Thursday, December 24, 2015

ထမင်းရည် ၏ အသုံးဝင်ပုံများ။

 ကျန်းမာရေးအတွက်ဆေးတစ်ခွက်'s photo.
 
ထမင်းရည် ကို တရုတ် လူမျိုး များက ဆံပင် အရည်အသွေး တိုးတက်ကောင်းမွန်စေရန်နှင့် အသား အရေ စိုပြေစေရန် အတွက် ရှေး ပဝေသဏီ ကတည်းပင် အသုံးပြုခဲ့ကြသည်။
တကယ်တော့ ထမင်းရည် ဟာ လူတို့ အတွက် ကျယ်ပြန့် လှတဲ့ ကျန်းမာရေး အထောက်အကူပေးနိုင်တာကို ယနေ့ခေတ် လူ အတော်များများ သိရှိထားကြပါတယ်။

အခြား ပါဝင် ပစ္စည်း များစွာ မလိုအပ်ပဲ ရေနှင့် ဆန် နှစ်မျိုး သာ လိုအပ်ပါတယ်။ ဒီခေတ်ကြီး ထဲမှာ ထမင်း ရည် ကို ငှဲ့ချက် တဲ့ အလေ့အကျင့် က မရှိသလောက် ဖြစ်သွားပြီမို့ ကျန်းမာရေး အတွက် ပြုလုပ်မယ် ဆို ရင်တော့ ရံဖန် ရံခါ အားလပ်ချိန်တွေ မှာ ပြုလုပ်နိုင်ပါတယ်။ 

ဆန်ဆေးရေ ကို ဆိုလိုခြင်း မဟုတ်ပါ။ ထမင်းချက် ရာမှ ထွက်လာတဲ့ အဟာရဓာတ်များ ပါဝင်နေသော ရေဖြစ် ပါတယ်။ အနည်းငယ် နွေးနေတဲ့ အချိန် မှာ သောက်သုံးနိုင်ပြီး အေးသွားချိန်မှာတော့ ဆံပင် ကို ခေါင်းလျှော် သလို အသုံးပြုနိုင် သလို မျက်နှာ ကိုလဲဆေးကြောနိုင်ပါတယ်။

ငါးထပ်ကြီး ခြောက်ထပ်ကြီး စသည့် ဘုရားများ ရဲ့ အဓိပ္ပါယ်

 "ငါးထပ်ကြီး ဘုရား"



 ရန်ကုန်မြို့မှာ ငါးထပ်ကြီး ၊ ခြောက်ထပ်ကြီး နဲ့ ကိုးထပ်ကြီး ဘုရား ၊ ပြည်မြို့ မှာ ဆယ်ထပ်ကြီး ဘုရား စသည်ဖြင့် ကြားဖူးကြပါလိမ့်မယ်။

အဲဒီ ဘုရားများမှ 'ထပ်ကြီး' ဆိုတဲ့ စကားလုံး ရဲ့ အဓိပ္ပါယ် ကို မသိတဲ့ သူ များပါလိမ့်မယ်။ ကျွန်တော် ကိုယ် တိုင် လည်း အစက မသိပါ။ ထပ် ဆိုတာ ဘာထပ် ကိုပြောတာလဲ .. အထပ်လား ၊ ၀ါ အရလား ၊ ကြီးစဉ် ငယ်လိုက် လား တောင်တောင် အီ အီ စဉ်းစား ဖူးသော်လည်း အတိအကျ အဖြေမရခဲ့ပါ။

စာရေးဆရာ လင်းရောင်တင် ၏ ဆောင်းပါး တစ်ပုဒ် ကို ဖတ်လိုက်တော့ မှ ဒီ အဓိပ္ပါယ်ကို သိသွားပါ တယ်။ ဆောင်းပါး တွင် ဆရာ လင်းရောင်တင် က သူနှင့် ပြည်ရွှေဘုန်းပွင့် စာကြည့်တိုက် မှ ဥက္ကဌကြီး ဦးလေးကြိုင် တို့တွေ့ဆုံပုံ ကို အောက်ပါ အတိုင်းဖော်ပြထားပါတယ်။

