Thursday, March 31, 2016

အင်္ဂလန်နိုင်ငံ တွင် ၃၁ နှစ်ကြာ ဆောက်လုပ်လျက် ရှိသော တစ္ဆေ အိမ်ကြီး ဆက်လက် ဆောက်လုပ်နေဆဲဖြစ်




အင်္ဂလန်နိုင်ငံ၊ ဆပ်ဆက်ပြည်နယ် တွင် ဆပ်ဆက် တစ္ဆေအိမ် ဟု အမည်ပေး ထားသော နေ အိမ်ကြီး ကို ဆောက်လုပ်လျက် ရှိသည် မှာ ၃၁ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင်ပြီးဆုံးခြင်း မရှိသေးဘဲ ဆက် လက်ဆောက်လုပ်လျက် ရှိကြောင်း အင်္ဂလန် အခြေစိုက် သတင်း မီဒီယာများ တွင် ဖော်ပြသည်။

အဆိုပါနေအိမ်ကြီး ကို ဆောက်လုပ်သူမှာ နီကိုလပ်စ် ဘန်ဟော့ခ်ျစထရာတန် ဆိုသူဖြစ်ပြီး ၁၉၈၅ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။


ဇင်ဘာဘွေနိုင်ငံ တွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် အင်္ဂလန် မှ ထွက်ခွာသွားပြီးနောက်ပိုင်း အဆို ပါနေအိမ်ဆောက်လုပ်မှု များ ရပ်ဆိုင်းထားခဲ့သည်။

ဒေသခံ တို့က ပြောကြား ရာတွင် အဆိုပါ တစ္ဆေအိမ်ကြီး ဆောက်လုပ်မှုများ ရပ်ဆိုင်းထားသည် မှာ နှစ် အတန်ကြာပြီဖြစ်ကြောင်းနှင့် လူသူ ကင်းမဲ့လျက် ရှိကြောင်း ပြောကြားသည်။



ဘုရား ဆွမ်းတော် ကပ်ရာတွင် နေ့လည် (၁၂) နာရီကျော်တဲ့ အထိ ၊ မစွန့်ပဲ ထားပါက အပြစ်ရှိ / မရှိ



11393164_919379764766912_1030339789833778428_n



ဘုရားရှင် ကိုယ်တော်မြတ်ကြီး က ၀ိကာလ အခါမှာ အစာ စားခြင်း မှ ရှောင်ကြဉ် တာကို လိုလားတော် မူပါတယ်။

ဒါကြောင့် ၁၂-နာရီကျော် တဲ့ အခါ အစာ မစားခြင်းဟာ ဘုရားရှင် ရဲ့အလိုတော်ကျဖြစ်ပါတယ်။
ဆွမ်းတော်ပွဲ ကို ဘုရား အဆောင်မှာ ဘာ အကြောင်းကြောင့်ပဲဖြစ်ဖြစ် ၁၂-နာရီ ကျော်တဲ့ အထိ ထားမယ် ဆိုရင် ဘုရားရှင် အလိုတော်ကျ မဟုတ်တော့ပါဘူး။

ဘုရားရှင် ရဲ့အလိုတော်ကျဖြစ်အောင် နေ့ ၁၂-နာရီ မကျော်ခင် ဆွမ်းတော် စွန့်တာက ပိုမိုကောင်းမွန် ပါလိမ့်မယ်။

ဒါ့ပြင် ဆွမ်းတော် ကို နေ့ ၁၂-နာရီကျော်လွန် လို့  ညနေ အချိန်အထိ ထားမယ် ဆိုရင် ယင်ကောင်တွေ၊ ပုရွက်ဆိတ်တွေ နဲ့ ဘုရားအဆောင် ဟာ ရှုပ်ပွနေတော့မှာပါ။

ဒါဆိုရင်တော့ ဘုရားရှင် ကို အဂါရ၀ မရိုသေရာလဲ ရောက်နေ ပါတယ်။ အကောင်းဆုံး ကတော့ ၁၂ -နာရီ မထိုးမီ အချိန်လေး အထိသာ ထားပြီး ဆွမ်းတော် စွန့်က အကောင်းဆုံးဖြစ်ပါတယ်။

ဒါပေမဲ့ အခက်အခဲ အရ မနက် အစောကြီး အလုပ်သွားရမယ် ဆိုရင်တော့ နေ့ ၁၂-နာရီ အထိ ဆွမ်းကပ်ဖို့က မဖြစ်နိုင်တဲ့ အတွက် အကောင်းဆုံး အနေနဲ့ အကြံပေး ရမယ်ဆိုရင် နံနက် စောစော အိပ်ရာက ထတဲ့ အကျင့် လုပ်ပြီး၊ စောစော ဆွမ်းထချက်လို့ရပါတယ်။


မာလကာရွက် ရဲ့ အသုံးတည့်ပုံ (၇) မျိုး



မာလကာသီး ဟာ ဗီတာမင် A နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတဲ့ သစ်သီး ပါ။ ထို့ပြင် ပိုတက်ဆီယံ၊ လိုက်ကိုပိန်း နဲ့ အမျှင် ဓာတ်တွေ ပါဝင်နေလို့ အစာအိမ် နဲ့ အူလမ်းကြောင်း ကို ကျန်းမာစေနိုင်ပါသေးတယ်။ မာလကာသီးတင် မဟုတ်ပါဘူး။ မာလကာရွက် ကလည်း အသုံးတည့်တယ် ဆိုတာ သိထားဖို့ လိုအပ်ပါ တယ်။


(၁) ဝိတ်ကျဖို့ အထောက်အကူ
မာလကာရွက် ကို အခြောက် ခံပြီး လက်ဖက်ခြောက် အစားထိုး သောက်သုံးပေးတဲ့ အခါ ကိုယ်တွင်းက လိုအပ်တဲ့ ကာဗိုဟိုက်ဒြိတ် ကို ဖြည့်တင်းပေးနိုင်လို့ ဆာလောင်မှု လျော့ပါးစေမှာပါ။



(၂) ဆီးချိုသွေးချို  ကာကွယ်ပေး
မာလကာရွက် ဟာ သွေးတွင်း အချိုဓာတ်ကို ကျဆင်းစေနိုင်တာကြောင့် အရွက်နုနုလေးတွေ ကို ဖျော်ရည် သဘောမျိုး သောက်ပေးနိုင်ရင် ဆီးချို ကာကွယ်ရာရောက်ပါတယ်။






သေရွာကနေ မိဘနှစ်ပါးဆီပြန်လာတဲ့ ညီအစ်မ




အင်္ဂလန်နိုင်ငံ အရှေ့မြောက်ပိုင်း နော့သန်းဘားလန်း စီရင်စု ဟက်စ်ဟမ်းမြို့လေး က ပိုးလော့ခ် မိသားစု ဟာ သာမန် မိသားစုလေး တစ်စုပါ။ ဂျွန် နဲ့ ဖလောရန့်စ် မှာ အသက် ၁၁ နှစ် အရွယ် ဂျိုအန်နာ နဲ့ ၆ နှစ် အရွယ် ဂျက်ခ်ကွီလိုင်း ဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက် ရှိခဲ့ပါတယ်။

 အဲဒီ ညီအစ်မနှစ်ယောက် ဟာ အမြဲ တစ်တွဲတွဲ မခွဲ အတူ ရှိခဲ့ကြပါတယ်။ ၁၉၅၇ ခုနှစ် မေလ ၅ ရက် မှာ သူတို့ ညီအစ်မနှစ်ယောက် နဲ့ သူငယ်ချင်း ဟာ ကားမှောက်ပြီး သေဆုံး သွားခဲ့ပါတယ်။ 

သမီးလေးနှစ်ယောက် ပွဲချင်းပြီး သေဆုံးသွားတဲ့ အတွက် မိဘနှစ်ပါးမှာ ယူကျုံး မရဖြစ်ခဲ့ ရပါတယ်။ ဒီလို နဲ့ ဘဝ ကို ရှေ့ဆက်ရင်း ၁၉၅၈ ခုနှစ် အစောပိုင်း မှာ ဖလောရန့်စ် တစ်ယောက် ကိုယ်ဝန် ရှိလာခဲ့ပါတယ်။ 

ဂျွန် ဟာ ဒီ ကိုယ်ဝန် က ထူးခြားတယ် လို့ ခံစားရပြီး ဒါ အမြွှာ မိန်းကလေးနှစ်ယောက် လို့ သူ့ဇနီး ကို ပြော ပါတယ်။ ဒါပေမဲ့ ဇနီးသည် ဖလောရန့်စ် က ဂျွန်ပြောတာကို မယုံခဲ့ ပါဘူး။ ဆရာဝန်ပြတော့လည်း ကလေး တစ်ယောက် ကိုသာ လွယ်ထားရတယ် လို့ ပြောပေမဲ့ ဂျွန် ကတော့ နှစ်ယောက် လို့ချည်း တွင်တွင်ပြောနေ ခဲ့ပါတယ်။


Monday, March 28, 2016

ယူကေ နဲ့ ဥရောပ မှာ နေထိုင်ဖို့ စိတ်မချရဘူးလို့ ထရန့်ပြော




 ဘရပ်ဆဲလ် တိုက်ခိုက်မှု အပေါ် ခုလို မှတ်ချက်ပေးခဲ့ပါတယ်။ အမေရိကန် သမ္မတဖြစ်ရေး အားထုတ်နေတဲ့ ရီပါဘလစ်ကန် ပါတီ သမ္မတလောင်း ဒေါ်နယ်ထရန့် က ဗြိတိန် နဲ့ ဥရောပ ကို နေထိုင်ရန် မသင့်တော် တဲ့နေရာတွေ လို့ ပြောလိုက်ပြန်ပါတယ်။  လူပေါင်း ၃၀ ကျော် သေဆုံး ခဲ့တဲ့ ဘရပ်ဆဲလ်ဖြစ်ရပ် အပြီး မှာ ခုလို ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့ က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ က Zaventeem လေဆိပ် မှာ ပေါက်ကွဲမှုနှစ်ခု ဖြစ် ပွား ခဲ့ပြီး Maalbeek Metro ဘူတာမှာလည်း ပေါက်ကွဲမှု တစ်ခု ထပ်မံဖြစ်ပွားခဲ့ တာကြောင့် တစ်နေ့တည်းမှာတင် လူ ၃၁ ဦး သေဆုံးပြီး ၃၆၀ ဒဏ်ရာ ရခဲ့ပါတယ်။ ဒဏ်ရာ ရသူတွေ အနက် ၆၂ ဦး ဟာ စိုးရိမ် ရတဲ့ အခြေ အနေ မှာ ရှိနေတယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့ စစ်အင်အား အကြီးမားဆုံး နိုင်ငံ စာရင်းတွင် မြန်မာ အဆင့် ၂၉ ချိတ်


