Saturday, September 19, 2015

၁၉၄၃ - ကမ္ဘာကျော် စမ်းသပ်မှု တစ်ခု အကြောင်း( ဖြစ်ရပ်မှန်)



 

ယုံကြည်ရန် ခက်ခဲ လာသော ခေတ်ပေါ် နည်းပညာများ

အမေရိကန်ပြည်ထောင်စု တပ်မတော်တွင် အသုံးပြုရန်ရည် ရွယ်၍ ထုတ်လုပ်နေသော ကိုယ်ပျောက် ၀တ်စုံသည် အောင်မြင်လု နီးပါးရှိနေပြီ ဟု သိရသည်။ တစ်စ တစ်စ တိုးတက် လာသော သိပ္မံနည်း ပညာများ သည် ယုံကြည်ရန် ခက်ခဲလာသည်။


 ရေဒီယို၊ တီဗီ၊ ဂြိုလ်တု၊ မောင်းသူမဲ့လေယာဉ်၊ ကွန်ပြူတာ အစရှိသည့် ခေတ်ပေါ် ကိရိယာများသည် အံ့ဖွယ် များပင်ဖြစ်သည်။ ယင်း ကိရိယာများ မပေါ်ခင် ယင်း ကိရိယာများ၏ အလုပ်လုပ်ပုံ ကိုပြောပြလျှင် မည်သူမျှ ယုံမည်မဟုတ်ပေ။ 

ကမ္ဘာတစ်ခြမ်း တစ်နေရာမှ ဖြစ်ပျက်နေသည် တို့ကို ရုပ်ရော အသံရော တစ်ပြိုင်နက်ကြားနိုင်မြင်နိုင် ရခြင်းသည် ရှေးယခင် ခေတ်က ဆိုလျှင် သဘာဝလွန် စွမ်းအင် များကို ပိုင်ဆိုင်မှ သာလျှင် ဖြစ်နိုင်မည် ဟုယူ ဆကြလိမ့်မည်။ 

ယခု အမေရိကန်တို့ စမ်းသပ်နေသော ကိုယ်ပျောက်ကား များနှင့် ကိုယ်ပျောက် ၀တ်စုံ တို့မှာ ဆန်းသည်ဟု ထင်ရသော်လည်း မဆန်းပါ။

လွန်ခဲ့သည် နှစ်ပေါင်း ၆၀ ခန့် ကပင် သင်္ဘောကြီး တစ်စီးလုံးကို ပျောက်အောင် ဖျောက်နိုင်ခဲ့သည် မှာလဲ အမှန်ပင်ဖြစ်သည်။




၁၉၄၃ - ကမ္ဘာကျော် စမ်းသပ်မှု ၏ အစ  Philadephia Experiment

ထူးဆန်းသော ပညာရှင်ကြီး တက်စလာ သည် ၁၉၄၃ ခုနှစ်တွင် စမ်းသပ်မှု တစ်ခုကိုပြုလုပ်ခဲ့သည်။ ထို စမ်းသပ်မှု ကို အစ က လျို့ဝှက်ပြုလုပ်ခဲ့သော်လဲ စမ်းသပ်မှု တွင် ကိုယ်တိုင် ပါဝင်ခဲ့သူများ မှ ပေါက်ကြားကာ ကမ္ဘာကျော် ခဲ့သော စမ်းသပ်မှု တစ်ခုဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် Philadephia Experiment အမည်နှင့်ပင် ရုပ်ရှင်ကား တစ်ကား ထွက်ရှိခဲ့သည်။

Experiment စပြီ

မူလ အစ ၁၉၃၆ ခုနှစ်ပိုင်း ကတည်းက ဤ စမ်းသပ်မှု ကို တိရိစ္ဆာန် များဖြင့်စမ်းသပ်နေခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့တွင်ကား ကမ္ဘာကျော် Philadephia Experiment ကို သင်္ဘောသား အစုံ အလင်ဖြင့် USS Eldrige သင်္ဘောပေါ်တွင် စမ်းသပ်ခဲ့သည်။ 



