Monday, August 10, 2015

အာနာပါန သတိပဌာန် ရှုမှတ်နည်း အကျဉ်း



ဆရာတော် ဦးနရိန်'s photo.

အာနာပါနဿ       တိ  သည် ကာယာနုပဿ        နာသတိပဌာန် တစ်မျိုးဖြစ်ပါသည်။ အာနာပါန သည် ထွက်လေ ၀င်လေ ဆိုသည့် ၀ါယောဓါတ် ခေါင်းဆောင် သည် ဓါတ် တရားတွေ စုပေါင်းထားသော ကာယ ကို အစိတ် စိတ် အမွှာမွှာ ကွဲ သွားအောင် အဖန်ဖန် အထပ်ထပ် ရှုရသော သတိပဌာန် ကို ခေါ်ပါသည်။

ခန္ဓာကိုယ် ကို ဖြောင့်ဖြောင့် ထား၍ သတိ ကို နှာခေါင်းရှည်သော ပုဂ္ဂိုလ် ဆိုလျှင် နှာသီးဝ၊ နှာခေါင်း တိုလျှင် အထက်နုတ်ခမ်း မှာ ထားပါ။ ထွက်လေ ၀င်လေ ကို သတိ နဲ့ ၀င်၊ ထွက်စေ ရမည်။

က) မှတ်နည်း မှာ.....
၁) ထွက်လေ ၀င်လေ တစ်စုံ ကို ၁၊ ၂၊ ၃၊ ၄၊ ၅ ဟု မှတ်တဲ့ နည်း။
 

၂) အနုပတ္တာ နည်း- နေရာ တစ်ခုခု မှာပဲ သတိကို ထားပါ။ ထွက်လေ ၀င်လေ ကို စ၊လယ်၊ဆုံး သိအောင် လုပ်တဲ့ နည်း။
 

၃) ဌာပနာ နည်း- ထိတဲ့နေရာ မှာ ထိထိနေတာ သိအောင် လုပ်တဲ့နည်း။

ခ) ကြာတာ၊ မြန်တာ သိအောင် လုပ်ပါ။ 

တိုတို လား၊ ရှည်ရှည် လား သိအောင် လုပ်ရမည်။

ဂ) ပြင်းထန်သလား၊ နူးညံ့သလား သိအောင်လုပ်ရမည်။ 

ထွက်လေ ၀င်လေ သည် စိတ္တဇ ၀ါယောဖြစ်လို့ စိတ်ပေါ် မူတည်သည်။ စိတ်တွေ ကြမ်း လျှင် ထွက်လေ ၀င်လေ က ကြမ်း သည်။ နီဝရဏ တရား ၅ ပါး မကင်းလျှင် ပျံ့လွင့်တဲ့ စိတ်က ပူလောင်တဲ့ သဘောရှိပါ သည်။ ၄င်းကြောင့် ဖြစ်တဲ့ စိတ်က ကြမ်း ပါသည်။ 

နီဝရဏ ဆိုသည်မှာ-.....
၁) တစ်စုံ တစ်ခု ကို လိုချင်တဲ့ စိတ်
၂) အလို မကျတဲ့ စိတ်
၃) ငိုက်မျဉ်း တာ
၎) ပျံ့လွင့် တာ၊ ပူပန်တဲ့ စိတ်
၅) မဆုံးဖြတ်နိုင်တဲ့ စိတ်






ဃ) နီဝရဏ ကင်း ၍ စိတ်တွေ သိမ်မွေ့သွားတဲ့ အခါ ၀င်လေ ထွက်လေ သည် နူးညံ့လာ ပါသည်။ 

သိပ်ပြီး သိမ်မွေ့ လာရင် ထွက်လေ ၀င်လေ ရှိမှ ရှိသေးလား လို့ ထင်ရတတ် ပါသည်။ 

 အောက်ပါ ပုဂ္ဂိုလ်များမှ သာ ထွက်လေ ၀င်လေ ချုပ်ပါသည်-
၁) အမိ ၀မ်းထဲက ကလေး
၂) သေသွားတဲ့ ပုဂ္ဂိုလ်
၃) သေခါနီး မိန်းမျောနေတဲ့ သူ
၎) စတုထ္တဈာန် ၀င်စားနေသူ
၅) နိရောဓ သမာပတ် ၀င်စားသူ
၆) ဗြဟ္မပြည်ရောက်နေသော ပုဂ္ဂိုလ်(ဗြဟ္မာ)


