Saturday, July 25, 2015

ဘ၀ အတွေ့အကြုံ ဟာ အကောင်းဆုံး ဆရာပါ




လူရယ်လို့ ဖြစ်လာကြပြီ ဆိုရင် ချမ်းသာ၊ ဆင်းရဲ မရွေး ဘဝက ပေးတဲ့ သင်ခန်းစာတွေ ကို ခံစားကြရပါ တယ် ။ လူတွေနေ့စဉ်ဖြတ်သန်း ကြုံတွေ့နေကြရတဲ့ အကောင်း၊ အဆိုးတွေ ဟာ လူတွေ ရဲ့ ဘဝသင်ခန်း စာတွေ ဘဲဖြစ်ပါတယ်။ 

တစ်ချို့က ဒီလိုနေ့စဉ် သင်ခန်းစာတွေ က သင်ယူလေ့လာပြီး မိမိဘဝ အတွက် ဆောင်ရန် ၊ရှောင်ရန်အဖြစ် ကြိုးစားဆောင်ရွက် သွားကြသူတွေ ရှိသလို တစ်ချို့က နောက်ပြန်လှည့် အရှုံးပေးသွားကြသူတွေလည်း ရှိပါ တယ်။

ဘဝမှာ အတွေ့အကြုံ ဆိုတာ အကောင်းဆုံး သင်ပြပေးနေတဲ့ ဆရာတစ်ဆူ လို ပါဘဲလို့ လူကြီးသူမတွေ ရဲ့ပြောစကား ကို ငယ်ရွယ်ချိန်တုန်းက နားမလည်ခဲ့ပေမယ့် အရွယ်ရောက် လို့ လက်တွေ့ဘဝတွေမှာ ကျင်လည်ဖြတ်သန်းလာရတဲ့ အခါ ကောင်းကောင်း နားလည်လာခဲ့ရပါတယ်။ 

တကယ်တော့ လူတွေ မှာ မိမိကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေထဲ က လေ့လာ မှတ်သားစရာတွေ ကို မှတ်သား၊ ရှောင်စရာတွေ ကို ဆင်ခြင်ရှောင်ကြည်ခြင်းဖြင့် ဘဝ ကို အမှားတွေ နည်းအောင် အေးချမ်းမှု ကို ပိုမို ခံစား ရရှိနိုင်အောင်ကြိုးစားပိုင်ခွင့် ရှိကြပါတယ်။


 
လူတွေ မှာ တစ်ဦး နဲ့ တစ်ဦး ဘဝပေး ကံကြမ္မာ မတူညီကြပေမယ့် မိမိကိုယ် ကိုအေးချမ်းအောင် ဘယ် လိုနေ ထိုင်ရမလဲ ဆိုတာ ကိုတော့ သဘာဝတရား က တန်းတူ အခွင့်အရေးပေးထားပါတယ်။ ဒါတွေ ကို လူတွေ ရဲ့နေ့စဉ် ဘဝမှာ ရှာဖွေ သင်ယူ ရရှိနိုင်တာဘဲဖြစ်ပါတယ်။

ထပ်ခါ ထပ်ခါ အမှားလုပ်ခြင်းကို ရှောင်ကြဉ်ပါ
လူတွေ မှာ အမှား ကို ထပ်ခါထပ်ခါ လုပ်မိတတ်ကြတဲ့ အခါ မိမိကိုယ် ကို ယုံကြည်မှု နည်းသွားသလို ပတ်ဝန်းကျင် အသိုင်းအဝိုင်း အလယ်မှာ လူတွေ ရဲ့ ယုံကြည်မှုကို လည်း ဆုံးရှုံးကြရပါတယ်။ လူတိုင်းဟာ အမှား နဲ့မကင်းကြတာ အမှန်ပါ။ 

ဒါပေမယ့် အဲဒီ အမှားကို အမှားမှန်း သိပြီး ပြင်ဆင်နိုင်လိုက်ရင် မိမိ အတွက် များစွာ ကောင်းကျိုး ကို ရရှိစေပါ တယ်။ အမြဲတမ်း မိမိကိုယ် ကိုလေ့လာ ဆန်းစစ်ပြီး ဘာကြောင့် ခက်ခဲနေရတယ်၊ ဘာကြောင့် လွယ် ကူချောမွေ့နေရတယ် ဆိုတဲ့ အချက် ကို ရှာဖွေပြီး ပြုပြင်ကြိုးစားခြင်းဖြင့် မိမိ ဘဝ အတွက် လွယ်ကူချောမွေ့ တဲ့နေ့ရက်တွေ ကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

