Tuesday, January 19, 2016

တစ်ခုသော စာပေ၀ိုင်း မှ အပြန်

 



ဂေါတမ ဗုဒ္ဓ သက်ရှိထင်ရှား ရှိစဉ် အခါ တုန်
းက ရဟန်းငါးရာ တို့သည် ဘုရားရှင် ထံမှ ကမ္မဋ္ဌာန်း ယူ ၍ တော ၌ ရဟန်းတရား ကို အားထုတ်ကြသည်။ ထိုတော ၌ နံနက်စောစော ပွင့်ကြသည့် မုလေးပန်း တို့ သည် ညနေသို့ရောက်သောအခါ တစ်ဖွဲဖွဲကြွေသည် ကို ရဟန်းတို့ မြင်မိကြသည်။
 
 နောက်တစ်နေ့ နံနက်စောစော ၌ ရဟန်း တို့က မုလေးပန်း တို့ကို “ သင်တို့ အညှာများမှ မကြွေကျမီ ငါတို့ သည် ရာဂ စသည် တို့မှ ကင်းကွာလွတ်မြောက်အောင် ပြုကြ ကုန်အံ့ ” ဟု ပြောဆို သကဲ့သို့ ပြုကာ တရား ကို အပြန်းအထန် အားထုတ်ကြသောကြောင့် ရဟန္တာ များ အဖြစ်သို့် ရောက်သွားကြောင်းကို တစ်ဦးသော သူက ပြောသည်။

နောက် တစ်ဦးက ညှိုးရော် သွားသော ပဒုမ္မာ ကြာပွင့် မှ ပွင့်ဖတ် တို့ ကြွေကျကျပုံ ကို မြင်ရာမှ အနိစ္စ သဘော ကို ထိုးထွင်း သိမြင်ကာ ပစ္စေကဗုဒ္ဓ များဖြစ်သွားကြသော ပဒုမ္မဒေ၀ီ မိဖုရား ၏ သားငါးရာ တို့ အကြောင်းပြောပြီးနောက် ၌ ရှင်မဟာသီလ၀ံသ ၏ ပါရာယန ၀တ္တုနှင့် မြန်မာ့ ၀တ္တုရှည် များ ဖြစ်ပေါ် တိုး တက်လာမှု သမိုင်း ကို ရှည်လျားစွာ ပြောပါသည်။ 
 
ရှည်လျားသောကြောင့် သူပြောပြခြင်း များကို အစီအစဉ် တကျ မမှတ်မိတော့ပါ။ အခြားသူ တစ်ဦးက ခုနစ်နှစ်သား အရွယ် သာမဏေငယ် တစ်ပါးသည် ရှင်သာရိပုတ္တရာ မထေရ်မြတ်ြ်ကီးနှင့် အတူ ဇေတ၀န်ကျောင်းတော် မှ ဆွမ်းခံရန် ထွက်လာ ၏ ။
 
လမ်းခရီး တစ်နေရာ တွင် လယ် အတွင်း သို့ရေ သွင်းရန် ဖောက် ထားသော ရေမြောင်း အတွင်း ၌ ရေ တို့ကွေ့၍ကောက်၍ တန်း၍ တွန်း ၍ တိုး၍ စီးဆင်းနေသည် ကို မြင်တွေ့ရသော အခါ ထို စီး ဆင်းနေသောရေ ၌ စိတ် ရှိပါသလားဟု ရှင်သာရိပုတ္တရာ မထေရ်မြတ်အား မေးလျှောက်ကြောင်း၊ 
 
ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက ရေ ၌ စိတ် မရှိကြောင်း ပြောသော အခါ သာမဏေငယ် သည် ‘ စိတ် မရှိသောရေကို ပင်လျှင် လိုရာ အရပ်သို့ သယ်ယူနိုင်ပါ က စိတ်ရှိသော ငါသည် ငါ့ ဘ၀ကို အရဟတ္တဖိုလ် အရောက် အဘယ့်ကြောင့် မဆောင်ယူနိုင်သူ ဖြစ်ရမည်နည်း၊ ဆောင်ယူနိုင်သူ ဖြစ်ရ မည်သား ’ ဟု အားမာန် သတ္တိ ရရှိသွားသောကြောင့် ရှင်သာရိပုတ္တရာမထေရ်မြတ်အား ခွင့်ပန် ၍ ဇေတ၀န် ကျောင်း သို့ ပြန် သွားကာ တရား အားထုတ်ကြောင်း၊ 
 
ထိုနေ့မှာပင် အရဟတ္တဖိုလ် သို့ ဆိုက် ရောက် သွားကြောင်း ပြောပြသည်။ မဂ် ဆိုက်ရာ၌ ဖြစ်ပေါ်သော စိတ်သဘာဝ အကြောင်း များကိုလည်း အလေးအနက်ပြောသည်။ 

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သည့် သာသနာ (၅၀၀၀) နှင့် သိကြားသာသနာ အယူအဆ



 
“မြတ်စွာဘုရားရှင်က သာသနာတော် ကို နှစ်ပေါင်း (၅၀၀၀) ထားခဲ့တယ်၊ ၂၅၀၀ ကျော်ရင် သိကြား သာသနာဖြစ်သွားပြီး” ဆိုသည့် အယူအဆ ဟာ ထေရ၀ါဒ ဗုဒ္ဓသာသနာတော် ထွန်းကားရာ မြန်မာနိုင်ငံမှာ အတော်များများ လက်ခံ ယုံကြည်ထားတဲ့ အယူအဆ တစ်ခုပင်ဖြစ်သည်။
 

၎င်း အယူအဆအရ ဆိုလျှင် မြတ်ဗုဒ္ဓ ၏ သာသနာတော်သည် နှစ်ပေါင်း (၅၀၀၀) သာခံမည်။ (၅၀၀၀)ကျော် လျှင် သာသနာတော် သည် ဧကန်မုချ ကွယ်ပျောက်မည်။ သာသနာနှစ်ပေါင်း (၅၀၀၀) မပြည့်သေး သမျှ ဘယ်သူ ဖျက်ဖျက် သာသနာတော်သည် မကွယ်ပျောက်နိုင်ဟု အဓိပ္ပါယ် သက်ရောက်နေပေ၏။

ယခုမူ သာသနာနှစ်ပေါင်း (၂၅၀၀)ကျော်ပြီဖြစ်တဲ့ အတွက် လက်ရှိ သာသနာတော် ကို သိကြားမင်း က စောင့်ရှောက်၍ နေသည်ဟု အထင်ရောက်နေ၏။

ထို့ကြောင့် မြတ်စွာဘုရားရှင် က အမှန်ပင် ငါဘုရား ၏ သာသနာတော် ကို နှစ်ပေါင်း (၅၀၀၀) သာခံမည်။ သာသနာနှစ်ပေါင်း (၂၅၀၀) ကျော်လျှင် သိကြားမင်း က ငါ့ဘုရား သာသနာ ကို စောင့်ရှောက်ပေးမည် ဟု ဗျာဒိတ်တော်ထား ဟောကြားထားခြင်း ရှိ/ မရှိဆိုသည်ကို လေ့လာ ဆန်းစစ်ဖို့လိုအပ်လာပါသည်။


Saturday, January 16, 2016

အကောင်းဆုံး ယတြာ ချေကြပါ။

ကံကံ၏ အကျိုးVs သုတရသ စုံ's photo.



