Thursday, July 23, 2015

သန္ဓေတားဆေး အဖြစ် အာလူး ကို အသုံးပြုခဲ့ရာ မှ လိင်အင်္ဂါ တွင် အာလူးပင်ပေါက်



ကိုလံဘီယာ နိုင်ငံက အသက် (၂၂)နှစ်အရွယ် အမျိုးသမီး တစ်ဦး ဟာ မိခင်ဖြစ်သူ ရဲ့ အကြံပေး မှုကြောင့် အာလူး ကို သန္ဓေတားဆေး အဖြစ် အသုံးပြုခဲ့ တာမို့ ဒုက္ခတွေ့ခဲ့ ရတယ် လို့ သိရပါတယ်။ 

ဒီလို အသုံးပြုခြင်းကြောင့် အဲဒီအမျိုးသမီး ဟာ ဗိုက်အောင့် ဝေဒနာ ကို ပြင်းထန် စွာ ခံစားခဲ့ ရပါ တယ်။ ဒီ အမျိုးသမီး ဟာ ဗိုက်အောင့် ဝေဒနာကြောင့် ဆေးရုံ ကို ရောက်ရှိလာ ပြီးနောက် အာလူး ကို သန္ဓေတားဆေး အဖြစ် အသုံးပြု တာကို သိရှိခဲ့ရ ခြင်းဖြစ်ပါတယ်။ 

ဆရာဝန်တွေ ရဲ့ စမ်းသပ် စစ်ဆေးမှု အရ အဲဒီ အမျိုးသမီး ရဲ့ အင်္ဂါ မှာ အာလူး မျိုးစေ့တွေ တောင် ထွက်ပေါ်နေ တယ်လို့ ဆိုပါတယ်။ အဲဒီ အမျိုးသမီး ရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် ဒီဖြစ်ရပ် ဟာ ကိုလံဘီယာ နိုင်ငံ မှာ အလွန် ရေပန်းစားသွားခဲ့ ပါတယ်။


 
အဲဒီအမျိုးသမီး က ကျွန်မ ရဲ့အမေ က အာလူး ကို အသုံးပြု လို့ ရှိရင် ကလေး မရဘူး လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်မ အနေနဲ့ ဒီလို ပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ် လို့ ဖွင့်ဟ ပြောကြား သွားခဲ့ ပါတယ်။ ဒီဖြစ်စဉ်ဟာ ကိုလံဘီယာနိုင်ငံ၊ ဟွန်ဒါမြို့ မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သူနာပြုတွေ က အဲဒီ အမျိုးသမီး ကို စမ်းသပ် ရာမှာ အာလူး မျိုးစေ့တွေ ကို တွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။ 

ဒါပေမဲ့ ဆရာဝန်တွေ က အချိန်မီ ကုသပေးခဲ့ တာမို့ ဘာပြဿ        နာမှ မရှိခဲ့ ဘူးလို့ သိရပါတယ်။
တောင်အမေရိက နိုင်ငံ မှာ အမျိုးသမီးတွေ ဟာ လိင်ပိုင်းဆိုင်ရာ နဲ့ ပတ်သက် တဲ့ အသိပညာပိုင်း အားနည်းနေ တာကြောင့် မလိုလားအပ်တဲ့ ပြဿ        နာတွေ ပေါ်ပေါက်နေ ရတယ်လို့ သိရပါတယ်။ 

ငယ်ရွယ်တဲ့ အမျိုးသမီးတွေ ကလေး မွေးဖွားမှုနှုန်း ကျဆင်း ဖို့ ပညာပေး စည်းရုံးရာ မှာ အသိပညာ ပိုင်း အားနည်းတာကို တွေ့ရှိခဲ့ရပါတယ်။ 

ဒါကြောင့်မို့ တောင်အမေရိက နိုင်ငံက အမျိုးသမီးတွေ ဟာ လိင်  နဲ့ ပတ်သက်တဲ့ ရောဂါ ဝေဒနာဆိုး တွေကို ခံစားနေရပါတယ်။

Credit : Messenger
 http://www.searchmyanmar.com/link/frame/cid/52492


No comments:

Post a Comment