ကမ္ဘာ့ စစ်အင်အား အကြီးမားဆုံး နိုင်ငံတွေ ရဲ့ အဆင့် သတ်မှတ်ချက် ကို နောက်ဆုံးပြဖော်ပြထားတဲ့ စာရင်း အရ မြန်မာနိုင်ငံ က အဆင့် ၂၉ အထိ တိုးတက် လာတာ တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ် က စစ်တမ်း မှာတော့ မြန်မာ့ တပ်မတော် က အဆင့် ၄၄ ရခဲ့ပြီး အခု အဆင့် ၂၉ အထိ တိုးတက်လာတာ ဖြစ်ပါတယ်။ 


 ကမ္ဘာ့ စစ်အင်အား အကြီးမားဆုံး နိုင်ငံတွေ စာရင်း မှာ မြန်မာ က အဆင့်-၂၉ အထိ တိုးတက် လာ တာကြောင့် ဥရောပနိုင်ငံတွေဖြစ်တဲ့ ဂရိ၊ ယူကရိန်း တို့ကို ကျော်တက် သွားပါတယ်။ စင်္ကာပူ နဲ့ မြန်မာ က အထက်အောက် ရပ်တည်လျှက် ရှိပြီး စင်္ကာပူ ရဲ့အပေါ် မှာ စပိန် ရှိပါတယ်။ 





စနေဂြိုဟ် ၏ လ က ဒိုင်နိုဆောများ ထက် သက်တမ်းနုနယ်



လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းတစ်ရာလောက်က မှ စနေဂြိုဟ်မှာ လဆိုတာ ရှိလာခဲ့တာပါ။
စနေဂြိုဟ်ပတ် လမ်းကြောင်း မှာ ရှိတဲ့ လဂြိုဟ် ဟာ ကမ္ဘာမှာ ရှိခဲ့တဲ့ ဒိုင်နိုဆောတွေ ထက်ပင် သက်တမ်းနုနယ်ကြောင်း လေ့လာသူတွေ က ဖော်ထုတ် လိုက်ပါတယ်။

SETI လေ့လာရေးစင်တာ ရဲ့ လေ့လာဖော်ထုတ်ချက် အရ ကမ္ဘာ မှာ ဒိုင်နိုဆောတွေ ရှိခဲ့တဲ့ ခေတ်နောက် ပိုင်း မှသာ စနေဂြိုဟ် ရဲ့ ဂြိုဟ်ပတ်လမ်းမှာ ရှိတဲ့ လ နဲ့ အခြားသော အစိတ် အပိုင်းဂြိုဟ်တွေ ပေါ်လာ ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။





Sunday, March 27, 2016

ဇော (၇) ကြိမ် အကျိုးပေးပုံ


 



ဖတ်ဖြစ်အောင် ဖတ်ပါ

အားလုံးသောယောဂီ သူတော်စင် အပေါင်းနှင့် သံသရာဆွေတော် မျိုးတော် ညီအကိုမောင်နှမ အပေါင်းတို့
မိမိတို့ အကုသိုလ်စိတ် တစ်စိတ်ပေါ်တိုင်း ပေါ်တိုင်း ဇော(၇) ကြိမ်ပေါ်ရတယ် ဆိုတာမှတ်ထားပါ ။


ဒီ အကုသိုလ် စိတ်တွေဟာ မိမိ ရဲ့ပစ္စုပ္ပန် နဲ့သံသရာ နှစ်ဖြာ အကျိုးကို များစွာသော ဝဋ် ဒုက္ခဘေး များ အဖြစ် ချက်ချင်း လက်ငင်း အကျိုးပေးပါတယ် ။  ခုလို ဆုတ်ခေတ် ကာလမှာ ဆို ဒိဋ္ဌဓမ္မဝေဒနိယကံ အဖြစ်နဲ့ ချက်ချင်း ဘဝ မကူးနောက်ဘဝမှ မဟုတ်ပဲ ဒီဘက် ဘဝ မှာတင် အကျိုးပေးပါတယ် ။

ဇော(၇) ကြိမ်ဘယ်လိုပေါ်ပါလိမ့်မတုန်း ဆိုတော့........................
လောဘစိတ် ပဲဖြစ်ဖြစ်
ဒေါသစိတ် ပဲဖြစ်ဖြစ်
မောဟစိတ် ပဲဖြစ်ဖြစ်
ဝိစိကိစ္စာစိတ် ပဲဖြစ်ဖြစ်
ပျံ့လွင့်စိတ် ပဲဖြစ်ဖြစ်
သူတစ်ပါး အသက် သတ်ချင်တဲ့စိတ် ပဲဖြစ်ဖြစ်
သူတစ်ပါး လည်လှီး သတ်တဲ့ စိတ် ပဲဖြစ်ဖြစ်
သူတစ်ပါးဥစ္စာ ငါ့ဟာဖြစ်စေလိုတဲ့ စိတ်ဖြစ်ဖြစ်
သူတစ်ပါး သားမယား လင် သမီးပျိုစော်ကား စိတ်ပဲ ဖြစ်ဖြစ် စသည် အားဖြင့်ပေါ့ မိမိတို့ ရင်ထဲက
အကုသိုလ် စိတ် တစ်စိတ်ပေါ်တိုင်းပေါ်တိုင်း ဇောခုနစ်ကြိမ်ဖြစ်ပါတယ် ။


မကောင်းတဲ့စိတ်ပေါ်ပေါ် ကောင်းတဲ့ ကုသိုလ်စိတ်ပေါ်ပေါ် ဝိပဿ       နာဖြစ်ပျက်မြင်တဲ့ မဂ် ပဲပေါ်ပေါ်ပါ ။
စိတ် တစ်ချက်ပေါ်တိုင်း မှာ ဇောခုနစ်ကြိမ် ပါပြီးသားလို့ မှတ်ပါ ။


မိမိတို့ အကုသိုလ် တစ်ခါပြုရင် ဇောခုနစ်ကြိမ်တောင်  ဖြစ်ပါပေါ့လား လို့ သိကြပါ ။ ဒါဆို သဘောပေါက်လောက်ရောပေါ့ ။


အကျိုးပေးကို ရှင်းပြပေးမယ်
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ပထမ အကုသိုလ်စိတ် ကလေးထဲမှာ  စေတနာလဲ ပါတယ် လုပ်ချင်တဲ့စိတ်ကလေးပါတယ် ။ ဒါကြောင့် လုပ်ဖြစ်အောင်လုပ်တယ် ဒီ ထဲမှာပါတဲ့စေတနာ က ဒီဘဝ အကျိုးပေးရမယ်လို့ မှတ်ထားပါ ။


ငါလည်း လူထွက်မယ် တဲ့

Kyaw Swar's photo.


အခု အချိန် ဟာ ဗုဒ္ဓ သာသနာတော်မြတ်ကြီး အတွက် အင်မတန်မှ အရေးကြီးလှတဲ့ အချိန်ဖြစ်တယ် ။
သာသနာတော် အတွက် ကြိုးစား ပန်းစား ကာကွယ် နေရတဲ့ အချိ န်မှာ တစ်ချို့ က ဗုဒ္ဓ တရားတော် အတိုင်းသာ ကျင့်ကြံနေထိုင်ရင် ဘာမှ စိုးရိမ်စရာ မလိုဘူး ဆိုသူတွေကလည်း များပြားလှပါတယ် ။

တစ်ခါ တစ်ရံ မှာ အမှန်အမှား ထက် အင်အားကြီး သူက အနိုင်ရ သွားတတ်တယ် ဆိုတာကို သတိ ထားကြစေချင်ပါတယ် ။

အိန္ဒိယ မှာ ဘာ့ကြောင့် သာသနာ ကွယ်သလဲ အင်ဒိုနီးရှားနိုင်ငံ စတင် ထူထောင်စ က အစ္စလာမ် ဘာသာဝင် လေးအိမ်ပဲ ရှိပါတယ် ။ အာဖဂန်နစ္စတန် တို့  ပါကစ္စတန် တို့ ဆိုတာ တစ်ချိန် က ဗုဒ္ဓကျောင်းတော်ကြီးတွေ တည်ရှိ ခဲ့တဲ့ နေရာကြီးတွေပါ ။

အခု ဘူးသီးတောင်မောင်းတော ထိုင်းနိုင်ငံတောင်ပိုင်းတွေမှာ ကလည်း တွေ့ ကြုမြင်ကြတဲ့ အတိုင်းပါပဲ ။
ဗုဒ္ဓ သာသနာတော် အတိုင်း ကျင့်ကြံနေထိုင်ရင် ဘာမှ မဖြစ်ဘူး ဆိုတာက သာသနာတော် အတွက်
စိတ်အေးရတဲ့ အချိန် ကိုပြောတာပါ ။



သမ္မာဒိဋ္ဌိ အင်အား များပြီး မိစ္ဆာဒိဋ္ဌိ အင်အား နည်းနေတဲ့ အချိန် ကိုပြောတာပါ ။ အခုက ခရစ်ယာမ် က သန်း ၁၆၀၀ ကျော် ၊ အစ္စလာမ် က ၁၄၀၀ ကျော် ၊ ဗုဒ္ဓ ဘာသာက သန်း ၆၀၀ ကျော် ရှိပေမဲ့ တစ်ကယ့်ထေရဝါဒ စစ်စစ် က သန်း ၁၇၀ ကျော်ပဲ ရှိတယ် ။



သားအိမ် မှာ ရေတည်တာ ခွဲစရာမလိုတော့ပါ။

Lwin Pyin's photo.