(ကောင်း လွန်းလို့ တင်ပေးလိုက်တာပါ ဖတ်ဖြစ်အောင် ဖတ်ပေးပါ။ ဖတ်ပြီးလျှင်လည်း တစ်ပါးသူများကို...
ပြန်လည်ပို့ချပေးပါ။ )

၁။ ဝင်ငွေ မ ကောင်းတဲ့အခါ ချွေတာသုံးစွဲတာ အကောင်းဆုံးယတြာ။
 
၂။ လမ်းသွားတဲ့အခါ ကြီးမားတဲ့ ဝီရိယ ထားခြင်းဟာ အန္တရာယ်ကင်းဖို့ အတွက် အကောင်းဆုံး ယတြာ။
 
၃။ ရန်လိုနေတဲ့ လူနဲ့ ဖက်ပြိုင်ပြီး မငြင်းတာ အကောင်းဆုံး ယတြာ။
 
၎။ ဒေါသထွက်စရာ ကြုံတဲ့ အခါ စိတ်ဖြေသာတဲ့နေရာကို ရှောင် ထွက်သွား ခြင်းဟာ အကောင်းဆုံး ယတြာ။
 
၅။ မနာလိုဝန်တိုစိတ်ကိုမမွေးအောင် ကံ ကံ ရဲ့အကျိုးကိုလက်ခံနိုင်အောင် ကြိုးစားတာ အ ကောင်းဆုံး ယတြာ။
 
၆။ စိတ်ကောင်းထားခြင်း ရိုးသားမှုရှိခြင်းဟာ ကြီးပွားရာ ကြီးပွားကြောင်း အတွက်အကောင်းဆုံး ယတြာ။
 
၇။ အားလပ်ချိန် မှာ စာဖတ်တဲ့ အကျင့်ကို မွေးမြူခြင်းဟာ အသိ အလိမ္မာ တိုးတက်စေဖို့ အတွက်
အကောင်းဆုံး ယတြာ။

 

အင်အားပြင်း ငလျင် တစ်ခု ဆယ်စုနှစ် အတွင်း လှုပ်နိုင်တယ်

 ဦးသူရအောင်, ငလျင်, စစ်ကိုင်း ပြတ်ရွေ့   , မြန်မာနိုင်ငံ မြေငလျင် ကော်မတီ အတွင်းရေးမှူး
မြန်မာနိုင်ငံ မြေငလျင် ကော်မတီ အတွင်းရေးမှူး ဦးသူရအောင် (ဓာတ်ပုံ-သူဇာ / ဧရာဝတီ)


ရန်ကုန်မြို့တောင်ဘက် ကမ်းခြေ တစ်ဝိုက်ကို အခြေပြု၍ ဇန်န၀ါရီ ၁၂ရက် ည ၉း၃၀ ခန့် တွင် ပမာဏ ၄ ဒသမ ၈ ရှိ ငလျင်ငယ် လှုပ် ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ် (၃) ကြိမ် လှုပ်ခတ် ခဲ့သည်။

ယင်းသို့ ငလျင် ဆက်တိုက် လှုပ်ခတ်မှုကြောင့် ရန်ကုန်မြို့နှင့် အနီး တစ်ဝိုက်တွင် သိသိ သာသာ အများ ပြည်သူ သတိထား ခဲ့မိကြသော်လည်း ထိခိုက် ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ပေ ။

ဖွံ့ဖြိုး တိုးတက်မှုနှင့် အတူ အထပ်မြင့် တိုက်တာ အဆောက်အအုံများစွာ မြန်မာနိုင်ငံမြို့ကြီးများတွင် ပေါ် ထွန်းလျက် ရှိရာ ငလျင်ကြီးကြီး မားမား လှုပ်ခတ်လျှင် ပျက်စီးမှုများ ဆက်တိုက် ကြုံတွေ့ရဖွယ်ရှိနေရာ မြန်မာနိုင်ငံ မြေငလျင် ကော်မတီ အတွင်းရေးမှူး ဦးသူရအောင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် သူဇာ က တွေ့ဆုံ မေးမြန်းထားသည်။


မေး ။ ။ ဆက်တိုက် ဆိုသလို လှုပ်ခတ်ခဲ့တဲ့ ငလျင်က စစ်ကိုင်းပြတ်ရွေ့နဲ့ စပ်ဆက်မှု ဘယ်လောက်ရှိ ပါသလဲ။

ဖြေ ။ ။ ကျနော် တို့ လက်ရှိ မှာ သုံးသပ် ထားတာကတော့ စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက် အစွန်ဆုံး အပိုင်း ပေါ့ဗျာ။ အဲဒီါကြောင့် လှုပ်တယ်လို့ ကျနော်တို့ ကောက်ချက်ချထားတယ်။ ကျနော်တို့ တွေ့ရှိတဲ့ ငလျင် ဗဟိုချက် တွေ ကလည်း စစ်ကိုင်းပြတ်ရွေ့ နဲ့ တကယ့်ကို နီးကပ်နေတယ်။

ပင်မ ပြတ်ရွေ့ကျောကြီးနဲ့ပေါ့နော်။ စစ်ကိုင်း ပြတ်ရွေ့ မှာ ပဲခူး ကနေပြီး တော့ ကပ္ပလီ ပင်လယ်ပြင်ထဲကို ဆင်းသွားတဲ့ အပိုင်းပေါ့။ တောင်ဘက်စွန်း အပိုင်း လို့ သတ်မှတ် ထားတဲ့ အပိုင်းက လှုပ် ခတ်မှုလို့ ကျနော် တို့ ကောက်ချက်ချထားတယ်။


မေး ။ ။ ဒီ ငလျင်တွေက ငလျင်ကြီး လှုပ်ခတ်နိုင်မယ့် ရှေ့ပြေး ငလျင် လို့ ပြောနိုင်မလား။



ရာသီဖွား များ၏ အကောင်းနှင့် အဆိုး အကြံပြုချက်များ

ဗေဒင် လက္ခဏာ's photo.


