Wednesday, January 13, 2016

လိပ်ကျွန်း လူသတ်မှု တွင် အသတ်ခံရသူ ဟဲနာ အမ လော်ရာ ၏ ရင်ဖွင့်ချက် (သို့မဟုတ်) ရိုက်ချက်

Pyi Moe Aung's photo.


ထိုင်းနိုင်ငံ ဟာ လှပဆဲ လို့ သင်ထင်နေဆဲလား.
 
လိပ်ကျွန်း လူသတ်မှု မှာ တချိန်လုံး ငြိမ်သက်နေတဲ့ ဟဲနာ မိသားစု မှ  ဟဲနာ အစ်မဖြစ်သူ လော်ရာ က တော့ လိပ်ကျွန်းမှာ နောက်ထပ် မတော်တဆ လိုလို သေဆုံးတဲ့ လုမေလာ နဲ့ ပက်သက်ပြီး တိတ်ဆိတ်မှု ကို စတင်ဖြိုခွင်း လိုက်ပါပြီ။


လုမေလာ မိသားစု ရဲ့ ခံစားချက်ကို ထပ်တူ ခံစား နားလည်ပါတယ် ဟု ပြောရင်း အောက်ပါ စကားများ ကို ရင်ဖွင့်ခဲ့ပါသည်။
(

လော်ရာ ဖေ့ဘုတ်မှ တိုက်ရိုက် ဘာသာပြန်တင်ပေးပါသည်)https://www.facebook.com/laura.witherid…/…/10153150628116986

အားလုံး သိထား မြင်ထားပြီး သလိုဘဲ ကော့တောင်ကျွန်းပေါ် မှာ နောက်ထပ် ဗြိတိန်နိုင်ငံသား တစ်ဦး သေပြန်ပြီ။

 
ကျမ ဘာပိုစ့်မှ ထပ်မတင်တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ဒီမနက် ကျမ သူငယ်ချင်း တယောက်က အဲ့နေရာ ကိုနောက်ထပ် မသွားဖို့ သတိပေးတဲ့ပိုစ့် ကိုမြင်ခဲ့တော့ ကျမလည်း နည်းနည်းတော့ ပြော ချင်သေးတယ်။

လူတွေ တကယ်ဘဲ အဲ့ဒီနေရာ ကို ထပ်မသွားကြဖို့ တယောက်နဲ့ တယောက် တိုက်တွန်း သတိပေးစေ ချင်တယ်။ တစ်ချို့အဆင်ခြင်မဲ့ ကော်မန့်တွေ ကျမတွေ့ ပါတယ်။

ဘာတဲ့လဲ ဆိုတော့ ထိုင်းနိုင်ငံက သိပ်လှတယ်တဲ့ ကမ္ဘာကြီးထဲက သိပ်လှတဲ့နေရာ တစ်ခုပါတဲ့ ဒီ စကား ကိုကြားလိုက်ရတဲ့ ကျမ အတွက်ကတော့ အပိုစကား လို့ဘဲ သတ်မှတ်တယ်။

အလှအပတွေ ကို ပိုစ့်ကဒ်တွေ ၊ ဓါတ်ပုံတွေ ထဲမှာတော့ အတော်လေး သဘောကျမိ ပါရဲ့။ ဘယ်အရာ ကြည့်ကြည့် အပြင်ပန်း အမြင်မှာ လှနေတာကိုး။
 
ဒါပေမယ့်တစ်ခုသတိပြုရမှာ က ခြင်္သေ့တွေ ၊ ကျားတွေ ဆိုတာလည်း အမြင်မှာ သိပ်လှတယ်လေ။
ဒါပေမယ့် သူတို့ နဲ့သိပ် နီးကပ်လွန်းပြန်ရင်  ရှင်တို့ ကျမ တို့ကို ဆွဲဖြဲပြီး သူ့ကလေး ရဲ့အစာ အဖြစ် ဘ၀ပြောင်း သွားကြမယ်။


ကျမ ပြောချင်တာက အလှအပ ဆိုတာ ရှင်တို့ ကျမ တို့ကို အန္တရာယ်တွင်းထဲ အရောက်ပို့မယ့်
ဖြားယောင်း မှု တစ်ခုဆိုတာ ဘယ်တော့မှ မမေ့လိုက်ပါနဲ့။


