Thursday, December 24, 2015

ဗုဒ္ဓဘာသာနှင့် ကမ္ဘာ့ အခြေအနေ ဆက်နွှယ်နေမှု (အပိုင်း-၁)

Yangon Media Group's photo.



သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ      (အဂ္ဂမဟာပဏ္ဍိတ) (Ph.D, D.Litt)

ယခုအခါ ကမ္ဘာနှင့်အဝန်း ဘာသာရေး အစွန်းရောက် သမား တို့၏ ခြိမ်းခြောက် အန္တရာယ်ပေးမှုအား ထိတ်လန့် တကြား ရင်ဆိုင်နေရချိန်ဖြစ်သည်။ အလားတူ မိမိတို့ ပြည်တွင်း၌ လည်း 'ငြိမ်းချမ်းရေး'ဆိုသော အသံ ကို ကျယ်ကျယ်လောင်လောင် ကြားနေရချိန် လည်းဖြစ်သည်။

 လောက၌ အရာအားလုံး တို့၏ ရင်းမြစ်သည် ဓမ္မ ၌သာ အခြေတည် လေသည်။ ပြဿ         နာ  အရပ်ရပ် တို့ကို ငြိမ်းအေးအောင် ဖြေရှင်း ရာ၌ ဓမ္မရေးရာ သဘောတရား တို့ကို ကွယ်ဝှက် ထား၍ မရစကောင်း။

မြန်မာနှစ် ၁၃၇၆ ခု၊ နတ်တော်လဆုတ် (၁၃)ရက်က ပုဂံမြို့ Aureum Place Hotel တွင် ဗုဒ္ဓဘာသာ ပိုမို ထွန်း ကားပြန့်ပွား လာစေရန် လက်တွဲကြိုးပမ်းခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံ ထိန်းသိမ်းမှု ကို ကူညီ လုပ်ဆောင် ရန် ဟူသော ဦးတည်ချက်ဖြင့် ပြုလုပ်ခဲ့သော မြန်မာ-တရုတ်-အိန္ဒိယ သုံးနိုင်ငံ အကြား ကျင်းပ သည့် အစည်း အဝေးကြီး တွင် သီတဂူ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်များ ၏ အဓိပတိ သီတဂူ ဆရာတော် အရှင် ဉာဏိဿ          ရ     (အဂ္ဂမဟာပဏ္ဍိတ) (Ph.D, D.Litt)က 'ဗုဒ္ဓဘာသာနှင့် ကမ္ဘာ့ အခြေအနေ ဆက် နွယ်နေ မှု'   ဟူသော ခေါင်းစဉ် တစ်ရပ်ဖြင့် မိန့်ကြားခဲ့ပါသည်။ 

ယင်း မိန့်ကြားချက် များသည် ကမ္ဘာ တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ် တို့နှင့် ကိုက်ညီနေ ရုံ သာမက မကြာမီ အစိုးရ အပြောင်းအလဲ ဖြစ်တော့ မည့် မြန်မာခေတ်ဆန်းချိန် ၌ နိုင်ငံရေးခေါင်းဆောင် များ၊ အစိုးရ အဖွဲ့ဝင်များ အရေး တကြီး လိုက်နာစောင့်ထိန်းရမည့် အချက် အလက်၊ အကြောင်း အရာများ ပါဝင်နေ သဖြင့် ယင်းဟောပြောချက်အား ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်။
(အယ်ဒီတာချုပ်)


တိုင်း ပြည် အသီးသီး က နိုင်ငံရေး၊ ဘာသာရေး နှင့် လူမှုရေး ခေါင်းဆောင်များ အားလုံး၊ ကမ္ဘာသူ၊ ကမ္ဘာ သား အားလုံး တို့နှင့် ယနေ့ အစည်းအဝေး သို့ြ<ွကရောက်လာကြသော မြန်မာ၊ တရုတ်၊ အိန္ဒိယ အိမ်နီးချင်း သုံးနိုင်ငံ တို့က လူကြီးမင်း များ ငြိမ်းချမ်းစွာ၊ ညီညွတ်စွာ၊ လုံခြုံစွာ၊ ချမ်းသာစွာနေနိုင်ကြပါစေ။ အိပ် စက်နိုင်ကြ ပါစေ ဟု ရှေးဦးစွာ ဆုတောင်း၍ နှုတ်ခွန်း ဆက်ပါတယ်။