* Aries (မိဿ ရာသီဖွား) မတ် ၂၁ ရက် မှ ဧပြီ ၂၀ *
အကောင်း- တက်တက်ကြွကြွ ရှိတယ်။ ကြင်နာ တတ်တယ်။ သတ္တိရှိတယ်။ ဖန်တီးနိုင်စွမ်းကောင်းပြီး အနုပညာ ပါရမီပါတယ်။ ခေါင်းဆောင်ကောင်းစိတ်ဓာတ် ၇ှိသူလည်းဖြစ်တယ်။
 
အဆိုး- စိတ်တော့ သိပ်မရှည်ချင်ဘူး။ ကိုယ့်ကို လာထိရင် မဟုတ် မခံပြန်ပြောချင်စိတ်ရှိတယ်။ တစ်ခါတစ်လေ စကား ကို မပွင့် မလင်းပြောတတ်တယ်။ မစဉ်းစားဘဲ တဇွတ်ထိုး လုပ်တတ်တယ်။
 
အကြံပြုချက်- ကိုယ့်ကိုယ် ကို ယုံကြည်မှု အပြည့်ထားပါ။ တစ်ခုခု ကို ဇောက်ချလုပ်ပါ၊ လူ အများနှင့် ဆက်ဆံရာတွင် ပွင့်လင်းပါ။ ပြီးတော့ သူငယ်ချင်း များနှင့် မကြာခဏ အချိန်ဖြုန်းပါ။
 

* Taurus (ပြိဿ ရာသီဖွား) ဧပြီ ၂၁ ရက်မှ မေ ၂၀ *
အကောင်း- လက်တွေ့ကျတယ်။ အားကိုးလောက်တယ်။ ဂရုစိုက်တတ်ပြီး စိတ်လှုပ်ရှားလွယ်တယ်။ အပေါင်း အသင်း ခင်တယ်။ ပျော်တတ်တယ်၊ မိဘ ကို ရိုသေသူ လည်းဖြစ်သည်။
 
အဆိုး- စိတ်ကြီးတယ်။ ဒေါသထွက်ရင် မဆင်မခြင် လုပ်မိတတ်တယ်။ တစ်ခါတစ်လေ ဆရာကြီး လုပ် တတ် တယ်။ မရည်ရွယ်ပဲနဲ့လည်း ဒေါသ အလျှောက်စကားတွေ ပြောမိတတ်တယ်။ တောင်းပန် ရမှာ ၀န်လေး တယ်။ အလုပ် ကို အပင်ပန်းခံ လုပ်တယ်။

အကြံပြုချက်- စိတ်လိုက်မာန်ပါ လုပ်တတ်ခြင်းကို ပြင်ပါ။ ကိုယ် တစ်ခုခု ကို ပြောမယ် ဆိုရင် အဲဒီဲ့ စကားရဲ့အကျိုးဆက် ကို စဉ်းစားပြီးမှပြောပါ။ အမှား လုပ်မိရင် ကြိုးစားပြီး ၀န်ခံပါ။ ကိုယ့်ကိုယ်ကို အနားပေးဖို့မမေ့ ပါနဲ့။


 
* Gemini (မေထုန် ရာသီဖွား) မေ ၂၁ ရက် မှ ဇွန် ၂၀ *
အကောင်း- ပင်ကိုယ် ထူးချွန်မှုရှိတယ်။ လုပ်ရည် ကိုင်ရည်ကောင်းတယ်။ ညဏ်ရှိတယ်။ တစ်ခုခု ဆို      မှတ်မိ လွယ်တယ်။ အေးဆေးနေတတ်တယ်။ အများအကျိုး ကိုလည်း လိုလားသူဖြစ်တယ်။
 
အဆိုး- တစ်ခါ တစ်လေ အစွန်းရောက်သွားတတ်တယ်။ ဟန်ဆောင် လွန်းတယ်။ ကျန်းမာရေး ညံ့တယ်။ ကိစ္စတွေ ကို အကောင်းထက် အဆိုးဘက်မှ ပိုမြင်တယ်။ ဝေဖန် တတ်တယ်။ ကိုယ့်ကို လာဝေဖန်ခြင်း ကိုတော့ လုံးဝ မကြိုက်ပေ။
 
အကြုံပြုချက်- အိပ်ရေး၀၀ အိပ်ပါ။ စိတ်လွတ် ကိုယ်လွတ်နေထိုင်ပါ။ အကောင်းမြင်စိတ် မွေးပါ။ ဘယ်အရာ ကိုမှ အလောတစ် ကြီး မလုပ်ပါနဲ့။

 

Wednesday, January 13, 2016

လိပ်ကျွန်း လူသတ်မှု တွင် အသတ်ခံရသူ ဟဲနာ အမ လော်ရာ ၏ ရင်ဖွင့်ချက် (သို့မဟုတ်) ရိုက်ချက်

Pyi Moe Aung's photo.


ထိုင်းနိုင်ငံ ဟာ လှပဆဲ လို့ သင်ထင်နေဆဲလား.
 
လိပ်ကျွန်း လူသတ်မှု မှာ တချိန်လုံး ငြိမ်သက်နေတဲ့ ဟဲနာ မိသားစု မှ  ဟဲနာ အစ်မဖြစ်သူ လော်ရာ က တော့ လိပ်ကျွန်းမှာ နောက်ထပ် မတော်တဆ လိုလို သေဆုံးတဲ့ လုမေလာ နဲ့ ပက်သက်ပြီး တိတ်ဆိတ်မှု ကို စတင်ဖြိုခွင်း လိုက်ပါပြီ။


လုမေလာ မိသားစု ရဲ့ ခံစားချက်ကို ထပ်တူ ခံစား နားလည်ပါတယ် ဟု ပြောရင်း အောက်ပါ စကားများ ကို ရင်ဖွင့်ခဲ့ပါသည်။
(

လော်ရာ ဖေ့ဘုတ်မှ တိုက်ရိုက် ဘာသာပြန်တင်ပေးပါသည်)https://www.facebook.com/laura.witherid…/…/10153150628116986

အားလုံး သိထား မြင်ထားပြီး သလိုဘဲ ကော့တောင်ကျွန်းပေါ် မှာ နောက်ထပ် ဗြိတိန်နိုင်ငံသား တစ်ဦး သေပြန်ပြီ။

