Friday, July 24, 2015

ဥပုသ်စောင့်ခြင်း ၏ အကျိုးကျေးဇူး

1024x1024_20150721_204854_877
 


ဥပုသ် ရဲ့ အကျိုးကျေးဇူး ဟာ ဘယ်လောက်များ သလဲ လို့ ဆိုလို့ ရှိရင် အင် မတန်မှ အကျိုးကျေးဇူး များ တယ် တဲ့..........

ဘုရား က နားလည်အောင် ဘယ်လိုဟောတုန်း ဆိုတော့ ကမ္ဘာလောကကြီး အတွင်းမှာ ရှိတဲ့ အဖိုး တန် ရတနာတွေကို စုလိုက် အဲဒီ အဖိုးတန် ရတနာတွေ ရဲ့  တန်ဖိုး နဲ့ တစ်ကြိမ် တစ်ခါ စောင့်လိုက် ရတဲ့ အခုလို မွန်မြတ် တဲ့ စည်းစနစ် ကျတဲ့ ဥပုသ် အဓိပ္ပါယ် ရှိရှိ စောင့်လိုက် တဲ့ ဥပုသ်နဲ့  နှိုင်းယှဉ် ကြည့်လိုက်မယ် ဆို လို့ ရှိရင် ရတနာတွေ ရဲ့ တန်ဖိုးဟာ ဥပုသ် တစ်ခါ စောင့်ရတဲ့ ကုသိုလ်တန်ဖိုး ရဲ့ ၁၆-ပုံ ပုံ ၁-ပုံ တောင် မရှိ ဘူးလို့ ပြောတယ်နော်။

ဘာဖြစ်လို့  ဒီလိုပြောရတုန်း လို့ ဆိုလို့ ရှိရင် ဥပုသ် တစ်ကြိမ် တစ်ခါစောင့် လိုက် လို့ ရှိရင် လူ့ စည်းစိမ် မ ပြောနဲ့  နတ် စည်းစိမ် နတ်ချမ်း သာတွေ ပေးနိုင် တယ်။

နတ်ချမ်းသာတွေ ဆိုတာ အဲဒီ ရတနာတွေ ရဲ့ တန်ဖိုး ထက် ကြီးတယ်။ ဥပုသ် က လေး တစ်ခါစောင့် လိုက် တာ နဲ့ ဒီ ပုဂ္ဂိုလ်ဟာ လူချမ်းသာထက် သာလွန် တဲ့ နတ် ချမ်းသာ၊ လူချမ်းသာ ဆိုတာ နတ်ချမ်းသာ နဲ့ နှိုင်း ယှဉ်လိုက် လို့ ရှိရင် ဘာမှ မ ပြောပ လောက်တော့ဘူး။



လူ ချမ်းသာသုခ လို့ တောင် မဆိုနိုင်တော့ဘူး။ ဘာဖြစ်လို့ တုန်း ဆိုတော့ စဉ်းစားကြည့်လေ-လူ့ ပြည်မှာ အနှစ်-၅၀ မှ စတုမဟာရာဇ်နတ်ပြည် မှာ ၁-ရက် ပဲ ရှိသေးတာ၊သက်တမ်းခြင်း အာ့းဖြင့်လည်း ကွာတယ်၊
စည်းစိမ် ချမ်းသာခြင်း အားဖြင
့်လည်း ကွာတယ်၊

လူ့ ပြည် မှာ အနှစ်-၁၀၀ ဆိုရင်  တာဝတိံသာနတ်ပြည် မှာ ၁-ရက်ပဲ ရှိသေးတယ်နော်၊ အဲဒီ ရက်တွေ နဲ့ တွက် လိုက်တဲ့ အနှစ်-၅၀၀ ဟာ စတုမဟာရာဇ်နတ် ပြည် ရဲ့ သက်တမ်း တစ်ခုပဲ ၊အဲဒီ ရက်တွေ နဲ့ တွက် လိုက်တဲ့ အနှစ်-၁၀၀၀ ဟာ  တာဝတိံ  နတ်ပြည် ရဲ့ အသက်ပဲ။

နတ်သက် ဟာ တဖြည်းဖြည်း တစ်ဆ တစ်ဆ တိုးသွား တာ နည်းတဲ့ အသက်တွေ မဟုတ်ဘူး၊ ရှည်လျား တယ် ၊ ချမ်းသာ သုခ ကလည်း အလွန် တရာကြီးမားတယ် ဆိုတော့ လူ့ ချမ်းသာ နဲ့ နတ် ချမ်းသာ နှိုင်း ယှဉ် ကြည့်လိုက်မယ် ဆိုရင် မနှိုင်းယှဉ်နိုင်လောက်အောင် နတ်ချမ်းသာက သာလွန်နေတယ်။ 