မိန်းကလေး တစ်ချို့မှာ ဖြစ်တတ်တဲ့ သားအိမ် ရေတည်နေတယ် ဆိုရင် ...
ကျောက်ဖရုံသီး တစ်လုံး ကို ရေ စင်ကြယ်စွာဆေးကြော၍ ညဘက် အိပ်ရာဝင်တဲ့ အခါ ဗိုက်နေရာမှာ ထားပြီး ၃ ရက် မှ ၇ ရက် အတွင်း ဖက်အိပ်ပေးပါ။ 

ရက်ပြည့်တာ နဲ့ ဒီကျောက်ဖရုံသီး ကို ခွဲလိုက်ပါ ။ သားအိမ် မှ ရေတွေဟာ ကျောက်ဖရုံသီး အတွင်းမှ ထွက် လာတာကို မျက်မြင် ကိုယ်တွေ့ ကြုံဖူးပါလိမ့်မယ်။

အိမ် ကို ဧည့်သည် တစ်ယောက် လာရင်းပြောပြခဲ့လို့ ကျွန်မ သူငယ်ချင်းကို လက်ဆင့်ကမ်း လိုက်တာ သူကျောက်ဖရုံသီး ခွဲတဲ့နေ့မှာ ကျွန်မ ကိုယ်တိုင်မြင်တွေခဲ့ရလို့ ပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ်ရှင့်။


Saturday, March 26, 2016

ကျောက်ကပ် ကို ဆေးကြောပေးပါ


Si Thu Hein's photo.
 


 ကျောက်ကပ် ဟာ အရေးကြီးတဲ့ ကလီစာ တစ်ခုဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း စားသောက်နေတဲ့ အစာတွေ ထဲက အဆိပ် အတောက်တွေကို သန့်စင် ဖယ်ရှားပေးနေရတဲ့ အင်္ဂါ တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် အလုပ်တော်တော်များများ လုပ်ရပါတယ်။ အခုခေတ်မှာ လူ အများစု ဟာရေသောက်တာ အရမ်းနဲ လွန်းကြ တယ်။ရေဆာသလို ရှိတော့မှသာရေ နဲနဲလောက်သောက်ကြလေ့ ရှိပါတယ်။ 

တစ်ချို့ လူတွေဆိုရင်ရေ မသောက်ဘဲ လက်ဖက်ရည် ၊ကော်ဖီလောက် ပဲသောက်ကြ ပါတယ်။ အချိုရည်၊ အအေး ပုလင်းတွေသောက်ကြသူတွေလည်း များပါတယ်။
 

ယနေ့ခေတ်မှာ စားရသောက်ရတာတွေ ကလည်း ဓာတုဆေးကြွင်းတွေ အများကြီး ပါနေတဲ့ အစား အသောက်တွေ ပဲဖြစ်နေပါတယ်။ 

စိုက်ပျိုးရေး နဲ့မွေးမြူရေး လုပ်ငန်းတွေဟာ စီးပွားဖြစ် အထွက်တိုးဖို့ ဓာတုဆေးတွေ ကို အလွန်အကျွံ သုံးစွဲကြတော့ လူတွေ ရဲ့ကိုယ်ထဲကို နည်း အမျိုးမျိုး နဲ့ရောက်လာပါတယ် ။


ဖောက်သည် တိုးပွားစေနိုင်သည့် ဖုန်းရွှေ အဆောင် ကြေးမုံ

ဖောက်သည်တိုးပွားစေနိုင်သည့် ဖုန်းရွှေအဆောင် ကြေးမုံ


ဖုန်းရွှေ အဆောင်ကြေးမုံ သည် သင့် ဘ၀ တွင် ရောင်ပြန်ဟပ်မိ သည့် မည်သည့် အရာ ကို မဆို ၂ ဆ တိုးစေနိုင် ပါသည်။ သင့် ကိုယ်တိုင် မည်သည့် အရာကို ၂ ဆတိုး စေချင်သလဲ ဟု ကိုယ်တိုင်မေးကြည့်ပါ။
 

သို့မဟုတ် သင့် အရောင်းအ၀ယ် ၂ ဆ တက်စေပြီး ဖောက်သည် တိုးပွားစေလိုပါ သလား သို့မဟုတ် ရတနာရွှေငွေ ပစ္စည်း ဥစ်္စာ တိုးပွားများပြားစေချင်ပါသလား။ သင့် အနေဖြင့် ဖုန်းရွှေ ကြေးမုံပြင်ကို အသုံးပြုပြီး သင့် ဘ၀က မည်သည့် အရာ မဆို ရောင်ပြန်ဟပ်စေခြင်းဖြင့် တိုးတက် ပွားများစေနိုင်ပါသည်။
 

အိမ်အတွင်း က နေရာလွတ်များ ကြည့်လိုက်လျှင် ပိုမိုကြီးမား ကျယ်ပြန့်လာ အောင် မည်ကဲ့သို့ လုပ်ရ မည် နည်း ဟု အိမ်တွင်း အလှဆင် သည့် ဒီဇိုင်နာကောင်း များကို မေးကြည့်ပါ။ ကြေးမုံပြင်များ ကို အသုံးပြုပါဟု အမြဲ တမ်းပြန်ဖြေသည်ကို တွေ့ရှိ ရပါလိမ့်မည်။ 

အဘယ်ကြောင့်ဆိုသော် ကြေးမုံပြင်များ သည် နေရာလွတ်များ ၂ ဆ ရရှိအောင် ပြုလုပ်ပေးနိုင်မည်ဟု ခံ စားစေနိုင်ပါသည်။



ဖောက်သည်တိုးပွားစေနိုင်သည့် ဖုန်းရွှေအဆောင် ကြေးမုံ


ဆိုင် အတွင်း၌
ဤကဲ့သို့ ဆိုလျှင် မည်သည့် ဖုန်းရွှေ အကြံပေးကို မဆို အရောင်း သွက်၍ စီးပွား ကောင်းမွန်အောင် မည်ကဲ့ သို့ လုပ်ဆောင် ရမည်နည်း ဟု မေးကြည့်လျှင် ကြေးမုံပြင် ကို အသုံးပြုပါဟု အမြဲပြန်ဖြေကြပါလိမ့်မည်။ 


ဥပမာ အားဖြင့် သင်သည် ဆိုင်အတွင်း အရောင်းသွက်စေချင်လျှင် သင်၏ ငွေပေး ငွေယူပြု လုပ် သည့် ကောင်တာ စားပွဲကို ကြေးမုံရိပ်ရောင်ပြန်ထင်ဟပ်အောင် ပြု လုပ်ပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် စီးပွား ၂ ဆ တိုးစေခြင်း ၏ အမှတ်လက္ခဏာ ပင် ဖြစ်သည်။



Tuesday, March 22, 2016

ဟွန်ဒီ လုပ်ငန်းတွေ ကို တရားဝင်ဖြစ်အောင် လုပ်ပေးသင့်ပြီလား






အစိုးရသစ် လက်ထက် တွင် တရားမ၀င်ငွေလွှဲ (ဟွန်ဒီ) လုပ်ငန်းများ ကို ဗဟိုဘဏ် ၌ အာမခံ ထားပြီး တရားဝင် လိုင်စင်ထုတ် ပေးသည့် နည်းလမ်းဖြင့် ပြောင်း လဲ စီမံ ခန့်ခွဲ သင့်ကြောင်း ဘဏ် လုပ်ငန်း ကျွမ်းကျင် သူ အချို့က အ ကြံပြုသည်။

ပြည်ပနိုင်ငံများ မှမြန်မာနိုင် ငံသို့ ဟွန်ဒီ စနစ်ဖြင့် ငွေလွှဲပို့မှုသည် တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ငါး ဘီလီယံကျော် ရှိကြောင်း ဘဏ် လုပ်ငန်း ကျွမ်းကျင်သူများက ခန့်မှန်းသည်။ အဆိုပါ ပမာဏ သည် မြန်မာနိုင်ငံ ၏ တစ်နှစ် ပြည်ပ ပို့ကုန် ပမာဏ၏ ထက်ဝက်ခန့် ရှိနေသည်။

ကမ္ဘောဇ ဘဏ်၊ သမ၀ါယမ (CB) ဘဏ်၊ ဧရာဝတီ ဘဏ်တို့ အပါအ၀င် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် လိုင်စင် ရရှိ ထားသည့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်များသည် ထိုင်းနိုင်ငံ မှ ဘဏ်များ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံ မှ ဘဏ်များဖြင့် ချိတ်ဆက် ၍ ငွေလွှဲ ၀န်ဆောင်မှု များ ကို ၂၀၁၃ နောက်ပိုင်းမှ စတင် ၀န်ဆောင်မှုပေးနေကြသည်။

ပြည်တွင်း ပုဂ္ဂလိက ဘဏ် များက ပြည်ပ ဘဏ်များနှင့် ချိတ် ဆက်၍ ငွေလွှဲ ၀န်ဆောင်မှုပေးနေ သော် လည်း ပြည်ပရောက်မြန်မာ အများစု က ဟွန်ဒီ စနစ် ကိုသာ အ ဓိက အသုံးပြုကြသည်။ 


ထို့အပြင် ပြည်တွင်း ပုဂ္ဂလိက ဘဏ် များ၏ ၀န်ဆောင်မှု ထက် တရားဝင်ငွေလွှဲ လုပ်ငန်းများ ပင်ဖြစ်သည့် Western Union ၊ မလေးရှားနိုင်ငံ အခြေစိုက် IME တို့ ကဲ့သို့ ငွေလွှဲ လုပ်ငန်းများ ကို အသုံးပြုသူ များလည်း ရှိကြောင်း သမ၀ါယမ ဘဏ် (CB) မှ မန်နေ ဂျင်း ဒါရိုက်တာ ဦးဖေမြင့်ကပြော သည်။

