Tuesday, August 11, 2015

နဂါးနှင့် စပ် သိမှတ်ဖွယ်

ဦးမြင့် ခိုင် စိတ်ပညာ's photo.ဦးမြင့် ခိုင် စိတ်ပညာ's photo.


နဂါးတို့ သည် ရေ၌ ၎င်း ကုန်း၌ ၎င်း တည်ရှိကြ ကုန်၏။  ရေ ၌နေသောန ဂါး တို့ မှာ ဇမ္ဗူ ဒိတ်ကျွန်း ၏ မြောက်ဘက် ကမ်းနား ဖြစ်သော သမုဒ္ဒရာ လှို င်းအပြင် ၌ ၎င်း သီဟိုဠ် အစရှိသော ကျွန်းငယ် တို့ ၏
ကမ်းနားဖြစ်သော သမုဒ္ဒရာ လှို င်းအပြင် ၌ ၎င်း တည်ရှိကြကုန်၏ ။


ကုန်းနေ နဂါး တို့ မှာ တောင်စဉ် ခုနစ်ထပ် တို့ ၏ အကြားး သီဒါမြစ်၌ ၎င်း မြင်းမိုရ်တောင် ၏ ပထမ အာလိန်ပြင် ၌ ၎င်း ရာဇဂြိုဟ်မြို့ ကို ရံသောတောင်ငါးလုံး တို့  တွင်ဝေဘာရတောင် ၏အောက် ၌ ယူဇနာ
ငါးရာ ရှိသောနဂါးပြည်၌ ၎င်း ဟိမဝန္တာတော ဒဒ္ဒရပဗ္ဗ တောင်ခြေရင်း တွင် ၎င်း တည်ရှိကြကုန်၏ ။


ထိုတွင်ရေ ၌နေသော နဂါး တို့ မှာ ကိုယ်ဝန် ရှိသော အခါ၌ နဂါးငယ် တို့ ကို ဂဠုန် နှင့် လှို င်းတံပိုး ရန် မှ ကာကွယ် ရန် အတွက် ဂင်္ဂါ အစိရဝတီ စသောမြစ်ကြီး တို့ တွင် တခုခုသောမြစ်ဖြင့် လာ၍ ဟိမဝန္တာတော
အုပ်သို့ ဝင်ပြီး မှ မွေးဖွားကြကုန်၏ ။





ဦးမြင့် ခိုင် စိတ်ပညာ's photo.


န ဂါး တို့ သည် ပဋိသန္ဓေအားဖြင့် အဏ္ဌဇ ဇလာဘုဇ သံသေဓဇ ဥပပါတ် ဟူ၍ ပဋိသန္ဓေလေး မျိုး ဖြင့် တည်ကုန်၏ ။

ဂဠု န် မသုတ်နိုင်သော နဂါး ၇ မျိုး  ရှိ၏ ။  
မိမိထက်ယောနိ အားဖြင့် လွန်မြတ်သော နဂါး
 မြင်းမိုရ်တော် ၏ ပထမ အာလိန် ၌ တည်ရှိ သော နဂါး 
ဓတရဋ္ဌ နဂါးမျိုး 
သီတာခုနစ်တန်၌နေသောနဂါးမျိုး
 မြေကြီး အတွင်း၌ တည်ရှိသောနဂါး
 တောင်ခေါင်း၌ နေသောနဂါး
ဗိမာန် ၌နေသော နဂါး 

ဤ ခုနှစ်မျိုးသော နဂါး တို့ ကို ဂဠု န် မသုတ်ယူနိုင်ပေ။


ကျမ်းကိုး
ပါရာဇိကဏ်အဋ္ဌကထာ
စတုတ္တပါရာဇိက တပေါဒါဝတ္တု

စတုကနိပါတ် ဒဒ္ဒရဇာတ်
သံယုတ်အဋ္ဌကထာ
သာရတ္တသင်္ဂဟ


No comments:

Post a Comment