Sunday, August 23, 2015

ကချင်ပြည်နယ် မှာ သတိ ရှိကြဖို့။



Tun Lwin's photo.
၂၃-၈-၂၀၁၅
နံနက်(၁၀း၁၀)နာရီ



 မြန်မာနိုင်ငံ မှာ ရေ ဖုံးလွှမ်းခံရမှု (ရေကြီးမှု) (၆)မျိုး ရှိတယ်။
 

(၁) ကျယ်ပြန့်ရေကြီးမှု (Wide Area Floods)
(၂) လျပ်တစ်ပြက် ရေကြီးမှု (Flash Floods)
(၃) ဆူနာမီ  ရေကြီးမှု (Tsunami Floods)
(၄) မုန်တိုင်း ဒီရေ ရေကြီးမှု (Storm Surge Floods)
(၅) လူလုပ် ရေကြီးမှု (Man-made Floods)
(၆) နယ်စပ်ကျော်ဖြတ် ရေကြီးမှု (Transboundary Floods)
ဆိုပြီးခွဲနိုင်တယ်။


အခု ဒီနှစ် ၂၀၁၅ မှာ (၁) (၂) နဲ့ (၅) ကတော့ ဖြစ်ပြီးနေပြီ။ အခု (၆) ကဖြစ်လာ ဖို့နီးနေပြီ။
 

ကမ္ဘာကြီး ပူနွေးမှုကြောင့် ဟိမ၀န္တာ က ရေခဲတွေက အများကြီး အရည်ပျော်ကျ ကုန်တော့ ပျော်ကျ တဲ့ရေခဲရေတွေဟာ အနိမ့်ပိုင်းတွေမှာ စုဆောင်း မိကြပြီး သဘာဝ မဟုတ် တဲ့ရေကန်တွေ(Artificial Lakes)တွေ ဟိမ၀န္တာတောင်တွေပေါ်မှာ အများကြီးပေါ်လာတယ်။ 

 Tun Lwin's photo.

ဒီ ရေကန်တွေ ဟာ မြေသား ခိုင်မာမှု မရှိတဲ့ အောက်ခံမြေပြင်ပေါ်မှာ သဘာဝ မဟုတ်ပဲ တည်ရှိလာနေကြ တာဖြစ်တဲ့ အတွက် အခုနှစ်လို ဟိမ၀န္တာတောင်တွေပေါ် မှာ မိုးသည်းထန် လာရင် ကန်အောက်ခံမြေတွေ ဟာ ပြိုကျ တတ်ပါတယ်။ 

ဒီအခါ ကန်တွေထဲက စုဆောင်း ထားတဲ့ များပြား လှတဲ့ရေတွေဟာ တောင်းဆင်ခြေလျှော တလျှောက် အရှိန် အဟုန်နဲ့စီးဆင်း လာတတ်ကြပါတယ်။ ရေစီးနှုန်းပြင်းထန် လွန်း လို့ တောင်ပေါ်ဆူနာမီ(Mountain Tsunami) လို့တောင်ခေါ်ကြပါတယ်။
 


ကချင်ပြည်နယ် မှာ သတိရှိကြဖို့ဒါတွေ ကို ပညာရှင်တွေ က သတိပေးနေပြီ။ ၂၀၀၄ ခုနှစ် ဇူလိုင်လ တုန်း က မြစ်ကြီးနားမြို့ မှာ တစ်နေ့ထဲနဲ့ရေ (၂၄)ပေကျော် တက်သွားလို့ မြစ်ကြီးနားမြို့ ရေမြုပ် သွားခဲ့ရတာကို မှတ်မိ ဦးမှာပေါ့။


 ဒေါက်တာထွန်းလွင်
-----------------------------------------------------------------------------------------
Himalayan Outburst Lakes May Be Increasing GLOFs
By Brett Walton on 2010-06-29Maung Maung Than
July 26 at 9:41am • Edited •
--------------------------------------
 

 Tun Lwin's photo.



Maung Maung Than
July 26 at 9:41am • Edited •
 

-မြတ်စွာဘုရား
ကချင်ပြည်နယ် ထိပ်ဆုံး က ရေခဲကန်ကြီးတွေ ရဲ့  GLOFF Glacier Lake Run Off ကလဲ ဖြစ်ရမဲ့ အချိန်ရောက်နေပြန်ပြီ နောက်ဆုံးဖြစ် ခဲ့တာ ၂၀၀၄ မှာ ကျနော် ၂၀၀၃ နီပေါ က ပြန်လာတော့ သတိပေး ခဲ့တာ အကိုကြီးနှစ်ယောက်က ဝေးတယ် မလုပ်နိုင်ဘူး ဆိုတာ သတိရနေတယ်။


 ရေခဲရေတွေ ငါးမိနစ်လောက် စိမ်လိုက် တာနဲ့ လူ တိရိစ္ဆာန် အကုန်သေရတာ၊ ပူတာအို မြစ်ကြီးနား အထက် များ ဒီ ကိစ္စက အရင်တခါ ပဲ စာရေးခိုင်းဘူးတယ် Weekly ကို၊
-
ဒီ ကန်တွေရဲ့ ဆည်ဘောင်တွေ ဟာ မြေသားတွေ နောက် အထက်ဘက် က ဒါမျိုး ကန်တွေ ကျတော့ ရေခဲ နဲ့ မြေသားတွေ၊ ရေတွေ ပြည့် လာပြီး ရေဒဏ် ကို မခံနိုင်တဲ့ အခါမှာ ရှစ်နှစ် ကို တကြိမ်လောက် ကျိုးတယ်၊ ဆည်ကျိုး သလိုပဲ ရေခဲရေတွေ ကျ လာတယ် အထူး သဖြင့် မိုး အရမ်းများ တာနဲ့ တိုက်ဆိုင်ရင် Glacier Lake Run Off GLOFF လို့ ခေါ်တယ် ။ 


နီပေါတို့ ဘူတန် တို့ မှာ အင်မတန်ကြောက် စရာပေါ့၊ Mountain Tsunami လို့ ခေါ်ရိုး ရှိတယ် - မြန်မာ မှာ ကျနော် မေးဘူး တယ် ဖြစ်တယ်လို့ ပြောတယ် ၂၀၀၄ တုံးက အဲဒီလို ဖြစ်တယ်လို သံသယ ရှိခဲ့ဘူးတယ် မိုးဇလ ကတော့ တရုတ်ပြည်ဘက် က မြစ်ကြောင်းပြောင်းဝင် လာတယ်လို့ ပြောတယ်၊ 

ကချင်တွေ ကတော့ အဲဒီ ကန်ကြီးတွေ ကျိုးတတ်တယ်ပြောတာပဲ desk study ပြန်လုပ် သင့်တယ်၊ ဓါတ်ပုံတွေ ပြန် ရှာပြီး ၂၀၀၄ ပူတာအို မြစ်ကြီးနားရေကြီးတာ ကတော့ အဲဒီ လက္ခဏာတွေ ပဲ မမှန်ရင် ဘာမှ မဖြစ်နိုင်ပေမဲ့ မှန်ခဲ့ရင် ဒီ အချိန်ကနေ ၁၀နှစ် ဖြစ်နိုင်ပါတယ် ။
 

ကို Khun Khon Ja   နဲ့ ကချင် မိတ်ဆွေများ သတိပေးပါတယ်။

 Tun Lwin


No comments:

Post a Comment