‘‘ဆယ်ပုံ တစ်ပုံလောက် ကွာ တယ်။ ဘဏ်တွေ က သိပ်ပြီး မလွှဲ ချင်ကြဘူး’’ဟု ဦးဖေမြင့် ကပြော ကြား သည်။




တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် အနမ်း အတွက် အကြံကောင်း (၅) ခု








အနမ်း ဆိုတာ အချစ် ရဲ့အရေးကြီးဆုံး အစိတ်အပိုင်း တစ်ခုပါ။ ကိုယ့်ရဲ့အနမ်း ကို ကိုယ့်ချစ်သူ၊ အိမ်ထောင် ဖက် က အမြဲတမ်းတ စွဲလန်းနေမယ် ဆိုရင်တော့ သင်တို့ရဲ့အချစ် က တော်တော် ခိုင်မြဲနေပါပြီ။ ဒါဆိုရင် ကိုယ့် အနမ်း ကို သူ့ဘက် က တမ်းတမ်းစွဲဖြစ်သွားအောင် ဘယ်လို လုပ်ရမလဲ ? ဒီ အတွက် အကြံဉာဏ်ကောင်းလေးတွေ မျှဝေပါ့မယ်။

၁။ ခံတွင်းနံ့
ခံတွင်းနံ့ ဆိုးနေရင် နမ်းဖို့ မပြောနဲ့ စကားတောင်ပြောလို့ ရမှာမဟုတ်ပါဘူး။ တစ်ဖက်လူ ကိုလည်း အားနာ စရာကောင်း သလို ဘယ်လို မှ သက်တောင့်သက်သာ မဖြစ်တဲ့ အခြေအနေ ပါ။ ဒါကြောင့် ခံတွင်းနံ့ လန်းဆန်းမွှေး ပျံ့နေဖို့က အဓိက ကျပါတယ်။ အနမ်း ချိုချိုပေးတော့မယ် ဆို ခံတွင်းနံ့လေးကောင်းအောင် ၊ နှစ်လိုဖွယ် ရှိအောင် အရင်ဆုံး ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

၂။ အပေး အယူ
ကိုယ်နမ်းမှာ က ကိုယ်ချစ်ရတဲ့ သူကိုပါ။ သူ့ အကြိုက် အလိုက် သိဖို့လည်း လိုပါတယ်။ သူက သိမ်မွေ့တဲ့ အနမ်း ကို သဘောကျ တာလား၊ စူးစူးရှရှ အကြင်နာပေးချင်တာလား ဆိုတာ သေသေချာချာ သိဖို့က သင့် တာဝန်ပါ။ သင့်အနမ်း က သူနဲ့ စည်းချက်ညီမှ သင့်ကို စွဲလန်းမှာပေါ့။

၃။ ကိုယ်က အရင်စ
အကြင်နာပေးဖို့ မိန်းကလေးက အရင်စလည်း ရှက်စရာမဟုတ်ပါဘူး။ ကိုယ်ကလည်းနမ်းချင်တယ်၊ သူအရင်လှုပ်ရှားလာဖို့ စောင့်နေရင်တော့ အချိန်ကုန်ပြီး အလုပ်မဖြစ်ရုံပဲရှိပါလိမ့်မယ်။




လူတွေ ပို သဘောကျလာအောင် သင့်ဘက် က လုပ်နိုင်တဲ့ အရာ (၆) ခု



 



၁ - ကိုယ့်ကိုယ် ကိုယ် အရင်ကြည့်ပါ
ကိုယ့်ကိုယ် ကိုယ် အရင်ကြည့်လိုက်ပါ။ ကိုယ် ဘာလုပ်ချင်တယ်၊ ကိုယ် ဘာဖြစ်ချင်တယ်၊ ကိုယ် ဘာလိုချင် တယ် ဆိုတာ ကို ရှင်းရှင်း လင်းလင်း သိအောင် အရင်လုပ်ပါ။ ကိုယ် ဘာလဲ ဆိုတာ သေချာ သိမှ တစ်ခြား လူတွေ နဲ့ ဆက်ဆံရတာလဲ မရှုပ်ထွေးမှာပါ။

၂ - ယုံကြည်မှု
ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု ရှိပါ။ တစ်ခြားလူတွေ နဲ့ ဆက်ဆံ ရာမှာ ကိုယ့်ကိုယ် ကိုယ်မြင်ပုံ ကလည်း အရေးကြီးပါတယ်။

၃ - နေထိုင်မှု

သန့်သန့် ရှင်းရှင်းနေထိုင်ပါ။ တက်တက် ကြွကြွ နေထိုင်ပါ။

၎ - ပြုံးပါ
လူမှုဆက်ဆံရေး မှာ အပြုံး ဟာ ဟိုး အရင်ကတည်း က အသုံးဝင်ခဲ့ပြီး အခုလည်း ထိရောက်နေဆဲပါ။ လက်ရှိ ထက် ပိုပြုံးပါ။




နား သန့်စင်တဲ့ အခါ လုံးဝ မလုပ်သင့်တဲ့ အချက် (၁) ချက်



 



နားစည် က နူးညံ့ပါးလွှာ လွန်းတာကြောင့် ဂွမ်းဖတ် နဲ့ ညင်သာစွာ သန့်စင်ပေးသည့် တိုင် နားကို ထိခိုက်စေနိုင် ပါတယ်။ ဖြစ်လာပြီ ဆိုရင် အင်မတန် နာကျင် ကိုက်ခဲပြီး အရည်ကြည်တွေ ထွက်လာပါလိမ့် တယ်။ အဲဒါက အကြားအာရုံ ကို အမြဲ ချို့ယွင်းမှု ဖြစ်စေတတ်ပါတယ်။

ဒီ ထိတ်လန့်စရာ ဖော်ပြရေးသားချက် က မိမိ ရဲ့ နားသန့်စင်တတ် တဲ့ အကျင့်ဖျောက်ဖို့ မလုံလောက်ပါက "နား အတွင်းပိုင်း သန့်စင် စရာမလို" ဆိုတဲ့ အချက် ကို နှလုံးသွင်းပါ။ အလေး အနက်ပြောတာပါ။ 


နားပြွန် ဟာ ရေချိုးတဲ့ အခါ အလို အလျောက် သန့်ရှင်း သွားပြီး အိပ်စက်နေစဉ် နားဖားစေးတွေ နားရွက် အတွင်းပိုင်း မှ ထွက်ကျပါတယ်။ ပင်ကို အားဖြင့် ခန္ဓာကိုယ် မှ နားကို သန့်စင်ပေးပါတယ်။



ဆဲလ်ဖီ ရိုက်ခြင်း ဟာ အသားအရေ အိုမင်းရင့်ရော်စေနိုင်



 



ညတိုင်း အိပ်ချိန် ၈ နာရီ မရဘူးဆိုရင် ဆိုဒီယမ် သို့မဟုတ် သကြား အလွန် အကျွံ လုံးဝ မသောက်မိ ပါစေနဲ့ ။ နောက် နေရောင်ခြည် ကာကွယ် ထိန်းသိမ်းမှုကို အထူး သတိ တရ ဆောင်ရွက်ပါ။ 

၂၆ နှစ် အရွယ် ယူကေ ဘလော့ဂါ Mehreen Baig က အရေးပြား ချို့ယွင်းမှု အသစ်( အမည်းကွက်၊ အဖြူဖုများ၊ အမည်းစက်) ကို သတိပြု မိခဲ့ပြီး သူမ ရဲ့ အကြိမ် ၅၀ ဆဲလ်ဖီ ရိုက်တဲ့ အကျင့် ကို အပြစ် ပုံချပြီး ဒီ အကြောင်း ကို Daily Mail သို့ ပြောပြခဲ့ပါတယ်။

နည်းပညာ မော်နီတာ ဖန်သားပြင် အားလုံး High-Energy Visible light ခေါ် ရောင်ခြည် အပြာတွေ ထုတ် လွတ်ပေး ပါတယ်။ 


သိပ္ပံ ပညာရှင်များ နဲ့ အရေပြားရောဂါ အထူးကု ဆရာဝန်များ က ဒါကို ခရမ်း လွန်ရောင်ခြည်လောက် သိပ် မပြင်းကြပေမယ့် အကျိုးဆက်များ ဟာ အလားတူ ထိခိုက် မှုတွေ ဖြစ်စေနိုင်ကြောင်း အကြို သုတေသန မှ ဖော်ပြထားတယ် လို့ နယူးရော့ခ်မြို့ Mount Kisco ရှိ The Center for Dermatology, Cosmetic, and Laser Surgery က ဒါရိုက်တာ David E. Bank က ဆိုပါတယ်။



အယ်နီညို အတွက် ပြင်ဆင်သည့် အနေဖြင့် သင်္ကြန် ကို တစ်ရက် ၉ နာရီ သာ ရေ ကစားခွင့်ပြုမည်


မဟာအတာသင်္ကြန်တွင် ပျော်ရွှင်စွာ ရေကစားနေသော ရေပတ်ခံ ကားတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)


သင်္ကြန် တွင် ယခင် နှစ်များက ပုံမှန်ရေကစား ချိန်ကို တစ်ရက်လျှင် ၁၁ နာရီ ခွင့် ပြုခဲ့ ရာမှ ယခုနှစ်တွင် တစ်ရက် လျှင် ကိုးနာရီ သာ ရေ  ကစားခွင့် ရရှိမည်ဖြစ်သည် ။

