ် ၊ သစ်သားတုံး နှစ်တုံး အနက် ပထမ သစ်သားတုံး ကို ပန်းပု ဆရာကြီးက ဆူး ဆောက် လက်နက်တွေ နဲ့ ပန်းပု ထု တဲ့ အချိန်မှာ အဲဒီ သစ်သားတုံး က ရှုံ့မဲ့ ပြီး......
 

" နာ တယ် နာ တယ် တော်ပါတော့ " ဆိုပြီး ထအော်တယ် ၊ ပန်းပု ဆရာ လည်း စဉ်းစား လိုက်တယ်  ၊ ဒီကောင် အနာ မခံ နိုင်တဲ့ အကောင်ဘဲ ၊ ဒါကြောင့် လွယ်လွယ် လေးဘဲ မောင်းတုံး အဖြစ် ထုပေးလိုက် တယ်၊
 

 နောက် သစ်သားတုံး ကို ပန်းပု ထုတော့ ဒုတိယ သစ်သားတုံး က နာပေမယ့် ကြိတ် မှိတ် သည်းညည်းခံ တယ်၊ ဒါကြောင့် ပန်းပု ဆရာကြီး က ဒုတိယ သစ်သားတုံး ကို ဘုရား ဆင်းတုတော် ဖြစ် အောင် ထုပေး လိုက်တယ်၊ 



အဲ ဒီလို နဲ့ မူလ သစ်သားတုံးနှစ်တုံး ဟာ တစ်တုံး က မောင်းတုံးဖြစ်သွားပြီး နောက် တစ်တုံးက ဘုရား ဆင်းတုတော်ဖြစ်သွားတယ်၊
 

သူတို့ဟာ ဘုရားကျောင်း တစ်ကျောင်း ကိုရောက်သွားတယ် ၊ လူတွေ က မောင်းတုံး ကို ခေါက်ကြတယ်။ လူလာ တိုင်း မောင်းတုံး က အခေါက် ခံရတော့ နာကျင်နေတာပေါ့လေ၊ 

သူ့ မိတ်ဆွေ သစ်သားတုံး ကတော့ ဘုရားဆင်းတု ဖြစ်သွားတော့ လူတွေ က ဘုရား ဆင်းတုတော်ကို ပူဇော်ပသ ၊ ပန်းရေ ဆီမီး ကပ် အမွေးနံ့သာတွေ နဲ့ ပက်ဖြန်းကြတယ်၊ အဲဒါကို လူလာတိုင်း အခေါက် ခံနေရတဲ့ မောင်းတုံး က သူ့ သူငယ်ချင်း ကိုပြောတယ်၊
 

" သစ်သားချင်း အတူတူ ငါ့ကျတော့ အခေါက် ခံ ရပြီ။ မင်းကျတော့ ပူဇော်ပသ ခံရတယ် "
လို့ ငို ပြီးပြော တယ်၊ 


အဲဒီ အခါ ဘုရား ဆင်းတုတော် က " မင်းက သည်းမှ မခံဘဲ"  လို့ ပြန်ပြောလိုက်တယ်၊
ဘ၀မှာ တိုးတက်အောင်မြင် ချင်ရင် အနစ်နာ ခံရမယ် ဆိုတာ ပြတာပါ၊ သည်းညည်းခံပါ။ 

 နေရိပ်ကို မရောက် ခင် နေပူ ကိုဖြတ်ရ စမြဲဘဲလေ၊ သင်ကော ဘ၀ အမောတွေ ကို သည်းခံတတ်ပါ သလား။ 

ပညာ ရှာနေတဲ့ ကျောင်းသားတွေ ဆိုရင် လည်း ကိုယ် ဘာဖြစ်ချင် တာလဲ စဉ်းစားထားမှ ဖြစ်မယ်နော်၊။


 သား မိုက်

No comments:

Post a Comment