Sunday, July 19, 2015
ရင် နာ လိုက် တာ
 ရွှေမြန်မာများ's photo.
 အိုမင်း မစွမ်းတော့လို့  သားသမီးကို မှီခိုရ တဲ့ အချိန်ကျမှ ငါ့တို့ ကိုငြိုငြင်နေကြပြီပေါ့ ။ မိဘတိုင်း သားသမီး ကို မကောင်းဘူး တဲ့လား ။
ကိုးလလွယ် ဆယ်လဖွား စောင့်ရှောက်ခဲ့ ရတဲ့ ဒုက္ခတွေ ကို ဘယ်လို ပင်ပမ်းစွာဖြတ်သန်း ခဲ့ရတယ် ဆို တာ မင်းတို့ လေးတွေ နားမလည်နိုင်ပါဘူးလေ ။
မင်းတို့ ပညာတတ်ကြီးတွေဖြစ်အောင် သင်ပေးခဲ့ရတဲ့ ပညာတွေ  ငယ်ငယ်က အမှားပေါင်းများစွာ ကျုးလွန်
ခဲ့လို့ အမှန် ကိုပြင်ပေးသင်ပေးခဲ့ရ တာတွေ အများကြီး ပါ  ။ 
ငါတို့ အသက်ကြီး လို့  မှားယွင်းခဲ့တဲ့ အခါ ကျတော့မှ ငါတို့ ကို ပြင်ပေးဖို့ မစဉ်းစားပဲ အပြစ်ပြောကြပြီပေါ့ ။
နိုချို  တိုက်ကျွေး ထမင်းဝါးကျွေး မစင်သုတ် ပေးခဲ့ရတာတွေ ဟာ မရေမတွက်နိုင် လောက်အောင် ပါပဲ ငါတို့ ကို တစ်ကြိမ် တစ်ခါ တောင်ပြန်ပြီး ပြုစုခဲ့ပေးဘူးလား ။
ငါတို့ မိဘတွေ ဆိုတာ ကလည်း ပုထုဇဉ် တွေပါ အမှား မကင်းနိုင်ကြပါဘူး မင်းတို့  ကို သင်ပေးခဲ့တဲ့ ပညာတွေ နဲ့ ငါတို့ ရဲ့ အမှား တွေကို ပြင်မပေးနိုင် ဘူးလား ။
မင်းတို့ စားနေတဲ့ ထမင်း တစ်လုတ် မင်းတို့ ရှူ နေတဲ့ အသက် တစ်ရှူ  ဟာ ငါတို့ ကျေးဇူးနဲ့ ကင်းတယ် လို့ မင်းတို့ တွေ ထင်နေလား ။
မင်းတို့ တွေ ကောင်းမှူ့  ကုသိုလ်ပြု လုပ်နိုင်ကြတာ ဟာ ဘယ်သူ့ ကြောင့်လဲ လို့  တခါလောက်များ
စဉ်းစား မိကြရဲ့လား ။
သားသမီးတွေ ကို သတ်တဲ့ မိဘတွေ တောင်ရှိကောင်း ရှိကြ ပါ လိမ့်မယ် အဲဒါ တွေဟာ မောဟ နဲ့ ဒေါသပေါင်းစပ်ပြီး ဖြစ်သွားတဲ့ အကြောင်း တရားတွေပါ ။
မင်းတို့ ကို မုန်းတီး လို့ ရည်ရွယ်ပြီး သတ် တာ မဟုတ်ဘူး ဆိုတာ ယုံကြည် လိုက်ပါ ။
မင်းတို့ လောက် အမြင်မကျယ် ခဲ့တာ မင်းတို့ လောက်ပညာ မတတ်ခဲ့တာ ဟာ မင်းတို့ ကို အမြင်ကျယ်အောင် ပညာတတ် အောင် ပြု စုပျိုးထောင်နေရ လို့ ငါတို့  အတွက်အချိန်ပို မရှိလို့ ပါ ။
မင်းတို့ ကိုပြု စုလုပ်ကျွေးခဲ့တဲ့ အချိန်တွေ တုန်းက မင်းတို့ ကို လုပ်ကျွေးရလို့  မင်းတို့ အတွက်ပေးဆပ်ရ လို့ ငါတို့ ရဲ့ ညည်းသံတွေ ကို ဘယ်နှစ်ခါများ ကြားဘူးကြလဲ ။
မင်းတို့ အလှည့် ကျမှ အမေ တို့ အဖေ တို့ ကလည်း တဲ့လား အေးအေးဆေးဆေးမနေနိုင်ဘူးတဲ့ လား
မှားရင်တော့ ပြောရမှာပဲ တဲ့လား နေရာတကာပါတယ် ပစိပစပ်နိုင်တယ် တဲ့ လား
ရှိပါစေတော့လေ    ------------------
ငါတို့ က မင်းတို့ ကို မှီခိုနေရ မှတော့ မင်းတို့ လက်ခုပ်ထဲ က ရေပဲပေါ့ မင်းတို့ ငယ်ငယ် က  ငါတို့ မိဘ အိမ်ပဲ နေချင် သလိုနေမယ် စားချင်သလို စားမယ် ဆိုပြီး အားမနာတမ်း စားခဲ့ပေမဲ့ အားမနာတမ်းနေခဲ့ပေမဲ့
ငါတို့ က.....
ငါတို့ သားသမီးပဲ ဆိုပြီး ဘယ်လိုများ စားရဲ ဦးမှာလည်း ငါတို့ မှာ့ မင်းတို့ မှ မကျွေးရင် ကျွေးမဲ့သူ မရှိပါဘူး ။
ဒီတော့လည်း မင်းတို့ မကြားနိုင်တဲ့ ရှိုက်သံလေးတွေ နဲ့  စား နေ ရ ဦး မှာ ပဲ ပေါ့.....................
ဦးမြင့်ခိုင် စိတ်ပညာ
 ရွှေမြန်မာများ
No comments:
Post a Comment