 ယခင်ကရေကစား ချိန် ကို နံနက် ၇ နာရီ မှ မွန်းတည့်  ၁၂ နာရီ အထိ ၊ မွန်းလွဲ ၂ နာရီ မှ ညနေ ၆ နာရီ အထိ သတ်မှတ်ထားရာ မှ ယခုနှစ် တွင် သင်္ကြန် မဏ္ဍပ်များ ၌ ရေကစားချိန် ကို နံနက် ၈ နာရီ မှ မွန်းတည့်  ၁၂ နာရီ ၊ ညနေ ၃ နာရီ မှ  ညနေ ၆ နာရီ အထိ ပြောင်း လဲမည်ဖြစ် ကြောင်း  ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့် ရှင်းမှု ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သင်္ကြန် ကာလ တွင် ထိုကဲ့သို့ မြို့ နယ်များ ကို ရေပေးဝေမှု အချိန်များနှင့်  ရေကစားချိန် လျှော့ချခြင်း တို့မှာ အယ်လ်နီညို  ရာသီဥတု အတွက် ပြင်ဆင်ခြင်းဖြစ်ပြီး သင်္ကြန် အပြီးတွင် ရေပြန်လည် သိုလှောင် ရေး ကိစ္စ များ ကိုလျင် မြန်စွာပြုလုပ်မည်ဖြစ်ကြောင်း၊ ရေကစား နိုင်ရန် ရေလှောင်ကန်များ ရှိ ရေ ပမာဏကို ယခင်နှစ် များက ထက် ပိုမို သိုလှောင်ထားပြီး လှော်ကား၊ ဂျိုးဖြူရေ နှင့်  ဖူးကြီး ရေလှောင်ကန် တို့၌ ၂၀၁၅ ခုနှစ်က ထက် ရေ ပမာဏ ၅ လက်မ ခန့်  ပိုမို သိုလှောင်ထားကြောင်း သိရသည်။


အလွန် အကျူး စားသုံးခြင်း ကို ကာကွယ်ပေးမည့် လည်ဆွဲ ဖန်တီး


မြ၀တီ's photo.
အမေရိကန်နိုင်ငံ ဘတ်ဖဲလိုး ကွန်ပျူတာ သိပ္ပံ မှ ပညာရှင်များသည် အစားအသောက် အလွန်အကျူး စားသုံးခြင်း ကို ကာကွယ်ပေးမည့် လည်ဆွဲ ကို ဖန်တီးလျက် ရှိကြောင်း Zdnet သတင်းဌာန ကဖော်ပြ ထား သည်။

Auto Dietary ဟု အမည်ပေးထားသော အဆိုပါ လည်ဆွဲ တွင် မိုက်ခရိုဖုန်း များ ထည့်သွင်း တည်ဆောက် ထား ကာ အစားအစာ စားသုံးခြင်း၊ အရည်သောက်ခြင်း များ ပြုလုပ်စဉ် ထွက်ပေါ်လာသည့် အသံကို ဖမ်းယူ ကာ အစားအစာ စားသုံးမှု အခြေအနေ ကို အဆုံး အဖြတ် ပေးသွားမည်ဖြစ်သည်။ 

ဖမ်းယူ ရရှိသော အသံ များကို မိုဘိုင်းလ်ဖုန်း အတွင်း ၌ ထည့်သွင်း ထားသည့် Application ထံသို့ ပေးပို့ကာ အဆုံး အဖြတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ 

ခန္ဓာကိုယ် အလေးချိန် ကို Application အတွင်း ထည့်သွင်းပေး ထားရမည်ဖြစ်ကာ ခန္ဓာကိုယ် အလေးချိန် ထက် ပိုသော စားသုံးမှု ပြုလုပ်ခြင်း၊ စားသင့် သည့် ပမာဏထက် ပိုသော စားသုံးခြင်း များ ပြုလုပ်မိ ပါက လည်ဆွဲ တွင် တပ်ဆင်ထားသော Vibration ဖြင့် သတိပေးမည်ဖြစ်သည့် အပြင် အသံဖြင့်လည်း သတိ ပေး မှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 


Panasonic က အချက်အလက် များ သိုလှောင် သိမ်းဆည်း သည့် blu-ray data archiver ပထမဆုံး မိတ်ဆက်

မြ၀တီ's photo.




အချက်အလက် များစွာ ကို သိုလှောင် သိမ်းဆည်း ထားနိုင်ရန်နှင့် မှတ်တမ်းပြုထားနိုင်ရန် Panasonic ကုမ္ပဏီ မှ ၎င်း၏ lu-ray data archiver ကို စတင် မိတ်ဆက် ခဲ့ပြီ ဖြစ်သည်။ 

Panasonic ၏ blu-ray data archiver (blu-ray ဖြင့် အချက်အလက် များကို သိုလှောင် သိမ်းဆည်း ထားသည့် စနစ်) သည် Optical Dics များဖြင့် အချက်အလက် များကို သိုလှောင် သိမ်းဆည်း ထားနိုင်သည့် နည်း လမ်းဖြစ် ပြီး ယင်း အချက်အလက် များ၏ သက်တမ်း ကြာရှည် ခံနိုင်မှု (Data Lifespan) ကို ထူးခြားစွာ တိုးမြှင့်ပေးနိုင်သော မှတ်တမ်းပြု သိမ်းဆည်းခြင်း ဆိုင်ရာ နည်းပညာ များကို အသုံးပြု ထားကြောင်း သိရ သည်။

ကမ္ဘာတစ်ဝန်း ၌ ထုတ်လုပ်သည့် ဒစ်ဂျစ်တယ် အချက်အလက်များ သည် နောင်လာမည့် လေးနှစ်တာ ကာလ အတွင်း 45 zetta bytes(ZB) ဝန်းကျင်ခန့် အထိ ရောက်ရှိ လာမည်ဟု နည်းပညာရှင် များက ခန့်မှန်းကြသည်။ 

၎င်းအတွက် ထုထည် ကြီးမားစွာ ထွက်ပေါ် လာမည့် များပြားသော ဒစ်ဂျစ်တယ် အချက်အလက် များကို စီမံ ခန့်ခွဲနိုင်စေရန် ယုံကြည် စိတ်ချရမည့် စွမ်းဆောင်ရည် ပြည့်ဝသော သိုလှောင် ထိန်းသိမ်းမှုဆိုင်ရာ စနစ်များ ပို၍ လိုအပ်လာမည်ဖြစ်သည်။


Saturday, March 19, 2016

ပုလောမြို့နယ် အတွင်း ရှိ သမိုင်းဝင် ကမ္ဘာကျော် ရတနာသိုက်ကြီး

 Mono Ma's photo.


 ခရစ် သက္ကရာဇ် ၁၈၈၁ ခုနှစ် အတွင်း ဖိလစ်ပိုင် ကျွန်းစု မှ မနီလာ လူမျိုး များသည် မြိတ်ခရိုင် ပင်လယ်ပြင် မှ တစ်ဆင့်ပုလောမြို့နယ် ပိုင် မလိ ကျွန်းတန်းများ ဆီ ပုလဲ ရှာဖွေရန်ရောက်ရှိ လာခဲ့ကြောင်း ၊ 

သူတို့သည် ပင်လယ် အတွင်း အနှံ့အပြား တွင် ပုလဲ ရှာဖွေ စမ်းသပ် ငုပ်ယူရင်း တစ်နေ့ တွင် မလိကျွန်း တန်းရဲ့ အနောက်မြောက်ဖက် တွင် ရေဝဲများ ထနေသော ရေအောက်ပိုင်း သို့ ရောက်ရှိ သွားကြရာမှ ကြီးမားသော မုတ်ကောင်ကြီး တစ်ကောင် အတွင်း ၌ ကြက်ဥ တစ်မျှ ရှိသော ပုလဲလုံးကြီး အား တွေ့ရှိ ခဲ့ရကြောင်း ၊

 ခေတ် မှီရေငုပ် ကိရိယာများ မစုံလင်သေးသော ထိုခေတ် က ရေအောက် တွင် အများဆုံး မိနစ်၂၀ မှ ၂၅ မိနစ် သာနေနိုင်ကြ သဖြင့် ထို ပုလဲ အား ရယူ ရာတွင် ရေငုပ်သူ တို့ အသက်သာ ဆုံးရှုံး ခဲ့ရ၏ ။

ထို ပုလဲကိုမူ မရရှိခဲ့ပေ မနီလာ လူမျိုး တို့ ပြီးနောက် အဆိုပါ ပုလဲ ရှိသည်ဆိုသောနေရာ ကို ဂျပန် လူမျိုး အချို့နှင့် မြန်မာ လူမျိုး အချို့ ကလည်း အကြိမ်ကြိမ် ကြိုးစားခဲ့ကြ ဘူးကြောင်း ၊  သို့သော် ယခင်နည်းတူ ပင် အသက်ပေါင်း များစွာ ဆုံးရှုံး ခဲ့ရပြီး ပုလဲကိုမူ မရရှိခဲ့ကြောင်း ၊

 နောက်ဆုံး အနေဖြင့်ကြိုးစား ခဲ့ကြသော မြန်မာ အဖွဲ့ တစ်ဖွဲ့သည် ရာသီဥတု ကောင်းမွန်သော နေ့ တစ် နေ့တွင် ထို ပုလဲအား ရယူ နိုင်ရန် ရေအောက်သို့ ဆင်းသက် ခဲ့ရာ မုတ်ကောင် အတွင်း ရှိ ပုလဲကြီး မှာ နေရောင်ခြည်အောက်တွင် အရောင် မျိုးစုံဖြင့် တည်ရှိနေသည် ကို တွေ့ရှိခဲ့ရကြောင်း ၊

ရေတွင်း တူးသူများ အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖယ်ရှားနည်း




 


(မျှဝေပေးခြင်းဖြင့် အသက်ကယ် ကုသိုလ် ယူပေးကြပါ)
ရေတွင်း တူးသူများ မှာ (၄)ယောက် ရှိသည်။ ရပ်ကွက် ကပါ ဝိုင်းကူကြသည်။ ရေတွင်း မှာ နက်သဖြင့် နံနက် ၆-နာရီ မှ ၁၂-နာရီထိ တစ်ကြိမ် ၊ ညနေ ၂-နာရီ မှ ၆-နာရီထိ တစ်ကြိမ် နှစ်ကြိမ် ဆင်းတူးကြသည်။
 

တွင်းထဲသို့ မဆင်းမီ ဖယောင်းတိုင် မီးထွန်း ချကြည့်ရာ မီးသေ သွား၏။ အောက်ဆီဂျင် မရှိ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ကို ဖယ်ရှားရန် ငှက်ပျောလက် အစိုများ ကို ခုတ်၍ ကြိုးဖြင့် ချည်ကာ ရေတွင်းထဲသို့ ချလိုက် တင်လိုက် အကြိမ်ကြိမ် ပြုလုပ်ရ၏။ နာရီဝက်ခန့်ကြာ၏။ ပြီးမှ မီးထွန်းကြည့်ရာ မီးမသေ မှ တွင်းထဲ ဆင်းတူးရ၏။


