Sunday, January 10, 2016

ရှယ်ယာဝယ်ဖို့ ဘယ်က စမလဲ (၃) ( Stock exchange) {သားဝင့်ကျော်}





 ဒီတစ်ပတ် လက်ကျန်ရှင်းတမ်း ကျန်တစ်ပိုင်းလေး ဆက်ပြီးဆွေးနွေးကြည့်ရအောင်နော်။
ကုမ္ပဏီ တစ်ခုရဲ့ စုစုပေါင်း ရပိုင်ခွင့်များ (total assets)နဲ့ စုစုပေါင်း ပေးရန် တာဝန်(Total Liabilities) တို့ရဲ့ခြားနားချက် ဟာ အစုရှယ်ယာရှင်များ ရဲ့ ပိုင်ဆိုင်ခွင့်(Shareholder's equity) ဖြစ်ပါတယ်။

အစုရှယ်ယာရှင်များ ၏ ပိုင်ဆိုင်ခွင့်(Shareholder's equity)

 ၁) ဦးစား စတော့ ရှယ်ယာ(Preferred stock share)
၂) သာမန် (သို့မဟုတ်) ဘုံစတော့ ရှယ်ယာ (Ordinary or Common stock shares)
၃) ပြန်သွင်း ရင်းနှီးငွေ (Paid in capital )
၎) ခွဲဝေပြီး အမြတ် လက်ကျန်(retained profit)
ဆိုပြီးလေးမျိုး ပါဝင်ပါတယ်။

စုစုပေါင်း ရင်းနှီးမြှုပ်နှံခြင်း (Total capitalization) ဆိုရင်တော့
အစုရှယ်ယာရှင်များ ပိုင်ဆိုင်မှု့(Shareholder's equity) နဲ့ နှစ်ရှည်ပေးရန် တာဝန် (Non-current Liabilities) ပေါင်းပါတယ်။

အဲ့ဒီ ကနေ အချိုး ၃ ခု တွက်နိုင်ပါတယ်။
ပထမ - ငွေချေး စာချုပ် အချိုး (Bond ratio) ငွေချေး စာချုပ် တန်ဖိုး ကို စုစုပေါင်း ရင်းနှီးမြှုပ်နှံခြင်း (Total capitalization) နဲ့စားတာ။
Bond ratio = (Bonds÷Total capitalization)×100

ဒုတိယ - ဦးစားစတော့ အချိုး (Preferred stock ratio)
Preferred Stock ratio =  ( Preferred Stock ÷ total Capitalization )×100

တတိယ သာမန် ရှယ်ယာအချိုး (Ordinary or common stock ratio)
Common Stock ratio  = (Common Stock  +  Capital Surplus + Retained earning) / Total Capitalization


အဲ့ဒီ့ အချိုး ၃ ခု ပေါင်း ရင် ၁၀၀  ရခိုင်နှုန်း အပြည့်ပေါ့။

ပထမအချိုး နဲ့ဒုတိယ အချိုးပေါင်း က စုစုပေါင်း ရင်းနှီးမြှုပ်နှံခြင်း(Total Capitalization) ၏ ၃၃ ရာခိုင်နှုံး ထက်ပိုရင် လုပ်ငန်းမောင်းနှင်နိုင်တဲ့ စွမ်းအား များလွန်းသော ရင်းနှီးငွေ အဆောက်အအုံ (Highly leveraged capital structure) လို့ သတ်မှတ်နိုင်ပြီး လုပ်ငန်း အတက်အကျကြမ်းသော (Speculative) အခြေအနေ လို့ဆိုနိုင်ပါတယ်။ 

အရှုံးအမြတ် စာရင်းထဲက ပထမဆုံး တွက်နိုင်တဲ့ အချိုးက လုပ်ဆောင်မှု့ အချိုး သို့မဟုတ် စရိတ်အချိုး (Operation ratio)
လုပ်ဆောင်မှု့စားရိတ် ကို အသားတင် ရောင်းရဝင်ငွေ နဲ့စားတာ။
ဒီအချိုး ကတော့ ယခင်နှစ် အချိုးတွေ နဲ့နှိုင်းယှဉ်ပြီး ကုမ္ပဏီ ရဲ့ လုပ်ဆောင်နိုင်မှု့ စွမ်းဆောင်ရည် ကို အကဲဖြတ်နိုင်တယ်။

သူနဲ့တွဲဖက်လေ့လာ ရမယ့် အချိုးက အမြတ်မာဂျင်အချိုး (margin of profit ratio )
အသားတင် အမြတ်ကိုတည် အသားတင်ရောင်းရငွေနဲ့စားပြီး ရာခိုင်နှုန်းဖွဲ့တာပေါ့။

နောက်တစ်ခု ကတော့ အမြတ်ငွေမှ အတိုးပေးနိုင်တဲ့ အကြိမ်ကိုရှာတာ။ အဲ့ဒီ အချိုးက ကုမ္ပဏီတစ်ခုဟာ သူရောင်းချထားတဲ့ ငွေချေး စာချုပ်တွေအတွက် အတိုး လုံလောက်အောင်ပေးနိုင်ရဲ့လား ဆိုတာ အကဲဖြတ် တာပါ။

 အသားတင် အမြတ် ကိုတည် ငွေချေး စာချုပ် အတိုး စုစုပေါင်းနဲ့စားရင် ရလာတဲ့အမြတ်က အတိုး ဘယ်နှစ်ကြိမ်ပေးနိုင်မလဲ ဆိုတာဖေါ်ပြနိုင်တယ်။

 အနည်းဆုံးလေးကြိမ် ဆိုရင် ခိုင်မာမှု့ ရှိတယ်ဆိုနိုင်ပါတယ်။

ဦးစားရှယ်ယာ ဝယ်ယူမယ့်သူအတွက်တော့ အသားတင်ဝင်ငွေ ကိုတည် ဦးစားရှယ်ယာပေးရမယ့် အမြတ်တန်ဖိုး နဲ့ စားရင် ရပါတယ်။ အကြိမ်အရေအတွက် များလေ လုံခြုံမှု့ရှိလေပေါ့။

သာမန်ရှယ်ယာရှင်တွေ အတွက် ရှယ်ယာ တစ်စောင်ရဲ့ဝင်ငွေ(Earning per share) နဲ့ဖေါ်ပြနိုင်တယ်။
ဦးစားရှယ်ယာ အတွက် အမြတ် ခွဲပေးပြီး ကျန်တဲ့ အမြတ်ငွေကို သာမန် ရှယ်ယာ အစောင်အရေ အတွက် နဲ့စားပြီး ဖေါ်ပြတာပါ။

အထက်ပါ ကိန်းဂဏန်းတွေ က ရှယ်ယာဈေးကွက်မှာ ရောင်းသူဝယ်သူ အထူး ဂရုပြုရတဲ့ အချက်တွေ ပါပဲ။
 
 
 
(မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၆
 

No comments:

Post a Comment