Thursday, July 16, 2015

blogger များ သိထားသင့်သည့် အချက်တစ်ချို့




ကျွန်တော်( လေလွင့်နေတဲ့လူ) အပါအ၀င် တက်သစ်စ ဘလော့ကာ များသိထား သင့်လို့ မျှဝေလိုက်ပါတယ် ခင်ဗျာ ။

1. ကျွန်တော်တို့Blog တစ်ခု မပြုလုပ်ခင်မှာ အရင် မိမိတင်ပြချင်တဲ့အကြောင်းအရာကို အရင် စဉ်းစားရပါမည်။ 


ဘာ အကြောင်း တင်ပြချင်တာလဲ တင်ပြချင်တဲ့အကြောင်းအရာတွေ ကို ဘယ်ကနေရနိုင်သလဲ ရနိုင်တဲ့နေ ရာတွေ ကို 

အရင် ရှာဖွေထားရပါမည်။ 

ဒါမှ မိမိတင်ပြချင်တာ ကို အလွယ်တကူ တင်ပြနိုင်မှာဖြစ်ပါတယ်။
 

2.ဒီ တစ်ချက်က အရေးကြီးပါတယ်.  မိမိရေးထားတဲ့ Blog လေး ကို hack  ခံရရင် မိမိရေးထားတဲ့ Post တွေ 


မဆုံးရူံး ရအောင် Export လုပ်ထား ရပါမည်။ 
 
Export   လုပ်နည်း 

 
 
ဘလော့ ရဲ.  Settings ကိုဝင် other ကို ကလစ်ပါ

Import Blog,   Export Blog,  Delete Blog ဆိုတာ တွေ့ရမယ်။

 Export Blog ကို ကလစ်ပြီး   Download ထားလိုက်ပါ (ရရှိ လာတဲ့ ဖိုင် ကိုသေချာ သိမ်းထားပါ)။ 
 
တစ်ပတ် ကို တစ်ကြိမ် Export လုပ် (ဖိုင်ကို Download) ထားသင့် ပါတယ်
။ 
 blog ဟက်ခံ ရတာဖြစ်ဖြစ် ..အကြောင်း တခု ခုကြောင့် ပျက်သွား လို့ Blog အသစ်ပြန်လုပ်ရတယ် ဆိုရင်ဒေါင်းထား တဲ့ ဖိုင် 
 (Export Blog ကို ကလစ်ပြီး    down ထားတဲ့ ဖိုင်)လေးကို Import Blog ကို ကလစ်ပြီး. ပြန်တင်လိုက်တာ နဲ့ အရင် blog မှာ
တင်ထားတဲ့ ပိုစ့်တွေ ပြန်လည် ရရှိမှာဖြစ်ပါတယ်..


3. 
မိမိ Blog မှ Sidebar မှ Widget တွေ ကို notepad ထဲမှာ ထည့်ထားဖို့ မမေ့ပါနဲ့ ။ မိမိဆိုဒ် အဘန်း ခံရတာမျိုး Passowrd 
အခိုး ခံလိုက်ရတာမျိုးဖြစ်ခဲ့ရင်တောင် မိမိကို ပြုလုပ်တဲ့လူ မျက်စိလည်အောင် မှုလ အတိုင်း ပြန်ရှိနေသလို မျိုး နာရီပိုင်း အတွင်း ပြန်လည် ပြုလုပ်နိုင်ပါတယ်။

4. မိမိ Blog မှာ ကြောငြာ Blog မဖြစ်ဖို့လိုပါတယ်။ လုပ်လို့ရတဲ့ နည်းလမ်းတွေ ကို အကုန် မထည့်ထားပါ နဲ့


ဘာ လို့ လဲ ဆိုတော့မိမိတို့ဆိုဒ်ကို ဖွင့်တဲ့လူကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် ရှင်းလင်းနေပါစေ။ 

အင်တာနက်လိုင်းမကောင်းရင် ဟိုနေရာ က မပေါ် ဒီနေရာ က မပေါ်ဖြစ်နေပါလိမ့်မည်။

5. မိမိဆိုဒ် ကို အမြဲ update  ဖြစ်အောင် တစ်ပတ် ကို တစ်ကြိမ်တော့ အနည်းဆုံး post အသစ် တင်ပေးနိုင်အောင် လုပ်ပါ။ 


တစ်နေ့ ၀င်ကြည့်လဲ ဒါ နောက်နေ့ဝင်ကြည့်လဲ ဒါဆို မကောင်းပါဘူး။ 

မိမိ မအားရင်လဲ မအားတာ ကို တင်ပြထားသင့်ပါတယ်။ 

6. မိမိ  BLOG  မှာ လာပြီးလေ့လာသူများ စာဖတ်သူများ ရဲ့ တောင်းဆိုမှု ကို အလေး ထားပါ။ 
အကြံ ညဏ်တောင်း ပါ။ 

www.designerkave.blogspot.com 

လေလွင့်နေတဲ့လူ..လည်း ပိုစ့်တင်တာ...ပုံမမှန်ဘူးဖြစ်နေတယ်..ပိုစ့်နေစဉ် တင်နိုင်အောင် ကြိုးစားနေပါတယ် 


.အကြံပြုချက်များ ပေးပို့ ဝေဖန် နိုင်ပါတယ်... 

 From...လေလွင့်နေတဲ့လူ

No comments:

Post a Comment