ဤနည်းဖြင့် ငှက်ပျောလက် အစိုများဖြင့် ရေတွင်းထဲ ချလိုက် တင်လိုက်ဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ကို ဖယ်ရှားပြီး တူးတူး သွားရာ ရက်ပေါင်း ၂၀-နီးပါး တူးသောအခါ မှ ရေတွေ့၍ ရေရ လာသည်။

 ရေမှာ ကျောက်ခဲ ကျောက်တုံး များကြားမှ ထွက်လာသောရေဖြစ်၍ ရေကြည်ရေသန့် ရလေသည်။
ကာဗွန်ဒိုင်အောက်ဆိုဒ် မှာ နံနက်ခင်း အအေးဓာတ် ရှိလျှင် နည်းပါးပြီး၊ ညနေပိုင်း အပူချိန် များလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် များပါသည်။ 


 

ဒါလေးတွေ ပြောပါရစေ

Kan Ta Luu's photo.
ကိုယ် ချစ်တဲ့ သားသား မီးမီးလေးတွေ ကို သိပ်ချစ်လို့  သူတို့ ဓါတ်ပုံ ကို  အိမ်ခေါင်းရင်း နံရံ မှာ မချိတ် မိစေ နဲ့နော်  လာဘ်တိတ်တတ်တယ်။

ထမင်း စားပြီးလို့  သွားကြား ညပ်တဲ့အခါ  နီးစပ်ရာ ဘုရားစင် နတ်စင် က အမွှေးတိုင်တုတ် နဲ့ သွားကြား မထိုး မိစေနဲ့နော် လာဘ်တိတ် တတ်တယ် ။

လစာထုတ် လို့  ဈေးရောင်း ရလို့ ပဲဖြစ်ဖြစ်  ပထမဆုံး ဦးဦး ဖျားဖျား ဝင်လာတဲ့ ငွေ ကို  စီးကရက် ဝယ်တာ/ မီးသွေး ဝယ်တာ မီးခြစ် ဝယ်တာ/ထင်း ဝယ်တာ/ အမျိုးသမီး လစဉ် ပစ္စည်းဝယ်တာ/ ဖိနပ် ခြေအိတ် ဝယ်တာ မျိုးတွေ မလုပ်မိစေနဲ့နော် လာဘ်တိတ် တတ်တယ် ။

ပထမဆုံး လှူဖွယ် တစ်ခုခု အရင် ဝယ်ပြီး ဘုရား သို့မဟုတ် ရဟန်း တစ်ပါးပါး ကို လှူပါလေ။


ဆေးလိပ်သောက်တတ် သူများ  အသစ်ကပြဿ       နာ မရှိပါဘူး ။ စီးကရက် အတို ဆေးပေါ့လိပ် အတိုတွေကို
တစ်ချို့က နားကြားမှာ ညှပ်ထား တတ်ကြတယ် ။  မလုပ်ကြပါနဲ့ ခင်ဗျာ   လာဘ်တိတ် တတ်တယ်။



Friday, March 18, 2016

ရဲယိုရွက် ရဲ့ စွမ်းပကား

Lwin Pyin's photo.


၁ - ရဲယိုရွက် ကို ပြုတ်ပြီး တို့စားရင် သွေးတိုး တာ၊ လေချုပ် တာနဲ့ ဝမ်းဗိုက် နာတာ ပျောက်ပါတယ်။

၂ - ရဲယိုရွက် ကို သုပ်စားမယ် ဆိုရင် ဝမ်းရစ်နာတာ နဲ့ နှာခေါင်းသွေးလျှံတာတွေ ကို ပျောက်စေပါတယ်။

၃ - ဆီးချိုရောဂါ အတွက် ဒန့်သလွန်ရွက် နဲ့ ဟင်းချို ချက်သောက်ပေးရပါတယ်။

၎ - ရဲယိုသီး ကို ပျားရည် နဲ့ခေါက် စားရင် ချောင်းဆိုး နဲ့ ပန်းနာ ရင်ကျပ်ပျောက်ပါတယ်။


နံ့သာဖြူ နှင့် ဆေးဖက် အသုံးဝင်ပုံ

အရှင် သုမင်္ဂလ's photo.


မိတ်ဆွေများ အားလုံး မင်္ဂလာပါ.................


* နံ့သာဖြူ  အကြောင်း တင်ပေးပါ ဆိုတဲ့ မိတ်ဆွေများ အတွက်ပါ ။ကျန်းမာရေး ဗဟုသုတ အဖြစ် ဖတ်မိသမျှ
ကို တစ်ဆင့်ပြန်လည် မျှဝေလိုက်ပါတယ် ။


* မြန်မာ ~ နံ့သာဖြူ  (စန္ဒကူးဖြူ  )
* အင်္ဂလိပ် ~ Sandal Wood
 

* ပေါက်ရောက်ရာဒေသ ~ အိန္ဒိယ (မိုက်ဆိုးနယ်)၊
~ မလေးကျွန်းဆွယ်၊
~ အင်ဒိုနီးရှားနိုင်ငံ၊
~ မြန်မာနိုင်ငံ ၊ ကမ္ဘာအေး လှိုဏ်ဂူ ပတ်ဝန်းကျင် တစ်ဝိုက်၊
~ မေမြို့၊ ပုပ္ပါးတောင်ခြေ၊


* နံ့သာဖြူ   သည် မြန်မာ တိုင်းရင်းဆေးလောက တွင် နံ့သာဖြူ၊  နံ့သာနီ၊ အကျော်၊ စမ္ပာ၊ ကရမက် ဟု နံ့သာ
(၅) မျိုး စာရင်းဝင် အဖိုးတန် အပင်ထွက် ဆေး ပစ္စည်းမျိုး ဖြစ်ပါသည် ။ 


၎င်း အပင်သည် အမြဲ စိမ်းလန်းသော ပင်လတ်မျိုးဖြစ်ပြီး ပေ (၃၀) မှ (၄၀) ထိမြင့်ဧ။် ။ သေးသွယ် ၍ တွဲ ကျသော အကိုင်းအခက် ရှိပြီး အကာသားဖြူ   ဧ။် ။ အနှစ် မှာ အ၀ါရောင် သန်းဧ။် ။ အရွက်သည် (၁.၅)" မှ(၂.၈)" ထိ ရှိပြီး တစ်ခါ တစ်ရံ ရွက်လွှဲ ထွက်ဧ။် ။ အရွက် ချောဧ။် ။ ထူဧ။် ။ လွန်သွား သဏ္ဍာန်ရှိဧ။် ။

Tuesday, March 15, 2016

ပညာတတ်များ ဦးဆောင်တော့မည့် မြန်မာပြည်

 Yethuya Naing's photo.
 ဦးထင်ကျော် နှင့် ဇနီးဒေါ်စုစုလွင်



ဒီချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ အရင်းနှီးဆုံးနှင့် ယုံကြည် စိတ်အချရဆုံး လူနည်းစု ထဲ တွင် ဦးထင်ကျော် လည်း တစ်ဦး အပါအ၀င် ဖြစ်သည်။
 

ဦးထင်ကျော် သည် မြန်မာနိုင်ငံ ၏ ဂန္တ၀င် စာရေး ဆရာကြီး ၁၉၉၀ ဒီချုပ်ရွေးကောက်ခံ ကိုယ်စားလှယ် ဆရာ မင်းသုဝဏ် ၏ သားဖြစ်သည်။

ဦးထင်ကျော် သည် ဒေါ်အောင်ဆန်းစုကြည် ထက် တစ်နှစ် တစ်လ တစ်ရက် တိတိ ငယ်ရွယ်သူ ဖြစ်သော် လည်း မက်ဒရစ်ကျောင်း (ဒဂုံ-၁) တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပညာ သင်ကြားခဲ့သည်။

၁၉၆၂ ခုနှစ်တွင် စီးပွားရေး တက္ကသိုလ် ၌ ပညာ သင်ကြားခဲ့ပြီး မဟာ စီးပွားရေး ဘွဲ့ကို ရရှိခဲ့သည်။ ရန်ကုန် ကွန်ပျူတာဌာန ၏ ပထမဆုံး ပညာတော်သင် အဖြစ် အင်္ဂလန် သို့ သွားရောက် ပညာဆည်းပူးခဲ့သည်။ 

၁၉၉၂ ခုနှစ်တွင် ၀န်ထမ်း အဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီချုပ် ပါတီ သို့ ရောက်ရှိသွားသည်။

ဦးထင်ကျော် သည် ဖခင်ဖြစ်သူ၏ ကလောင်ခွဲဖြစ်သော ဒလဘန်း အမည်ဖြင့် စာပေ များ လည်း ရေးသား ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ယုံကြည် စိတ်ချရသော လူ အဖြစ် လည်းကောင်း၊ မိသားစု မျိုးရိုး သမိုင်းကြောင့် လည်းကောင်း၊ ရိုးသားဖြောင့်မတ်သော စိတ်ထား ရှိ၍ လည်းကောင်း စသည့် အရည်အချင်း များကြောင့် ထောက်ခံမှု အများအပြား ရရှိထားသည်။

ဦးထင်ကျော် ဇနီးဒေါ်စုစုလွင်
ဒေါ်စုစုလွင် သည် ဒီချုပ် ပါတီ စတင် ထူထောင်စဉ် က ပါဝင်ခဲ့သော ဗိုလ်မှူးကြီး မောင်လွင် ၏ သမီးဖြစ် သည်။ ဗိုလ်မှူးကြီး မောင်လွင် ၏ မျိုးရိုးသည် ပညာတတ် မျိုးရိုး များဖြစ်ပြီး အစ်ကို အကြီးဆုံး ဦးကျော် မှာ ထိုခေတ် က လုပ်သားများကောလိပ် ကျောင်းအုပ်ကြီးနှင့် ရန်ကုန် ပညာရေး တက္ကသိုလ် ပါမောက္ခချုပ် တာဝန်များ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ 

Monday, March 14, 2016

ဆေးလိပ်သောက်သူများ ဖြစ်လေ့ ရှိသည့် ဘားဂါး (Buerger) ရောဂါ

 သိန်း မြင့်'s photo.


