Friday, September 4, 2015

သဒ္ဓါ သီလ တူမျှပါစေ

Buddha, Dhamma, Sangha - ရတ်ပိပြကာ's photo.



ခင်ပွန်း က ကုသိုလ်ပြုလျှင် ဇနီးဖြစ် သူ ကုသိုလ်ရ/ မရ
နှင့် ဇနီး ကုသိုလ်ပြုလျှင် ခင်ပွန်းဖြစ်သူ ကုသိုလ် ရ /မရ


(မေး)
ဆရာတော်ဘုရား၊ အချို့က ပြောကြပါသည်၊ ဇနီးမောင်နှံ များတွင် ဇနီးဖြစ်သူ က ကုသိုလ် လုပ်လျှင် ခင်ပွန်းဖြစ်သူ က အလို အလျောက် ကုသိုလ် ရ၍၊
 

ခင်ပွန်းဖြစ်သူ က ကုသိုလ် လုပ်လျှင် ဇနီးဖြစ်သူ မှာ အမျှဝေ၍ သာဓုခေါ်နိုင် မှ ကုသိုလ်ရသည်-ဟု ဆိုပါသည်၊ ၄င်းမှာ အရပ် စကားလား၊ တကယ်လား ဆိုတာ သိလိုပါသည် ဖြေကြားတော်မူပါဘုရား။

( ဖြေ )
ဇနီး လှူ၍ ခင်ပွန်းရသည် မှာ စေတနာ သဒ္ဓါ တူမှ သာ ရနိုင်ပါသည်။
ခင်ပွန်း က စေတနာ သဒ္ဓါ တရား မရှိလျှင် မရနိုင်ပါ။
ခင်ပွန်း လှူ၍ ဇနီးရရန်မှာ လည်း ထို့ အတူပင် ဖြစ်ပါသည်။


အင်္ဂုတ္တရ စတုက္ကနိပါတ ၌
မိန်းမ ယောက်ျား နှစ်ဦး စလုံး ယုတ်ညံ့သော လူသေယောက်ျား လူသေ မိန်းမ အတွဲ။
မိန်းမ သီလ ရှိ, ယောက်ျား ယုတ်ညံ့သော နတ်သမီးနှင့် လူသေ အတွဲ။
ယောက်ျား သီလ ရှိ, မိန်းမ ယုတ်ညံ့သော နတ်သားနှင့် လူသေ အတွဲ။
ယောက်ျား မိန်းမ နှစ်ဦးလုံး သီလ ရှိသော နတ်သား နတ်သမီး အတွဲ-ဟူ၍ လေးမျိုးရှိသည်။


 

လှူဒါန်းပေးကမ်း ကုသိုလ် လုပ်ရာ ၌ နတ်သား နတ်သမီး အတွဲ မျိုးသာ ကုသိုလ်တူ ရနိုင်၍ ကျန် အတွဲများ၌
လူသေ ဥပမာ-ယောက်ျား မိန်းမ တို့မှာ ကုသိုလ် တရား မဖြစ်ထွန်းနိုင်။


တနည်း အားဖြင့် လင်နှင့် မယား ကုသိုလ်တူ ရ၍ ဘ၀ဆက်တိုင်း လက်တွဲနိုင်ရန် ဘုရားဟောသည် မှာ-

သမသဒ္ဓါ-တူမျှသော သဒ္ဓါ တရား ရှိခြင်း။
သမသီလ-တူမျှသော အကျင့် သီလ ရှိခြင်း။
သမစာဂ-တူမျှသော လှူဒါန်း စွန့်ကြဲမှု ရှိရခြင်းနှင့်
သမပညာ-တူမျှသော ( ကမ္မဿ          ကတ ဉာဏ်ပညာ) ကံ ကံ ၏ အကျိုးကို ယုံကြည်မှု ဉာဏ်ပညာ ရှိကြ ရ မည် ဖြစ်ပါသည်။


(ဆရာတော်ရဝေထွန်း - အရှင်တိလောကသာရ)
ဓမ္မရံသီ website မှ တဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတ တိုးပွားနိုင်ကြပါစေခင်ဗျာ)


(ကျွန်တော့်၏ Post များမှ ဓမ္မတရားတော်များ ကို အများသူငါ ဖတ်ရှုလေ့လာ ကုသိုလ်ပွားနိုင်ရန် အတွက် ထပ်ဆင့် ၍ဝေမျှ Shareခြင်းဖြင့် ကုသိုလ် ယူနိုင်ကြပါသည်ခင်ဗျာ)

 Buddha, Dhamma, Sangha - ရတ်ပိပြကာ

No comments:

Post a Comment