Wednesday, August 5, 2015

မြန်မာ အစိုးရ က နိုင်ငံတကာ အကူအညီ တောင်းခံ



လူ ၂ သိန်းကျော် ရေဘေး ဒုက္ခနဲ့ ကြုံတွေ့နေရ။ 



  မြန်မာ နိုင်ငံ မှာ ဆိုးရွား လှတဲ့ ရေဘေး ဒဏ်နဲ့ ကြုံတွေ့ နေကြရသူတွေ အတွက် အကူ အညီတွေ ပေး ကြ ဖို့ မြန်မာ အစိုးရ က ပထမဆုံး အကြိမ် နိုင်ငံတကာ ကို မေတ္တာ ရပ်ခံလိုက်ပါတယ်။
 

ရေလွှမ်းမိုးမှု နဲ့ မြေပြို မှု တို့ကြောင့် အတိဒုက္ခ ရောက်နေကြ တဲ့ နိုင်ငံအနှံ့ က လူ နှစ်သိန်းကျော် အတွက် နေ ရာ ထိုင်ခင်း နဲ့ စားစရာ အလုံအလောက် ပေးနိုင်ရေး မှာ မြန်မာ အစိုးရ အတွက် အခက်အခဲ ရှိနေတာ ဖြစ် ပါ တယ်။
 

ရေဘေး အန္တရာယ် ကြိုတင် သတိပေးမှု နဲ့ ကယ်ဆယ်ရေးတွေ လုပ်ဆောင်တဲ့ အပိုင်း မှာ အစိုးရ ဘက်က အားနည်းချက်တွေ ရှိခဲ့တာကို လည်း သမ္မတ ရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် က အစိုးရ သတင်း မီဒီယာတွေမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။
 

ရေဘေးဒဏ် ဆိုးဆိုး ရွားရွား ကြုံတွေ့ခဲ့တဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း က ကလေးမြို့ပေါ်မှာ အခုတော့ ရေပြန်ကျ သွားပြီ ဖြစ်ပေမယ့် ချင်းတွင်း နဲ့ ဧရာဝတီမြစ် ဆုံ တဲ့ အောက်ပိုင်းက ရွာတွေ မှာတော့ ရေတွေ မြုပ်နေဆဲ ဖြစ်ပါတယ်။







 



 မြစ်ဝကျွန်းပေါ် ဒေသ ဧရာဝတီ တိုင်းထဲ က ဒေသ တစ်ချို့ မှာလည်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေပြီး မွန်ပြည်နယ် ကရင်ပြည်နယ် က ဒေသတွေ မှာလည်း မြစ်ရေ လျှံတက် နေပါတယ်။
 

၂၀၀၈ ခုနှစ်မှာ ဆိုင်ကလုန်း နာဂစ်ကြောင့် လူ အများအပြား သေကြေ ပျက်စီးခဲ့ချိန် ကတော့ အဲဒီအချိန်က တိုင်းပြည် ကို အုပ်ချုပ် ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေ က ပြည်ပ အကူအညီတွေ ကို လက်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။
 


BBC Burmese
 http://www.bbc.com/burmese
 http://www.searchmyanmar.com/link/frame/cid/52811

No comments:

Post a Comment