 
ကျမ ဘာပိုစ့်မှ ထပ်မတင်တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ဒီမနက် ကျမ သူငယ်ချင်း တယောက်က အဲ့နေရာ ကိုနောက်ထပ် မသွားဖို့ သတိပေးတဲ့ပိုစ့် ကိုမြင်ခဲ့တော့ ကျမလည်း နည်းနည်းတော့ ပြော ချင်သေးတယ်။

လူတွေ တကယ်ဘဲ အဲ့ဒီနေရာ ကို ထပ်မသွားကြဖို့ တယောက်နဲ့ တယောက် တိုက်တွန်း သတိပေးစေ ချင်တယ်။ တစ်ချို့အဆင်ခြင်မဲ့ ကော်မန့်တွေ ကျမတွေ့ ပါတယ်။

ဘာတဲ့လဲ ဆိုတော့ ထိုင်းနိုင်ငံက သိပ်လှတယ်တဲ့ ကမ္ဘာကြီးထဲက သိပ်လှတဲ့နေရာ တစ်ခုပါတဲ့ ဒီ စကား ကိုကြားလိုက်ရတဲ့ ကျမ အတွက်ကတော့ အပိုစကား လို့ဘဲ သတ်မှတ်တယ်။

အလှအပတွေ ကို ပိုစ့်ကဒ်တွေ ၊ ဓါတ်ပုံတွေ ထဲမှာတော့ အတော်လေး သဘောကျမိ ပါရဲ့။ ဘယ်အရာ ကြည့်ကြည့် အပြင်ပန်း အမြင်မှာ လှနေတာကိုး။
 

Sunday, January 10, 2016

ရှယ်ယာဝယ်ဖို့ ဘယ်ကစမလဲ (၄) Stock exchange {သားဝင့်ကျော်}



 
မိမိ ရှယ်ယာ ဝယ်ယူလိုတဲ့ ကုမ္ပဏီကိုအကဲဖြတ်လေ့လာခြင်း ကို ဒီဆောင်းပါး နဲ့ အဆုံးသတ်ကြ ရအောင်စို့။
 
ရှယ်ယာ ဝယ်ဖို့ ဒီလောက်တောင် အကဲဖြတ်ဖို့ လိုသလားကွာ ဆိုပြီးမေးမယ်ဆို မေးလောက်ပါတယ်။
မိမိ ဝယ်ယူ ရင်းနှီးမြှုပ်နှံမယ့် ရှယ်ယာ အမြတ်သေချာဖို့ ဒီလောက်တော့ စိတ်ရှည်ရမှာပေါ့။
 
 
လက်ကျန် ရှင်းတမ်း နဲ့ အရှုံးအမြတ် ရှင်းတမ်းက အချိုးတွေ အပြင် နောက်ထပ်မံလေ့လာ ရမယ့် အချိုးတွေလည်း ရှိပါသေးတယ်။

ပထမ အချိုး က အမြတ်ဝေစု ထုတ်ပေး အချိုး (Pay out ratio) ပါ။
ကုမ္ပဏီတွေ ဟာ သူတို့ရဲ့ အမြတ် ဝင်ငွေ ထဲက တစ်စိတ်တစ်ပိုင်း ကို အမြတ်ဝေစုအဖြစ် ငွေသားနဲ့ထုတ်ပေး တတ်ကြတယ်။ အဲ့ဒီလို ငွေသား နဲ့ထုတ်ပေးလိုက်တဲ့ အမြတ်ဝေစု နဲ့  အသားတင်အမြတ် ထဲက ဦးစား စတော့ရှယ်ယာ အမြတ်ကို နှုတ်ပြီး ကျန်ငွေ နဲ့အချိုး ချတာပါ။

Pay out ratio = (Ordinary shares dividend) / (Net profit - Preferred dividend)

Payout ratio ၁၀% ရှိတဲ့ ကုမ္ပဏီ ဟာ တက်သစ်စ ကုမ္ပဏီဖြစ်နိုင်တယ်။ Pay out ratio ၅၀% အထက် ရှိတဲ့ ကုမ္ပဏီ ကတော့ အောင်မြင်နေတဲ့ ကုမ္ပဏီ လို့ သတ်မှတ်နိုင်တယ်။

ရှယ်ယာဝယ်ဖို့ ဘယ်က စမလဲ (၃) ( Stock exchange) {သားဝင့်ကျော်}





 ဒီတစ်ပတ် လက်ကျန်ရှင်းတမ်း ကျန်တစ်ပိုင်းလေး ဆက်ပြီးဆွေးနွေးကြည့်ရအောင်နော်။
ကုမ္ပဏီ တစ်ခုရဲ့ စုစုပေါင်း ရပိုင်ခွင့်များ (total assets)နဲ့ စုစုပေါင်း ပေးရန် တာဝန်(Total Liabilities) တို့ရဲ့ခြားနားချက် ဟာ အစုရှယ်ယာရှင်များ ရဲ့ ပိုင်ဆိုင်ခွင့်(Shareholder's equity) ဖြစ်ပါတယ်။

အစုရှယ်ယာရှင်များ ၏ ပိုင်ဆိုင်ခွင့်(Shareholder's equity)

 ၁) ဦးစား စတော့ ရှယ်ယာ(Preferred stock share)
၂) သာမန် (သို့မဟုတ်) ဘုံစတော့ ရှယ်ယာ (Ordinary or Common stock shares)
၃) ပြန်သွင်း ရင်းနှီးငွေ (Paid in capital )
၎) ခွဲဝေပြီး အမြတ် လက်ကျန်(retained profit)
ဆိုပြီးလေးမျိုး ပါဝင်ပါတယ်။

စုစုပေါင်း ရင်းနှီးမြှုပ်နှံခြင်း (Total capitalization) ဆိုရင်တော့
အစုရှယ်ယာရှင်များ ပိုင်ဆိုင်မှု့(Shareholder's equity) နဲ့ နှစ်ရှည်ပေးရန် တာဝန် (Non-current Liabilities) ပေါင်းပါတယ်။

အဲ့ဒီ ကနေ အချိုး ၃ ခု တွက်နိုင်ပါတယ်။
ပထမ - ငွေချေး စာချုပ် အချိုး (Bond ratio) ငွေချေး စာချုပ် တန်ဖိုး ကို စုစုပေါင်း ရင်းနှီးမြှုပ်နှံခြင်း (Total capitalization) နဲ့စားတာ။
Bond ratio = (Bonds÷Total capitalization)×100

ရှယ်ယာဝယ်ဖို့ ဘယ်ကစမလဲ (၂) - Stock exchange {သားဝင့်ကျော်}



 
 