ဦးလေးကြိုင်။ ။မင်းကိုတွေ့ရတာ ၀မ်းသာတယ်။ ဒါနဲ့ သားက ဘယ်မှာနေတာလဲ

စာရေးသူ။ ။ကျွန်တော် ရန်ကုန်သား ပါ အဘ ၊ ကျိက္ကဆံ ရပ်ကွက်မှာ နေပါတယ်။

ဦးလေးကြိုင်။ ။ဟေ ဟုတ်လား ဒါဆို ခြောက်ထပ်ကြီး ဘုရား ကို ဘာလို့ ခြောက်ထပ်ကြီး လို့ခေါ်တာလဲ သိလား။
စာရေးသူ။ ။ကျွန်တော် မသိသေးဘူး အဘ။

ဦးလေးကြိုင်။ ။"မသိလို့ မဖြစ်ဘူးကွ။ တခြားသူ မသိတာ ကိစ္စမရှိဘူး။ မင်းက စာရေးဆရာ လုပ်နေတာ ဆိုတော့ သိဖို့ လိုတယ်။ ဒီလိုကွာ ဘုရားတည်လို့ ငြမ်းဆင်ရင် ဘာနဲ့ ဆင်ရသလဲ။

စာရေးသူ။ ။ဝါး နဲ့ ပါ အဘ။

ဗုဒ္ဓဘာသာနှင့် ကမ္ဘာ့ အခြေအနေ ဆက်နွှယ်နေမှု (အပိုင်း-၁)

Yangon Media Group's photo.



သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ      (အဂ္ဂမဟာပဏ္ဍိတ) (Ph.D, D.Litt)

ယခုအခါ ကမ္ဘာနှင့်အဝန်း ဘာသာရေး အစွန်းရောက် သမား တို့၏ ခြိမ်းခြောက် အန္တရာယ်ပေးမှုအား ထိတ်လန့် တကြား ရင်ဆိုင်နေရချိန်ဖြစ်သည်။ အလားတူ မိမိတို့ ပြည်တွင်း၌ လည်း 'ငြိမ်းချမ်းရေး'ဆိုသော အသံ ကို ကျယ်ကျယ်လောင်လောင် ကြားနေရချိန် လည်းဖြစ်သည်။

 လောက၌ အရာအားလုံး တို့၏ ရင်းမြစ်သည် ဓမ္မ ၌သာ အခြေတည် လေသည်။ ပြဿ         နာ  အရပ်ရပ် တို့ကို ငြိမ်းအေးအောင် ဖြေရှင်း ရာ၌ ဓမ္မရေးရာ သဘောတရား တို့ကို ကွယ်ဝှက် ထား၍ မရစကောင်း။

မြန်မာနှစ် ၁၃၇၆ ခု၊ နတ်တော်လဆုတ် (၁၃)ရက်က ပုဂံမြို့ Aureum Place Hotel တွင် ဗုဒ္ဓဘာသာ ပိုမို ထွန်း ကားပြန့်ပွား လာစေရန် လက်တွဲကြိုးပမ်းခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံ ထိန်းသိမ်းမှု ကို ကူညီ လုပ်ဆောင် ရန် ဟူသော ဦးတည်ချက်ဖြင့် ပြုလုပ်ခဲ့သော မြန်မာ-တရုတ်-အိန္ဒိယ သုံးနိုင်ငံ အကြား ကျင်းပ သည့် အစည်း အဝေးကြီး တွင် သီတဂူ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်များ ၏ အဓိပတိ သီတဂူ ဆရာတော် အရှင် ဉာဏိဿ          ရ     (အဂ္ဂမဟာပဏ္ဍိတ) (Ph.D, D.Litt)က 'ဗုဒ္ဓဘာသာနှင့် ကမ္ဘာ့ အခြေအနေ ဆက် နွယ်နေ မှု'   ဟူသော ခေါင်းစဉ် တစ်ရပ်ဖြင့် မိန့်ကြားခဲ့ပါသည်။ 