သင်္ဘောသား များကို အသိ မပေးပဲ ရုတ်တရက်  စမ်းသပ်ခဲ့ခြင်းဖြစ် သည်။ စမ်းသပ်မှု စတင်လိုက်သည်နှင့် တစ်ပြိုင်နက် သင်္ဘောပေါ် တွင် တပ်ဆင် ထားသော ဂျင်နရေတာ များ မီးလောင်ကျွမ်း သွားကာ ယင်းနှင့် ဆက်နွယ်နေသော ခလုပ်များ အားလုံး ပျက်စီးသွားခဲ့သည်။ 

သို့သော် သင်္ဘောကြီး များ မြင်ကွင်း မှ ဖြည်းဖြည်းခြင်းပျောက်ကွယ် သွားတော့သည်။ သင်္ဘောကြီးနှင့် သင်္ဘောပေါ် ရှိ အရာရှိရေတပ်ဖွဲ့ဝင် တို့သည် (၄) နာရီကြာမျှ မြင်ကွင်း မှ ပျောက်ကွယ် သွားတော့သည်။

အချို့သော ဖော်ပြချက် တို့တွင် အပြာရောင် အလင်းတန်းကြီးများ လျှပ်တစ်ပြက်ပေါ် လာပြီး ပျောက်ကွယ် သွားခဲ့သည် ဟုဆိုသည်။ သင်္ဘောကြီးပျောက်ကွယ် သွားသည် နှင့်တစ်ပြိုင်နက် သင်္ဘာကြီး သည် (၃၇၅) မိုင် အကွာအဝေး တွင် တည်ရှိသော ဗားဂျီးနီးယားပြည်နယ် ရှိ နော်ဖော့(Norfolk) ရေတပ် အခြေစိုက် စခန်းတွင် သွားပေါ်နေသည်။ (၄) နာရီကြာသော အခါ ဖီလာဒဲဗီးယား စခန်း၌ပြန်ပေါ်လာသည်။

သင်္ဘော ပတ်ပတ်လည်တွင် အစိမ်းရောင်မြူ    ခိုးများ ရစ်ဝဲလျက်ရှိနေပြီး သင်္ဘောပေါ်တွင် ပါသွားသော သင်္ဘောသား အချို့လဲ ပျောက်ဆုံးနေခဲ့ သည်။ အချို့  မှာ သင်္ဘော နံရံ တွင် သံမဏိလွှာ များနှင့် တွယ်ဆက် နစ်ဝင်နေခဲ့ သည်။ အချို့မှာ မီးလောင်ကျွမ်းလျက် ရှိကာ အသက်ရှင် ကျန်သော သဘောင်္သား တို့မှာလဲ မှတ်ညဏ် များ ပျောက်ဆုံးနေကာ မိမိနာမည်ပင် မမှတ်မိတော့ချေ။


ဤ စမ်းသပ်မှုအား ဖုံးကွယ်ရန် အမေရိကန်မှ ကြိုးစားခဲ့သော်လဲ နောက်ပိုင်းတွင် အတွင်း အရာရှိများ မှ ပေါက်ကြား လာခဲ့သည်။ ထို သင်္ဘောသည် အချိန်နှင့် ဟင်းလင်းပြင် ကို ဖြတ်ကာ အမှန်တကယ် ပင် ပျောက် ဆုံးသွားခဲ့ပြီး အခြားနေရာ သို့ ရောက်ရှိနေခဲ့ ပါသလား။ 


လူများမှာလဲ အဘယ့်ကြောင့် မှတ်ညဏ်ပျောက်ဆုံးခြင်း အပါအ၀င် အခြားဆိုးဝါးသည့် အဖြစ်အပျက် များစွာ အဘယ့်ကြောင့်ဖြစ်ခဲ့ရပါ သနည်း။

Tesla သည် လူလော... ဂြိုလ်သားလော

တစ်စထက် တစ်စနာမည်ကြီး လာသော ထို သတင်းကို အမေရိကန် အစိုးရက မည်သို့မျှ ဖုံးကွယ်၍ မရတော့ ။ အမေရိကန် သည် Manhattan Project ခေါ် အနုမြူဗုံး စီမံကိန်းအား တိုးတိုး တိတ်တိတ် စမ်းသပ်ခဲ့ကာ ဟီရိုရှီးမားနှင့် နာဂါစကီ မြို့များပေါ် အမှန် တကယ် ကြဲချလိုက်မှ သာလျှင် တစ်ကမ္ဘာလုံး မှ အံ့အားသင့်ခဲ့ ရသည်။