ပြီးခဲ့တဲ့ ဆောင်းပါးစဉ် မှာ အစုရှယ်ယာ ဝယ်ယူလိုတဲ့ ကုမ္ပဏီ အကြောင်းကို ရှင်းပြရင်း စာရင်းကိုင် အယူ အဆတွေကို အကြမ်းဖျင်းပြောပြ ခဲ့ပြီးပြီ ။ ဒီစာစု မှာ ကုမ္ပဏီတွေရဲ့ လက်ကျန် ရှင်းတမ်း အကြောင်းလေး ဆက်ကြည့်ရအောင်စို့။

လက်ကျန် ရှင်းတမ်း ဆိုတာ နေ့တစ်နေ့မှာ ရှိတဲ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံ ထားတဲ့ ရင်းနှီးငွေ တန်ဖိုး စုစုပေါင်း နဲ့ အဲ့ဒီငွေတွေ နဲ့ ဝယ်ယူ ပိုင်ဆိုင် ထားတဲ့ ပိုင်ဆိုင်ပစ္စည်း အရပ်ရပ်စုစုပေါင်း တူညီကြောင်း ရှင်းပြ ထားတဲ့ ရှင်းတမ်း တစ်ခုပါပဲ။


အဲ့ဒီ ရှင်းတမ်း ထဲမှာပါတဲ့ အသေးစိတ် ကို အောက်မှာကြည့်ရအောင်..................
ပထမတစ်ပိုင်း အနေနဲ့

မြှုပ်နှံထားသော ရင်းနှီးငွေ (Capital employed) မှာ ပိုင်ဆိုင်ခွင့် နဲ့ ချေးငွေများ ဆိုပြီးပါတယ်။
ပိုင်ဆိုင်ခွင့်(Equity)
---------------------------
ရှယ်ယာရှင်များ ၏ ရင်းနှီးငွေ(Shareholder's Fund)
မခွဲဝေရသေးသော အမြတ်( Retained profit)
သီးသန့်ရန်ပုံငွေများ(Reserve)
ရှယ်ယာ အပိုကြေး (Share premium)
ချေးငွေများ (Loams)
-----------------------------

ကြွေးစာချုပ်(Debenture)
နှစ်ရှည်ချေးငွေ(Long-term loan)

ရှယ်ယာဝယ်ဖို့ ဘယ်က စမလဲ Stock exchange {သားဝင့်ကျော်}



 
ရှယ်ယာ ဝယ်ယူရင်းနှီးမြှုပ်နှံမယ့် သူဟာ မိမိ ဝယ်ယူလိုတဲ့ ရှယ်ယာ ထုတ်ဝေရောင်းချတဲ့ ကုမ္ပဏီရဲ့အခြေ အနေ ကို အကဲဖြတ်ဖို့ လိုပါတယ်။ လေ့လာတဲ့အခါ အဲဒီ ကုမ္ပဏီရဲ့ နှစ်ဆုံး ဘဏ္ဍာရေး ရှင်းတမ်းတွေက တဆင့် လေ့လာ အကဲဖြတ်ကြရပါ့မယ်။
ဒီလိုဆိုပြန်တော့ စတော့ဈေးကွက်(Stock exchange) မှာ စာရင်းဝင်(listed) ထားတဲ့ကုမ္ပဏီတွေဟာ အများပြည်သူထံ သို့ ၃လ တစ်ကြိမ် သို့မဟုတ် ၆လ တစ်ကြိမ် သို့မဟုတ် တစ်နှစ်တစ်ကြိမ် ပွင့်လင်း မြင်သာမှု့ ရှိသော ဘဏ္ဍာရေး အစီရင်ခံစာ များကို သက်ဆိုင်၇ာ အကျိုးဆောင် လုပ်ငန်းများမှ တဆင့် လည်းကောင်း စီးပွားရေး စာစောင်များမှ တဆင့် လည်းကောင်း အသိပေးထုတ်ပြန်ရပါမည်။
 
ဘဏ္ဍာရေးရှင်းတမ်းဟု ဆိုရာဝယ် ကုမ္ပဏီ ၏ ပုံရိပ် အစစ်အမှန် ကိုဖေါ်ပြနိုင်သော အရှုံးအမြတ် စာရင်း (Statement of profit and loss) နှင့် လက်ကျန် ရှင်းတမ်း(Balance sheet or statement of financial position) တို့ဖြစ်ပါသည်။
 
စာရင်းရှင်းတမ်း များကို လေ့လာသောအခါ ရှင်းတမ်းအောက်ခြေ တွင် ရေးသားဖေါ်ပြတဲ့ ရှင်းလင်းချက် (note to the account) ကို လေ့လာ ဖတ်ရှု့ရပါလိမ့်မည်။ သို့မှသာ စာရင်းရှင်းတမ်းမှာ ဖေါ်ပြထားသော ကိန်းဂဏန်းများ၏ အဓိပ္ပါယ် ကို မှန်မှန်ကန်ကန် ဖေါ်ထုတ်နိုင်မည်ဖြစ်သည်။


ဘာတွေဝယ်လို့ ဘာတွေရောင်းမှာလဲ Stock exchange {သားဝင့်ကျော်}




Stock exvhange စတော့ဈေးကွက်မှာ ဝယ်ကြ ရောင်းကြမယ် ဆိုတော့ ဘယ်လိုလဲ ဘာတွေလဲပေါ့
တကယ်တော့ ငွေပိုငွေလျှံ ကို ရင်းနှီးမြှုပ်နှံကြတာပါပဲ။ စီးပွားရေး ဖွံဖြိုးပြီးနိုင်ငံတွေမှာတော့ ရင်းနှီး မြှုပ်နှံနိုင်မည့် လုပ်ကွက် များစွာ ရှိပါသည်။

အများနှင့် သက်ဆိုင်သော၊ ပေးရန် တာဝန် ကန့်သတ်ထားသော ကုမ္ပဏီ များ၏ အစု ရှယ်ယာများ(shares) ..
ရှယ်ယာစုများ (Stock) ကို ရောင်းဝယ်ဖလှယ်နိုင်သော (Stock exchange).. ငွေချေး စာချုပ် များကို ရောင်းဝယ် ဖလှယ်နိုင်သော (Bond market) ...ကုန်ပစ္စည်း များကို ကြိုရောင်း ကြိုဝယ် စာချုပ်များ ဖလှယ်ရောင်းဝယ်နိုင်သော (Future market) ဆို၍ များစွာရှိပါသည်။

ယင်းတို့ အနက်မှ ကျနော်တို့နိုင်ငံမှာ စတင်နေတဲ့ စတော့ဈေးကွက် (Stock exchange) အကြောင်း သိသမျှ ဖေါက်သည်ချကြည့်ပါမည်။

