Friday, July 17, 2015

ဘေးတိုက်တော့ မလိုက်နဲ့ 

ဦးမြင့် ခိုင် စိတ်ပညာ's photo.

သာသနာတော် ကို ကာကွယ်ဖို့ ဆိုတာ အခြေအနေ နဲ့ အချိန်အခါ ကို ကြည့်ပြီး သတ်မှတ်ရတာ ပါ ။ ပုံသေ မရှိပါဘူး ။

သီဟိုဠ် မှာ ၁၂ နှစ်ကြာ သူပုန်ဘေး ဆိုက်ပြီးတော့ ဗုဒ္ဓ တရားတော်တွေ ကို ပြန်လည် စုစည်းတဲ့ အခါ
အခြားသော တရားတော်တွေ ကို စုစည်း လို့ ရပေမဲ့ မဟာနိဒ္ဒေသပါဠိတော် ကပျောက်နေတယ် ။


အဲဒီ အချိန်က ရဟန်းတော်တွေ ဟာ တရားတော် တွေကို နုတ်တတ် ရအောင် ဆောင်ထား ရတယ် တပါး စီ တပါးစီ ခွဲခြားပြီး အာဂုံဆောင်ကြရတယ် ။


အဲဒီပျောက်နေ တဲ့ မဟာနိဒ္ဒေသ ပါဠိတော် ကတော့ အကျင့်ပျက် ရဟန်း (ဒုဿီလ) တစ်ပါး က အာဂုံဆောင် ထားတယ် ဆိုတာ သိကြရ တယ် ။  ဒါပေမဲ့ အကျင့်ပျက် ရဟန်း ဆီမှာ ရဟန်း ကောင်းတွေက တပည့် ခံပြီး သင်ယူလိုစိတ် မရှိကြဘူး ။ အာပတ်သင့် မှာ ကို ကြောက်နေကြတယ် ။



ဦးမြင့် ခိုင် စိတ်ပညာ's photo.


အဲဒီ ကိစ္စ ကို ရဟန်းသံဃာ့ မထေရ်ကြီး များ စည်းဝေး တိုင်ပင်ဆုံးဖြတ်ကြတဲ့ အခါ မှာတော့ အကျင့်ပျက် ရဟန်း ဆီမှာ တပည့်မခံရင် လည်း ဘုရားဟော အကုန်ရမှာ မဟုတ်ပဲ လိုနေလိမ့်မယ် ။


ဒါ့ကြောင့် သံင်္ဂါယနာ တင်တဲ့ အခါ မပြည့်စုံပဲ ဖြစ်လိမ့်မယ် ဒါ့ကြောင့် နှင်းဆီ လိုရင် ဆူးကြောက်
နေ လို့ မဖြစ်ဘူး ဆိုပြီး မဲခွဲဆုံးဖြတ်ခါ အကျင့်ပျက် ရဟန်း ဆီမှာ တပည့်ခံဖို့ ရဟန်းကောင်းတွေ ကို
စေလွတ်ပြီး တပည့်ခံကြရတယ် ။ 


 ဦးမြင့် ခိုင် စိတ်ပညာ's photo.

ဒါ့ကြောင့်လည်း ဒီနေ့ ထိ သင်္ဂါယနာ တင်နိုင်ပြီး ဘုရားဟောတွေ ကိုမပျောက်ပျက်အောင် ထိမ်း သိမ်းစောင့်ရှောက် နိုင်ခဲ့ကြရတယ် ။

ပြောချင်တာက သာသနာတော် တည်မြဲဖို့ အတွက် အခြေအနေ နဲ့  အချိန်အခါ ကိုကြည့်ပြီး ဆုံးဖြတ်ကြ ရတယ် ဆိုတာ ကိုပြောချင်တာပါ ။

ဗုဒ္ဓဘာသာ အင်အား ဟာ အခြား ဘာသာတွေ နဲ့  ယှဉ်လိုက်ရင် အရမ်း နည်းပါး တယ် ကမ္ဘာကြီးမှာ
ဖြစ်ချင် တိုင်းဖြစ်နေတာ ဟာ အယူ မှားသူ များပြီး အယူ မှန်တဲ့သူ နည်းပါးနေတယ် ။


