Saturday, August 22, 2015

သင် မသိသေးတာတွေ ကို တအံ့တသြ သိစေရမယ်




မြူ's photo.


 ဖတ်ကြည့်လိုက်ပါ .........

၁) သင့် လည်ချောင်း ထဲက ယားနေတယ် ဆိုရင် နားရွက်ကို ကုတ်လိုက်ပါ... နားရွက်မှာ ရှိတဲ့ အာရုံကြောတွေ ကို လှုံ့ဆော်မိတဲ့ အခါ အဲ့ဒီ အာရုံကြောတွေဟာ လည်ချောင်းထဲ ကကြွက်သားတွေကို အလို အလျောက် ရုတ်တရက်တုံ့ပြန်စေပြီး ယားယံမှု ကို ပျောက်ကင်းပါလိမ့်မယ်....
 

၂) လူတွေ ဆူညံနေတဲ့နေရာ မှာ ဒါမှ မဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက် ရဲ့ အသံကို မကြားနိုင်ဖြစ်နေ ပါသလား.... ရုတ်ချည်းပြောလိုက်တဲ့ အသံကိုကြားဖို့ ဆိုရင်တော့ ညာဘက် နားကို အသုံးပြုပါ... ဂီတ သံစဉ်တွေကို နားထောင်ဖို့ ဆိုရင်တော့ ဘယ်ဘက် နားကို အသုံးပြုပါ....
 

၃) သန့်စင်ခန်း ဒါမှမဟုတ် တခြား သင့်တော်တဲ့ တစ်နေရာရာ နဲ့ အလှမ်းဝေး နေတဲ့ အချိန်မှာ သင့် အနေနဲ့ အလွန် အမင်း အခင်းကြီးငယ် သွားချင်နေတယ် ဆိုရင် သင့် ရဲ့ ချစ်သံယောဇဉ်လေးတွေ အကြောင်း စိတ်ကူး ယဉ်လိုက်ပါ... ဒါက သင့်ဦးနှောက် ကို အာရုံလွှဲပြောင်းပေးနိုင်ပါတယ်....
 

၎) ဆရာဝန်က သင့် ကိုဆေးထိုးတော့မယ် ဆိုရင် ဆေးထိုးအပ် ဝင်တာ နဲ့ ချောင်းဟန့် လိုက်ပါ...ချောင်းဆိုးချောင်းဟန့် တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအား ကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာပေးပို့တဲ့ အခါမှာ ကန့်သတ် ထားစေနိုင်ပါတယ်...
 

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့ အခါမျိုး... အသက်ရှူ    လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်း အပေါ်ဘက်နံရံမှာ ဖိကပ် ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ချောင်းနဲ့ ဖိထားလိုက်ပါ... ဒီ အနေ အထား အတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုး ကိုလှုပ်ခါစေနိုင်ပြီး ပိတ်ဆို့နေ တာတွေ လျော့ ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....
 


၆) အစားကောင်း အသောက်ကောင်းတွေ အားပါး တရ စားပြီး အရမ်းပြည့်အင့်ကာ အိပ်ချင်လာပြီ ဆိုရင် ဘယ်ဘက် ကိုစောင်းပြီး လှဲလျောင်းပါ... ဒီပုံစံဟာ သင့်အစာအိမ် ကို အစာပြွန်ထက် ပိုနိမ့်တဲ့ အနေ အထား မှာ ရှိတဲ့အတွက် အစာချေရည် အက်ဆစ်ပြောင်းပြန်စီးဆင်းမှု ကို တားဆီးပေးပြီး အစာချေ ရည် တွေသင့် လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထားနိုင်ပါတယ်...
 

၇) သင် သွားကိုက်တယ် ဆိုရင် ရေခဲတုံး တစ်တုံးနဲ့ လက်မနဲ့ လက်ညိုးကြား က လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်... အဲ့ဒီနေရာ က အာရုံကြောဟာ ခံတွင်းက နာကျင်မှုဝေဒနာ ကို သိတဲ့ ဦးနှောက် ရဲ့ အစိတ်အပိုင်း ကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင်ပါတယ်...
 

၈) သင် အလွန်အကျွံ အရက်မူးတဲ့ အခါ အခန်းတစ်ခုလုံး ချာချာလည် လာပြီး ဟန်ချက် ထိန်းနိုင်အောင် တစ်ခု ခုကို ဆုပ်ကိုင် ထားရပါတယ်... ဘာကြောင့်လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲ က ဟန်ချက် ထိန်းတဲ့ အစိတ်အပိုင်းရဲ့ သွေး ကို ရေဓာတ်လျော့ ပါးပြီး အားနည်းစေ လို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင် လိုက်တဲ့အခါ ဦးနှောက် က နောက်ထပ် ရည်ညွန်းမှတ် တစ်ခုကို ရရှိ သွားပြီး ချာချာ လည်ခြင်းကရပ်အောင် လုပ်ဆောင်ပေးပါတယ်....
 

