Tuesday, February 9, 2016

သင့် ရဲ့စိတ် အစွမ်းက တန်ခိုးထက်တာ သင်သိပါသလား

 


စီးပွားရေး နယ်ပယ်မှာဖြစ်ဖြစ် ဘယ် နယ်ပယ်မှာဖြစ်ဖြစ် လူတွေ အနေနဲ့ အလုပ် လုပ်ကြရတဲ့အခါ စိတ် ပင်ပန်းမှု ဒဏ်ကို ပြေလျော့နိုင်ဖို့မိမိ တို့ရဲ့ ဗဟုသုတ အတွေး အမြင်တွေ ကို ကောင်းကောင်း အသုံးချ တတ်ဖို့လိုပါတယ်။

လူတွေ မှာ ကဏ္ဍစုံ၊ အလွှာစုံ မှာ ပုံစံ အမျိုးမျိုးနဲ့ ရုန်းကန် လှုပ်ရှားနေကြရာမှာ တစ်ချို့ မှာ ငွေရပေမယ့် စိတ် မပျော်တဲ့သူ ရှိသလို၊ တစ်ချို့ က လုပ်ရတဲ့ အလုပ်က ပေါ့ပါးတဲ့ အပြင် စိတ်နှလုံး ကလည်း ရွှင်လန်းရတာရှိပြီး တစ်ချို့ကျတော့လည်း ရတဲ့ လုပ်အားခနဲ့မမျ စိတ်ပင်ပန်းဖိစီးမှုတွေကို အလူး အလဲ ခံနေကြရသူတွေလည်း ရှိပါတယ်။ 

ဒါကို ကံတရား လို့ ပြောလို့ရပေမယ့် တစ်ခါ တစ်ရံမှာ လူတွေမှာ ကံတရား ကို ပြောင်းလဲနိုင်တဲ့ အစွမ်း တန်ခိုး အာဏာတွေ ရှိတတ်ကြတယ်လို့ဆိုရပါမယ်။ ဒီလို တန်ခိုး အာဏာတွေကို အသုံးချနိုင်သူတွေ အတွက် ပင်ပန်း ခါးသီးမှုတွေကို ပါးနပ်စွာ ရှောင်နိုင်သွားပြီး ပုံသေနည်း တစ်ခု ထဲမှာ လွယ်ကူစွာ တွက် ချက်နိုင်တဲ့ သင်္ချာ တစ်ပုဒ်လိုဖြစ်သွားစေခဲ့ပါတယ်။


စိတ် အစွမ်းနဲ့ ကံတရား
***********************
လူတွေ အများစုဟာ  ငါ့ဘဝ ကံကြမ္မာ ကို ဆိုးလိုက်တာ ဆိုပြီး တွေးထင်  လက်မှိုင်ချ တတ်ကြပါတယ်။ တကယ်တော့ လူတိုင်း မှာ အမြဲတမ်း ကံ မဆိုးနိုင်သလို အမြဲတမ်းလည်း ကံမကောင်းတတ်ကြပါဘူး။ အချိန် ကာလတစ်ခု အတွင်းမှာ လောကကြီး က သဘာဝ ရဲ့ သဘောတရား ကို နားလည် သဘောပေါက်အောင် သင်ပေးတာဘဲ ရှိပါတယ်။

ဒီလို ကံကြမ္မာ က သင်ပေးနေချိန်မှာ လူတွေ အနေနဲ့ မိမိ တို့ကိုယ် မိမိ ကံဆိုးလှချည်ပြီး စဉ်းစား ကာ   လောက နိယာမ စာမေးပွဲ ကို အောင်မြင်အောင် မဖြေဘဲ လက်လျော့သွားကြသူ ရှိသလို အောင်မြင် စွာ ကျော်လွှားနိုင်သူတွေလည်း ရှိပါတယ်။


 လောက နိယာမ စာမေးပွဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သူတွေ ကတော့ လုပ်ငန်းခွင်မှာ လစာကောင်း သလိုမျိုး ဘဝနေထိုင်မှု စနစ်မှုမှာ အခြေခိုင်သွားခဲ့ပါတယ်။

စိတ် အစွမ်းနဲ့ ပျော်ရွှင်မှု
*********************
သမဒ္ဒရာ ဝမ်းတစ်ထွာ အတွက် အလုပ် လုပ်နေကြရသူတွေမှာ ဘယ်နေရာ ဘယ် အလုပ်မှာဖြစ်စေ မိမိ ရဲ့အလုပ်တွေ ကို စိတ်လက်ပေါ့ပါးစွာ နဲ့လုပ်ဆောင်နိုင်ဖို့ ဘာတွေ လိုအပ်ပါသလဲ။  အဓိကတော့ မိမိ ရဲ့ခံယူချက် ၊ ဇွဲသတ္တိနဲ့ ပြောင်းလဲနိုင်စွမ်း တို့ဘဲဖြစ်ပါတယ်။

