Thursday, February 25, 2016

မိဘများ သတိ….ကလေးတွေ ကို ထမင်း မခူးပေးပါနဲ့


ကလေးငယ်များ အား ထမင်းပွဲ အသင့်ပြင်ဆင်ပေးခြင်းထက် ၎င်းတို့ ကိုယ်တိုင် ထမင်းဟင်း ခူးခပ် ခွင့် ပေးခြင်း က အနာဂတ် ကျန်းမာရေး အတွက် ကောင်းမွန်သည့် အလေ့အထ တစ်မျိုး ဖြစ်စေနိုင်ကြောင်း သုတေသီ များက ထောက်ခံ ပြောကြားလိုက်သည်။
 
မိသားစု တစ်ခု တွင် အတန်ငယ်မျှ သိတတ်သည့် အရွယ်ရောက်လာသည့် ကလေးများ ကို မိဘ များက ထမင်း ဟင်း ထည့်၍ ပြင်ဆင်ပေးခြင်းထက် ကလေးများ စိတ်ကြိုက် ထမင်းဟင်း ခူးခပ်စေခြင်းဖြင့် ၎င်းတို့ အတွက် လုံလောက်သည့် အာဟာရ ပမာဏ ကို ကိုယ်တိုင် ချင့်ချိန် တွက်ချက် တတ်လာစေကြောင်း သိရ သည်။
 
ကလေးများ က မိမိ အတွက် သင့်တော်မည် ဟု ယူဆ ရသည့် အစား အသောက် ပမာဏ ကို အလို အလျောက် အလေ့အကျင့်ရ ချိန်ညှိ တတ်လာပြီး ယင်း က အနာဂတ် တွင် အဝ လွန်မှု ဖြစ်နိုင်ခြေ အကျိုး ဆက် ကို လျော့နည်း သွားစေမည် ဖြစ်သည်။
 
အမေရိကန်နိုင်ငံ မှ သုတေသီ များက မိဘ များ အနေဖြင့် ကလေးများ အစား အသောက် မကုန်သည့် အခါ အတင်း အကျပ် ဖိအားပေးပြီး ဆက်လက် စားသောက်စေရန် တိုက်တွန်းခြင်းသည် လည်း မဖြစ်သင့်သည့် လုပ်ရပ်တစ်ခု ဟု မှတ်ချက်ပေးခဲ့သည်။ 
 
 
အီလီနွိုက် တက္ကသိုလ် မှ သုတေသန အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဒေါက်တာဘရန့် မက်ဘရိုက် က အစား အသောက် ပမာဏနှင့် ပတ်သက်လျှင် ကလေးများ ၏ ကိုယ်ပိုင် ချင့်ချိန်မှု ကိုသာ အားပေးသင့်ပြီး ထမင်းဝိုင်း တွင် ၎င်းတို့ အတွက် ပန်းကန် အလွတ် ကိုသာ ပြင်ဆင် ထားပေးခြင်းက အကောင်းဆုံးဟု ပြောကြားခဲ့ သည်။
 
“တကယ်တော့ မိသားစု ထမင်းဝိုင်း ဟာ ကလေးတွေ အတွက် ပရိုတိန်း နဲ့ အစားအသောက်တွေ အကြောင်း သဘာဝ အလျှောက် အသိပညာ ယူဖို့ အကောင်းဆုံး နေရာပါပဲ။ မိဘတွေ က ကလေးတွေ ရဲ့ ထမင်းဟင်း ကို ကြိုပြင်ဆင်ပေးထားမယ် ဆိုရင် သူတို့ ရဲ့ ခန္ဓာကိုယ် အာဟာရပြု  စနစ် ကို အလိုအလျောက် နားလည်နိုင် စွမ်းက ဘယ်တော့ မှ တိုးပွားလာတော့မှာ မဟုတ်ဘူးလေ။ 
 
ဒါဟာ သူ့ အတွက် သင့်တော်တဲ့ အာဟာရ ပမာဏ ဟုတ်မှန်း မဟုတ်မှန်း ဒီ ကလေး က ဘယ်တော့ မှ ပြောပြနိုင်စရာ အကြောင်းမရှိတော့ဘူး”ဟု ၎င်းက ရှင်းပြခဲ့သည်။ 
 
၎င်းကပင် ဆက်လက် ၍ ကလေးများ မစားချင်၊ မသောက်ချင်တော့သည့် အခါ မိဘများ က အတင်းအကျပ် တိုက်တွန်း ၍ ပန်းကန်ထဲမှ အစားအသောက် ကုန်အောင် စားခိုင်းချင်းမျိုး ကို ရှောင်ကြဉ်သင့်ကြောင်းလည်း အကြံပြုခဲ့သည်။
 
“အဲဒီလို ဖိအားပေးမယ့် အစား မိဘတွေ တစ်ကယ် လုပ်သင့်တာက ကလေး က စားကောင်းသလား၊ ဒါမှ မဟုတ် ဗိုက်ဝ သွားပြီလားဆိုတာ မေးဖို့ပါ။ တစ်ကယ်လို့ ကလေးတွေက သူတို့ ဗိုက်ဆာနေပြီ ဆိုရင် ကိုယ့် ဖာသာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ 
 
တစ်ကယ် က မိဘတွေ လုပ်သင့်တာဟာ ကလေးတွေ ကို အစား များများ ကျွေးနေဖို့ မဟုတ်ပါဘူး။ သူတို့ ဆာလောင် လာချိန်ကို ဂရုစိုက် နားထောင်ပေး ဖို့သာ ဖြစ်ပါတယ်”ဟု လည်း ဒေါက်တာမက် ဘရိုက် က ဆွေးနွေးပြောဆို သွားသည်။
 
 
Credit: Planet
 
 

No comments:

Post a Comment