ယင်း မိန့်ကြားချက် များသည် ကမ္ဘာ တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ် တို့နှင့် ကိုက်ညီနေ ရုံ သာမက မကြာမီ အစိုးရ အပြောင်းအလဲ ဖြစ်တော့ မည့် မြန်မာခေတ်ဆန်းချိန် ၌ နိုင်ငံရေးခေါင်းဆောင် များ၊ အစိုးရ အဖွဲ့ဝင်များ အရေး တကြီး လိုက်နာစောင့်ထိန်းရမည့် အချက် အလက်၊ အကြောင်း အရာများ ပါဝင်နေ သဖြင့် ယင်းဟောပြောချက်အား ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်။
(အယ်ဒီတာချုပ်)


တိုင်း ပြည် အသီးသီး က နိုင်ငံရေး၊ ဘာသာရေး နှင့် လူမှုရေး ခေါင်းဆောင်များ အားလုံး၊ ကမ္ဘာသူ၊ ကမ္ဘာ သား အားလုံး တို့နှင့် ယနေ့ အစည်းအဝေး သို့ြ<ွကရောက်လာကြသော မြန်မာ၊ တရုတ်၊ အိန္ဒိယ အိမ်နီးချင်း သုံးနိုင်ငံ တို့က လူကြီးမင်း များ ငြိမ်းချမ်းစွာ၊ ညီညွတ်စွာ၊ လုံခြုံစွာ၊ ချမ်းသာစွာနေနိုင်ကြပါစေ။ အိပ် စက်နိုင်ကြ ပါစေ ဟု ရှေးဦးစွာ ဆုတောင်း၍ နှုတ်ခွန်း ဆက်ပါတယ်။

ယနေ့ ကျွန်ုပ်တို့ အနေနဲ့ ဗုဒ္ဓဘာသာ ပိုမိုထွန်း ကားပြန့်ပွားစေရန် လက်တွဲကြိုးပမ်းခြင်းဖြင့် ကမ္ဘာ့ငြိမ်း ချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်းမှု ကို ကူညီ လုပ်ဆောင် ပေးကြမယ် ဆိုတဲ့ တူညီသော ဦးတည်ချက် နဲ့ ယနေ့ ဒီ အ စည်းအဝေးကြီးမှာ အတူ စုရုံးရောက်ရှိနေကြတာ ဖြစ် ပါတယ်။ 


Monday, December 21, 2015

သရဲ ကား ထက်ကြောက်စရာကောင်းသည်

မောင်(စွယ်စုံကျမ်း)'s photo.


လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က အရှေ့တောင်အာရှ ရဲ့ အတိုးတက်ဆုံး နိုင်ငံတစ်ခု ၏ မြို့တော်ကြီး အစွန် အဖျားက တရုတ်သင်္ချိုင်းကုန်း မှာ၏ တရားမ၀င် နေထိုင်ပြီး အလုပ်လုပ်ကြ တဲ့ မြန်မာနိုင်ငံ မှ တိုင်းရင်းသား
အလုပ်သမားအုပ်စု တစ်အုပ်စု ရှိခဲ့ဖူး ပါတယ်။ 


သူတို့က တရုတ်သင်္ချိုင်း ရှိ အုတ်ဂူတွေ ဆေးသုတ် တာတို့၊ မြက်ခင်းတွေ ပြုပြင်တာ တို့၊ ပန်းပင်တွေ
အလှ အပ မွမ်းမံတာတို့ လုပ်ရပါတယ်။


တနေ့ကျတော့ အလုပ်သမား တစ်ယောက် က တရုတ် သင်္ချိုင်းရှိ အုတ်ဂူ တစ်ခုရဲ့ အပေါ်မှာ ကလေး ကစား စရာ ပစ္စည်း ခပ်ကြီးကြီး တစ်ခုကို တွေ့ရလို့ အခန်း ကို သယ်သွား ပါတယ်။

 နောက် သုံး … လေးရက် ကြာ တော့ အုတ်ဂူ နဲ့ ပက်သက် တဲ့ ကျန်ရစ်သူ တရုတ် မိသားစု ရောက် လာပြီး ကွယ်လွန် သွား တဲ့ သူတို့သားလေး အုတ်ဂူပေါ်မှာ အမှတ် တရ တင်ထား တဲ့ ကစားစရာ မော်တော် ကားလေး ပျောက်သွားကြောင်း တရုတ် သင်္ချိုင်း ကို ပြုပြင်ရေး ကန်ထရိုက် ဆွဲထားတဲ့ တရုတ်သူဋ္ဌေး ကို တိုင်ကြားပါတော့တယ်။ 