အရာတစ်ခု အပေါ်မှာ အစွဲ အလန်းကြီးစွာ ဖမ်းဆုပ်ကိုင်ထားခြင်း ဟာ လူတွေ ကို ပင်ပန်းစေဆုံး အရာတွေ ဘဲဖြစ်ပါတယ်။ ဒါကို မလွတ်ချနိုင်တဲ့ အခါ လေးလံတဲ့ ဝန်ထုပ် ဝန်ပိုးကြီး တစ်ခုကို ထမ်းထား ရသလို မျိုးဖြစ်စေပြီး သွားရတဲ့ ခရီးလမ်းကို နှောင့်နှေးကြန့်ကြာနေစေခြင်းဘဲဖြစ်ပါတယ်။

 ပေါ့ပါး သွက်လက်စွာ ဘဝ ကို ရှင်သန်ဖြတ်သန်းနေရသူတွေ အများစု ကိုလေ့လာကြည့်လိုက်တဲ့ အခါ သူတို့ဟာ လေးလံ တဲ့ အတွေး အမြင်၊ ခံယူချက်တို့ကို ရှောင်ရှားကာ ပေါ့ပါးစွာနဲ့ဘယ်လို စွမ်းဆောင်နိုင် မလဲဆိုတာကို နည်းလမ်း ရှာပြီး ကြိုးပမ်းဆောင်ရွက်ကြခြင်းဘဲဖြစ်ပါတယ်။ 

အဓိကတော့ လူတွေ ဟာ လမ်းကြောင်း အများကြီး ရှိနေပါ ရက်နဲ့ လမ်းကြောင်း တစ်ခုတည်း အပေါ်မှာ ထွက်ပေါက် ပိတ် ကုန်ဆုံးနေတတ်ပြီး ပန်းတိုင် ကို မလှမ်းနိုင်ခြင်းဘဲဖြစ်ပါတယ်။

လူမှုလောက မှာ အောင်မြင်သူတွေ ကို လေ့လာ ခံစားပြီး ကြိုးစား အားထုတ်တတ်မှု က မိမိအတွက် ကောင်း မွန်တဲ့ ခွန်အားတစ်ခုကို ရရှိစေတတ်ပါတယ်။ မိမိ ရဲ့ မိတ်ဆွေတွေ တိုးတက်ကြီးပွားနေမှု ကို မြင်ပြီး မိမိ ကိုယ် မိမိ အားငယ်တတ်မှု က မိမိဘဝ အတွက် ဆုတ်ယုတ်မှု ကို ဦးတည်စေပါတယ်။

အခုလို ကြီးပွားအောင်မြင်ဖို့ ဘယ်လို ရုန်းကန် အားထုတ်ခဲ့ရသလဲ ဆိုတဲ့ အခြေခံ အကြောင်းအရင်း အပေါ်လေ့လာပြီး မိမိ အနေ နဲ့ ဘယ်လို အားထုတ်ခြင်းဖြင့် ကောင်းကျိုး ချမ်းသာရနိုင်မလဲ ဆိုတာနည်း လမ်းရှာဖွေခြင်း က မိမိ ရဲ့ဘဝကို လုံခြုံစေဖို့လမ်းစတစ်ခုဘဲဖြစ်ပါတယ်။

စိတ် အစွမ်းနဲ့ ဘ၀ ပုံစံ အနေအထား
*******************************
ကံကြမ္မာ က လူသားတွေ အပေါ်ပေးအပ်တဲ့ အခွင့်အရေး က အချိန်ကာလ အားဖြင့် မတူညီကြပါဘူး။ ဒါကြောင့် မိမိ ရဲ့မိတ်ဆွေတွေ ရရှိသွားတဲ့ အခွင့်အရေး ကိုမြင်ပြီး မိမိ အနေနဲ့လည်း အချိန်ကာလ တစ်ခုမှာ ရရှိလာနိုင်တယ် ဆိုတာယုံကြည်ထား ဖို့လိုပြီး ဒီအတွက် သက်လုံကောင်းအောင် အချိန်ကို ဘယ်လို အသုံးချ ထားသင့်တယ်ဆိုတာ က ပဓာနကျလှပါတယ်။