စတော့ဈေးကွက်တွင် ရောင်းချသော ကုန်စည်မှာ အများနှင့် သက်ဆိုင်သော၊ ပေးရန် တာဝန်ကန့်သတ်ထားသော ကုမ္ပဏီ များ၏ အစုရှယ်ယာ များ ရှယ်ယာစုများဖြစ်သည်။

အစုရှယ်ယာများ ဝယ်ယူရင်းနှီးမြှုပ်နှံ ထားသူသည် ထို အစုရှယ်ယာများကို ဝယ်ယူကိုင်ဆောင် ထားချိန် တွင် ကုမ္ပဏီမှ ခွဲဝေပေးသော အမြတ်ဝေစုကို နှစ်စဉ် ခံစားနိုင်ပြီး အကယ်၍ ယင်း ကုမ္ပဏီ၏ အမြတ်ရ ရှိနိုင်စွမ်း အခြေအနေ ငွေဖြစ်လွယ်မှု့အခြေအနေ ပိုမိုတိုးတက်ကောင်းမွန်ခြင်းကြောင့် ယင်း ကုမ္ပဏီ၏ အစုရှယ်ယာများ သည် စတော့ဈေးကွက်တွင် ဈေးတက်လာပါက လက်ဝယ်ကိုင်ဆောင်ထားသူက မိမိ ဝယ်ယူထားသော အစုရှယ်ယာများ ကို စတော့ဈေးကွက်တွင် ပြန်လည်ရောင်းချခြင်း ဖြင့် အမြတ် ရရှိနိုင်ပါသည်။

Tuesday, January 5, 2016

နန်းမတော် မယ်နု နှင့်မြန်မာနိုင်ငံတော် ၏ ကံကြမ္မာ


                 
11887952_1613021402300585_5867410812386684826_n


နန်းမတော် မယ်နု ဟုဆိုလိုက်သည်နှင့် တိုင်းပြည် “ခိုက်” သောမြေးအဖွား (၃) ဆက် (ပထမအင်္ဂလိပ်-မြန်မာ စစ်ရှုံးသူ မယ်နု ၊သူ့သမီး ဆင်ဖြူမရှင် ‘နန်းတွင်း အာဏာလုပွဲအတွက် မင်းတုန်းမင်း ၏ သားတော်(40)ကျော်ကို သတ် ကာ သီပေါမင်း ကို သူ့ သမီး စုဖုရားလတ်နှင့်လက်ထပ်ပေးသူ၊ မြေးမတော် စုဖုရား လတ် သီပေါမင်းကိုကျော် ၍ အမိန့် မနာခံသော) ဟု နာမည်ဆိုးနှင့် ကျော်ကြားသူ အဖြစ်သိကြသလို အင်းဝရှိ မယ်နုအုဋ်ကျောင်းကိုလည်း မြင်ယောင်မိကြမည်ဖြစ် ပါသည်။

ဟုတ်ပါသည် မယ်နု သည် မဟာအောင်မြေဘုံစံ မယ်နု အုဋ်ကျောင်းကြီး၏ ဒကာမဖြစ်သလို သူမ ဘဝ၏ အံ့ဖွယ်အတိတ်ကံ အကျိုးပေး၊ ပင်ကိုယ် စိတ်ထက်မြက် ကြွပ်ဆတ်မှု ၊အတ္တကြီးပြီး အကြောက်တရား ကင်းမှု၊ ဆင်ခြင်တုံတရား နည်းပြီး တဇွတ်ထိုးနိုင်မှု တို့က သူမ ကို အထွဋ် အထိပ်သို့ ရောက်ရှိစေခဲ့သည်။
 

နန်းမတော်မယ်နု သည် ဖလံခုံရွာ ဇာတိထောင်မှူး သီဟကျော်စွာဘွဲ့ခံ ဦးလှုပ်နှင့်ဒေါ်ငယ်တို့မှ 18.June.1783 အင်းဝမြို့၌ မွေးဖွားသည်။

မွေးချင်းနှစ်ယောက်ရှိပြီးကျန် တစ်ယောက်မှာ မောင်အိုဖြစ်သည်။ မယ်နုသည် ရွှေလင်ဗန်းနှင့် အချင်းဆေးသော တော်ဝင်မျိုးရိုး မဟုတ် သာမာန် အရပ်သူတစ်ဦးသာ ဖြစ်သော်လည်း သူမ ဘဝတွင် ထူးဆန်းမှုကြီးကြီး မားမား (2) ကြိမ်ကြုံ တွေ့ခဲ့သည်။


မယ်နုငယ်စဉ် က အိမ်မှလူကြီး မိဘ များနှင့် တရွာမှ တရွာသို့သွားလာရာ လမ်းဇရပ် တစ်ခု၌ အိပ်ကြ သည်။ မယ်နု က ထမင်းချက်တာဝန် ယူ၍ ချက်ပြုတ်ရာ မနက် မိုးလင်းသော အခါ မယ်နု ထမင်းချက် ခဲ့သောနေရာ ၌ မှိုပွင့်ကြီး တစ်ပွင့် ပေါက်လာရာ လူကြီးများ က အံ့ဘွယ် နိမိတ်ကောင်းဟု မှတ်ယူကြ သည်။

မယ်နု အသက် ၁၂နှစ် သမီးအရွယ် မြစ်ဆိပ်၌ ရေချိုးချိန် တွင် သူမ၏ အနီရောင်ရေလဲ လုံချည်ကို စွန်ရဲ တစ်ကောင်မှ ချီယူ သွားပြီး အမရပူရ နန်းတော်အတွင်းရှိ မိဖုရားများ စံပယ်ရာ တောင်နန်းဆောင် အမိုး ၌ချထားခဲ့သည်။


Monday, January 4, 2016

မြန်မာ စိပ်ပုတီး မှာ ၁၀၈ လုံး ပါတာ ဘာကြောင့်ပါလဲ?