ဒါနဲ့ တရုတ်သူဋ္ဌေး လည်း ဒေါပွပြီး မြန်မာ အလုပ်သမား အားလုံးကို နှစ်ပတ် တိတိ အလုပ် မဆင်းဖို့ အပြစ်ပေး ပါတော့ တယ်။ နှစ်ပတ် တိတိ အလုပ်ပြုတ်နေတဲ့ အလုပ်သမားတွေ လည်း အလုပ် ပြန် မဆင်း ရခင် စပ်ကြား သူတို့ နေထိုင်ရာ အခန်းထဲမှာ နေ့တိုင်း လိုလို သောက်ပွဲ စားပွဲလေးတွေ လုပ်ပြီး နေ ခဲ့ကြ ပါတယ်။ 

အခန်းရဲ့ ပြင်ပ ဆိုလို့ တိုက်နံဘေး က စတိုးဆိုင်လောက်ပဲ သူတို့ သွားရဲ ပါတယ်။ သူတို့ အားလုံး က အဲဒီနိုင်ငံ မှာ တရားမ၀င် နေထိုင်ပြီး အလုပ် လုပ်စားနေရတဲ့ ဘ၀တွေပါ။

အခန်းတံခါး ပိတ်ပြီး အခန်းထဲမှာ အရက် စုသောက်ကြတဲ့ အလုပ်သမား တွေထဲမှာ အရက် နည်း နည်းလောက် သောက်ပြီး ရင် သွေးဆူ တတ်တဲ့ အလုပ်သမား တစ်ယောက် ရှိပါတယ်။ ထိုသူက အလုပ် သမား အားလုံး နှစ်ပတ်တိတိ အလုပ်ပြုတ် ရတဲ့ တရားခံ အလုပ်သမားပါ။ တရုတ်သင်္ချိုင်း ကလေးအုတ်ဂူပေါ် က ကစား စရာ မော်တော်ကားလေး ကို ယူလာတာ လည်း သူ ပါပဲ။ 

အလုပ် ခဏ ပြုတ်လို့ အရက်သောက်လိုက် တီဗွီကြည့် လိုက်လုပ်နေကြ တဲ့ ည တစ်ညမှာ ကလေး ကစား စရာကို သင်္ချိုင်းက ယူလာ တဲ့ အလုပ်သမား က အရက်သောက်ပြီး အရက်ဝိုင်း နံဘေး မှာ အိပ်ပျော်သွား
ပါ တယ်။ 


နည်းစနစ်ကျကျ အရက်သောက်နည်း

GK Aung Aung's photo.


၁ ။ ည၆ နာရီနောက်ပိုင်းမှာ သောက်ပါ ည၁၀ နာရီလောက်ဆို တော်သင့်ပါပြီ အိပ်ချိန်အတွက် လုံလောက် တဲ့ အချိန်ပမာဏ ယူသင့်ပါတယ်။

၂ ။ အမြည်း များများ စားပေးပါ ။ အမြည်းက သင့် အစာအိမ် အတွက် အကာအကွယ်ကောင်း တစ်ခုဖြစ်လို့ ပါပဲ။

၃ ။ ရေ များများရောပါ ရေက အရက်ကြောင့် ရင်ပူခြင်း နဲ့ အဆိပ် အတောက်ဖြစ်စေမဲ့ အရာများကို  ခြေ ဖျက်ပေး ပါလိမ့်မယ်။

၎ ။ မကြာခဏ ဆီးထသွားတတ် အောင်လေ့ကျင့် ထားပါ ။ ဆီးသွားမှကျောက်ကပ် ထဲက အဆိပ် ပမာဏ နဲနိုင် သမျှနည်းအောင် လုပ်ယူလို့ ရမှာပါ။