ယနေ့ ကျွန်ုပ်တို့ အနေနဲ့ ဗုဒ္ဓဘာသာ ပိုမိုထွန်း ကားပြန့်ပွားစေရန် လက်တွဲကြိုးပမ်းခြင်းဖြင့် ကမ္ဘာ့ငြိမ်း ချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်းမှု ကို ကူညီ လုပ်ဆောင် ပေးကြမယ် ဆိုတဲ့ တူညီသော ဦးတည်ချက် နဲ့ ယနေ့ ဒီ အ စည်းအဝေးကြီးမှာ အတူ စုရုံးရောက်ရှိနေကြတာ ဖြစ် ပါတယ်။ 


 
ဘာသာရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်း ဆောင်၊ လူမှုရေးခေါင်းဆောင်များနှင့် ကမ္ဘာသူ၊ ကမ္ဘာ သား အားလုံး တို့သည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ကို ကြိုးကြိုး စားစား ရှာဖွေဆောင်ရွက်နေကြသည် ဟု ယုံ ကြည် ပါတယ်။ 

သို့သော် မျှော်လင့် ထားသော ငြိမ်းချမ်း ရေးနှင့် လုံခြုံရေး ကိုကား မည်သည့် တိုင်းပြည်မျှ အပြည့် အဝရရှိ ထားကြ သည်ကို မတွေ့ရသေးပါ။ စစ်မက်ရေး ရာ ရှုထောင့်ကကြည့်ပြီး ငြိမ်းချမ်း လုံခြုံသည်ဟု ဆိုနိုင် သော် လည်း စီးပွားရေး ရှုထောင့်ကဖြစ်စေ၊ လူမှုရေး ရှု ထောင့် ကဖြစ်စေ ကြည့်လျှင် မလုံခြုံ၊ မငြိမ်းချမ်းသော နိုင်ငံ များစွာ ရှိနေပါတယ်။

ယနေ့ မျက်မှောက်ခေတ် မှာ ပို၍ စိုးရွံ့ဖွယ် ကောင်းစွာ လုံခြုံရေး နဲ့ ငြိမ်းချမ်းရေး ကို နှောင့်ယှက် လာသော အကြောင်း တစ်ခုမှာ ဘာသာရေး အစွန်းရောက် တို့၏ အနှောင့် အယှက်ပင် ဖြစ်ပါတယ်။ တကယ် စင် စစ် တော့ လူသား တို့ ကိုးကွယ်ရာ ဘာသာ တရားတိုင်း သည် လူသား တို့၏ စိတ်ရိုင်း များကို ယဉ်ကျေးသော စိတ်များ ဖြစ်လာအောင် ပြုလုပ်နိုင်လိမ့်မည်ဟု ကျွန်ုပ် မျှော်လင့် ပါတယ်။ 

ပူလောင်နေသော လူသား တို့၏ စိတ်နှလုံး ကို အေးချမ်းလာအောင် ဆုံးမနိုင်လိမ့်မည် ဟု ကျွန်ုပ် ယုံ ကြည် ပါတယ်။ လူသားတို့ ကိုးကွယ်ရာ ဘာသာ တရား များသည် လူသားတို့ ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအ တွက် ဖြစ် ဖို့ကောင်းပါတယ်။

