Thursday, February 25, 2016

ပေါင် ၃.၄ သန်း နဲ့ ရောင်းနေတဲ့ သရဲခြောက်တဲ့ အိမ်


ဒီအိမ် ဟာ ကမ္ဘာပေါ်မှာ သရဲ အခြောက်ဆုံး အိမ် အဖြစ် ယူဆ ထားကြပြီး ပိုင်ရှင် က အိမ်ကြီးကို ရောင်း ထုတ် ချင်နေပါတယ်။

သရဲခြောက်တယ် လို့ နာမည်ကြီး တဲ့ ဒီအိမ်ကြီး ကို ပေါင် ၃.၄ သန်း နဲ့ ဈေးခေါ် ထားပါတယ်။
၁၅၉ နှစ် သက်တမ်း ရှိပြီး ၁၃,၃၆၉ စတုရန်းပေ ကျယ်ကာ ရှေး ဗိသုကာပညာ နဲ့ ခန့်ထည် လှတဲ့ ဒီ အိမ်ကြီး ဟာ နယူးအော်လန် မှာ ရှိပြီး မက်ဂနိုလီးယား အိမ်တော် လို့ အမည်ပေးထားပါတယ်။

ဒုတိယ ကမ္ဘာစစ် အတွင်း နဲ့ ကိုရီးယား စစ်ပွဲ အတွင်းက အမေရိကန်ကြက်ခြေနီ အသင်း ဌာနချုပ် အဖြစ် အသုံးပြု  ခဲ့တဲ့ ဒီ အိမ်ကြီးကို ဗိသုကာပညာရှင် အိတ်ခ်ျ ကာရိုး က ဒီဇိုင်းထုတ် တည်ဆောက်ခဲ့တာပါ။ 






အိမ်ကြီး ကို တာဝန်ယူ တည်ဆောက် ခဲ့တဲ့ ဝါဂွမ်းခင်း ပိုင်ရှင် သူဌေးကြီး ဟာ ဒီအိမ်ထဲ မှာ  လဲကျပြီး ငန်းဖျားရောဂါ နဲ့ ဆုံးပါး သွားခဲ့တယ် လို့ သိရပေမဲ့ တစ်ကယ်တမ်း ကျတော့ သူဟာ မိုးကြိုး ပစ်ခံရပြီး သေဆုံး တာဖြစ်တယ် လို့လည်း ပြောကြပါတယ်။







အဲဒီ အချိန်က စပြီး ပိုင်ရှင် အမျိုးမျိုးပြောင်းကာ ဖြစ်ရပ် မျိုးစုံဖြစ်ပွားခဲ့ပြီးတဲ့နောက် သရဲခြောက်တယ် လို့ တစ်စ တစ်စ နာမည် ကြီးလာတာပါ။




ရေခွက်တွေ ကို ဇောက်ထိုး ထားတဲ့ သရဲ တစ်ကောင် ရှိသလို ခြောက်ခြား စရာ ဂီတ သံတွေလည်း ဖန်တီး တယ်လို့ ဆိုပါတယ်။


တည်းခိုခန်း အဖြစ် အသုံးပြုတဲ့ အဲဒီ အိမ်ကြီးမှာ ညဘက် ဧည့်သည်တွေ ရဲ့ ခေါင်းအုံး ကို လိုက်ဆွဲ တတ်တဲ့ အစောင့်သူရဲ လည်း ရှိသေးတယ် လို့ သိရပါတယ်။






အကောင် အထည်ပြ ခြောက်လှန့်တယ် လို့တော့ ပြောသူ မရှိပေမဲ့ ညဘက်တွေ မှာ ပစ္စည်းတွေ ဟိုရောက် ဒီရောက်ရောက်တာ၊ ခုံရွှေ့သံတွေကြားရတာ၊ နှိုးစက် ထမြည်တာ စတဲ့ နည်းတွေ နဲ့ ခြောက်လှန့် တတ် တယ် လို့ သိရပါတယ်။


Source & Photos : Mirror


No comments:

Post a Comment