ကိုယ့် အစွမ်းအစ၊ ကိုယ့် ရဲ့ခံယူချက်၊ ကိုယ့် ရဲ့ ဥာဏ်အား အပေါ်မူတည်ပြီး ကံကြမ္မာ က လူတိုင်းကိုပေး အပ်တာဖြစ်တာကြောင့် ခံယူ လက်ခံမှု အပေါ် မူတည်ပြီး လူတွေ ရဲ့ ဘဝပုံစံ အနေအထား ကို ပြောင်းလဲ သွားစေတာဘဲဖြစ်ပါတယ်။

အချိန်ကာလ တစ်ခုလောက် လူ တစ်ယောက် ကို အခွင့်အရေးပေးခြင်းဟာ လူတစ်ယောက် ရဲ့ဘဝ ကို အင်အားဖြစ်စေပါတယ်။ စိတ်အာရုံ ခံစားချက်နဲ့ လူတစ်ယောက် ကို ဆုံးဖြတ် တန်ဖိုးဖြတ်ခြင်း ဟာ လူ တစ်ယောက်ရဲ့ အရင်းအမြစ် ကို အင်အားယုတ်စေပါတယ်။

ဘဝ အခြေခံ အားနည်းသူတွေ ကို လုံးဝ အားပြတ်စေပြီး ဘဝ အခြေခံအားကောင်းသူ တစ်ယောက် အတွက်တော့ မိမိတို့အတွက် ရရှိမယ့် တန်ဖိုး တရားတစ်ခု ကို ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒါတွေဟာ လူမှုလောက မှာ လူတွေ နေ့စဉ် ရင်ဆိုင်ဖြတ်သန်းနေကြတဲ့ ခံစားမှု ဆိုင်ရာ ၊ ထိတွေ့လှုပ်ရှားမှုပိုင်းဆိုင်ရာ အကြောင်းတရားတွေဘဲဖြစ်ပါတယ်။ 

လူတွေ အနေနဲ့ မိမိ တို့ဖြစ်ပျက်ဖြတ်သန်းနေတာတွေ ကို ရှင်းလင်း ပီပြင်စွာ မသိနိုင်ကြတဲ့ အခါ  အမှောင် ထဲမှာ လျောက်နေရ သလို စမ်း တစ်ဝါးဝါး နဲ့ နေထိုင်မှု ပုံစံကို ရှုပ်ထွေးစေကြပါတယ်။ အကျိုးဆက် အနေနဲ့ မိမိ ဖန်တီး လုပ်ဆောင်လိုက်တဲ့ အရာတွေဟာ မိမိ ရဲ့ အမှောင် ဖုံးလွှမ်း မသိမှုအောက်မှာ မိမိရဲ့ဆက်နွယ် မှုတွေ ကို သက်ရောက်မှု ရှိသွားပြီး လူ့ဘဝ ဟာ ဒုက္ခ နဲ့ကျင်လည်ခြင်း ဆိုတဲ့ စကားလုံး နဲ့အဆုံးသတ် သွားကြရပါတယ်။

ဒါဟာ လူမှု ဘဝမှာ လူတွေ ရဲ့ မတူညီတဲ့ စိတ်ရောင်စုံတွေ အရ ဘဝ ပုံဖော်ပြောင်းလဲသွားမှုတွေဖြစ် ပါ တယ်။ အဖြူရောင် နှစ်သက်တွေ က အဖြူရောင်နယ်မြေ ကို ရွေးချယ်လျောက်လှမ်း သွားကြပြီး အနက်ရောင် ကို နှစ်သက်သူ တွေက အနက်ရောင်နယ်မြေ ကို ရွေးချယ်လျောက်လှမ်း သွားကြပါတယ်။ 

 ရွေးချယ် လက်ခံမှု အပေါ် မူတည်ပြီး လူတွေ ရဲ့ ဘဝ ဟာလည်း ပြောင်းလဲဖြစ်ပေါ်လာပြီး အေးချမ်းခြင်း ၊ ငြိမ်းချမ်းခြင်း ၊ တန်ဖိုး ထားတတ်ခြင်း ၊ ဆိုးရွားခြင်း ၊ ပျက်စီးခြင်း ၊ ဆုတ်ယုတ်ခြင်း ဆိုတာတွေဟာ လည်း ဖြစ်ပေါ် လာကြပြီး ဒါတွေ အားလုံးဟာ လူတွေ ရဲ့ စိတ်ရောင်စုံတွေကြောင့် ဖြစ်ပေါ်လာကြရတဲ့ အကျိုး တရား များသာဖြစ်တယ် ဆိုတာ ခံစားဖော်ပြလိုက်ပါတယ်။


http://www.searchmyanmar.com/link/frame/cid/50031

No comments:

Post a Comment