Sunday, January 10, 2016

ရှယ်ယာဝယ်ဖို့ ဘယ်ကစမလဲ (၄) Stock exchange {သားဝင့်ကျော်}



 
မိမိ ရှယ်ယာ ဝယ်ယူလိုတဲ့ ကုမ္ပဏီကိုအကဲဖြတ်လေ့လာခြင်း ကို ဒီဆောင်းပါး နဲ့ အဆုံးသတ်ကြ ရအောင်စို့။
 
ရှယ်ယာ ဝယ်ဖို့ ဒီလောက်တောင် အကဲဖြတ်ဖို့ လိုသလားကွာ ဆိုပြီးမေးမယ်ဆို မေးလောက်ပါတယ်။
မိမိ ဝယ်ယူ ရင်းနှီးမြှုပ်နှံမယ့် ရှယ်ယာ အမြတ်သေချာဖို့ ဒီလောက်တော့ စိတ်ရှည်ရမှာပေါ့။
 
 
လက်ကျန် ရှင်းတမ်း နဲ့ အရှုံးအမြတ် ရှင်းတမ်းက အချိုးတွေ အပြင် နောက်ထပ်မံလေ့လာ ရမယ့် အချိုးတွေလည်း ရှိပါသေးတယ်။

ပထမ အချိုး က အမြတ်ဝေစု ထုတ်ပေး အချိုး (Pay out ratio) ပါ။
ကုမ္ပဏီတွေ ဟာ သူတို့ရဲ့ အမြတ် ဝင်ငွေ ထဲက တစ်စိတ်တစ်ပိုင်း ကို အမြတ်ဝေစုအဖြစ် ငွေသားနဲ့ထုတ်ပေး တတ်ကြတယ်။ အဲ့ဒီလို ငွေသား နဲ့ထုတ်ပေးလိုက်တဲ့ အမြတ်ဝေစု နဲ့  အသားတင်အမြတ် ထဲက ဦးစား စတော့ရှယ်ယာ အမြတ်ကို နှုတ်ပြီး ကျန်ငွေ နဲ့အချိုး ချတာပါ။

Pay out ratio = (Ordinary shares dividend) / (Net profit - Preferred dividend)

Payout ratio ၁၀% ရှိတဲ့ ကုမ္ပဏီ ဟာ တက်သစ်စ ကုမ္ပဏီဖြစ်နိုင်တယ်။ Pay out ratio ၅၀% အထက် ရှိတဲ့ ကုမ္ပဏီ ကတော့ အောင်မြင်နေတဲ့ ကုမ္ပဏီ လို့ သတ်မှတ်နိုင်တယ်။

ဒုတိယ အချိုး တစ်ခုက လက်ငင်း အထွက်နှုန်း (Current yield) ပါ။
တွက်နည်း က နှစ်စဉ် အမြတ်ဝေစုပေးတဲ့ နှုန်းကို ရှယ်ယာ တစ်စောင် ရဲ့ဈေးကွက်ပေါက်ဈေး နဲ့ စားပြီး ရာခိုင်နှုန်းဖွဲ့ တာပါ။

Current Yield = (Annual Dividend  ÷ Market Price) X 100

ဒီ အချိုးက ကုမ္ပဏီ တစ်ခု တိုးတက်ဖို့ အလားအလာကောင်းတွေ ရှိသလား ဆိုတဲ့ ရှေ့ရေး အကဲဖြတ် တဲ့နေရာ မှာ အသုံးပြုတယ်။ အထွက်နှုန်း နည်းရင် ဒီကုမ္ပဏီ ဟာ သူတို့ရဲ့ ဝင်ငွေကို သူတို့ရဲ့ လုပ်ငန်း မှာပဲ ပြန်လည်မြှုပ်နှံလေ့ ရှိတယ်ဆိုတဲ့ သဘောပေါ့။

အရေးကြီးတဲ့နောက်
 
တတိယ အချိုး  တစ်ခု ကတော့ ဈေးနှုန်းမြှောက်ကိန်း P/E ratio (Price- earning ratio ) လို့ခေါ်တယ်။P/E ratio များတဲ့ကုမ္ပဏီတွေ က အလားအလာကောင်း ရှိတတ်ကြပြီး အလားအလာ မကောင်းတဲ့ ကုမ္ပဏီတွေ က P/E ratio နည်းတယ်။

Price - Earning Ratio =  market price per share  ÷ Earning per Share

စတုတ္ထ အချိုး ကတော့ ကုမ္ပဏီ ရဲ့ စီမံခန့်ခွဲမှု့ စွမ်းရည်ကို တိုင်းတာနိုင်တဲ့ ပိုင်ဆိုင်ခွင့် အပေါ်ပြန်ရ တဲ့နှုန်း ထား (Return on equity) ပါ ROE များရင် စီမံခန့်ခွဲမှု့ ပြည့်ဝတယ်လို့ ကောက်ချက် ချနိုင်ပါတယ်။

Return on equity = ( net profit ÷ shareholder's equity) ×100

ဒီလောက်ဆိုရင် မိမိ ဝယ်ယူလိုတဲ့ ရှယ်ယာ ကုမ္ပဏီ ကို အကဲဖြတ်တာ လုံလောက်ပါပြီ။
 
 
 
မိုးမခ) ဇန်န၀ါရီ ၉ ၊ ၂၀၁၆
 
 
 

No comments:

Post a Comment