၅ ။ ရေခဲ သုံးပါ ။ ရေခဲ က ခန္ဓာကိုယ်တွင်း အပူကို ခဏမျှ သက်သာစေလို့ပါ ။

၆ ။ အစာကြေလွယ်သော အမျှင်ဓါတ် ပါသော အစားအစာများကိုသာမြည်းပါ ။အကြောင်း ကတော့ မနက် မိုးလင်း တာနဲ့ ဝမ်းသွားလျှင် ညပိုင်း စားထား သမျှတွေ စွန်ပြစ်စေချင်လို့ ပါပဲ။


Friday, December 11, 2015

ဘုန်းကြီး သရဲ

Aung Zaw's photo.
ဘုန်းကြီး သရဲနှင့် ဘုန်းကြီး လူထွက် ဆရာ ဓမ္မဒူတ ဒုတိယ တွဲ တွင် ဖက်ရှုရသော ဖြစ်၇ပ် တစ်ခု ကို ဖော်ပြ ပါမည် ။ အင်းဝမြို့ မှ ဦးပေါ အမည် ရှိ ကုန်သည်ကြီး တစ်ယောက်သည် လှေကြီး တစ်စင်းထောင် ၍ ထန်းလျှက် ဇီးသီးခြောက် ပဲ စသော အညာကုန် များ တင်၍ အောက်ပြည်အောက်ရွာ တွင် ရောင်း ချပြီး အောက်ပြည်အောက် ရွာ မှ ငါးပိ ငါးခြောက် များကို ပြန်တင်ကာ အညာ တွင် ပြန်ရောင်းချကာ အသက်မွေးလျက် ရှိသည် ။ 

 ဦးပေါ သည် ရဟန်း လူထွက် စာတတ် တစ်ယောက်ဖြစ်သည်..
တစ်နေ့ တွင် အညာကုန် များတင်၍ စုန်ချ လာရင်း ပုဂံမြို့အောက်နား အရောက်တွင် မိုးချုပ်သွား သဖြင့် လှေ ကို ကမ်းနှင့် မနီးမဝေး တွင်ကျောက်ချပြီး ညအိပ် ရပ်နားကြသည်။ 

 လှေထိုးသား များ အိပ်သွားသော်လည်း ဦးပေါ မှာ ခေါင်းဆောင်လှေသူကြီး ပီပီ မအိပ်သေး ဘဲ ပဲ့စင်ပေါ် တွင် ပရိတ်ရွတ် မေတ္တာပို့လျှက် ရှိသည် ဝတ်တက် ဝတ်ကပ် အားလုံးပြီးမှ ဦးပေါ လည်း မှေးကနဲ တစ်ချက် အိပ်ပျော် သွားသည် အအိပ် အနေ နည်းသည့် အရွယ်ဖြစ် သဖြင့် နာရီပြန်နှစ်ချက်လောက် တွင် တရေး နိုး လာသည်..

ဆေးလိပ်သောက်ချင် သဖြင့် ပြောင်းဖူးဖက်ဆေးလိပ် ကြီး ကို ပါးစပ်တွင် တပ်လိုက်ကာ သံတုံးလေးနှင့် မီးခတ်ကျောက်ကို ကိုင်ပြီး မီးခြစ် လိုက်သည် အဆင် မသင့် သဖြင့် လက်ထဲမှ သံတုံးလေး မှာမြစ်ထဲ ကျသွား သည် ဆေးလိပ် ကလဲသောက်ချင်နေ သဖြင့် လှေထိုးသား တစ်ယောက်ယောက် ကို နှိုးပြီး သံတုံး တောင်း ရန် သတိရသော်လည်း မောမောနှင့် အိပ် ပျော်နေသော လှေထိုးသား ကိုလည်း မနှိုးရက် သဖြင့် ကမ်းပေါ်သို့ မျက်စိ  ကစားကြည့်လိုက်ရာ ခပ်လှမ်းလှမ်း တံငါတဲ တစ်တဲမှ မီးရောင်ထွက်နေသည် ကို တွေရ သ ဖြင့် ဆေး လိပ် မီးညှိ ရန် ကမ်းပေါ် အသာ တက်ခဲ့တော့သည် ။