 ဘားဂါး (Buerger) ရောဂါ ဆိုတာဘာလဲ?
ဘားဂါး ဆိုတာဟာ ခြေထောက် နဲ့ လက်တွေ မှာ ရှိတဲ့ သေးငယ်သော သို့မဟုတ် အလယ် အလတ် ရှိသော သွေး လွှတ်ကြော နဲ့ သွေးပြန်ကြောတွေ ယောင် ရမ်းခြင်း နှင့် ပိတ်ဆို့ခြင်း တို့ ခဏခဏ ဖြစ်ပေါ်နေခြင်း ကို ဆိုလိုပါတယ် ။ 

ဒါဟာ ဆေးလိပ်သောက် သုံးခြင်း နဲ့ အလွန်အမင်း သက်ဆိုင်လျက် ရှိပါတယ် ။ ဆေးလိပ် သောက်သုံး သူများ အပါအ၀င် ဆေးလိပ် မသောက်ပေမယ့် လည်း ဆေးရွက်ကြီး စားသုံးသူတွေ Tobacco နဲ့ပတ်သတ်တဲ့ ထုတ် ကုန်မှန်သမျှ သုံးစွဲသူတွေမှာ ဖြစ်စေနိုင်ပါတယ် ။

အဖြစ် များစေတဲ့ အချက်တွေ ။
စီးကရက်သောက်သုံးခြင်း ဟာ ဘားဂါး ကို အဖြစ်များစေတဲ့ အဓိက အချက်ပါ ။ ဆေးလိပ် အရမ်းသောက် သူတွေ ဥပမာ တစ်နေ့ ကို တစ်ဗူး နှုန်း သောက် သုံးသူတွေဟာ ဘားဂါးဖြစ် စေဖို့ အခွင့်အလမ်းများသူတွေ ဖြစ်ပါတယ် ။

 ဆေးရွက်ကြီး ငုံတဲ့ လူတွေ ကွမ်းစားရင် ဆေးရွက်ကြီး ထည့်စားသူတွေ လည်း ဘားဂါးရောဂါ ဖြစ် ပွားစေနိုင် ပါတယ် ။ လက် နဲ့ လိပ်တဲ့ ဆေးပေါ့လိပ် (ဖက်ကြမ်း) ကိုသောက်သုံးတွေက ဖြစ်ပွားနိုင်ခြေ ပိုများပါတယ် ။ Tobacco မှာ ပါဝင်တဲ့ ဓါတု ပစ္စည်းတွေက သင့်သွေးကြောနံရံတွေ ကို ထိခိုက်စေပါတယ် ။ သူတို့ ကို ရောင် ရမ်းလာစေပါတယ် ။ 

ဘားဂါး ဖြစ်ပွားမှုနှုန်း ဟာ ဆေးလိပ်သောက် မှု များတဲ့ Middle East နဲ့ East မှာ ပိုများပါတယ် ။ သင် ဟာ ဆေးလိပ်သောက်သုံးသူ တစ်ယောက် မဟုတ်ခဲ့ဘူး ဆိုရင်တောင်မှ သင့်မှာ ဘားဂါး ဖြစ်နေပြီ ဆိုရင်တော့ ဆေးလိပ်သောက် သူများ နဲ့ ဝေးဝေးနေ သင့်ပါတယ် ။ 


ဘာကြောင့်လည်း ဆိုတော့ သူတို့ ရဲ့ ဆေးလိပ်ငွေ့ ကလည်း သင့်ကို ထိခိုက်စေ ပါတယ် ။ ဘားဂါး ရဲ့ ရောဂါ လက္ခဏာတွေ ။

၁ ။ ခြေထောက်မှာ နာကျင် လာခြင်းနဲ့ အားနည်း လာခြင်း လက်များ နာကျင်လာခြင်း လက်မောင်းများ နာကျင် လာ ခြင်းနဲ့ အားနည်းလာခြင်း ။
 


Saturday, March 12, 2016

စုံတောမြိုင် { ကိုကျော်ကြီး } Cover

                      

                         မြန်မာပြည် သိန်းတန် ရဲ့  ကျော်ကြားခဲ့ သော  သီချင်းတွေထဲက  သီချင်းကောင်း တစ်ပုဒ်ဖြစ်တဲ့  "  စုံတောမြိုင် "  သီချင်း လေးကို  အမှတ်တရ အနေနဲ့  ပြန်လည် တီးခတ်ထားခြင်း ဖြစ်ပါတယ် ။

                                             ***  ကိုကျော်ကြီး   .......                                 






Friday, March 11, 2016

နားအတွင်း ကို သန့်ရှင်း ဖို့ ၀ါဂွမ်း တံ ကို အသုံးပြုတာက ဆိုးဝါး တဲ့ အကြံဉာဏ်ဖြစ်ဟုဆို

 


နားမှာ အညစ် အကြေးတွေ ပိတ်ဆို့နေတဲ့ အခါ ၀ါဂွမ်းတံ ကို သုံးပြီး သန့်ရှင်း တတ်ကြပါတယ် ဒါပေမယ့် အဲဒီ အချက်က နား ကို ဆိုးဝါးစေပြီး အကြား အာရုံပြသနာတွေ ကို ဖြစ်ပေါ်စေပါတယ်။

နားကြပ်တံတွေ ကို နားထဲ ကို တည့်တဲ့ အခါ ထိပ်ဖူး က အညစ်အကြေးတွေ နဲ့ နားထဲက အဆီတွေကို နားပြွန်က တစ်ဆင့် နားစည်ထဲကို  ကျသွားစေပြီး နားစည်ကို ထိခိုက်စေပါတယ်။ နားထဲက အညစ် အကြေးတွေ များလာ တာက နားစည် ရဲ့အရေပြား ကို မတုန်ခါစေတော့ဘဲ အကြား အာရုံပြသနာတွေဖြစ် လာစေပါတယ်။

“ကျွန်တော်တို့ နားတွေ ကို ကိုယ်တိုင် သန့်ရှင်းဖို့ ဒါတွေ မလိုပါဘူး”လို့ Oxford University ဆေးရုံက တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
 

လူနာ လမ်းညွှန် တစ်ခုမှာတော့ “အကယ် ၍ ၀ါဂွမ်းတံ ဒါမှ မဟုတ် တစ်ခြား အရာတွေက သင့် နားကို သန့်ရှင်းဖို့ သုံးတဲ့အခါ အဲဒါတွေ က နားရဲ့သဘာဝ အလျောက် သန့်ရှင်းတဲ့ စနစ်ကို ထိခိုက်စေပါတယ်။

မျက်လုံး ညောင်းညာမှုတွေ သက်သာစေဖို့






မျက်မှောက်ခေတ် လူနေမှု ပုံစံတွေ အရ တီဗီကြည့်လိုက် ၊ ဖုန်းပွတ် လိုက် နဲ့ နေတတ် တာကြောင့် အိပ်ရေး ပျက် တာတွေ ဖြစ်ပေါ်လာပါတယ်။ အိပ်ရေး ပျက်လာရင်တော့ မျက်လုံးဖောင်းအစ် တာနဲ့ မျက်လုံးညောင်း ညာတာတွေဖြစ်တတ်ပြီး မျက်စိ ကျိန်းစပ် မှုတွေကိုလည်း ခံစား ရတတ်ပါတယ်။
 


ဒီလိုမျိုး မျက်လုံးညောင်းညာ မှုတွေဖြစ်လာရင်တော့ သက်သာအောင် ကုသပေးနိုင်မယ့် နည်းလမ်းတွေကို အခုလိုပဲ ဝေမျှလိုက်ရပါတယ်။
 

(၁) ရေခဲ သေတ္တာထဲ မှာ အေးခဲအောင် သိမ်း ထားတဲ့ လက်ဖက် အိတ်နှစ် အိတ် ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိ လန်းဆန်းပြီး ညောင်းညာ မှု သက်သာသွား ပါလိမ့်မယ်။
 

(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ် ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ် မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိ ကို ရေအေး နဲ့ ဆေးကြော သန့်စင် ပေးပါ။


ပညာ မရှိရင် ဒီ အတိုင်းဖြစ်မှာ ချည်းပဲ { ဆရာ ဦးအောင်သင်း }

 Gaw Na's photo.


ကောင်းပြီ။ ခုနက လွတ်လပ်ရေး က ပညာ မတတ်တဲ့ လူငယ်တွေ လက်ထဲရောက်ခဲ့တယ်။ လူငယ်တွေက ပညာ မတတ်ခဲ့ဘူး လို့ပြောခဲ့တယ်။ ကောင်းပြီ။ လူကြီးတွေ ကရော ဘယ်လောက် ပညာတတ်တုန်း တွက်ကြဦးစို့။ 

အခုပြောမှာ က ဝန်ကြီးတွေ ကို ပြောမှာနော်။ အဲဒီ အထဲမှာ မှ တော်တော် တော်တဲ့ လူတွေလည်း ရှိပါ တယ်။ ဒါပေမဲ့ ကျွန်တော် တို့တိုင်းပြည်မှာ လွတ်လပ်ရေး ရအောင် လုပ်တတ်တယ်၊ တိုက်တတ် တယ်၊ တော်လှန် တတ်တယ်၊ မအုပ်ချုပ် တတ်ဘူး။ 

တိုင်းပြည် ရဲ့အုပ်ချုပ်ရေး တည်ဆောက်မှု ကို မလုပ်တတ်ဘူး။ ဒါ တော်တော်ကြေကွဲ စရာကောင်းတယ်။ ဝန်ကြီး သခင်ချစ်မောင် ဆိုတာကြားဖူး ပါလိမ့်မယ်။ အဲဒီ ဝန်ကြီး သခင်ချစ်မောင် ဆိုတာပြုတ်ပြီး လို့ နှစ်ပေါင်းတော်တော်ကြာတော့ ကျွန်တော်က အဲဒီ အချိန် တက္ကသိုလ် မှာ ဆရာဖြစ်နေပြီ။ 

