Wednesday, December 2, 2015

နှလုံး ရုတ်တရက် ရပ်မသွားအောင်

 U Than Win's photo.


လူတွေ သက်တမ်းစေ့ မနေရအောင် အများဆုံး သတ်နေတဲ့ အရာက နှလုံး ဖြစ်ပါတယ်။ နှလုံး ရုတ်တရက် ရပ် မသွားအောင် ကာကွယ်နိုင်ဖို့အတွက် တစ်ရက်ကို မိနစ် ဝက် ၃ ကြိမ်နဲ့ နာရီ ဝက် ၃ ကြိမ် အချိန်ပေးရ ပါမယ်။


" မိနစ်ဝက် ၃ ကြိမ် "
၁။ မနက်အိပ်ယာ စနိုးတဲ့ အခါ ချက်ချင်း မထပါနဲ့ မိနစ်ဝက် ဆက်လှဲနေပါ။
 

၂။ မိနစ်ဝက် လှဲပြီးလျင် မိနစ်ဝက် ထိုင်နေပါ။
 

၃။ မိနစ်ဝက် ထိုင်ပြီးလျင် မိနစ်ဝက် ရပ်နေပါ။

ပြီးပါပြီ တနေ့ အတွက် မိနစ်ဝက် ၃၀ စက္ကန့် ၃ မျိုး။ တနေကုန် လွတ်လွတ် လပ်လပ်နေနိုင်ပါပြီ။
အဲဒီလောက် လုပ်နိုင်ရင်ဘဲ နှလုံး မထိခိုက်တော့ ဘူးလို့ သိရပါတယ်။ လူကြီးတွေကိုပြန်ပြောပြ ပေးကြပါ ခင်ဗျာ။ 


မိနစ်ဝက် တိုင်းမှာ အာနာပါန ဝင်လေထွက်လေ ရှုနေမယ် ဆိုရင် ပိုကောင်းမယ်လို့ ဖြည့်စွက်ပြောချင် ပါတယ် ။ ကျမ္မာရေး အတွက် နာရီဝက် ၃ မျိုး ဆက်ပြောပါမယ်။



" နာရီဝက် ၃ ကြိမ် "
၁။ အိပ်ယာထ နာရီဝက် ကိုယ်လက် လှုပ်ရှားပါ။
 

၂။နေ့လည်ခင်း နာရီဝက် အိပ်ပါ။
 

၃။ ညအိပ်ယာ မဝင်ခင် နာရီဝက် ကိုယ်လက် လှုပ်ရှားပါ

နာရီဝက် ၃ မျိုး က လူငယ်တွေ အတွက်မသိသာ ပေမဲ့ ၃၀ ကျော် အရွယ်တွေ အတွက် ကျမ္မာရေး အထောက် အကူ အများကြီးပြုမှာဖြစ်ပါတယ်။

 ရောဂါဖြစ်မှ ကုသခြင်းထက် မဖြစ်ခင်ကြိုတင် ကာကွယ်ခြင်းက အကျိုးကျေးဇူး ပိုများမှာဖြစ်ပါတယ်။
မိမိတို့ရဲ့ လူကြီးသူမ များကို ပြန်ပြောခြင်းဖြင့် ဇီဝိတ ဒါန ကုသိုလ် ယူကြပါခင်ဗျား။


ကျမ္မာချမ်းသာကြပါစေ




 ပေါ်တင့်
(22-10-2015)


(မောင်မောင်လှိုင်-အပ်စိုက်ကု ရေးသားသော ကျန်းကျန်း မာမာ သက်တစ်ရာ~စာအုပ်ကို မှီငြမ်း ပါသည်။)
Paw Tint ဖေ့ဘွတ်မှ

  U Than Win

No comments:

Post a Comment