Tuesday, July 14, 2015

စပါးကြီး သည်းခြေ ၏ စွမ်းရည်


 Thein Phyu    မြန်မာ့အာယုဗ္ဗေဒဆေးသိပ္ပံ's photo.


 ဆေးလောက ၌ ဆေးဘက်ဝင် သက်ရှိ သတ္တ၀ါ တို့၏ ရုပ်ကြွင်းဆေး ပစ္စည်း များဖြစ်ကြသည့်သွေး၊ အရိုး ၊ အစွယ်၊ သည်းခြေ စသည်တို့ အနက်အလွန် ထက်မြက်ပြီး စွမ်းရည် သတ္တိအမျိုးမျိုး တို့နှင့် အ ပြည့်စုံဆုံးသော
ပစ္စည်း မှာ စပါးကြီးသည်းခြေပင်ဖြစ်ပေသည်။


ထို စပါးကြီး သည်းခြေ သည် သက်ရှိ တို့၏ သည်းခြေ တကာတို့တွင် စွမ်းရည်ပြည့်ဝစွာ ပါရှိသော သည်းခြေဖြစ်ပေ သည်။ 

သည်းခြေ ဟူသမျှ တို့သည် အစ၊ အလယ်၊ အဆုံး (၃) ပါးလုံး ၌ ခါးကြသည် သာဖြစ်သည်။ စပါးကြီး သည်းခြေ သည်ကား အစ ၌ ခါးသော အရသာရှိသော် လည်း ခါးပြီးသည့်နောက် ၌ ချိုသော အရသာကို ထူးခြား စွာတွေ့ ရှိရလေသည်။ 

ထိုသည် စပါးကြီးသည်းခြေ ၏ အရသာ အနေဖြင့် သည်းခြေ တကာတို့ ထက် ထူးခြားခြင်းဖြစ်ပေ သည်။
ပုံသဏ္ဍာန် အနေဖြင့်လည်း စပါးကြီး သည်းခြေသည်၊ သည်းခြေ တကာတို့ထက်ထူးခြားလေသည်။

အခြားသော သည်းခြေ များသည် အခွံထူ ထဲပြီး အိတ် သဏ္ဍာန်ရှိကြသော် လည်း စပါးကြီးသည်းခြေကား အလွန်ပါး လွှာသော အခွံ ၏ တွင်း၌ သည်းခြေရည် သည် ပျံ့နှံ့ပြီးတည်နေလေသည်။



မည်သည့် အခါ မှ သိုးခြင်း၊ ပုပ်ခြင်းမရှိ သည်ကို တွေ့ရလေသည်။ အလွန် ထူးခြားသော အချက် တစ်ချက် မှာ လဆန်း စ ရက်များနှင့် လပြည့်ကျော် စ ရက်များတွင် အစိုပြန်လာခြင်းပင်ဖြစ်ပေသည်။

 Thein Phyu    မြန်မာ့အာယုဗ္ဗေဒဆေးသိပ္ပံ's photo.

ထို ဆိုခဲ့သော အရောင် အဆင်း ပုံသဏ္ဍာန် အရသာ ၏ ထူးခြားချက် များသည် အစစ်ဖြစ်သော စပါးကြီး သည်းခြေ ၏ မှတ်သားဖွယ် သင်္ကေတ များဖြစ်ပေသည်။

ထို စပါးကြီးသည်းခြေ ၏ စွမ်းရည် သတ္တိ ထူးဖြင့် အသုံးပြုနိုင်သောရောဂါ အချို့ကို ဖော်ပြလိုပါသည်။ ထိုရောဂါ များမှာ -

(၁) မျက်စိရောဂါ
(၂) ခံတွင်းနှင့် လည်ချောင်းရောဂါ
(၃) သွားရောဂါ
(၄) နားရောဂါ
(၅) နှာခေါင်းရောဂါ
(၆) အရိုးစူး အရိုးမျက်သောရောဂါ
(၇) လေငန်းရောဂါ
(၈) သူငယ်နာ အတက်ရောဂါ
(၉) ဆီး ရောဂါ တို့ဖြစ်ကြသည်။


(၁) မျက်စေ့ ရောဂါ
မျက်စေ့နှင့် ပတ်သက်သော မျက်စေ့ နာခြင်း၊ မျက်စေ့ ကျိန်းခြင်း၊ မျက်စေ့ မှုံစေခြင်းစသော ရောဂါ အမျိုး မျိုး တို့၌ ရေပြန် ရေသန့် သို့မဟုတ် (နှင်းရည်) တပုလင်း ခန့်တွင် စပါးကြီးသည်းခြေ ကို တစ်ရွေး ခန့်ထည့်ဖျော်
ထားပြီး မျက်စဉ်း ခပ်ပေးရသည်။


မျက်စေ့ အတွင်းတိမ်၊ ရေတိမ်ရောဂါ တို့၌ ခပ်ပျစ်ပျစ်သွေးပြီး မျက်စေ့ အတွင်းသို့ ထည့် ပေးရသည်။

ကုသရန်
အလွန်ခက်ခဲသော မျက်စေ့ အတွင်း၌ ကျောက်ဝင်ပေါက်သော ရောဂါ တွင် ထို စပါးကြီး သည်းခြေ ကို သာ လျှင် အကောင်းဆုံးသော ဆေး အဖြစ်ခပ်ပေးရပေသည်။ နောက်ဆုံး အများ သုံးနေကြသော မည်သည့် မျက်စေ့ ကွင်းဆေးတွင် မဆို စပါးကြီး သည်းခြေကို ထည့်သွင်း အသုံးပြုနိုင်လေသည်။ 




 Thein Phyu    မြန်မာ့အာယုဗ္ဗေဒဆေးသိပ္ပံ's photo.

ထို စပါးကြီးသည်း ခြေဖြင့် စီမံဖော်စပ်ထားသော မျက်စေ့ကွင်းဆေးဖြစ်စေ မျက်စဉ်းဆေးဖြစ်စေ (၂) မျိုး လုံးဖြစ်စေ ရောဂါ တစ်စုံ တရာရောက်လာ မှ မဟုတ်ဘဲ ကြိုတင် ကာကွယ်မှု အနေဖြင့် အသုံးပြုနိုင်ပေသည်။

မှတ်ချက်
သိမ်ဖြူဆေး သိပ္ပံ ဆရာတော် နောက်ဆုံးရေးသား ခဲ့သော
"လူသားနှင့် မူလ ကိုယ်ခံ စွမ်းအား" စာအုပ်မှ
" စပါးကြီး သည်းခြေ ၏ စွမ်းရည် "အခန်းအား အမည်း သဘော
ဖေါ်ပြအပ်ပါသည်။
 

ပုံ(၁) Boa Constrictor စပါးကြီးမွေ
 

ပုံ(၂) Boa Constrictor cross section
Inner structure  စပါးကြီးမွေ ကန့်လန့်ဖြတ် အတွင်း အင်္ဂါပြပုံ
 

ပုံ(၃) စပါးကြီး သည်းခြေ ထုတ်ယူပုံ



No comments:

Post a Comment