ဤ ယနေ့ကျင်းပသော အစည်း အဝေးကြီး သည် ၁၉၅၄ ခုနှစ် ဧပြီလ က Ceylon, Sri Lanka နိုင်ငံ ကိုလံဘို မြို့မှာကျင်းပ တဲ့ ငါးနိုင်ငံ ဝန်ကြီးချုပ် များ အစည်းအဝေး က မူဝါဒ တစ်ရပ် အနေ နဲ့ ချမှတ်ပြီး ဆုံး ဖြတ် အတည်ပြု ထားခဲ့သော င်္Five Principles (Panca Shila) ပဉ္စသီလ ၏ အနှစ်(၆ဝ)မြောက် အထိမ်းအမှတ် အဖြစ် မြန်မာ-တရုတ်-အိန္ဒိယ အိမ်နီးချင်း သုံးနိုင်ငံ တို့ အကြား ကျင်းပ တဲ့ အစည်းအဝေးကြီး ဖြစ်ပါတယ်။


ထို  ပဉ္စသီလ (Five Principles) ကို အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် ဂျဝါဟာလာနေရူး(Jawaharlal Nehru) က ဦးဆောင်ရေးဆွဲ ၍ ကိုလံဘို အစည်းအဝေး မတိုင်မီ တရုတ်ပြည် သို့ သွားရောက် ကာ တရုတ် ဝန်ကြီးချုပ် Zhou Enlai နှင့် ရှေးဦးစွာ သဘောတူညီချက် ယူပြီး ချူအင်လိုင်းနှင့် နေရူး တို့ ရှေးဦးစွာ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

ထို့နောက် ဝန်ကြီးချုပ်နေရူး က ကိုလံဘို မှာ ကျင်းပတဲ့ ငါးနိုင်ငံ ဝန်ကြီးချုပ် များ အစည်းအဝေး ၌ တင်ပြဆွေးနွေး ၍ ကိုလံဘို Declaration အဖြစ် ထုတ် ပြန်ကြေညာခဲ့ပါတယ်။ 

၁၉၅၄ ခုနှစ် ဧပြီလ ကိုလံဘို ဝန်ကြီးချုပ် များ အစည်းအဝေး က ကြေညာ ခဲ့သော Five Principles (သို့မဟုတ်) ကိုလံဘို ပဉ္စသီလ ငါးပါးသီလ သည် ယခုအခါ နှစ်ပေါင်း ၆ဝ ရှိခဲ့ပြီး ဖြစ်ပါတယ်။
Five Principles ပဉ္စသီလ မှာ အောက်ပါအတိုင်းဖြစ် ပါတယ် ။

(၁) နိုင်ငံတစ်နိုင်ငံ ၏ အချုပ်အခြာ အာဏာနှင့် နယ် မြေ တည်တံ့ခိုင်မြဲမှု ကို အပြန်အလှန် လေးစားရန်။
 

(၂) အပြန် အလှန် ကျူးကျော်မှု မပြုရန်။
 

(၃) နိုင်ငံတစ်နိုင်ငံ ၏ ပြည်တွင်းရေး ကို အခြားတစ် နိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်း မပြုရန်။
 

(၄) အပြန် အလှန် အကျိုးစီးပွား အတွက် သာတူ ညီမျှ မှု  ရှိရန်နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုရန်။
 

(၅) ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်သွားရန်။


ထို့ပြင် ၁၉၅၅ ခုနှစ် ဧပြီလ က အင်ဒိုနီးရှား နိုင်ငံ Bandung မြို့မှာ Asian-African Conference တစ်ရပ် ကို ကျင်းပ ခဲ့ရာ ထို Conference သို့ ကိုလိုနီ ဘဝမှ လွတ်မြောက်ပြီး ခါစ အာရှ-အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံ တို့ တက်ရောက်ခဲ့ကြပါတယ်။

ထို  အာရှ-အာဖရိက အစည်းအဝေးကြီး ကို အင်ဒိုနီးရှား သမ္မတကြီး ဒေါက်တာဆူကာနို က ခေါင်း ဆောင် ကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ် ဝန်ကြီးချုပ် ချူအင် လိုင်း၊ အိန္ဒိယ ဝန်ကြီးချုပ်နေရူး၊ မြန်မာ ဝန်ကြီးချုပ် ဦးနု တို့ ပါဝင် တက်ရောက်ဆွေးနွေး ခဲ့ကြပါတယ်။