ဟန်နာလေး ကို ကျမတို့ ဘ၀ထဲက ဆွဲခေါ်သွားပြီး ကတည်းက  ကျမ တစ်ကမ္ဘာလုံး ကို သတိပေးချင်နေခဲ့တာက ထိုင်းနိုင်ငံ ဆိုတာ အန္တရာယ်တွေနဲ့ ပြည့်နေတဲ့နေရာတစ်ခု ဆိုတာပါဘဲ။

ဘာလို့အဲ့လိုပြောချင်ရသလဲဆိုတော့ ကျမ ရဲ့ သတိပေးမှုကြောင့် လူတယောက်လုံခြုံသွားရင်လည်း ကျမကျေနပ်တယ်။

တယောက်က ကျမ ကိုပြောတယ်။
ဘာလို့ အချိန်ကုန်ခံ ပြောနေမလဲ။ မင်းပြောတာ ဘယ်သူမှ ဂရုစိုက်ကြမှာ မဟုတ်ဘူးတဲ့။ မှန်ပါတယ် လူတွေ ကျမ စကားကို အလေး မထား လျစ်လျူရှုနိုင် ပါတယ်။
 

ဒါပေမယ့် အနဲဆုံး ကျမ နဲ့ဟန်နာကိုသိသူတွေ ထဲကတော့ ဒီလို အဖြစ်မျိုး ဘယ်သူ့ကို မှ မကြုံစေ ချင်တာ အမှန်ဘဲ။ သူတို့က ထင်မယ် သူတို့ အလားတူအဖြစ်မျိုး မကြုံတွေ့နိုင်ဘူးလို့။ စဉ်းစားကြည့်လိုက်ပါ ဘယ်သူကမှလည်း အဲ့လိုအဖြစ်ဆိုးကြုံမယ် လို့ ကြို မတွေးမိကြဘူး ကျမ ညီမလေး အပါအ၀င်ပေါ့။
 
ထိုင်း လူမျိုးတော်တော် များများက အနောက်နိုင်ငံသားတွေကို မုန်းတယ်။  သူတို့က အနောက်နိုင်ငံ သားတွေ ရဲ့ ဘ၀တွေ ကို အသိအမှတ်မပြုကြဘူး။ တန်ဖိုး မထားကြဘူး။
 

Pyi Moe Aung's photo.


ဒီစကား ကျမပေါ့ပေါ့တွေး ပေါ့ပေါ့ပြောတာ မဟုတ်ဘူးနော်။ လှပါတယ်ဆိုတဲ့ အဲ့နေရာနဲ့ ပတ်သတ်ပြီး အချက်အလက် တချို့မျှဝေပါရစေ။

 ထိုင်း လူမျိုးတွေက အနောက်နိုင်ငံသားတွေ ရဲ့ ဘ၀တွေကို အသိအမှတ် မပြုကြဘူး တန်ဖိုးမထားကြဘူး။

ကျမရဲ့အထောက်အထားက ပထမဆုံး ကျမရဲ့ချစ်ရတဲ့ညီမလေး နဲ့ပတ်သတ်ပြီး အချက်အလက်တချို့မြန်မာကောင်လေး ၂ယောက် နဲ့တရားရင်ဆိုင်စဉ် မှာ တရားသူကြီးတွေ ရဲ့ ဖော်ပြချက်တွေ ကိုးကား ချက်တွေ က ကျမတို့မိသားစုကို စိတ်မကောင်း နာကျင်စေပါတယ်။

 သူက ဘာပြောတာလဲဆိုတော့ မင်းတို့ ဘာအတွက် ဒီမှာရှိနေတာလဲ။ ဘာတွေကို ဂရုစိုက်နေတာလဲ။
သူမကသေပြီးနေပြီ။ ဘာလို့ အနှောက်အယှက်ဖြစ်စေချင်ရတာလဲ။  အိမ်ပြန်ပြီး အခြားတစ်ခု သွားလုပ်နေ တာမှ အကျိုးရှိမယ်။  ဘာလို့ခုလို ပူပန်နေရတာလဲ။ 


