Sunday, August 9, 2015

ကြက်ဟင်းခါးသီး အရည်

 Today Myanmar's photo.

 ကမ္ဘာပေါ်ရှိ နေရာဒေသ အတော်များများ တွင် ကြက်ဟင်းခါးသီး ကို အချက်အပြုတ် ဆိုင်ရာများ အတွက် နှင့် အပယိက ဖျားနာမှုများ အတွက် သဘာဝဆေး အဖြစ် အသုံးပြုခဲ့ကြပါတယ်။ 

အထူးသဖြင့် ကြည်ဟင်းခါးသီး အရည် ဟာ သွေးအတွင်း ရှိ သကြားပမာဏ ကို လျှော့ချပေးနိုင်ခြင်းကြောင့် ဆီးချို  အမျိုးအစား ၂ (Type 2 Diabetes) အတွက် အသုံးပြု သည်။ 

ဗိုက်တာမင်နှင့် သတ္ထုဓါတ်များဖြစ်ကြသည့် ပိုတက်ဆီယမ်၊ ဖေါလိတ် (ဗိုက်တာမင် K9)၊ ဗိုက်တာမင်စီ နှင့် ဗိုက်တာမင်ကေ တို့ ပါဝင်သည်။

အစွန်းအထင်း၊ အမည်းကွက်များ မပါ ရှိတဲ့ ကြက်ဟင်းခါးသီး ၄လုံး သို့မဟုတ် ၅လုံးခန့် ကို ရွေးချယ်ပါ။ လတ်ဆတ် ၍ အစိမ်းရောင်သမ်းနေသော ကြက်ဟင်းခါးသီး ကိုသာရွေးပါ။ အဝါရောင်၊ လိမ္မော်ရောင် သမ်းသော ကြက်ဟင်းခါးသီး များ မပါပါစေနှင့်။

ကြက်ဟင်းခါးသီး ကို အလျှားလိုက် ခွဲ၍ အစေ့ များကို ဖယ်ထုတ်ပါ။ ၄င်း အစေ့များ သည် စားသုံးနိုင်သော်လဲ အချို့သော လူများတွင် ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်း များဖြစ်စေနိုင်သည်။

တစ်လက်မ အရွယ်ခန့် အတုံးများ တုံးပါ။ အခွံသင် စရာ မလိုပါ။ တကယ်လို့ အရည် ကို ဟင်းချက် ရာမှာ အသုံးပြုချင် ရင်တော့ ဖြတ်ပြီး သား အတုံးလေးများ ကို ဆားရေအေး မှာ နာရီဝက် ခန့် စိမ်ခြင်းဖြင့် အခါး အရသာကို လျှော့ချနိုင်ပါတယ်။ 

အခု အတုံးလေးများ ကို မွှေစက် သို့မဟုတ် အရည်ညှစ်စက် ထဲ ထဲ့၍ နှစ်သက်ရာ အနေ အထားရအောင် အရည်ပြုလုပ်ပါ။



ပြီးလျှင် ပိတ်ပါး ထဲ ထဲ့၍ အရည်ညှစ် ယူပါ။ ထို အရည် ကို ဖန်ဗူး၊ ပလပ်စတစ်ဗူးများ အတွင်း ထဲ့ ၍ ရေခဲသေတ္တာ ထဲ တွင် ထဲ့သိမ်း ကာ တပတ် အတွင်း ကုန်စင်အောင်သောက် ဖို့ဖြစ်ပါ တယ်။

 ရေခဲ အတုံးလေးတွေ လုပ်ပြီး သိမ်းထားရင်တော့ ၃လ ခန့် အထိ သိမ်းထားနိုင်ပါတယ်။ အရည် ၏ အကျိုး အာနိသင် သက်ရောက်မှု ဟာ အသီး ရဲ့ အနု အရင့်ပေါ်မှာ မူတည်တဲ့ အတွက် သွေး အတွင်း သကြား ပမာဏလျှော့ချနိုင်မှု သည် ထို အရည် ပြုလုပ်သည့် အကြိမ်တိုင်း မှာ အပြောင်းအလဲ ရှိနိုင်ပါတယ်။

သမားတော်တွေ ရဲ့ ကြီးကြပ် လမ်းညွှန်မှု မပါပဲ နဲ့ ဆိုးရွား တဲ့ အခြေအနေတွေ မှာ ကြက်ဟင်းခါးရည် ကို အသုံးပြုရန် မကြိုးစား ပါနှင့်။ ဆီးချို  ချဖို့ အသုံးပြုချင်ရင် သွေးအတွင်း သကြားပမာဏ ကို အမြဲတန်း စစ်ဆေးပြီး သမားတော် နဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။

ကြက်ဟင်းခါးသီး ဟာ နေရာဒေသတော်တော် များများ မှာ ဟင်းလျှာ အဖြစ်သော် လည်းကောင်း ဆေး အဖြစ်သော်လည်းကောင်း စားသုံးနေကြတယ် ဆိုပေမဲ့ ကိုယ်ဝန် ရရှိရန် ကြိုးစားနေသူများ၊ ကိုယ်ဝန်ဆောင် သည် များနှင့် ကလေးများ စားသုံးရန် မသင့်တာ ကို သတိပြုပါ။


ဝင်းလှိုင်ဦး
 Today Myanmar

No comments:

Post a Comment