ဒါ့ကြောင့် ဗုဒ္ဓ တရားတော် ကျယ်ပြန့် ဖို့ လိုတယ် ကမ္ဘာသူ ကမ္ဘာသားတွေ ထိတွေ့ ဖို့ လိုတယ် ။
အဲဒီ အတွက် ဗုဒ္ဓဘာသာဝင်တွေ ဟာ ရဟန်းဖြစ်စေ လူဖြစ်စေ ခွဲခြား လို့ မရတော့ဘူး ။

လူ့ ဘောင်မှာနေ တဲ့သူတွေ ထိတွေ့ ဖို့ အတွက် လူ့ လောက စရိုက်တွေ နဲ့ လည်း ရဟန်းတော်
တွေ ဟာ ထိတွေ့ ပတ်သက်သင့် တာ ပတ်သက် ရမယ် ။ 


အင်္ဂလိပ်စာ သင်တာတွေ fb သုံးပြီး သာသနာတော် အတွက် လုပ်ဆောင်တာတွေ ဘကခေါ်တဲ့ ဘုန်းတော် ကြီး သင်ပညာရေးကျောင်းတွေ ကနေ ခလေးတွေ ကို မွေးထုတ်ပြီး သာသနာ့ဘောင် သွတ်သွင်း တာတွေဟာ သာသနာတော် အတွက် မဖြစ်မနေ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေ ပဲ ။

မိမိ တယောက်စာ နိဗ္ဗါန် လိုချင်သူ ရဟန်းတော် များ အတွက် ကတော့ သင်္ကန်း သုံးထည် သပိတ်
တလုံး နဲ့ တော်ထဲမှာ သွားပြီး ဝိနည်း အရ နေထိုင် ကျင့်ကြံကြိုးကုပ်ပြီး တရား အားထုတ် သင့်တယ် ။


အဲဒီ လို မလုပ်နိုင်သေးပဲ သာသနာတော် အတွက် မြို့ ရွာတွေမှာနေထိုင် တဲ့ ရဟန်းတော်များ ကတော့
ပရိယတ္တိ သင်မယ် လောကီ စာပေတွေ သင်မယ် ခေတ်မီ နည်းပညာတွေ သုံးမယ်  အဲဒီလို လုပ်နေတဲ့ ရဟန်းတော်တွေ ကို ဝိနည်း ထောက်ပြပြီး ဝေဘန်နေစရာ မလိုဘူး ။



ပစ္စည်းလေးပါး နဲ့ ထောက်ပံ့ မှ ပိုပြီး အကျိုး ရှိမယ် အဲဒီလိုတွေ ပြုလုပ်တာဟာ လည်း ခေတ်နဲ့ ညီအောင် သာသနာပြန့် ပွားအောင် လုပ်နေတာပါပဲ ။


ဘာသာခြား အင်အား အဆမတန် များတယ် သူတို့ တွေဟာ ပါဠိလို မတတ်ဘူး သူတို့ ကို အင်္ဂလိပ်လိုဟော ရပြောရ မယ် သူတို့ ဆီ ကို ဖြန့် ဝေရာမှာ ထိရောက်တဲ့ fb သုံးရမယ် ။

လူတွေက သားမယား အတွက် အလုပ် လုပ်နေရပြီး အချိန်ပို မှ သာသနာပြုနိုင်တာ ရဟန်းတော်တွေ က သာသနာတော် အတွက် အမြဲ တမ်း အချိန် ရှိတယ် ။ ဒါ့ကြောင့်သူတို့ သာသနာပြု တာပိုထိရောက်တယ် ။

ဝေဘန်နေမဲ့ အစား ပစ္စည်းလေးပါး နဲ့ ထောက်ပံ့ပြီး တက်ညီ လက်ညီ သာသနာပြုကြ ပါစို့ ။

လိုက်နိုင်ရင် လိုက်ပါ ။
မလိုက်နိုင်ရင် နေခဲ့ပါ ။

ဘေးတိုက်တော့ မလိုက် ပါနဲ့ ။
သွားနေတဲ့သူတွေ ပိုပြီး ခရီးနှေးတတ်လို့ ပါ ။



ဦးမြင့် ခိုင် စိတ်ပညာ


ဦးမြင့် ခိုင် စိတ်ပညာ's photo.

No comments:

Post a Comment