၉) နှာခေါင်းသွေးယိုတဲ့ အခါ နှာခေါင်းအောက်နားမှာ ရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ် က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကို ခုပြီး ခပ်နာနာလေး ဖိပေးပါ... နှာခေါင်းက ယိုတဲ့သွေး အများစုဟာ နှာခေါင်း အလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့ အတွက် ဒီလို ဖိလိုက်ရင် သွေးယို ရပ်သွားစေနိုင်ပါတယ်...
 

၁၀) စိတ်လှုပ်ရှားထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vagus လို့အမည်ရတဲ့ အာရုံကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက် ရှူခြင်းဖြင့် သင်တည်ငြိမ်မှု ရလာ ပါလိမ့်မယ်...
 

၁၁) ရေထဲ မှာ ခဏလောက် အသက်ရှူချင် သလား... ရေထဲကို မဆင်းခင် အသက် တဝကြီး ရှူတာ ပုံမှန် ထက်မြန်မြန်ပြင်းပြင်း ရှူတာမျိုးလုပ်မယ့် အစား ရှူသွင်း ရှူထုတ်ခြင်း ကို အချိန်တို အတွင်းများများ လုပ်ဆောင် လိုက်ပါ... ဒီလို လုပ်ခြင်းဟာ သင့်ဦးနှောက် ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပို ကြာကြာနေနိုင်ပါလိမ့်မယ်....
 

၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့ အခါမှာ ပါးစပ် အပေါ်နံရံ ကနေပြီး ခေါင်းထဲ ထိ ထိုးကိုက် တာမျိုးဖြစ်တတ် ပါတယ်... အဲ့ဒါ ကို Brain freeze လို့ခေါ်ပါ တယ်... အဲ့လိုဖြစ်တဲ့ အခါ သင့် လျှာကို ပါးစပ် အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ် ထားပါ... လျှာနဲ့နေရာ များများ ထိနိုင်သမျှ ထိအောင် ကပ်ထားပေးရ ပါမယ်... 

]brain freeze ဟာ ခံတွင်း နံရံမှာ ရှိတဲ့ အာရုံကြောကို အလွန် အမင်းအေးစေတဲ့ အခါဦးနှောက်ကခန္ဓာကိုယ်
တစ်ခုလုံးအေးနေတယ်လို့ ယူဆသွားတဲ့အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကို နာကျင်ကိုက် ခဲတဲ့ အထိ အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်း အပေါ်နံရံ ကို လျှာနဲ့ ကပ်ပြီး အနွေး ဓာတ်ပေးခြင်းဖြင့် သင့်ဦးနှောက် ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေပါတယ်....
 

၁၃) သင့်ရဲ့လက်တွေ အိပ်ပျော်တဲ့ အခါမှာ လက်တွေ ဟာ ဘေးတစ်ဘက် တစ်ချက် ကို လွှဲပြီး လှုပ်ရမ်းနေ ပါတယ်... ဒီ အခါမှာ လက်တွေ ကပြန်နိုး လာပြီး တစ်မိနစ် အတွင်းမှာပဲ အပေါ်ပြန်တက် လာပါတယ်... လက်တွေ ဘာကြောင့် အိပ်ပျော်လဲ ဆိုတော့ လည်ပင်းမှာ ရှိတဲ့ အာရုံကြောတွေကြောင့်ဖြစ်ပြီး လည်ပင်းကို အသာ အယာနှိပ်နယ်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေ အိပ်ပျော်တယ် ဆိုတာ ခန္ဓာ ကိုယ်အောက်ပိုင်း  ကို ထိန်းချုပ် ထားတဲ့ အာရုံကြောတွေကြောင့်ဖြစ်ပါတယ်... ဒီလို မဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ လိုပါလိမ့်မယ်....
 

၁၄) ကြို့ထိုးနေ သလား... လက်မ နဲ့ လက်ညိုး ကို ကြို့ထိုး မရပ်မချင်း မျက်ခုံးပေါ်မှာ ဖိထားပါ... မကြာ ပါဘူး... ခဏနေရင် ရပ်သွား ပါလိမ့်မယ်..


'' စာဖတ်ပြီးရင် သစ်သီးလေးတွေ စားကြပါအုံး . 

 
 မြူ's photo.မြူ's photo.
 

 မြူ
 ရွှေအိမ်စည် စာကြည့်တိုက်

No comments:

Post a Comment