ရှုံးနိမ့်မှု ကို မကြောက်ပါနဲ့
အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေ ရဲ့ ဘဝဖြတ်သန်းမှု ပုံစံကိုလေ့လာကြည့်လိုက်တဲ့ အခါ သူတို့ ဟာလည်း လူသား တစ်ယောက်ဖြစ် တာကြောင့် ရှုံးနိမ့်မှု များစွာကို ရင်ဆိုင်ခဲ့ကြရ ပါတယ်။ လူဖြစ်လာပြီ ဆိုရင် ဘဝ မှာ ရှုံးနိမ့်မှု ၊အောင်မြင်မှု ဆိုတာကို ရင်ဆိုင်ကြုံတွေ့ကြရမှာဖြစ်ပါတယ်။ 

ကမ္ဘာလောက မှာ  လူတွေ ဟာ မတူညီတဲ့ ရှုံးနိမ့်မှုတွေ နဲ့ ရှုံးနိမ့်ဖူးကြ ပါတယ်။ ဒါကြောင့် မရှုံးနိမ့်ဖူး တဲ့ ပုဂ္ဂိုလ် မရှိဘူး ဆိုတာ ကို နားလည်ထားဖို့လိုပါတယ်။ ဒါ့အပြင် ရှုံးနိမ့်မှု ဆိုတာ အောင်မြင်မှု ရဲ့ အစိတ် အပိုင်းတွေဖြစ်တာကြောင့် ရှုံးနိမ့်မှု ထဲက လူတွေ ကို အောင်မြင်စေ ဖို့ သော့ချက်ပေးတာတွေ အများကြီး ရှိပါတယ်။ 

ရှုံးနိမ့်မှု ဆိုတာ အောင်မြင်ဖို့ အတွက် ခြေလှမ်းတွေဖြစ် တာကြောင့် ဘဝမှာ ရှုံးနိမ့်ဖို့ကို မကြောက်ဘဲ  အမှား ထဲ က သင်ခန်းစာ ယူပြီး ကြိုးစားခြင်းဖြင့် အောင်မြင်မှု ရဲ့ အနှစ်သာရ ကို ချိုမြိန်စွာ ခံစားရနိုင် ပါ တယ်။

ပြောင်းလဲခြင်း တရား
လူတွေ ရဲ့ဘဝ ဟာ အမြဲတမ်း ပြောင်းလဲဖြစ်ပျက်နေကြ တာကြောင့် ဘဝ ရဲ့နေ့စဉ် စိန်ခေါ်မှုတွေ ကို သတိ ရှိရှိတွေးဆ တတ်ဖို့ လိုပါတယ်။ အပြောင်းအလဲ တရားအပေါ် မှာ လက်ခံပြီး ဆောင်ရွက်တတ် ဖို့လိုပါ တယ်။ 

အပြောင်း အလဲတွေထဲ က မိမိ အတွက် ဘယ်လို ကောင်းကျိုးတွေ ရရှိနိုင်မလဲ ရှာဖွေတတ် ဖို့လိုပါတယ်။ မိမိ အတွက် သက်ရောက်မှု ရှိသလား ၊မရှိဘူးလား ဆန်းစစ်လေ့လာပြီး ရှောင်ရှားတတ် ဖို့လိုပါတယ်။ 

မိမိ ကြုံခဲ့တဲ့ အပြောင်းအလဲ အပေါ် မူတည်ပြီး ဘာတွေပြင်ဆင်ဖို့ လိုသလဲ၊ ဘာတွေ ဆင်ခြင်ဖို့ လိုသလဲ၊ ဘယ်လို ရှောင်ကြဉ်ဖို့လိုသလဲ ဆိုတာ ဘဝရဲ့နေ့စဉ် မတူညီတဲ့ပြောင်းလဲမှုတွေ က ပေးနေတဲ့ သင်ခန်းစာ တစ်ခုဖြစ်ပါတယ်။ 

ငယ်ငယ်တုန်း က ကျောင်းသင်ခန်းစာတွေလို ပါဘဲ။ သင်ခန်းစာ တစ်ခု တတ်မြောက်ပြီးသွား ရင် နောက် ထပ် သင်ခန်းစာ အသစ်တစ်ခု ကို သင်ယူ ရပြီး သင်ခန်းစာကျေညက် တဲ့ ကျောင်းသားတွေ ဟာ အမှတ်ကောင်းကောင်း ရရှိကြသလို မျိုး ဘဝ သင်ခန်းစာတွေ ကို ကျေညက်တဲ့ လူတွေ ဟာလည်း ဘဝ မှာ နေထိုင်မှု ပုံစံကောင်းပြီး စိတ်အေးချမ်းမှု  ကို ပိုင်ဆိုင်နိုင်ကြပါတယ်။

 YANGON LIFE
 http://www.searchmyanmar.com/link/frame/cid/52537

No comments:

Post a Comment