င) ၀ီရိယ စိုက်ပြီး ရှုလျှင် သိမ်မွေ့နေသော ၀င်လေ ထွက်လေ ကို တွေ့လာ လိမ့်မည်။  

စိတ်တွေ ကြည်လာ တတ်သည်။ အဖြူရောင် ညစ်ထေးထေး နမိတ် စပေါ် လာမည်။ ပေါ်လာကာစ တွင် ၀င်လေ ထွက်လေ က သတ်သတ် နမိတ် က သတ်သတ် ဖြစ်နေ တတ်သည်။ 

ယင်းသို့ နမိတ်ပေါ်လာ လျှင် စိတ်က  ပေါ်လာသော နိမိတ်ပေါ်ရောက်သွား တတ်သည်။ နမိတ် ကိုဆက်ရှု ရမည်။ နမိတ် ပျောက်သွား လျှင် ဘာဝနာ စိတ် ကို ၀င်လေ ထွက်ပေါ်ပြန်တင်ရမည်။ 

ဘာဝနာ စိတ်အားကောင်းလျှင် နမိတ်နှင့် ၀င်လေ ထွက်လေ တို့ တစ်ထပ်တည်း ကျလာ လိမ့်မည်။ ယင်းနောက် မှာ နှာခေါင်း ထဲက လှုပ်ရှားနေသော မီးခိုးတန်း လို၊ ဖြူဖြူဖွေးဖွေး ၀ါဂွမ်းဆိုင် လို အစ တွင် ဖြစ်မည်။ 

ဘာဝနာ စိတ် ခိုင်ခံ့ လာသောအခါ ဖြူဖွေး ကြည်လင်တောက်ပသော မီးချောင်း လို ကြယ် လို နက္ခတ် လို ပုလဲ လုံး ရွဲလုံး လို ပေါ်လာ တတ်သည်။ 

ဈာန်လမ်း သွားချင်လျှင် ပေါ်လာသော နမိတ် ကို မလွတ်တန်း ရှုဖို့လိုပါသည်။ 

လှုပ်နေ တဲ့ နမိတ် က ငြိမ်သွားသည် အထိ အာရုံပြုပါ များလျှင် ဈာန် စခန်းသို့ ရောက်ပြီ။ ၄င်း ဈာန်ကလည်း နီဝါရဏ ၅ ပါး ကို လောင်ကျွှမ်း သွားစေပါသည်။ 

နမိတ် ၃ မျိုးမှာ-
 

၁) မူလ ၀င်လေ ထွက်လေ က ပရိကမ္မ နမိတ်
၂) မီးခိုးတန်း လို ၀ါဂွမ်းဆိုင် လို အစ ရှိတဲ့ လှုပ်ရှားပြီးနေတဲ့ နမိတ်က ဥဂ္ဂဟ နမိတ်
၃) ကြည်လင်တောက်ပပြီး ငြိမ် ၍ပေါ်လာတာက ပဋိဘာဂ နမိတ်

ဈာန်မှာ အင်္ဂါ ၅ ပါး ရှိသည်။
၁) စိတ် ကို နမိတ်ပေါ် မရောက်ရောက်အောင် တင်ပေး ရတဲ့ ၀ိတက်

၂) ထို နမိတ် ကို အဆက် မပြတ် ဆင်ခြင်နေတဲ့ သုံးသပ်နေတဲ့ ၀ိစာရ

၃) ၀ိစာရနှင့် နမိတ် ကို ဆင်ခြင်ပါ များတော့ ပွတ်ပါ များရင် အရောင် တလက်လက် ထွက် လာသော ရွှေ ပန်းထိမ် သည် ရဲ့ လက်ဝတ် ရတနာ များလို လှုပ်ရှားနေ တဲ့ နမိတ် က ငြိမ်ပြီး ကြည်လင် လာသည်။ ထို နမိတ်ကို နှစ်သက်တဲ့ သိမ့်ကနဲ ငြိမ့်ကနဲ ခံစားတတ် တဲ့ ပီတိ

၎) အေးချမ်းတဲ့ သဘော ပဿ         ဒ္ဒိ၊ စိတ်တွေ လဲ အေးချမ်း လို့ ခန္ဓာကိုယ် လဲ အေးချမ်း လာသည်။ ငြောင်း ညာ ကိုက်ခဲခြင်း မရှိ။ ခန္ဓာကိုယ်ကြီး ကို အောက်က မြောက်ပင့် လိုက်သလို ပေါ့နေ သလို ခံစား ရသည့် လဟုတာ။ အောက်မှာ ထိနေတယ်လို့ မထင်ရ။ နတ်စည်းစိမ် တမျှဟု ဆိုပါသည်။

