Sunday, January 10, 2016

ရှယ်ယာဝယ်ဖို့ ဘယ်က စမလဲ Stock exchange {သားဝင့်ကျော်}



 
ရှယ်ယာ ဝယ်ယူရင်းနှီးမြှုပ်နှံမယ့် သူဟာ မိမိ ဝယ်ယူလိုတဲ့ ရှယ်ယာ ထုတ်ဝေရောင်းချတဲ့ ကုမ္ပဏီရဲ့အခြေ အနေ ကို အကဲဖြတ်ဖို့ လိုပါတယ်။ လေ့လာတဲ့အခါ အဲဒီ ကုမ္ပဏီရဲ့ နှစ်ဆုံး ဘဏ္ဍာရေး ရှင်းတမ်းတွေက တဆင့် လေ့လာ အကဲဖြတ်ကြရပါ့မယ်။
ဒီလိုဆိုပြန်တော့ စတော့ဈေးကွက်(Stock exchange) မှာ စာရင်းဝင်(listed) ထားတဲ့ကုမ္ပဏီတွေဟာ အများပြည်သူထံ သို့ ၃လ တစ်ကြိမ် သို့မဟုတ် ၆လ တစ်ကြိမ် သို့မဟုတ် တစ်နှစ်တစ်ကြိမ် ပွင့်လင်း မြင်သာမှု့ ရှိသော ဘဏ္ဍာရေး အစီရင်ခံစာ များကို သက်ဆိုင်၇ာ အကျိုးဆောင် လုပ်ငန်းများမှ တဆင့် လည်းကောင်း စီးပွားရေး စာစောင်များမှ တဆင့် လည်းကောင်း အသိပေးထုတ်ပြန်ရပါမည်။
 
ဘဏ္ဍာရေးရှင်းတမ်းဟု ဆိုရာဝယ် ကုမ္ပဏီ ၏ ပုံရိပ် အစစ်အမှန် ကိုဖေါ်ပြနိုင်သော အရှုံးအမြတ် စာရင်း (Statement of profit and loss) နှင့် လက်ကျန် ရှင်းတမ်း(Balance sheet or statement of financial position) တို့ဖြစ်ပါသည်။
 
စာရင်းရှင်းတမ်း များကို လေ့လာသောအခါ ရှင်းတမ်းအောက်ခြေ တွင် ရေးသားဖေါ်ပြတဲ့ ရှင်းလင်းချက် (note to the account) ကို လေ့လာ ဖတ်ရှု့ရပါလိမ့်မည်။ သို့မှသာ စာရင်းရှင်းတမ်းမှာ ဖေါ်ပြထားသော ကိန်းဂဏန်းများ၏ အဓိပ္ပါယ် ကို မှန်မှန်ကန်ကန် ဖေါ်ထုတ်နိုင်မည်ဖြစ်သည်။



နောက် စာရင်းကိုင်စံကျင့်ထုံးများ ကိုလည်း အကြမ်းဖျင်း နားလည်ထားရန် လိုအပ်ပါသည်။

သိသင့် သိထိုက်သော စာရင်းကိုင် အယူအဆ များတွင်..............
 
ဆက်လက် ရှင်သန်နေလိမ့်မယ် ဆိုတဲ့ အယူအဆ (going concern concept) မှာ စာရင်းကိုင်သည် ရှင်းတမ်းများကိုရေးဆွဲ ရာတွင် ဘယ်လောက်ပဲ လုပ်ငန်း အခြေအနေ ဆိုး နေပါစေ မြတ်နိုင်သော ကာလ တစ်ခုအထိ လုပ်ငန်း ဆက်လက် ရှင်သန်နေမည်ဟု ယုံကြည် ယူဆထားရမည်။
 
ရှေ့နောက် ညီညွတ်မှု့ရှိရမယ် ဆိုတဲ့ အယူအဆ (consistency concept) ဆိုတာက စာရင်းကိုင်ပညာမှာ  ပထမနှစ်မှာ အသုံးပြုခဲ့ သော တွက်နည်း အတိုင်း နောက်နှစ်တွေမှာလည်း တွက်ချက်ရမည်။ သုံးလေးနှစ်ကြာလို့ ကာလံဒေသံ အရ ကိုက်ညီမှု့ မရှိလို့ပြောင်းလဲ အသုံးပြုလို ပါက စာရင်းရှင်း တမ်းအောက်ခြေ မှာ ထည့်သွင်းဖေါ်ပြရမှာဖြစ်ပါသည်။
 
ကျစ်လစ် သိပ်သည်းမှု့ (conservatuon concept) ဆိုတာ ကတော့ Assets လို့ခေါ်တဲ့ ရပိုင်ခွင့် သို့မဟုတ် လုပ်ငန်းသုံး ပစ္စည်းများ တန်ဖိုးဖြတ်ရာတွင် အနည်းဆုံး တန်ဖိုးဖြင့် သတ်မှတ်ရမည်။ ဥပမာ...-နှစ်ဆုံး လက်ကျန် ကုန်တန်ဖိုးတွင် ဝယ်ဈေးနှင့် ရောင်းဈေး နှစ်မျိုး ရှိရာ အနက်မှ အနည်းဆုံးဈေးဖြင့် တန်ဖိုး သတ်မှတ်ရမည်။
 
လျာထားရမယ် (accrual concept) ဆိုတဲ့ အယူအဆ ကတော့ စရိတ်ပိုင်း နဲ့ ပိုပြီးသက်ဆိုင်ပါတယ်။
ငွေမပေးရသေးပဲ ပေးဖို့ ကျန်နေသော စရိတ်များကို ဒီနှစ် အတွက် ကုန်ကျစရိတ် မှာ ထည့်သွင်းတွက်ချက်ရမယ် ဆိုတဲ့ အယူအဆပါ။
 
ဒီလို စာရင်းကိုင်အခြေခံ အယူအဆလေးတွေ ကို သိမှတ် ထားနိုင်ရင် လုပ်ငန်းတစ်ခု ရဲ့ ဘဏ္ဏာရေး ရှင်းတမ်း များမှ လည်ကောင်း လုပ်ငန်း၏ အခြေအနေ ကို အကဲဖြတ်ဆုံးဖြတ်နိုင်မှာ ဖြစ်ပါသည်။

 (
မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၅
 
 
 

No comments:

Post a Comment