မီးရောင် ထွက်သောနေရာရောက်သော အခါတွင် ကား ဦးပေါခြေလှမ်း များ တုန့်ကနဲ ရပ်သွားပြီး ကြက် သီးမွှေး ညှင်း များ ထသွား သည် အံ့သြ ထိတ်လန့် စရာကောင်း လှသဖြင့် ပြူးကျယ်သော မျက်လုံးနှင့် ဟ သွားသော ပါစပ်တို့ မှာ တော်တော်နှင့် ပုံမှန်ပြန် မဖြစ် မြင်လိုက်ရ သောမြင်ကွင်းကား အမွှေးစုပ် ဖွားနှင့် ဆင် တစ်ကောင် ၏ ပမာဏထက် ကြီးမားသော မဲမဲ လုံးလုံး ပြိတ္တာကြီး တစ်ကောင်သည် ဂဏန်းခေါ် ပုဇွန် လုံးကြီးများ ကို မီးဖုတ်ပြီး တစ်တောင် သာသာ ခန့်ပြဲသော ပါစပ်ကြီး အတွင်းသို့ ထည့်ကာ ထည့်ကာ အာရ ပါး ရ စားနေသည်ကို တွေ့ရသောကြောင့်ပါတည်း ..

Saturday, December 5, 2015

အဘယ့်ကြောင့် လူသေသော အခါ ဒီလို လုပ်နေပါသလဲ ?


အိုက် ငယ်'s photo.
လူသေသောအခါ ရေချိုးပေးရခြင်း အကြောင်း
***************************************

လူတို့သည် ရောဂါများ ခံစားရသော အခါ ဆေးဝါးများ ကုသရခြင်း ရေ မချိုးရခြင်းစသည်ဖြင့် ရက် လနှစ် ကြာမြင့်အောင် ဝေဒနာကို ခံစားပြီး သေဆုံး သွားရလေသည် ။ ထို လူသေကောင် ၌ မကောင်းသော အနံ့ များနံနေသောကြောင့် အသုဘ ရှုသူ ရဟန်း ရှင်လူ များ အနံ့ သက်သာစေရန် ရေချိုးပေး ရခြင်း အမွှေး နံ့သာ များဖြန်းပေးရခြင်းပင် ဖြစ်ပါသည်။


လူသေကောင် ပါးစပ်ထဲ  ငွေထည့်ပေးရခြင်း အကြောင်း
***********************************************


လူအများစု က ဒီပြဿ       နာ  ကို နောက်ဘဝ အတွက် ကူးတိုးခ ဟု ထင်မှတ်နေပါသည် ။  တစ်ကယ်တော့ ဟိုး ရှေးအခါက လူတို့သေပြီ ဆိုလျှင်  သုဿာ     န်၌ လူသေ အလောင်းများ ကို မြေမြှုပ်ပေးနေသော သုဘရာဇာ တစ်ယောက် ရှိသည် ။ 


 ထိုသူသည် ကိုယ်တိုင်မြေတူး ကိုယ်တိုင်မြေမြှုပ်ပေး ၏ ။ ထိုသူ အား ငွေအသပြာ တစ်မတ်ကို ကျန်ရစ်သူ မိသားစု က အလောင်း ၏ ပါးစပ် အတွင်း ထည့်ထားပေးရသည် ။ သုဘရာဇာ လူကြီး မှာ အလောင်းပါးစပ် မှငွေ တစ်မတ် ကို ယူ၍ မြေမြှုပ်ပေးလေတော့သည် ။ 

 အချိန်ကာလတွေ ကြာမြင့်လာသောအခါ လူတို့သည် နောက်ဘဝ အတွက် ကူးတိုးခ ဟု မှားယွင်းစွာ ထင် မှတ်ခဲ့လေသည်။


Wednesday, December 2, 2015

နှလုံး ရုတ်တရက် ရပ်မသွားအောင်

 U Than Win's photo.