 သူမ ရက်၃၀ ဒါမှမဟုတ် အချိန် တစ်ခုပြီးရင် ပြန်လာလိမ့်မယ်။ (ပြန်လည် ၀င်စားခြင်းကိုဆိုလိုသည်)။
နောက်ဘ၀ ရှိရင် သူမ ကံကောင်းမှာပါ ဆိုပြီး ပြောခဲ့ပါတယ်။

 
တကယ်လို့ ကျမ က ဒီထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါး ပိုင်ဆိုင်သူတွေက မုဒိမ်းမှု လူသတ်မှု ကျူးလွန်သူတွေ ထက် ပိုများတယ်။ ပိုဆိုးတယ်ပြောရင် ရှင်တို့ အံ့သြနေမှာ အသေအချာဘဲ။ ဒါတွေ က ထိုင်းရဲတွေ အလွန်အမင်း လာဘ်စားမှုတွေရှိတာ အသေအချာဘဲ။

ကျမ တို့ ဟန်နာရဲ့ အလောင်းပြန်သယ်မယ့် အချိန်တုန်းက ကျမတို့ ကမ်းလှမ်းမှု တစ်ခုရတယ်။ အဲ့ဒါက ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ရုံးချုပ်ကို သွားပြီး တရားဝင်ထုတ်ပြန်ချက်တွေ နားထောင်ဖို့ပါ။

ဒါပေမယ့် ရောက်ပြီ ဆိုတာနဲ့ အခန်းအကျယ်ကြီး တစ်ခုထဲခေါ်သွားပြီး ၅ မိနစ်လောက်နေတော့ တံခါးဖွင့်လိုက်တဲ့ အခါမှာ သတင်းသမား အယောက်၂၀၀ လောက်ကို ၀င်ခွင့်ပေးခဲ့ပြီး ကျမ တို့က ရုန်းရင်းဆန်ခတ် နဲ့သတင်း သည်းကြီး မဲကြီး လိုချင်နေတဲ့ သတင်း သမားတွေကြားထဲ ဓါတ်ပုံတွေတဖျတ်ဖျတ်နဲ့ ခြုံခို အတိုက်ခိုက် ခံလိုက်ရသလိုဘဲ။

အာ့လည်းပြီးရော ဘယ်ထိုင်း ရဲအရာရှိ ကမှ ကျမ တို့ကို ကျမညီမကိစ္စ နဲ့ပတ်သတ်ပြီး ဘာတရားထုတ် ပြန် စာမှပေးဖို့အာရုံ မရှိတော့သလို လာရင်း ကိစ္စလည်း တစ်လုံးမှ မဟ တော့တာပါဘဲ။

ကျမ တို့ကိုရဲတပ်ဖွဲ့ ရုံးချုပ်ကိုဖိတ်ခေါ်လိုက်တာက ကျမ တို့ကိုစိတ်ဒုက္ခရောက်စေပြီး ငွေဖန်တီး တာ ဘဲဖြစ်တယ်။
 

Pyi Moe Aung's photo.


ကျမ တို့ရုပ်တွေကို သတင်းသမားတွေ ကို ၅မိနစ်လောက်ရက်ရက်ရောရော ရိုက်ယူစေခဲ့တာပါ။ အဲ့အတွက် အထောက်အထား က အောက်က လင့်ခ် ကပုံတွေသာ ကြည့်ကြပါတော့။

http://bangkok.coconuts.co/…/we-need-digest-trial-outcome-s…

ကျမပြောခဲ့သလိုဘဲ ဟန်နာကိုဆုံးရှုံးပြီးနောက်ပိုင်းမှာ ကို ကော့တောင်ကျွန်းမှာ သံသယဖြစ်စရာ လူသေမှုတွေဆက်တိုက် ဆိုသလိုဖြစ်ပေါ်ခဲ့ပါတယ်။

 ရှင်တို့သေသူ အယောက်တိုင်း ကို မသိသည့်တိုင် သေသူ အကုန်လုံး ကတော့ ဗြိတိန်တွေ မဟုတ်ဘူး ဆိုတာ သိပြီးကြသလိုပါဘဲ။  သေမှုသေခင်း ၊ ဘယ်က ဘယ်လိုဖြစ်သလဲ ၊ ကိုယ့်ကိုယ်ကို သတ်သေ တယ် ဒါမှမဟုတ် မတော် တဆဖြစ်လို့သေတယ်။


