Sunday, July 19, 2015

ဆား ၏ လက်တွေ့ အသုံးဝင်ပုံ နည်းလမ်းစုံ

 


၁) ကြက်ဥ တစ်လုံး ကျကွဲပြီး ကြမ်းပြင်ပေါ် မှာ ကြက်ဥ အနှစ်တစ်ခုလုံး ကျနေ တယ်ဆိုရင် ဖိတ်ကျနေ တဲ့ ကြက်ဥ အနှစ်ပေါ် ကို ဆားနှံ့အောင်ဖြူးပေးပါ… ပြီးရင် ခဏစောင့်ပါ…. 

နည်းနည်းကြာရင် ပေခြင်း ပွခြင်း မရှိဘဲ ကြက်ဥ အနှစ်တွေကို အမှိုက်ဂေါ် နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်….

၂) စွန်းထင်းနေတဲ့ လက်ကိုင် ပုဝါတွေ ကို မလျှော်ဖွတ်ခင် မှာ ဆားရည်ထဲ စိမ်ထားပါ… အစွန်းအထင်းတွေ ကို ပြောင်စင်စေပါတယ်…

၃) ပန်းကန်စင် စာအုပ်စင် စတဲ့ စင်တွေပေါ် မှာ ပုရွက်ဆိတ်တွေ တက်နေရင် ဆားဖြူးပေးလိုက်ပါ… ပုရွက်ဆိတ်တွေပြေး သွားပါလိမ့်မယ်….

၎) ငါးတွေ ကို ကြေးခွံတွေ မချွတ်ခင် ဆားရည်ထဲ စိမ်ထားပါ… ကြေးခွံတွေ အ လွယ်တကူ ချွတ်နိုင်ပါ လိမ့်မယ်…


 
၅) ခါချပြီးဖြူးရတဲ့ ဆားဗူးမျိုးထဲ ကနေ ဆားတွေ အလွယ်တကူ ကျစေချင်ရင် ဗူးထဲမှာ ဆန်စေ့ အနည်း ငယ်ရောနှောထည့် ထားပါ…

၆) အသုပ်ထဲ က အရွက်တွေ မညှိုးနွမ်းသွားအောင် ဆားဖြူးနိုင် ပါတယ်…

၇) ကြက်ဥတွေကောင်း မကောင်း စမ်းချင်ရင် ဆားရည်ထည့်ထားတဲ့ ခွက်ထဲ စိမ်ကြည့်ပါ….  ကောင်း တဲ့ကြက်ဥ က နစ်သွားပြီး မကောင်းတော့ တဲ့ကြက်ဥက ပေါလောပေါ်နေ ပါလိမ့်မယ်…

၈) ကြက်ဥပြုတ်တဲ့ အခါ ဆူနေတဲ့ရေနွေးထဲ ဆားနည်းနည်း ခပ်လိုက်ပါ… ကွဲနေတဲ့ကြက်ဥတွေ က သူ့ အခွံထဲ မှာပဲ ရှိနေပါလိမ့်မယ်….

၉) ရှုံ့တွနေတဲ့ ပန်းသီးတွေ ကို ဆား အတော်အသင့် ခတ်ထားတဲ့ရေထဲ စိမ်ထား လိုက်ရင် ပြန်ပြည့်တင်းပြီး ကြည့်ကောင်းသွားပါ လိမ့်မယ်…

၁၀) မုန့် လုပ်တဲ့ ဒယ်ပြား ကို ဆားနဲ့ ပွတ်ပေးထားရင် မုန့်တွေ မကပ်တော့ပါဘူး….

၁၁) သွားတိုက်တံ ကို မသုံးခင် ဆားရည်ထဲ စိမ်ထားခြင်းဖြင့် သက်တမ်း ပိုကြာကြာ အသုံးပြုနိုင်ပါတယ်…

၁၂) ကော်ဖီအိုးကို အရောင်ချွတ်တဲ့ အခါ ဆားနဲ့ ပွတ်ပြီးချွတ်နိုင်ပါတယ်…

၁၃) ဆားနဲ့ တာပင်တိုင် ကိုရောပြီး ကြွေရေဇလားတွေ အိမ်သာခွက်တွေ ကို ဖြူအောင်ဆေးနိုင်ပါတယ်..


Credit : Myanmar.77
 http://www.searchmyanmar.com/link/frame/cid/52296


No comments:

Post a Comment