လူ ဆိုလို့ ရှိရင် အသက်-၅၀လောက် ဆို မအို ဘူးလား၊ ဟိုမှာ တစ် ရက်ပဲ ရှိသေး တယ်လေ၊ စည်းစိမ် ချမ်း သာ ခံစားရတာခြင်း ကလည်း တအား ကွာတယ် ၊ သက်တမ်း ကလည်း တအား ကွာတယ်၊
 

စတုမဟာရာဇ်နတ်ပြည် မှာ တစ် ရက် ရှိပေမယ့် တာဝတိံသာနတ်ပြည် မှာ နေ့ ဝက် ပဲ ရှိသေးတယ်။ အဲဒီ လိုနတ်ပြည်တွေဟာ တစ်ခု နဲ့ တစ်ခု သာလွန် သွားလို့ ဟောဒီ ဥပုသ်စောင့် လို့ ရှိရင် အခုပြောတဲ့ နတ်ပြည်တွေ အားလုံး ရောက်နိုင် တာ့ဖြစ်သောကြောင့် ဥပုသ်စောင့် ရခြင်း ရဲ့ အကျိုးကျေးဇူး ဟာ အလွန်ကြီးမားတယ် လို့ မြတ်စွာဘုရားက ဟောတယ်။

ဒါတင် မကဘူး သိကြားမင်းကြီး က တစ်ခါက ပြောတယ်၊”လူ့ လောက မှာ ရှိတဲ့ ပုဂ္ဂိုလ်တွေ လဆန်း ၈- ရက် လဆုတ် ၈-ရက် လပြည့် လကွယ်တွေ မှာ ဥပုသ်စောင့်ကြမယ် ဆိုလို့ ရှိရင် အဲဒီ ပုဂ္ဂိုလ်တွေ သူ့ လို သိကြား ဘဝ ရောက်ချင် လို့ ရှိရင် တဲ့ ဥပုသ်စောင့်ကြပါ ” လို့  သိကြားမင်းကြီး က နတ်သဘင် အစည်းအ ဝေး တစ်ခု မှာ မိန့် ခွန်းပြောသတဲ့။

အဲဒီလို မိန့် ခွန်းပြောတာ ကို မြတ်စွာဘုရား က ဘာပြောတုန်းဆို-”သိကြားမင်းပြောတဲ့’ငါလို့ သိကြားဖြစ်ချင် လို့ ရှိရင် ဥပုသ်စောင့် ဆိုတဲ့စကား ဟာ မပြည့်စုံဘူး “တဲ့၊ တကယ်ပြောရမှာ က “ရဟန္တာ ပုဂ္ဂိုလ် က ငါ့ လို ရဟန္တာဖြစ်ချင် ရင် ဥပုသ်စောင့်”လို့ ပြောရမယ် တဲ့။

ဒါကြောင့်မို့ လို့  ဥပုသ်စောင့်တယ် ဆိုတာ နည်းတဲ့ ကုသိုလ် မဟုတ်ဘူး တဲ့၊ ရဟန္တာပုဂ္ဂိုလ် ကသာလျှင် “ငါ့လို ရဟန္တာဖြစ်ချင် တဲ့ ပုဂ္ဂိုလ်တွေ ဥပုသ်စောင့်ကြပါ”လို့ ပြောရ တဲ့-အဓိပ္ပါယ် ရှိလှ တဲ့ ဗုဒ္ဓဘာသာ တို့ ရဲ့ ကျင့်စဉ် တစ်ခုဟာ ပုံပျက် ပန်းပျက် မဖြစ်စေဘဲနဲ့  အဓိပ္ပါယ် ရှိရှိ ဥပုသ် ကိုစောင့်သုံးနိုင် ဖို့  အင် မတန်မှ အ ရေးကြီး ပါတယ်။

ဥပုသ် လို့ ပြောလိုက် တာနဲ့ ဘာသာခြားတွေ က သူတို့ လည်း ဥပုသ်၊ ဒီလည်း ဥပုသ်-အတူတူ လို့ တချို့ က ထင်နေတတ်ကြတယ်။ အနှစ်သာရ ပိုင်းမှာ အလွန်ကွာခြားတယ် ဆိုတာ အားလုံး သ ဘောပေါက် နား လည် ပြီး ဗုဒ္ဓမြတ်စွာဟောကြားတော် မူခဲ့တဲ့ တကယ့် စစ်မှန်တဲ့ ’ အရိယုပေါသထ‘  လို့ ခေါ်တဲ့ သူတော်စင် သူတော်မြတ် တို့  စောင့်သုံး တဲ့ ဥပုသ် ကို ကိုယ်စီ ကိုယ်ငှ ကျင့်ကြံကြိုး ကုတ် အားထုတ် စောင့်သိနိင်ကြ ပါစေကုန် သတည်း။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

Credit to Htin Aung
 http://www.searchmyanmar.com/link/frame/cid/52464


No comments:

Post a Comment