ယခု ကိစ္စနှင့် ပတ်သက်၍ လည်း ယုံကြည်နိုင်လောက်သော ထူးဆန်းသည့် သဲလွန်စ များ တစ်စ တစ်စ ပေါ် လာတော့သည်။ ၁၉၅၅ ခုနှစ် တွင် ဖြစ်သည်။ မောရစ်ကေဂျက်ဆပ်(Morris K. Jessup) ဆိုသော အပျော် တန်း နက္ခတ် ပညာရှင် တစ်ဦးထံ စာ တစ်စောင် ရောက်လာသည်။ 


စာထဲတွင် ရေးသားသူသည် ထို စမ်းသပ်မှု ၏ မျက်မြင် သက်သေ တစ်ဦးဖြစ်ကြောင်း၊ ယင်းဖြစ်ရပ် ကို အနီး နား တွင် ရှိသော  SSAndrewFuruseth  သဘောင်္ပေါ်မှ အစအဆုံးမြင်တွေ့ လိုက်ရကြောင်းရေးသား ထား သည်။ ဂျက်ဆပ် က ထို စမ်းသပ်မှုအား အသေးစိတ် သိလိုကြောင်း စာပြန်ပို့လိုက်သည်။ ပြန်စာမှာ လ အတော် ကြာမှ ပြန်ရောက် လာခဲ့သည်။

သူပြန်ပြောသည်မှာ သူ့ အနေနှင့်ဂျက်ဆပ်မေးသည်ကို တိုက်ရိုက်ပြန် မပြောနိုင်ကြောင်း မရေမရာ ပြန် လည်ဖြေ ထားခဲ့သည်။
 


စာထဲတွင် သူသည် ယခု ကမ္ဘာပေါ်တွင် မဟုတ်ပဲ အခြားဂြိုလ် တစ်ခု၌နေထိုင်နေပြီဖြစ်ကြောင်း လဲ ရေး သား ထားသည်။ ဂျက်ဆပ် သည် အလွန်စိတ် အနှောက်အယှက်ဖြစ်ကာ ယင်းမှာ သူ့အား အနှောက်အယှက် အနေနှင့် ဆက်သွယ် လာသူ တစ်ဦး သက်သက်ပင်ဖြစ်သည်ဟု ယူဆကာ အဆက်အသွယ် မလုပ်တော့ပေ။

ဂြိုလ်သားများလော.

ဂျက်ဆပ် သည် ယခင် က ပန်ကန်းပြားပျံ များ အလုပ်လုပ်ပုံ အကြောင်း စာတမ်း တစ်ခုပြုစုကာ The Case For UFOs အမည်နှင့် စာအုပ် တစ်အုပ် ထုတ်ဝေခဲ့ ဖူးသည်။ ၁၉၅၇ ခုနှစ်နွေရာသီ တွင် ဖြစ်သည်။ ဂျက်ဆပ် အတွက် အံ့အားသင့်ဖွယ် များ ထပ်ဖြစ်လာသည်။

ဂျက်ဆပ် ၏ အလုပ်ဌာန သို့ ပါဆယ် တစ်ခုရောက်လာသည်။ အထုပ် ထဲတွင် သူ့၏ ပန်းကန်ပြားပျံ အကြောင်း စာအုပ် ပါကာ ယင်း စာအုပ်စာမျက်နှာ တိုင်းတွင်ရှိသော ဖော်ပြချက် များအား အလွန်အဆင့် အတန်းမြင့် လှသော ဝေဖန်ထောက်ပြချက်များကို လက်ရေးမူဖြင့် ပြန်လည် ရေးသားထားသည်။

