Friday, July 3, 2015

လက်ဖဝါး ပေါ်ရှိ နှလုံး လမ်းကြောင်း ကပြောသော သင့် အကြောင်း

သုတဇုန်'s photo.

 


လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ကျော်လောက် ကတည်း က လက္ခဏာ ပညာရပ် ဆိုတာ ရှိခဲ့တာပါ။ လက်ဖဝါးပေါ်မှာ ရှိတဲ့ အရေး အကြောင်းလေးတွေ က တစ်ဆင့် ကျွန်ုပ်တို့ ရဲ့ ပင်ကိုယ် စရိုက်
လေးတွေ နဲ့ စိတ်နေ စိတ်ထားလေးတွေ ကို ခန့်မှန်းတဲ့ ပညာရပ်ပေါ့။


ပုံမှာဖော်ပြ ထားတဲ့ အနီရောင် အရေး အကြောင်းလေး က တော့ နှလုံးလမ်းကြောင်း လို့ခေါ်ပါတယ်။ သင့် လက် ဖဝါးပေါ်မှာ ရှိတဲ့ နှလုံး လမ်းကြောင်းလေးတွေ က တစ်ဆင့်ပြောပြ တဲ့ သင့် အကြောင်းလေးတွေ လေ့လာကြည့် လိုက်ရအောင်။

၁။ သင့်နှလုံး လမ်းကြောင်း ဟာ ပုံ(၁) မှာ ပြထားတဲ့ အတိုင်း ဆိုရင်တော့ သင်ဟာ ရည်မှန်းချက် သိပ်ကို ကြီးမား တဲ့ လူ တစ်ယောက်ပါ။ ညဏ်ရည် ထက်မြက်ပြီး အမှီအခို ကင်းကင်း ရပ်တည်ချင်သူဖြစ်ပါတယ်။ 

ဆုံးဖြတ်ချက် ချတဲ့နေရာ မှာ ပြတ်သား ခိုင်မာတယ်။ ဘဝကို လက်တွေ့ ကျကျ ရှုမြင် တတ်ပြီး အနည်းငယ် တစ်ကိုယ်ကောင်း ဆန်တတ်တယ်။ သို့ပေမယ့် ပတ်ဝန်းကျင် အတွက်တော့ သိပ်ကို အဖိုးတန်တဲ့ လူသား တစ်ဦးပါ။


 
၂။ သင့်နှလုံး လမ်းကြောင်း က ပုံ (၂) မှာ ပြထား သလို ဆိုရင်တော့ သင်ဟာ စဉ်းစား ချင့်ချိန်နိုင်စွမ်း သိပ် ကိုကြီးမား တဲ့ လူတစ်ယောက်ပါ။ တစ်ဖက်သား အပေါ် ကြင်နာတတ်ပြီး ယုံကြည် ထိုက်တဲ့ လူ တစ်ယောက် ဖြစ်ပါတယ်။

 နှလုံးသားရေး နဲ့ ပတ်သက် ရင်တော့ ခံစားရမှာ စိုးလို့ နှလုံးသား ကို အသာလေး သော့ခတ် သိမ်းထား ချင်သူပါ။

၃။ သင့်နှလုံး လမ်းကြောင်း က ပုံ (၃) မှာ ပြထားတဲ့ အတိုင်း ဆို သင်ဟာ ကိုယ့်ကိုယ် ကို ယုံကြည်မှု ရှိတဲ့ အပြင် ကိုယ့်ဘဝ ကို ဘယ်တော့ မှ အလို မကျ မဖြစ်တတ် သူတွေပါ။ 

ဘယ်လို အခြေအနေ မျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးပြီး အကောင်းဆုံး ရပ်တည် ဖို့ ကြိုးစားတယ်။ ဒါကြောင့် သူ့ အတွက် ဘဝ လက်တွဲဖော် ဆိုတာ ရှိလည်းဖြစ် မရှိလည်း ဖြစ်တယ် လို့ ပြောလို့ရပါတယ်။

၎။ ပုံ နံပတ် (၄) ကဲ့ သို့သော နှလုံး လမ်းကြောင်းပိုင်ရှင်တွေ ကတော့ တစ်ဖက်လူ အပေါ် သိပ်ကို ကြင်နာ တတ် တဲ့ နှလုံးသားပိုင်ရှင်တွေ ပါ။ သည်းခံ တတ်တဲ့ နေရာမှာလည်း နှစ်ယောက် မရှိပါဘူး။ 

အရာရာ အကောင်းမြင်စိတ်လေး နဲ့ ရှုမြင် တတ်ပြီး ပရဟိတ စိတ် အပြည့်ရှိတဲ့ သူမျိုးပါ။



ဂန္တဝင် မဂ္ဂဇင်း
***********

‪#‎သုတဇုန်‬
www.facebook.com/thutazone



No comments:

Post a Comment