လူတွေ သက်တမ်းစေ့ မနေရအောင် အများဆုံး သတ်နေတဲ့ အရာက နှလုံး ဖြစ်ပါတယ်။ နှလုံး ရုတ်တရက် ရပ် မသွားအောင် ကာကွယ်နိုင်ဖို့အတွက် တစ်ရက်ကို မိနစ် ဝက် ၃ ကြိမ်နဲ့ နာရီ ဝက် ၃ ကြိမ် အချိန်ပေးရ ပါမယ်။


" မိနစ်ဝက် ၃ ကြိမ် "
၁။ မနက်အိပ်ယာ စနိုးတဲ့ အခါ ချက်ချင်း မထပါနဲ့ မိနစ်ဝက် ဆက်လှဲနေပါ။
 

၂။ မိနစ်ဝက် လှဲပြီးလျင် မိနစ်ဝက် ထိုင်နေပါ။
 

၃။ မိနစ်ဝက် ထိုင်ပြီးလျင် မိနစ်ဝက် ရပ်နေပါ။

ပြီးပါပြီ တနေ့ အတွက် မိနစ်ဝက် ၃၀ စက္ကန့် ၃ မျိုး။ တနေကုန် လွတ်လွတ် လပ်လပ်နေနိုင်ပါပြီ။
အဲဒီလောက် လုပ်နိုင်ရင်ဘဲ နှလုံး မထိခိုက်တော့ ဘူးလို့ သိရပါတယ်။ လူကြီးတွေကိုပြန်ပြောပြ ပေးကြပါ ခင်ဗျာ။ 


မိနစ်ဝက် တိုင်းမှာ အာနာပါန ဝင်လေထွက်လေ ရှုနေမယ် ဆိုရင် ပိုကောင်းမယ်လို့ ဖြည့်စွက်ပြောချင် ပါတယ် ။ ကျမ္မာရေး အတွက် နာရီဝက် ၃ မျိုး ဆက်ပြောပါမယ်။


Betadine® အကြောင်း သိကောင်းစရာ

Yoyarlay's photo.


ပထမ ကမ္ဘာစစ် ကာလ အတွင်းမှာ စစ်ဘေး ဒဏ်ရာရ စစ်သားတွေ ကို အနာကနေ ရောဂါ ပိုးမွှား ဝင်ခြင်းမှ ကာကွယ် ကုသပေးဖို့ အတွက် iodine ဆိုတဲ့ ဓာတ်ကို Alexander Fleming လို့ အမည် ရတဲ့ စကော့တလန် သိပ္ပံပညာရှင် က စတင် တွေ့ရှိခဲ့ပါတယ်။

Betadine® သမိုင်းကြောင်း
၁၉၅၅ ခုနှစ်မှာ Povidone-iodine ဓာတု ဆေးဝါးဓာတ် ကို စတင် ဖြန့်ချိပြီး ကမ္ဘာသုံး iodine ရောဂါ ပိုးမွှားများ ကာကွယ်ဆေး ဖြစ်လာပါတယ်။
 

၁၉၆၀ ခုနှစ်ဝန်းကျင် အရောက်မှာတော့ ယင်း ဓာတ်ကို ပိုမို အဆင့်မြင့်အောင် ဖန်တီးနိုင် ခဲ့ပြီး ရောဂါ ပိုးမွှား များ ကူးစက်ခြင်းမှ ပါဝင် တဲ့ ပိုးမွား ကိုပါ သတ်နိုင်တဲ့ ဆေး ဖြစ်လာခဲ့ပါတယ်။

၁၉၆၃ ခုနှစ် မှာတော့ Povidone-iodine ကို တရားဝင် မှတ်ပုံတင် ယူပြီး Betadine® အမည်ဖြင့် ကမ္ဘာအနှံ့ ဖြန့် ချိ ရောင်းချခဲ့ပါတယ်။


၁၉၆၉ ခုနှစ် မှာတော့ လကမ္ဘာ သို့ သွားတဲ့ Apollo 11 အာကာသယာဉ်ပေါ် မှာ ပါလို ပါလာငြား ကမ္ဘာ့အပြင် က ပိုးမွှားများ ကို သတ်ဖို့ သုံးတဲ့ ဆေးဖြစ်တာကြောင့် ပိုမို လူသိများသွားခဲ့ပါတယ်။