Sunday, August 16, 2015

လေးဘက်နာ အတွက် သဘာဝဆေးကောင်း တစ်လက်




လေးဘက်နာ၊ အဆစ်အမြစ်နာနှင့် အကြောရောဂါ ဝေဒနာ များ အတွက် သဘာဝဆေးနည်းကောင်းလေး ကို ကျန်းမာရေး သတင်းများ မှ မျှဝေပေးလိုက်တယ်။

ဆေးနည်း-

(၁) ရှောက်သီး တစ်ခြမ်း ကို ထမင်းစားဇွန်း တစ်ဇွန်းခန့် ရအောင် အရည်ညစ်ယူပါ။

(၂) ချင်း (ဂျင်းတက်) ကို ထုထောင်း ၍ လက်ဖက်စားဇွန်း တစ်ဇွန်း ခန့်ရအောင် အရည်ညစ်ယူပါ။

(၃) သဘာဝ ပျားရည် စစ်စစ် ထမင်းစားဇွန်း တစ်ဇွန်း ခန့် ထည့်ပါ။

(၄) ၄င်း ၃ မျိုး ကို ဖန်ခွက် တစ်ခွက် ထဲတွင် အတူရောမွှေ ၍ ရေနွေးကြမ်းနှင့်သော်၎င်း၊ ရေအေးနှင့်သော် ၄င်း မနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ်သောက်ပါ။



 



ပျားရည် ကို သဘာဝ ပျားရည်၊ ရှောက်သီး ကို ရှောက်ခါးသီး (တောရှောက်သီး) ဆိုလျှင် ပိုကောင်းပါသည်။

၎င်း သဘာဝဆေး ကို ပုံမှန်သောက်သုံးပေး ပါက အဆစ် အမြစ်နာဖြစ်ခြင်း၊ ကိုက်ခဲခြင်း၊ အညောင်း အညာဖြစ်ခြင်း တို့မှ သက်သာပျောက်ကင်းစေပါသည်။

လူတိုင်း အနာရောဂါ ကင်းဝေး၍ ကျန်းမာစွာ အသက် ရှည်နိုင်ကြပါစေ။

( မျှဝေပေးခြင်းဟာ လည်းမေတ္တာ တစ်မျိုးပဲ မို့ မျှဝေပေးပါနော် )

စောနွဲ့နေဆိုင် (တိုင်းခမ်းတီ)
ကိုးကား ။ ။ မြန်မာ့ရိုးရာဆေးကျမ်းများ

Credit to ကျန်းမာရေးသတင်းများ

 သက်ရှည်ကျန်းမာ

No comments:

Post a Comment