ရေစကြို အရှင်ဧသိက၊ စစ်တမ်း - စာ ၁၅၆ ရဲ့ စိပ်ပုတီး ပြဿနာ အဖြေရှာ ဆိုတဲ့ ဆောင်းပါး လေး မှာ မြန်မာ စိပ်ပုတီး ရဲ့မြစ်ဖျား ခံပုံက စပြီး စိပ်ပုတီး စိပ်ခြင်း ရဲ့ အဓိပ္ပါယ်တွေ အသုံးပြုပုံတွေ ကိုစုံစုံ လင် လင်လေး ဖေါ်ပြထားတာ ကြည်ညိုဖွယ် ဖတ်ရလို့ အလွန်ကျေးဇူးတင် ပါတယ်။

အဲ့ဒီ ဆောင်းပါး မှာ ဟိန္ဒူ ဘာသာ တွင်  ဗိဿနိုး ဂိုဏ်းဝင် တို့သည် ၁၀၈-လုံး ပုတီး ကို အသုံးပြုလေ့ ရှိကြ ပြီး မြန်မာ တို့ ကလည်း ၁၀၈-လုံး ပုတီး ကိုပင် အသုံးပြု များကြတယ် လို့လဲဖေါ်ပြထား ပါ တယ်။
 
ဘယ်လို အကြောင်းကြောင့် ပုတီး ၁၀၈-လုံးဖြစ်ဖြစ်၊ ပုတီး ၀ယ် ရင်လည်း ၁၀၈-လုံး ရှိတဲ့ ပုတီးကုံး ပဲ ၀ယ် လို့ ရတာမို့ ပုတီးစိပ်မယ် ဆိုရင် မြတ်ဘုရား ရဲ့ စက် လက္ခဏာတော် ၁၀၈ ကွက်ကို ရည်ရွယ်ပြီး စိပ်ကြမယ် ဆိုရင် ပိုမို အံဝင်ပြီး၊ မြင့်မြတ်မယ်လို့ ထင်ပါတယ်။
 
ကျမ က အင်မတန်လောဘကြီး တဲ့သူပါ။ တစ်ခုခု လုပ်မယ်ဆိုရင် တစ်ချက်ခုတ် ရင် အနည်းဆုံးနှစ်ချက် ပြတ်မှကြိုက်တတ်တဲ့ သူမို့ ဘုရား၊ တရား၊ သံဃာ ကို အာရုံပြု မိအောင် နံပတ်များကို အောက်ပါကဲ့သို့ အာရုံပြုလေ့ ရှိပါတယ်။

 ၁။ နံပတ်ဆိုရင်။ မြတ်ဘုရား  ကို  အာရုံပြုပါတယ်။
၂။ နံပတ်ဆိုရင်။ ရုပ်နာမ်နှစ်ပါး  လို့  အာရုံပြုပါတယ်။
၃။ နံပတ်ဆိုရင်။ ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါး ကိုအာရုံပြုပါတယ်။
၎။ နံပတ်ဆိုရင်။ သစ္စာလေးပါး ကို  အာရုံပြုပါတယ်။
၅။ နံပတ်ဆိုရင်။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ၊ အန္တော အန္တ ငါးပါး ကို အာရုံပြုပါတယ်။
၆။ နံပတ်ဆိုရင်။ တရား ဂုဏ်တော် ခြောက်ပါး ကို အာရုံပြုပါတယ်။
၇။ နံပတ်ဆိုရင်။ ၀ိသုဒ္ဓိ  တရား (၇) ပါး ကို  အာရုံပြုပါတယ်။
၈။ နံပတ်ဆိုရင်။ မဂ္ဂင်ရှစ်ပါး ကို  အာရုံပြုပါတယ်။
၉။ နံပတ်ဆိုရင်။ ဘုရားဂုဏ်တော် ကိုးပါး ကို  အာရုံပြုပါတယ်။
၁၀။ နံပတ်ဆိုရင်။ ကိလေသာ  ဆယ်ပါး ကို  အာရုံပြုပါတယ်။



Saturday, January 2, 2016

ဗန်းမော် ဆရာတော်ဘုရားကြီး‬ ၏ သမ္ဗုဒ္ဓေ ဂါထာတော်ကြီး ရှင်းပြချက်‬


Ashin Pannavimsa's photo.
သမ္ဗုဒ္ဓေဂါထာတော် ပါဠိ ရွတ်ဖတ်ပုံ‬

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ (သမ်ဗုတ်ဓေ အထဝီသင်စ)
ဒြါဒသဥၥ သဟႆေ     က၊ (ဒြါဒသင္စ သဟသေက) ပဥၥႆတ သဟႆာ      နိ၊ (ပင္စ သတ္တာ သဟသာနိ) နမာမိ သိရသာမဟံ။ (နမာမိ သိရသာမဟံ)
 

အပၸကာ ဝါဠဳကာ ဂဂၤါ၊ (အပ္ပကာ ဝါလုကာ ဂင္ဂါ)
အနႏၱာ နိဗၺဳတာ ဇိနာ၊ ( အနန္တာ နိတ္ဗုတာ ဇိနာ)
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ (တေသံ ဓမ်မင်စ သံဃင်စ) အာဒရေန နမာမဟံ။ (အာဒရေန နမာမဟံ)
 

နမက္ကာရာ နုဘာဝေန၊ (နမက်ကာရာ နုဘာဝေန)
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ (ဟိတွာ သတ်ဗေ ဥပတ်ဒဝေ) အနေက အန္တရာယာပိ၊ (အနေက အန်တရာယာပိ) ဝိနဿန္တု      အသေသတော။ (ဝိနတ်သန်တု အသေသတော)




ဆရာတော်ကြီး တိုကျိုမြို့ ၊ နိပိုရီသုဿ       န်သို့ မေတ္တာပို့ရန် ကြွရောက်တော် မူလာစဉ် အေး.. သမ္ဗုဒ္ဓေ ဆိုတာ ဘုရားရှင်တို့ ကို အဋ္ဌ၀ီသဉ္စ ဆိုတာ အဋ္ဌက (၈) ဝီသဉ္စက (၂၀)။ (၈)(၂၀) ဆိုတော့ (၂၈) ပေါ့။ နှစ်ကျိပ် ရှစ်ဆူသော ဘုရားရှင် တို့ကို နမာမိ သိရသာ မဟံ ၊ မဟံ တပည့်တော် သည် သိရသာ ဦးခေါင်းတော်ဖြင့် နမာမိ ရှိခိုးပါ၏။ ဘုန်းဘုန်း ရှိခိုးတာလေးကြည့်စမ်းအုံး။

ဦးခေါင်းဖြင့် ရှိခိုးပါ၏ ဆိုတာ ရှိခိုးပြစမ်းပါ။
အေး…အဲဒီလို ရှိခိုးတာကို ခေါင်းဖြင့် ရှိခိုးတယ်လို ခေါ်တယ်နော်။ ဟောဒီလို ရှိခိုးတာ ကျတော့ လက်အုပ်ချီ ၍ ရှိခိုးပါ၏။ ဟုတ်လား။