၅) နောက်ဆုံး စိတ် က တည်ငြိမ် သွားတဲ့ ဧကဂ္ဂတာ။ သမာဓိ ရသွားပါပြီ။ ပထမဈာန် ဟု ခေါ်သည်။ စိတ် က နီဝရဏ လွတ်လို့ တက်ကြွ လန်းဆန်း အေးချမ်းနေ ပါတယ်။

ဤနေရာတွင် ၀ိပဿ        နာ  မရှုလိုသေး ပါက ၀ိတက် ၀ိစာရ ကို ပယ်လျှင် ဒုတိယဈာန်၊ ပီတိကို ပယ်လျှင် တတိယဈာန်၊ သုခ ကို ပယ်လျှင် စတုထ္ထဈာန်  အထိ တက်သွားနိုင်သည်။ ဈာန် စခန်း သွားရင် ဉာဏ် မလိုသေး ပါ။ ရှုရုံပဲ ရှုနေရင်း တက်သွား ပါသည်။ 

ပထမဈာန် ရပြီး ၀င်လေ ထွက်လေ ဆိုသော တွန်းကန် လှုပ်ရှား တတ်သည့် ၀ါယော ဓါတ်ဖြစ်သည့် ရူပ်ကို ရှုရင် ကာယနုပဿ      နာ။ 

ပီတိ၊ သုခ ဆိုသည့် စေတသိတ် များ ကို ရှုရင် ဝေဒနာနုပဿ         နာ။

 ကြည်လင်နေသည် ကို သိနေသော စိတ်ကို ရှုရင် စိတ္တာနုပဿ          နာ။ 

ထိုစိတ် စေတသိတ်နှင့် ရုပ်များ မမြဲဘူး ဆိုသည့် အနိစ္စ သဘော၊ ကုန်ပျောက် တတ်သည် ဆိုသည့် ၀ိရာဂ သဘော (တက်မက် စရာ မရှိ)၊ ချုပ်ပျောက် ပျက်စီး တတ်သည် ဆိုသည့် နိရောဓ (ခိုင်မြဲသည် ဟု မယူဆ)၊ စွန့်ပစ် ရမည် ဆိုသည့် ပဋိနိသေက သဘော၊ အချက် ၄ ချက် ပါသော ဓမ္မာနုပဿ        နာ။ 

ယင်း သို့ သုံးသပ်သော ဉာဏ်က သမ္မသနဉာဏ် ရဲ့ အစဖြစ်ပါသည်။ 

ထွက်လေ ၀င်လေ က ရုပ်၊ ပီတိပဿ         ဒ္ဒိ ခံစားမှု ဝေဒနာ  သည် စေတသိတ်၊ ချမ်းသာမှု ကို သိနေသည့် စိတ် သည် ၀ိဉာဏ်၊ 

ယင်း စိတ် စေတသိတ် ရုပ် များ ကို ပိုင်းပိုင်းခြားခြား သိလာခဲ့သော ဉာဏ် ကို နာမရူပပဋိစ္ဆေဒဉာဏ်။ သက္ကာယဒိဌိ ကင်းသွား ပါပြီ။ 

ထို  နာမ်ရုပ်နှစ်ပါး သည် အ၀ိဇ္ဇာ၊ တဏှာ၊ ကံ  ဆိုသော ဝေးသော  အကြောင်းကြောင့် ဖြစ်ရပါသည်။ ထွက်လေ ၀င်လေ တည်း ဟူသော ၀ါယောရုပ် ၏ အနီးဆုံး အကြောင်း မှာ စိတ်ဖြစ်ပါသည်။ 

အကြောင်းနှင့် အကျိုး ကို သိမ်းဆည်း တတ်သည့် ဉာဏ်သည် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါသည်။

ဤသို့အကြောင်း အကျိုးကြောင့် ဖြစ်နေသော ရုပ်နာမ်နှစ်ပါး ၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို ဓမ္မာနုပဿ   နာ  သတိပဌာန်နှင့် ၀ိပဿ           နာရှုလျှင် သမ္မသနဉာဏ် ဖြစ်ပြီ။ 

၎င်း ရုပ်နာမ် များ၏ ဖြစ်လာတာ ပျက်လာတာ ကိုမြင်သော ဉာဏ် က ဥဒယဗ္ဗယဉာဏ် ဖြစ်သည်။

 ဖြစ်လာတာတွေ့ လျှင် ဥစ္ဆေဒ ဒိဌိပြုတ်ပြီး ပျက်တာတွေ့လာသော် မြဲသည် ဆိုသော သဿ  တဒိဌိ ပြုတ် ပါသည်။

