Wednesday, November 18, 2015

ဝိတ်ကျမြန်ဖို့ အတွက်ရာ ရေသောက်ပေးဖို့ လိုအပ်တာ

 အသုံးဝင် ဆေးနည်းတိုများ's photo.


အသီးအရွက် အသုပ် နဲ့ ကာယလေ့ကျင့်ခန်းတွေကို ခဏမေ့ထားလိုက်ပါ။ ရေ ဟာ ၀ိတ်ကျခြင်းရဲ့ အဓိက သော့ ချက်ဖြစ်နိုင်ပါတယ်။ 

အစာမစားခင် ရေ ၅၀၀ မီလီလီတာ (ရေသန့် ဘူးတစ်ဝက်) လောက် သောက်ပေးခြင်းက အ၀လွန်နေတဲ့ လူငယ်တွေ ၀ိတ်ကျ ဖို့ အတွက် အထောက်အကူပြုနိုင်ပါတယ်။

 ဗြိတိန် သုတေသနပညာရှင်တွေဟာ အ၀လွန်နေတဲ့ လူငယ် ၈၄ ယောက် ကို အခု စမ်းသပ်မှုမှာ ပါဝင် ဖို့  အကူအညီတောင်းခဲ့ပြီး ၁၂ ပတ်ကြာစောင့်ကြည့်ခဲ့ပါတယ်။ လူငယ်တိုင်း ကို သူတို့ ရဲ့ ကိုယ်လက် လှုပ်ရှား မှုများများ လုပ်ပေးဖို့ ၊ အစား အသောက် အနည်းငယ်သာ စားဖို့ နဲ့ နေထိုင်မှု  ပုံစံကို ပြောင်းလဲဖို့ စတဲ့ ကိုယ် အလေးချိန်လျော့ချရေး အကြံဥာဏ်တွေ ပေးခဲ့ပါတယ်။

နောက် မှာ ၈၄ ယောက် ကို အုပ်စုနှစ်စု ခွဲပြီး ၄၁ ယောက် ကို အစာမစားခင် နာရီဝက် အလိုမှာ ရေသောက် ဖို့ ခိုင်းစေခဲ့ပြီး ကျန် ၄၃ ယောက် ကိုတော့ အစာမစားခင် မှာ ဗိုက်ပြည့်နေပြီ လို့ စိတ်ကူး ထဲ တွေးခိုင်းပြီးမှ စားခိုင်းခဲ့ပါတယ်။


၁၂ ပတ် အကြာမှာ အစာ မစားခင်ရေသောက်တဲ့ လူငယ်တွေဟာ ကျန် အုပ်စုက လူငယ်တွေထက် ကိုယ် အလေးချိန် ၂.၈၇ ပေါင် ပိုမို ကျဆင်းခဲ့တာကို တွေ့ မြင်ရပါတယ်။



အစာ မစားခင်တိုင်း ရေ လီတာဝက် လောက် သောက်ပေးတဲ့ လူငယ်တွေဟာ အနည်းငယ် သာသောက်တဲ့ လူငယ်တွေ ထက် ကိုယ် အလေးချိန် ပိုမိုကျဆင်းတာ ကိုပါ သိရှိခဲ့ရတာဖြစ်ပါတယ်။

 ရေလီတာ ၀က်လောက် သောက်ပေးတဲ့ လူငယ်တွေ ဟာ ၁၂ ပတ် အတွင်း စုစုပေါင်း ကိုယ်အလေးချိန် ၉.၄၈ ပေါင် ကျဆင်းခဲ့ပြီး တစ်ကြိမ်သာသောက်သူ၊ လုံးဝရေမသောက်သူတွေဟာ ၁.၇၆ ပေါင်သာ ကျဆင်း ခဲ့ပါတယ်။
 

“ ဒီတွေ့ ရှိမှုရဲ့  အဓိက အချက်ကတော့ ရိုးရိုးရှင်းရှင်းလေး ပါပဲ။ တစ်နေ့ ကို အစာမစားခင် တိုင်း ရေ ၅၀၀ မီလီ လီတာလောက် သောက်ပေးရုံ နဲ့ သင် ကိုယ် အလေးချိန်ကျနိုင်ပါတယ်” လို့ ဘာမင်ဂမ် တက္ကသိုလ်က Dr.Helen Parretti က ရှင်းပြခဲ့ပါတယ်။

အဆိုပါ လေ့လာမှုမှာ သောက်သုံးစေခဲ့ တဲ့ ရေ ဟာ ရိုးရိုးသောက်ရေ သာဖြစ်ပြီး ဂတ်စ် ပါတဲ့ ဖျော်ရည်တွေ နဲ့ အချိုရည်တွေ ကို မသောက်သုံး ဖို့ တားမြစ်ထားပါတယ်။ 

သုတေသန အဖွဲ့ ဟာ အစာမစား ခင် ရေသောက်ခြင်း ရဲ့ အကျိုးကျေးဇူးတွေ ကို နောက်ထပ် ပိုမိုထဲထဲ ၀င် ၀င်လေ့လာမှုတွေ အတွက် ယခုတွေ့ ရှိချက်တွေက အထောက်အကူဖြစ်လိမ့်မယ် လို့ မျှော်လင့်ထား တယ် လို့ ဆိုပါတယ်။



ဖိုးသူတော် (www.phothutaw.com)
အသုံးဝင် ဆေးနည်းတိုများ

No comments:

Post a Comment