 ဟောဒါကြတော့ လက်ဆယ်စုံ ထိပ်မှာ မိုး၍ ရှိခိုးပါ၏။ ဒီခေါင်းပေါ်ကို လက် (၁၀)ချောင်း တင်လိုက်တာ ။ (မှန်လှပါဘုရား) ။ နတ်တွေ ဗြဟ္မာတွေ ရှိခိုးတာ နည်းက အဲဒီလို ရှိခိုးတာနော်။ 

နတ်တွေ ဗြဟ္မာတွေက ဟောဒီလို ရှိခိုးတာ။ အဲဒီလို ရှိခိုးတဲ့ ရုပ်ပုံတွေ မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ 

ဘယ်မှာ မြင်ဖူးတုန်း။
အဲဒီလို ရှိခိုးတာတွေ အညာ မှာတော့ ကောင်းမှုတော် ဆိုတဲ့စေတီကြီး မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ အကြီးကြီးလေ ဒီလိုကြီး အဲဒီလို ပုံကြီး။ အဲဒီ ကောင်းမှုတော်စေတီကြီးဘေးမှာ နတ်ရုပ်တွေ၊ ဗြဟ္မာရုပ်တွေ ဒီလိုကြီးတွေ ရှိခိုးနေကြတာနော်။ အဲဒီနားရောက်တဲ့ အခါ ဝင်ကြည့်ကြပေါ့။ အေး…ထားကြပါစို့။ ဘုရားပေါင်း ၂၈ ဆူကို ခေါင်းဖြင့် ရှိခိုးပါ၏။ 


တစ်အိမ်လုံး မှာ အနံ့အသက်ဆိုး တွေ ထွက်နေပါက ဒီလိုနည်းဖြင့် ဖြေရှင်းနိုင်

အိမ် တစ်ခုလုံး မှာ အနံ့ အသက်ဆိုး ထွက်နေ ပါက ဘယ်လို လုပ်ကြမလဲ။ 
မီးဖိုပေါ် ရှာလကာရည် အငွေ့ တစ်ထောင်းထောင်း ထွက်အောင် တည်ခြင်းဖြင့် အနံ့ဆိုးတွေ ကို လွင့်ပြယ်စေနိုင် ပါတယ်။

ယင်း အနံ့ဆိုး ကို ပျက်ပြယ်စေနိုင်တဲ့ အခြေအနေမျိုး ဆိုရင်တော့ ဖုံးဖိ စရာ မလိုအပ်ပါ။ မိမိ အိမ်ကို အပုပ်နံ့ ထွက်စေတဲ့ အနံ့ဆိုး တစ်ခုခု သို့မဟုတ် မနေ့က တစ်စုံ တစ်ခု ကြော်လှော် ချက်ပြုတ်ရာမှာ အနံ့တွေ စွဲ ကျန်နေ သည်ပဲဖြစ်ဖြစ် အဲဒီ အနံ့ဆိုး ကို အမြန်ဆုံး ထုတ်ပစ်ဖို့ ရိုးရှင်းလွယ်ကူသော နည်းလမ်းတစ်ခုပါပဲ။

မီးဖိုပေါ် တင်ထားတဲ့ အဖုံးဖွင့် လက်ကိုင်တပ် ဒယ် တစ်ခုထဲ ရှာလကာရည် တစ်ခွက်လောက် လောင်း ထည့်ပြီး တအုံနွေးနွေး ဆူပွက်နေအောင် တည်ပါ။ 

ယင်းအငွေ့ တထောင်းထောင်း ထနေတဲ့ ရှာလကာရည် ဟာ ပုပ်စော် အနံ့တွေ ထွက်စေတဲ့ အရာတွေ လေထဲ လွင့်ပြယ်စေမှာဖြစ်တယ်။ 

ဆုတောင်းမနေနှင့် ဆိုတဲ့ စကားဟာ အစွန်း မလွတ်ဘူး



အမျိုးသမီးယောဂီ တစ်ယောက် က အိမ်ပြန်တော့ မလို့ ဘုန်းဘုန်းတွေ ကို ကန်တော့နှုတ်ဆက် ပါတယ်။ ဘုန်းဘုန်းတွေနှင့် ပြောမနာ ဆိုမနာ ရင်းနှီးနေကြတော့ ကန်တော့ရင်း ကနေ “ဘုန်းဘုန်း၊ တပည့်တော် ကန်တော့တယ်နော်။ ဆုတော့ ပေးမနေပါနှင့်တော့၊ ဆုပေးတိုင်းလည်း ရတာမဟုတ်ဘူး၊ ကိုယ်လုပ်မှ ကိုယ် ရမှာ။ ဟုတ်တယ် မဟုတ်လားဘုရား” လို့ နောက်ပြီး လျှောက်လိုက်ပါတယ်။ 

ဒါနှင့် ဘေးမှာ ရှိတဲ့ တစ်ယောက်က “ဘုန်းဘုန်း၊ ဒါဆိုလည်း ကိုယ့် ဖာသာကိုယ် လိုချင်တာကို ရအောင် လုပ်စေ” ဆိုပြီး ဆုပေး လိုက်ပါ ဘုရား လို့ ထပ်ပြီး ၀င်နောက်လိုက်ပါတယ်။

အဲဒါနှင့် ပဲ နာဂိုယာ က ခဏကြွလာတဲ့ ဆရာတော်က…
“ခင်ဗျားတို့တွေ အဲဒီ ကိစ္စ မှာ အယူအဆလေးတွေ နဲနဲ လိုနေကြတယ်။ ဆုပေးတယ်၊ ဆုယူတယ် ဆိုတာ မလိုအပ်ဘူး ဆိုပြီး အယူမလွဲ ရဘူး။ 

တချို့ ဆရာတော်တွေ က ဆုတောင်း မနေနှင့်၊ ကိုယ်လုပ်မှ ကိုယ်ရမှာ၊ ဆုတောင်းနေရုံနှင့် ရမှာ မဟုတ်ဘူး လို့ ပြောတတ်ကြတယ်။ ဆုတောင်း မနေနှင့် ဆိုတဲ့စကား ဟာ အစွန်းမလွတ်ဘူး။ 

 မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက စလို့ ပစ္စေက ဗုဒ္ဓါ အရှင်မြတ်တွေ၊ အဂ္ဂသာဝကတွေ၊ မဟာ သာဝကတွေ၊ ပကတိ သာဝကတွေ အားလုံး ဟာ အခုလိုမျိုး အခြေအနေ ကို ရဖို့အတွက် ဆုတွေတောင်းခဲ့ ကြ ရတယ်။  ဆုမတောင်းခဲ့တဲ့ သူ တစ်ပါးမှ မရှိဘူး။