Saturday, July 4, 2015

အကြောဆိုင်း လေဖြန်းရောဂါ များအတွက် ဆေးကောင်း တစ်လက်



လူသားတွေဟာ အသက် အရွယ်လေး အတန်သင့်ရ လာတာနဲ့ အမျှသွေးသားတွေ ဟာလည်း တဖြေးဖြေး ဆုတ်ယုတ် လာပြီးအလုပ်တွေ ပင်ပင်ပန်းပန်း လုပ်တဲ့ ဒဏ်ကို မိမိတို့ ခန္ဓာကိုယ်ကြီးက ခံနိုင်ရည်စွမ်း ကျ ဆင်း လာတတ်ပါတယ်။

အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်ရတဲ့,လုပ်ခဲ့တဲ့ ဒဏ် တွေကြောင့် ခန္ဓာကိုယ် ထဲမှာ ရှိတဲ့ အကြော တွေ က မကြာ ခဏ  ညောင်းညာ ကိုက်ခဲ  နေတာမျိုး, အကြောတွေ ဆိုင်းချင် သလိုလိုဖြစ်သွား တာ,အကြောတွေ လုံးဝ ဆိုင်း သွားတာ မျိုး,လေဖြန်းချင် သလိုလိုဖြစ်သွားတာ,လုံးဝ လေဖြန်း  သွား တာမျိုးတွေဖြစ်လာ တတ် ပါတယ်။
 

အဲဒီ လိုရောဂါတွေ ခံစားနေရပြီ ဆိုရင် အခုဖော်ပြမဲ့ ဆေးနည်းလေးက သက်သာပျောက်ကင်းစေမှာပါ။ ဦး
ဇင်း ကိုယ်တိုင်လဲ ဦးဇင်း နဲ့ ပက်သက် ဆက်နွယ်နေတဲ့ ဒကာ ကြီးတွေ ဒကာမကြီးတွေ ကိုဆေး နည်းပြောပြ ပြီး သုံးစွဲဖို့ တိုက်တွန်း သလိုကြုံတဲ့ အခါမှာလည်းကိုယ်တိုင် ကိုယ်ကျဖော်စပ်ပေးခဲ့ ပါတယ်။
 

အမြဲ လိုလို  ညောင်းညာကိုက်ခဲနေသူများ ဟာတစ် ပတ်လောက် ပုံမှန် စားလိုက်တဲ့ အခါညောင်းညာကိုက်ခဲ မှုတွေပျောက်ကင်းပြီးနောက်ထပ်ပေါ် မလာတော့ေ ကြာင်း ဝမ်းသာအားရ လာပြီးပြောကြပါတယ်။
 

အကြောဆိုင်းနေသူများ နဲ့လေဖြန်းနေသူများ ကလည်း တစ်လ,နှစ်လ စသည်အားဖြင့်ဖော်စား လိုက်, ခဏ နားလိုက် နဲ့ သုံးစွဲလိုက်လို့ သက်သာပျောက်ကင်းကြောင်း ဝမ်းသာ အားရပြန်ပြောကြပါတယ်။

 ဆေးနည်းလေး ကတော့-------
၁။  ဖီးကြမ်းငှက်ပျောသီး မှည့်မှည့်ရယ် (မမှည့်ရင်ချောင်းဆိုး တတ်ပါသည်)
၂။သက်ရင်းကြီးရွက် ရယ်(၎င်း အပင်မှာဒေသတိုင်းတွင်ပေါက်လေ့ရှိပါသည်) ဒီနှစ်မျိုးပဲ လိုအပ်မှာပါ။
 




 ဖော်စပ်ပုံ ကတော့------
၁။  ဖီးကြမ်းငှက်ပျောသီး ကို ဟိုဘက်ထိပ် ဒီဘက်ထိပ် အတွင်းသားလေးတွေပေါ်ရုံလောက် လှီးဖြတ်ထားပါ။
 

၂။ သက်ရင်းကြီးရွက် ကိုရေစင်အောင်ဆေးပြီးနှစ်ရွက် သုံးရွက် ထပ်ကာ ငှက်ပျောသီး  ကို လုံအောင်
ဖုံး၍လျော်နှင့် စည်းပြီး ထုတ်ပါ။
 

၃။ပြီးလျှင် အိုးထဲ ထည့်ပြီး မီးဖိုပေါ်မှာ  ၆-နာရီကြာပြုတ်ရ ပါမည်။ (၆-နာရီ ဆိုငြားလည်း ဦးဇင်း ကတော့ ရေပွက် ပြီး ဖိုပေါ်မှာ မီးအေးအေး နဲ့ ပစ်ထားလိုက်ပါသည်)

စားပုံ စားနည်း ကတော့----
ပြုပ်ပြီးသား အထုပ်လေး ကို အပေါ်က ဖက်တွေပြန်ခွာ, ငှက်ပျောသီး ကိုလည်း အခွံခွာပြီး အတွင်းသား ကိုသာ--  
မနက် တစ်လုံး  .. ည တစ်လုံး တစ်နေ့နှစ်ကြိမ် စားရမှာဖြစ်ပါတယ်။

ငယ်ရွယ်တဲ့ သူတွေ အတွက်လည်း ခရီး ပင်ပန်းလို့, အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်ရလို့ တစ်ကိုယ် လုံးညောင်းညာ ကိုက်ခဲနေရင် ၎င်း ငှက်ပျောသီးလေး တစ်လုံးမျှ စားလိုက်တာ နဲ့ညောင်းညာ ကိုက်ခဲမှု များလျင်မြန်စွာ သက်သာပါကြောင်း ကိုယ်တွေ့မို့ သတင်းကောင်း ပါးလိုက်ပါရစေ။

အထက်ပါဆေးနည်း ကို မိမိအား တစ်ဆင့် မျှဝေ ပေးခဲ့ ပါသော သူငယ်ချင်းဖြစ်သူ အရှင်ဝိစိတ္တ(ကျွန်ုပ်တို့ အခေါ်"ဦးဝဲကျော်") စစ်ကိုင်းတောင်ရိုး ပံ့သကူချောင်  အား  အထူးကျေးဇူး တင်ပါကြောင်း.....့


 Ashin Withuta

No comments:

Post a Comment