Saturday, October 17, 2015

လက်ဖက်ခြောက် ခပ်ထားသည့် ရေနွေးကြမ်း သည် ဆေးတစ်ခွက် ဖြစ်သည်

ဗဟု သုတ's photo.



 မြန်မာ့ရိုးရာ ဓလေ့ထုံးစံ အရ နေ့စဉ် သောက်သုံးနေသော လက်ဖက်ခြောက် ခပ်ထား သည့် ရေနွေးကြမ်း သည် ဆေး တစ်ခွက် ဖြစ်သည် ဟု ဆိုလျှင် မှားမည် မထင်ပေ။ 

ယနေ့ သုတေသန ပြုလုပ်မှု အရ လေဖြတ်မှု အန္တရာယ် ကို ကာကွယ်ရန် အတွက် နေ့စဉ် ရေနွေးကြမ်း အနည်း ဆုံး လေးခွက် သောက်သုံး သင့်ကြောင်း တွေ့ရှိခဲ့သည်။

 နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သုံးသူ သည် ရေနွေးကြမ်း လုံးဝ မသောက်သော သူ များ ထက် လေဖြတ်မှု အန္တရာယ် ၂၁ ရာခိုင်နှုန်း လျော့နည်း သည်ကို လေ့လာ တွေ့ရှိရသည်။ 

သို့သော် ရေနွေးကြမ်း လေးခွက်ထက် လျော့နည်းစွာ သောက်သော သူများတွင် ထိထိရောက်ရောက် အကျိုး မရှိကြောင်း တွေ့ရသည်။ နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သော သူများသည် ဦးနှောက် အတွင်း သွေးခဲနိုင်မှု ၂၁ ရာခိုင် နှုန်း လျော့နည်းကာ လေဖြတ်မှု အန္တရာယ် လျော့ပါးမှုနှင့် ဆက်စပ် နေသည် ကို သုတေသန ပြုလုပ် ရှာဖွေ တွေ့ ရှိ ခဲ့ကြသည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့ရှိ ကာရို လင်စကာ တက္ကသိုလ် မှ သိပ္ပံ ပညာရှင်များ က အမျိုးသား၊ အမျိုးသမီး ၇၅ဝဝဝ ခန့် ကို လေ့လာခဲ့ရာမှ အဆိုပါ တွေ့ရှိ ချက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။


 
ဗြိတိန်နိုင်ငံ တွင် တစ်နေ့လျှင် လူ ၂ဝဝ ခန့် လေဖြတ် ၍ သေဆုံး ခဲ့ရပြီး အများစု မှာ မသန်စွမ်း ဖြစ်ခဲ့ရာမှ ဒုတိယ အကြိမ် သို့မဟုတ် တတိယ အကြိမ် လေဖြတ် ခံရပါက သေဆုံး သွားသည်ကို တွေ့ရ သည်။

 လေဖြတ် ခံရသူ ၈၅ ရာခိုင်နှုန်းခန့် သည် ဦးနှောက် သွေးကြော အတွင်း သွေးခဲ ကာ သွေးစီးဆင်းမှု ရပ်တန့် သွားပြီး လေဖြတ် ဝေဒနာ ခံစားရကာ မသန်စွမ်း ဖြစ်ပွားရသည်။ ကျန် လူနာများမှာ ဦးနှောက် သွေးကြောပေါက် ပြီး အသက် ဆုံးရှုံး ခဲ့ရသည်။
 
ယခင် လေ့လာမှုများ အရ လက်ဖက်စိမ်း က ဦးနှောက် အပေါ် အကာ အကွယ် ပေးနိုင်သော အကျိုး အာနိသင် ရှိသည်ကို တွေ့ရှိ ခဲ့သော်လည်း လက်ဖက်ခြောက် (Black Tea) က ဦးနှောက်အား အကာ အကွယ် ပေးနိုင် သည် ဆိုသော အထောက် အထား မှာ အလွန် ရှားပါး ပါသည်။ 

ဆွီဒင် သိပ္ပံပညာရှင် များက ၁၉၉၇ ခုနှစ်မှ စ၍ ကျန်းမာသော အရွယ်ရောက်ပြီးသူ လူ ၇၄၉၆၁ ဦး အား လေ့လာ စမ်းသပ် ခဲ့ကြရာ နောက်ထပ် ၁ဝ နှစ်ကျော် ကြာချိန်တွင် စမ်းသပ်ခံ သူများ အနက် လူ ၄ဝဝဝ ကျော် မှာ လေဖြတ် ဝေဒနာ ခံစားခဲ့ရသည်။ ယင်း လူနာ အများစုမှာ ဦးနှောက်တွင်း သွေးခဲမှုကြောင့် မစွမ်းမသန် ဖြစ်ခဲ့ကြရသည်။

လေ့လာမှုများ အရ လေဖြတ် နိုင်ဖွယ် ရှိသည့် အခြား အကြောင်းအရာများ ဖြစ် သည့် ဆေး လိပ် သောက်ခြင်းနှင့် သွေးတိုး တက်ခြင်း တို့ကိုပါ ထည့်သွင်း စဉ်းစားခြင်း မပြုကြ ဘဲ ရေနွေးကြမ်း သောက် သည့် အလေ့အထ ကို လေ့လာ စောင့်ကြည့် ခဲ့ကြသည်။

ပညာရှင် များက တစ်နေ့လျှင် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သို့မဟုတ် ပိုသောက်သော သူများသည် သိသိ သာသာ အကျိုး သက်ရောက်မှု ရှိသည်ကို တွေ့ရှိ ခဲ့သည်။ လက်ဖက် ခြောက်တွင် ပါဝင်သော ဖလေဗွန် နွိုက်ဓာတ် ပစ္စည်းက နှလုံးနှင့် ဦးနှောက် အတွက် အကောင်းဆုံး အကာ အကွယ် ပေးသည် ကို တွေ့ရှိခဲ့သည်။ 

အဆိုပါ ဓာတ် ပစ္စည်းက နှလုံး သွေးကြော ဆိုင်ရာ အန္တရာယ် ကိုလည်း ထိရောက်စွာ အကာ အကွယ် ပေးနိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

ထို့ကြောင့် နေ့စဉ် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သောက်သုံးပါက လေဖြတ်မှု အန္တရာယ် ကို ကာကွယ်နိုင် သည်။ 

သို့သော်လည်း နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သုံးသော အမျိုးသားနှင့် အမျိုးသမီး တို့သည် ရေနွေးကြမ်း လုံးဝ မသောက်သူများထက် လေဖြတ်နိုင်မှု ၂၁ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ ရှိခဲ့သည်။ 

သို့ဖြစ်၍ လေဖြတ်ရောဂါ မှ ကင်းဝေး လိုလျှင် ရေနွေးကြမ်း များများ သောက်ပါဟု တိုက်တွန်း လိုက်ရ ပေ သည် ။


No comments:

Post a Comment