Thursday, February 25, 2016

ဝိညာဉ်ခေါ် သင်ပုန်းတွေကြောင့် ဖြစ်ခဲ့တဲ့ ဇာတ်လမ်းများ



အခု ဆိုရင် ဝိညာဉ်ခေါ် သင်ပုန်း (Ouija Board) တွေ ကို မီးရှို့ ဖျက်ဆီး ခဲ့ပြီး အသုံး မပြုရလို့ ပိတ်ပင်ထား လိုက်ပါပြီ။


ဝိညာဉ်ခေါ် သင်ပုန်း ဟာ တမလွန်က သူတွေ နဲ့ ဆက်သွယ်ပေးတဲ့ အရာ လို့ တစ်ချို့က ပြောကြပြီး တစ်ချို့ ကတော့ သရဲ တစ္ဆေတွေ ရဲ့ မုခ်ဝ တဲ့။

တစ်ချို့ ကတော့ ဘာအန္တရာယ် မှ မရှိတဲ့ ရှေ့ဖြစ်ဟောသင်ပုန်း လို့ ဆိုကြပြန်ပါတယ်။

အောက်ပါ ဇာတ်လမ်းတွေ က ဝိညာဉ်ခေါ် သင်ပုန်းတွေကြောင့် ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေပါ။


၁။ The Exorcist ဇာတ်ကား ရဲ့ မူရင်းဖြစ်ရပ်



၁၉၄၉ ခုနှစ် အမေရိကန်ပြည်ထောင်စု အတွင်းမှာ ဖြစ်ပေါ်ခဲ့တာပါ။ အသက် ၁၄ နှစ် အရွယ် ကောင်လေး တစ်ယောက် က သေဆုံး သွားတဲ့ သူ့ရဲ့ အဒေါ်ကို ဝိညာဉ်ခေါ် သင်ပုန်းကနေ တစ်ဆင့် ဆက်သွယ်ဖို့ ကြိုး စား ခဲ့ပါတယ်။ 

ဒါပေမဲ့ အဲဒီလို ခေါ်ပြီးတဲ့နောက် သူ့ရဲ့အိပ်ယာ ဟာ တဒုန်းဒုန်း လှုပ်နေခြင်း၊ ပစ္စည်းတွေ အခန်း ထဲမှာ လွင့် ပျံနေခြင်း၊ သူ့ရဲ့ အရေပြားပေါ် မှာ အရှိုး ရာတွေ ထင်နေခြင်း စတဲ့  ထူးခြား ဆန်းကြယ်တဲ့ အရာတွေ ဖြစ်ခဲ့ ပါတယ်။ 

သူ့ကို သရဲတွေ ဝင်ပူးနေကြောင်း သိရပြီး သရဲနှင် ခဲ့ရပါတယ်။
ဒီ အကြောင်းအရာ ကို အခြေခံပြီး ကြောက်စရာ အကောင်းဆုံး သရဲကား တစ်ကားဖြစ်တဲ့ The Exorcist ဇာတ်လမ်း ဖြစ်ပေါ်ခဲ့တာပါ။



၂။ ပျောက်ဆုံးနေသူကို ရှာဖွေပေးခြင်း


 

၁၉၇၈ ခုနှစ်မှာ Bologna တက္ကသိုလ် ပါမောက္ခတွေ က ဝိညာဉ်ခေါ် သင်ပုန်းကို အသုံးပြုပြီး ပျောက် ဆုံးနေ တဲ့ နိုင်ငံရေး သမား အယ်လ်ဒိုမိုရို ဘယ်မှာရှိလဲ လို့ မေးလိုက်တယ်။

အယ်လ်ဒိုမိုရို ကို အကြမ်းဖက် သမားတွေက ဖမ်းဆီး သွားတာပါ။ ဝိညာဉ်ခေါ် သင်ပုန်းက Grodoli လို့ စာလုံးပေါင်းပြတယ်။ အကြမ်းဖက် သမားတွေ က အယ်လ်ဒိုမိုရို ကို သတ်ပြီးတဲ့နောက် မှ သူ့ကို Via Grodoli ဆိုတဲ့ ရောမ က အိမ်တစ်အိမ် မှာ အကျဉ်းချ ထားကြောင်း သိရှိခဲ့ရပါတယ်။


၃။ စာရေးတဲ့ ဝိညာဉ်ခေါ် သင်ပုန်း



၁၉၁၃ ခုနှစ်၊ မစ္စူရီ  မှာ ပါးလ်ကာရန် ဆိုတဲ့ အမျိုးသမီးငယ် တစ်ဦး ဟာ ပက်တီးရန့်ဝါးသ် လို့ ခေါ်တဲ့ ဝိညာဉ် တစ်ခု နဲ့ ဝိညာဉ်ခေါ် သင်ပုန်းကနေ တစ်ဆင့် ချိတ်ဆက်မိခဲ့တယ်။ 

အဲဒီနောက် ၂၄ နှစ် အတွင်းမှာ ပက်တီးရန့် ဟာ ဝိညာဉ်ခေါ် သင်ပုန်းကနေ တစ်ဆင့် ပါးလ် ကို ပြောပြီး ဝတ္ထု ၆ ပုဒ် နဲ့ ကဗျာ ထောင်နဲ့ ချီ ရေးခဲ့တယ်။ ပညာ သိပ်မတတ်ရှာတဲ့ ပါးလ် ကတော့ နာမည်ကျော် စာရေး ဆရာမ ဖြစ်လာခဲ့ပါတယ်။


၎။ တစ်မြို့လုံး ကို မွှေခဲ့တဲ့ ဝိညာဉ်ခေါ်သင်ပုန်း
ကယ်လီဖိုးနီးယား က အယ်လ်ဆာရီတိုမြို့ မှာ ၁၉၂၀ ပြည့်နှစ်က ဝိညာဉ်ခေါ် သင်ပုန်းနဲ့ ဝိညာဉ်ခေါ်မေးပြီး တဲ့နောက် သောင်းကျန်းနေကြတဲ့ လူ တစ်စု ကို ရဲက ဖမ်းဆီးခဲ့ရပါတယ်။ သူတို့တွေဟာ စိတ် ကစဥ့် ကလျားဖြစ်ပြီး အဝတ်အစားတွေ ကို စုတ်ဖြဲ ခဲ့ကြတာပါ။



၅။ လူသတ် ခဲ့တဲ့ ဝိညာဉ်ခေါ်  သင်ပုန်း





၁၉၃၄ ခုနှစ် အာရီဇိုးနား မှာ အသက် ၁၅ နှစ် အရွယ် မာတီတာလေး ဆိုတဲ့ မိန်းကလေး က သူမ ရဲ့အဖေ ကို ပစ္စတို နဲ့ ပစ်သတ် ခဲ့ပါတယ်။ ဝိညာဉ်ခေါ် သင်ပုန်း က သတ်ခိုင်းလို့ သတ်ရတာပါ လို့ သူမက ပြော ပါတယ်။


Source & Photos : Life
http://www.searchmyanmar.com/link/frame/cid/56923




No comments:

Post a Comment