ရေးသားထားသည့် ပုံစံမှာ လည်း လူ ၃ ယောက် အပြန် အလှန် စကားပြောနေသည့် ပုံစံရေးသား ထား သည်။ လူ တစ်ယောက် ၏ လက်ရေးမှာ လဲ Tesla ၏ လက်ရေးနှင့် အလွန် အင်မတန်ပင် ဆင်တူဖြစ်နေ သည်ကို နောက်ပိုင်းတွင်တွေ့ရသည်။ 


ဤကမ္ဘာ တွင် မဟုတ်ပဲ အခြား ကမ္ဘာတွင် ရှိနေသည့် ပုံစံဖြင့် လက်ရေး မူ ၃ ခု ဖြစ်နေသည်။ ၄င်းတို့၏ မှတ်ချက် များမှာ အလွန် အဆင့်အတန်းမြင့် လှပြီး ဖီလာဒဲဗီးယား အဖြစ် အပျတ်နှင့် ပတ် သက်သော ဝေဖန် မှတ်ချက်ချမှု တို့မှာလဲ ထိုစဉ် ကပေါ်ပေါက်နေသော နည်းပညာများ ထက် မြင့်မားနေကြောင်းသိသာသည်။ ဂျက်လေယာဉ် concept ကို သွယ်ဝိုက် ချပြသွားသည် ကိုလဲ နောက်ပိုင်းမှ သိရသည်။

နောက်ဆုံး ၁၉၅၉ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့တွင် ကား ဂျက်ဆပ် သည် ထူးဆန်းစွာ ပင် အကြောင်းမသိရ ကိုယ့်ကိုကိုယ် အဆုံး စီရင်သွားတော့သည်။

ဤ စီမံကိန်းကို အမေရိကန် အစိုးရက ၀န်ခံထားသည်။ မအောင်မြင်ပါ၊ သင်္ဘောလဲ ပျောက် မသွားပါဟု ဖြေ ရှင်း ထားသည်။

သို့သော် ဂျက်ဆပ် ထံသို့ ရောက်ရှိ လာသော စာများနှင့် ပတ်သက် ၍ နှုတ်ပိတ်နေခဲ့ ရသည်။ ဘာမှ မပြောနိုင် ။ လက်ရေးမူ ၃ ခု တွင် တစ်ခုမှာ တက်စ်လာ ၏ လက်ရေးနှင့် တူနေရသည် မှာလဲ အလွန် ထူး ဆန်းသော အချက်ဖြစ်သည်။ 


တက်စ်လာ မှာ ၁၉၄၃ ခုနှစ် တွင် သေဆုံးပြီးဖြစ်သည်။ မှတ်ဥာဏ် များ ပြောက်ကွယ် သွားသော သင်္ဘောသား တို့မှာလဲ အမှန် တကယ်ပင်ဖြစ်သည်။  ဤစီမံကိန်းသည် မည်သို့သော စီမံကိန်းဖြစ်သနည်း။

ကိုယ်ပျောက်ရန်အချက်

အမေရိကန် စစ်ဖက်ရေးရာ များတွင် တာဝန်ထမ်းဆောင်နေသော ဒေါက်တာဖရန်ကလင်နို က Unified Field Theory ကို တင်ပြထားသည်။ သီအိုရီ ကို အကြမ်း အားဖြင့်ပြောသော် ကမ္ဘာ့ဆွဲအား စက်ကွင်း နှင့် လျှပ်စစ်သံလိုက် စက်ကွင်း တို့ တစ်ခုနှင့် တစ်ခု အံဝင် ခွင်ကျ ပေါင်းစည်းနိုင်အောင် လုပ်နိုင်တဲ့ ကိရိယာ ကိုသာ ထုတ်နိုင် ခဲ့လျှင် အရာဝထ္ထု  တစ်ခုကို ခြုံလွမ်း ထားသော အလင်း များကို ယိုင်သွားစေပြီး ယင်း အရာဝထ္ထု သည် မြင်ကွင်း မှ ပျောက်ကွယ် သွားမည်ဖြစ်သည်။


၁၉၄၃ - ကမ္ဘာကျော်စမ်းသပ်မှု နှင့် ပတ်သက်သည့် ဓာတ်ပုံများ


 
.



 




No comments:

Post a Comment