 ဒီလိုအကြောင်းပြချက်တွေနဲ့ပြည်ဖုံးကား ချလိုက်ရတဲ့ အမှုတွေ ဘယ်လောက်တောင် ရှိလဲ။

တကယ် လို့ ကျမ ညီမ ဟဲနာလည်း အမြင်ဆိုးဆိုးရွားရွား ရက်ရက် စက်စက် အသတ် ခံရတာ မဟုတ်ဘဲ သာမန် အသတ်ခံရရင် အရှေ့ကပြောသွားတဲ့ မတော်တဆ သို့မဟုတ် ကိုယ့်ကိုကိုယ်သတ်သေမှုဆိုတဲ့ ခေါင်းစဉ်အောက်ထဲရောက်ပြီးဘဲ ပြည်ဖုံးကား အချခံရမှာ အသေအချာဘဲ။

ကျမ သံသယဖြစ်လို့ သတိထားစောင့်ကြည့်နေခဲ့တာရဲ့ အဖြေက ဘာလဲ သိလား။ သူတို့ရဲ့အခု လတ် တလော အကြောင်းပြချက် တခုဖြစ်တဲ့ ဆေးအလွန်အကျွံ သုံးမိပြီး စိတ်လွတ်ပြီး ကိုယ့်ကိုကိုယ် သတ်သေ တယ်ဆိုတာပါဘဲ။

အမှန်တရား ကို ဖုံးကွယ်ထားတယ်။
နောက်ပြီး သင့်တော်မယ့် ဇာတ်လမ်းတစ်ခုဖန်တီးပြီး အဲ့ဇာတ်လမ်း အတိုင်းသေခိုင်း လိုက်တဲ့ အကွက်တွေက  သူတို့လုပ်ရိုး လုပ်စဉ်လိုဖြစ်နေပြီ။

အခုကျမ လုခ်မစ်လာ ရဲ့မိသားစု နဲ့ သူငယ်ချင်းတွေနဲ့ ထပ်တူခံစားရပါတယ်။ ကျမ ကိုယ်ချင်းစာ ပါ တယ်။ ကျမ ညီမသေဆုံးပြီးကတည်း က ထိုင်း လူမျိုးတွေဆီက အသက်အန္တရာယ် ခြိမ်းခြောက်မှု တစ်ခုပြီး တစ်ခုကြုံရပါတယ် ဆို ရှင်တို့ဘာပြောချင်လဲ။ 

 သူတို့ ကျမရဲ့မျက်နှာ ပါတဲ့ပုံတွေကို ဖျက်ဆီးပြီး လူသတ် သမားက အလုပ်တ၀က်ဘဲပြီးသေးတယ်လို့ပြောတယ်။ 
မင်းမှာ အချိန်ရှိသေးတယ် စတဲ့ခြိမ်းခြောက်မှုတွေရှိတယ်။ သူတို့က အမှုအခင်းဖြစ်ရာက ဓါတ်ပုံတွေ ပို့တာ ဘာညာ လုပ်သေးလား။  ထိုင်းတွေက မင်း ငြိမ်ငြိမ်နေပေးတယ်ဆို အလျော် အစား ကမ်းလှမ်းမှုတွေ  ငါတို့လုပ်မယ် စတာတွေပြောပါတယ်။

 အခု ကျမကို ကျမ ရဲ့အရိပ်က ပြန်စိုးထိပ်စေနေပါတယ်။ ကျမ အိပ်မက်ဆိုးတွေ မက်ရမှာ အရမ်းကြောက် တယ်။ ကျမ ညီမလေးကို အရမ်း သတိရတယ်။

 
ကျမနောက်ဆုံးပြောလိုတာက ရှင်တို့အခုထိ ထိုင်းနိုင်ငံကို လှတယ်လို့မြင်နေသေးတယ် ဆို အောက်က လင်ခ့်သာ ကြည့်လိုက်ပါလို့ဘဲ အကြံပေးလိုပါတယ်။

https://www.youtube.com/watch?v=BRi8AqoXxio&app=desktop
 



( ဘာသာပြန်ပေးသူ Su Pyae Zaw  ..... Credit>> လောရာ ဖေ့ဘုတ် စတေးတပ်မှ)
ပြန်တင်လျှင် မူရင်း ကရက်ဒစ်ပေးပါ။


Pyi Moe Aung
 

No comments:

Post a Comment