ထို အာရှ-အာဖရိက Bandung Conference ကြီးက Five Principles သာမက Ten Principles ဒသသီလ ကိုပင် ချမှတ် ခဲ့ကြပါတယ်။ ထို Bandung Conference မှ ချမှတ် ခဲ့သော ဒသသီလ မှာ အောက်ပါအ တိုင်း ဖြစ် ပါ တယ်။

(၁) အခြေခံ လူ့ အခွင့်အရေးများ ကို လေးစား ရန်နှင့် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ ပြဋ္ဌာန်းချက် များ အား လေးစားလိုက်နာရန်။
 

(၂) နိုင်ငံ အားလုံး ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု နှင့် နယ်မြေ ပိုင်ဆိုင်မှု ကို လေးစားရန်။
 

(၃) ကမ္ဘာ့နိုင်ငံ အားလုံးနှင့် လူမျိုး အားလုံး တို့၏ သာတူ ညီမျှမှု ကို အသိအမှတ်ပြုရန်။
 

(၄) အခြားနိုင်ငံ တစ်နိုင်ငံ ၏ ပြည်တွင်းရေး ကို ဝင် ရောက် စွက်ဖက်ခြင်း မပြုရန်။
 

(၅) ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းနှင့်အညီ နိုင်ငံတစ် နိုင်ငံစီ ၏ ခုခံကာကွယ်ခွင့် ကို လေးစားရန်။
 

(၆) အင်အားကြီးနိုင်ငံ များ၏ အကျိုးစီးပွား အတွက် စုပေါင်း ကာကွယ်ရေး အစီအမံ များ အသုံးပြုခြင်း ကို ရှောင်ကြဉ်ရန်။
 

(၇) နိုင်ငံ တစ်နိုင်ငံ ၏ နိုင်ငံရေး လွတ်လပ်မှုနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေး ကို ထိပါးသည့် ခြိမ်းခြောက်မှုနှင့် အင်အား အသုံးပြုခြင်း ကို ရှောင်ကြဉ်ရန်။
 

(၈) နိုင်ငံတကာ အငြင်းပွားမှုများ ကို ဖြေရှင်း ရာတွင် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းနှင့် အညီ စေ့ စပ်ဆွေး နွေးခြင်း၊ ခုံရုံး ဖွဲ့ စစ်ဆေးခြင်း၊ ဥပဒေကြောင်းအ ရ ဆုံးဖြတ်ဖြေရှင်းခြင်း စသည့် ငြိမ်းချမ်းစွာ ဖြေ ရှင်းနည်းများ အပြင် သက်ဆိုင်ရာနိုင်ငံ ၏ ဆန္ဒနှင့် အညီ အခြားသော ငြိမ်းချမ်း စွာ ဖြေရှင်းနည်း တို့ကို အသုံးပြုပြီး ဖြေရှင်းရန်။

(၉) အပြန် အလှန် အကျိုး စီးပွား ဖြစ်ထွန်းရေး အတွက် ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်ဆောင်ရွက်ရန်။
 

(၁ဝ) တရား မျှတမှုနှင့် နိုင်ငံတကာ ကျင့်ဝတ်များအား လေးစားလိုက်နာရန်။


အာရှတိုက် ၏ ထူးခြားချက်
*********************
ယနေ့ ကျွန်ုပ်တို့နေထိုင်ရာ အာရှတိုက်ကြီး ဟာ အခြားတိုက်ကြီးများ ထက် အလွန် ထူးခြားသော တိုက်ကြီး တစ်ခု ဖြစ်ပါတယ်။ အဘယ်ကြောင့် ဆိုသော် လွန်လေပြီးသော နှစ် ထောင်ပေါင်းများစွာ ကတည်းက ဥရောပ မှာ သိပ္ပံပညာရှင်တွေ မပေါ်ပေါက်မီ ကတည်း ကပင် ဘာသာရေးခေါင်းဆောင်များစွာ၊ လူမှုရေးနှင့် စိတ်ဓာတ်ရေးခေါင်းဆောင်များစွာ တို့ ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါတယ်။


(ဆက်လက်ဖော်ပြပါမည်။)


No comments:

Post a Comment