 ဖြစ်ခြင်းနှင့် ပျက်ခြင်း တွင် ပျက်ခြင်း က ကြောက်စရာကောင်း သည့် သဘောဆောင် လို့ ဉာဏ်က ပျက်သည့်ဘက် ကို ပဲ ဒလစပ် ရှု သွားပါသည်။ အပျက် ကို သုံးသပ်ခြင်း က ဘင်္ဂဉာဏ် ဖြစ် ပါသည်။ 

ဝါယောရုပ် ကိုပဲ ဖြစ်ဖြစ်၊ ဝေဒနာ တစ်လုံး ကိုဖြစ်ဖြစ်၊ ကြည်လင်နေသော စိတ်ကလေး တစ်လုံး ကိုဖြစ်ဖြစ် ပျောက်ပျက် သွားနေသည် ကို မြင်သော အခါ ကြောက်စရာ ဆိုသည့် သံဝေဂဉာဏ် ဘယဉာဏ် ပေါ်လာပါသည်။ 

ထိုပျောက်ပျက်နေသော ခန္ဓာ က အားကိုးစရာ မဟုတ် ဟု သိသော ဉာဏ်ဖြစ်သည့် အာဒီန၀ဉာဏ် ဖြစ် လာစေပါသည်။ 

ယင်းနောက်တွင် ငြီးငွေ့သော နိဗ္ဗိဒါဉာဏ် ပေါ်ပါသည်။ ထိုသို့ မလိုချင်ပဲ ရှုမှတ်နေရတာ ကို လွတ်ချင်သော မုဉ္စိတုကမျတာဉာဏ် ပေါ်လာပါသည်။ 

သို့သော် ရေနစ်မှာကြောက် ၍ ခွေးသေကောင် ပုပ် ကို အတင်း ဖက်တွယ် ထားသူ ကဲ့သို့ မလွှတ်ပဲ ဤသင်္ခတ ကို ပင် အနစ္စ၊ ဒုက္ခ၊ အနတ္တ ဟု ဘာဝနာ စိတ်ဖြင့် ဖိပြီး ရှုမှတ်နေသော ပဋိသင်္ခါဉာဏ် ဆက်ဖြစ် လာပါသည်။ 

ယင်း အခိုက်တွင် သင်္ခတ တရား ကို သုခ၊ ဒုက္ခသောမနဿ        မပါသော ဥပက္ခာဝေဒနာ ဖြစ်နေပါပြီ။ 
၎င်းဉာဏ် ကို သင်္ခါရုပက္ခာဉာဏ် ဟု ခေါ်ပါသည်။ 

ထို့နောက်မှာ မဂ်ဖြစ်ပေါ်ရန် ကျေးဇူးပြုသည့် အနုလောမဉာဏ် ဖြစ်ပေါ်လာပါပြီ။ ဆက်လက် ၍ အထူးကြောင့် ကြ မစိုက်ရပဲ ဂေါတြဘူဉာဏ် ပေါ်လာပါသည်။ ထိုဉာဏ် က သင်္ခတ အာရုံ ကို မယူတော့ပဲ အသင်္ခတ ကို မျော်ကြည့်သည့် ဉာဏ်ဖြစ်ပါသည်။ 

ယင်းနောက်တွင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အစဉ် အတိုင်း ပေါ်လာပါတော့သည်။ ထိုနောက် ချုပ်ပျောက် ခဲ့ပုံ ပယ်ပြီး ကိလေသာများ ကို ပြန်ဆင်ခြင်သည့် ပစ္စ၀က္ခဏာဉာဏ် ပေါ်လာပါသည်။ 

အာနာပါနသတိပဌာန် သည် သတိပဌာန်လေးပါး ပြည့်စုံသည့် အတွက် ဗောဇ္ဈင် ရ ပါး ဖြစ်ပါသည်။
 



(ဆရာတော် အရှင်ဉာဏိသရ ဟောကြားသော အာနပါန သတိပဌာန် တရားထဲ မှ ကောက်နုတ်ဖော်ပြပါသည်။)

ချမ်းသာ စစ်နှင့် ပြည့်စုံကြပါစေ။

 ဆရာတော် ဦးနရိန်
Credit - http://www.dhammaweb.net/notes/view.php?id=98

No comments:

Post a Comment