အဲဒီမှာ တွေ့တော့ ခင်မင် သွားကြတယ်၊ သူနဲ့ကျွန်တော် နဲ့။ တော်တော်လေး ရင်းရ င်းနှီးနှီးပါ။ သူက ဝန်ကြီး မဟုတ်တော့ပါဘူး။ ဝန်ကြီးတွေပြုတ်သွားပြီ ဆိုရင် ကျွန်တော် နဲ့ရင်းနှီးလေ့ ရှိတယ်။ မပြုတ်သေး ခင်တော့ ကျွန်တော် အနားတောင် မကပ်နိုင်ဘူး။ 

သူက တစ်နေ့မှာ ဘာပြောလဲ ဆိုတော့၊ သူက စကားပြောရင် ညောင်နာညောင်နာလေး နဲ့ဗျ၊ အသံ က။ ဦးအောင်သင်းရေ တဲ့၊ ကျွန်တော်တို့က အဲဒီတုန်း က ဝန်ကြီးသာဖြစ်တာ ဘာမှ လုပ်တတ်တဲ့ကောင်တွေ မဟုတ်ဘူး။ 

 နိုင်ငံရေးသာ လုပ်တတ်တာ၊ ဝန်ကြီး တက်လုပ်ခိုင်းတော့ ဝန်ကြီး ဝန်ကြီး ဆိုလို့သာ ကြီးလိုက်ရ တာ၊ ကောင်းကောင်း ကလည်းနားလည်တာ မဟုတ်ဘူး။ အဲဒါ နဲ့ အဲဒီတုန်း က တိုင်းပြည်က ပိုက်ဆံ ကလည်း သိပ်ပေါတယ်ဗျာ တဲ့။

 FE က သိပ်ပေါခဲ့တာ နော်၊ ကိုးရီးယား စစ်ပွဲတွေ ဘာတွေဖြစ်တော့ ဆန်ဈေး သိပ်ကောင်း တော့ ဗမာပြည် ရဲ့ စီးပွားရေး က သိပ်ချမ်းသာ ခဲ့ဖူး တယ် နော်။ ဒီ FE လို့ခေါ်တဲ့ နိုင်ငံခြား သုံးငွေတွေ၊ တစ်ကယ့် ကို ချမ်း သာ ခဲ့တာ။ 

ခင်ဗျား ကိုယ်ပိုင်ကား၊ ဘယ် အချိန် ဘယ် ပစ္စည်း မှာချင် သလဲ၊ နိုင်ငံခြား ကို အချိ မရွေး ဗမာငွေ နဲ့ မှာလို့ ရတယ်။ ဘယ်တော့ မှ ကန့်ကွက်နေလေ့ မရှိဘူး။ မှာချင်တာမှာ။ ဘာပစ္စည်း မဆိုမှာ၊ အဲ့လောက်ချမ်း သာ ခဲ့တာ။ 

ချမ်းသာ ခဲ့တော့ World Bank ပေါ့၊ ကမ္ဘာ့ဘဏ်မှာ ထားတာ။ အဲဒါနဲ့ဗျာ တဲ့၊ တစ်နေ့တော့ ကျုပ်တို့ ဝန်ကြီးတွေ နိုင်ငံခြားလည်း မရောက်ဖူးဘူး၊ သွားကြရအောင် ဆိုပြီး ကျုပ်တို့ဝန်ကြီး အဖွဲ့စုပြီးသွားကြတာ။ 

Thursday, March 10, 2016

Heat Stroke ကို သတိထား

 Jess Parrow's photo.



 လွန်ခဲ့သော ရက်ပိုင်း အတွင်း မှာ အသက် ၂၃ နှစ် အရွယ် လူငယ် တစ်ဦး နေပူပြင်းချိန် တွင် အပြင်မှပြန် လာပြီး ရေခဲသေတ္တာ ထဲက ရေသန့်ဗူး ကို ယူသောက် မိပါတယ်တဲ့ ။

ခဏ အကြာမှာပဲ နုတ်ခမ်းတွေပြာနှမ်း လာပြီး စကားမေးမရ ဖြစ်လာတဲ့ အတွက်ဆေးရုံကို ပို့ဆောင်နေစဉ် မှာပဲသေဆုံး သွား ခဲ့ပါတယ် ။


သူသောက်ခဲ့တဲ့ရေကို စစ်ကြည့်တော့လဲ ရိုးရိုးရေပါပဲ၊ အလောင်း ကို ခွဲစိပ် စစ်ဆေးကြည့်တဲ့ အခါမှာတော့ ဦးနှောက်သွေးကြောပြတ် ပြီးသေဆုံးကြောင်း ဆရာဝန်ကြီးတွေက အတည်ပြု ခဲ့ပါတယ် ။

အခုလို ပူပြင်းတဲ့ ရာသီကိုရောက်တဲ့ အခါမှာ ပြင်းထန်တဲ့နေပူဒဏ် ဟာ အရေပြား ကနေ တစ်ဆင့် ခန္ဓာကိုယ် သွေးကြော ထဲကိုရောက်ရှိ သွားပြီး၊ အပူ အအေး ဆန့််ကျင်ဘက် ဖြစ်စဉ်ပြင်းပြင်း ထန်ထန်ဖြစ်ပေါ် လာတတ် ပါတယ် ။

နေပူထဲက နေ အအေးထဲကို ရုတ်ချည်း ၀င်ရောက်ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်း ၊ အအေးခန်းတွင်း ကနေ ရုတ်တရက် ပူပြင်းတဲ့နေရောင် ထဲကို ထွက်ခြင်းတွေကြောင့် လူ့ ခန္ဓာကိုယ်မှာ အပူ အအေး ရုတ်တရက်ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ် ပြီး Heat Stroke မြန်မာ လို ( အပူရှပ်ခြင်း ) ဖြစ်ပေါ်ပါ တယ်။


ပြည်ထောင်စု လွှတ်တော်တွင် ရွေးချယ် တင်မြှောက်မည့် နေ့ရက်များ




နိုင်ငံတော် သမ္မတ ဂတိ သစ္စာ ပြုပွဲ အပါအဝင်..
ဝန်ကြီးများနှင့် ရှေ့နေချုပ်
စာရင်းစစ်ချုပ် များအား
ပြည်ထောင်စု လွှတ်တော်တွင် ရွေးချယ် တင်မြှောက်မည့် နေ့ရက်များ..။
................................................

နိုင်ငံတော် သမ္မတ တာဝန်နှင့် အစိုးရ တာဝန်များ လွှဲပြောင်းမှု ကို မတ်လ ၁၀ ရက် မှ မတ်လ ၃၁ ရက်နေ့ အထိ အစီအစဉ်များ အတိုင်း ပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တွင် ဒုတိယ သမ္မတ အမည် စာရင်း အဆိုပြုလွှာ ကို မတ်လ ၁၀ ရက် တွင် တင်သွင်းမည်ဖြစ်ပြီး မတ်လ ၁၁ ရက် တွင် အဆိုပြုလွှာ ကို စိစစ်ရေး အဖွဲ့များနှင့် ဌာနဆိုင်ရာ များက အရည် အချင်း ကိုက်ညီမှု ရှိမရှိ စစ်ဆေးမည်ဖြစ်သည်။

မတ်လ ၁၁ ရက် (သို့မဟုတ်) မတ်လ ၁၄ ရက် တစ်ရက်ရက် တွင် ဒုသမ္မတ ရွေးချယ်မည်ဖြစ်ပြီး မတ်လ ၁၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ သမ္မတလောင်း သုံးဦး စာရင်း တင်သွင်းမည်ဖြစ်ကာ စိစစ်ရေး အဖွဲ့က ပြန်လည် စိစစ်မည် ဖြစ်သည်။

မတ်လ ၁၇ - ၁၈ တစ်ရက်ရက် တွင် ပြည်ထောင်စု လွှတ်တော် တွင် လျှို့ဝှက် မဲပေးစနစ်ဖြင့် သမ္မတ၊ ဒုသမ္မတ (၁)နှင့် ဒုသမ္မတ (၂) တို့ကို ရွေးချယ်မည်ဖြစ်သည်။ 

သတင်းကြီးနေသည့် သမ္မတလောင်းများ





သမ္မတလောင်း အမည်စာရင်း များ ကို မတ်လ ၁၀ရက် တွင် တရားဝင် သိရတော့မည် ဖြစ်သည်။ 
အစောပိုင်း တွင် ဒေါ်အောင်ဆန်းစုကြည် က အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေနှင့်တွေ့ဆုံပြီး ထွက်ပေါ်လာသော သတင်းများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ ဆုံပြီး ထွက်ပေါ်လာသော သတင်းများအပေါ် သုံးသပ်၍ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သမ္မတဖြစ်လာမည်ဟု အများစုက မျှော်လင့်ခဲ့ကြသည်။ 

ဒီချုပ်မှ ထိပ်တန်းတာဝန်ရှိသူများ ကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရ မည်ဟု ပြော ကြား ချက်များကြောင့် အခြေခံဥပဒေမှ အကျပ်အတည်းကို ကျော်လွှားကာ ဒေါ်စုသမ္မတဖြစ်လာလိမ့်မည်ဟု သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။

သို့သော် ၅၉ (စ) မပြင်ဆင်နိုင်သော အခြေအနေ တွင် သမ္မတလောင်း ခန့်မှန်းချက်များ တစ်ဖန် ကျယ် ကျယ်ပြန့်ပြန့် ပြန်လည် ထွက်ပေါ်လာခြင်းဖြစ်သည်။ ရွေးကောက်ပွဲ တွင် တောင်ပြို ကမ်းပြို  အနိုင်ရထား သည့် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် သည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစု အဖွဲ့က တင်မြှောက် မည့် ဒုတိယ သမ္မတ တစ်ဦးနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က တင်မြှောက်မည့် ဒုတိယသမ္မတ တစ်ဦး၊ စုစုပေါင်း နှစ်ဦး အထိ တင်မြှောက်ခွင့် ရထားသည်။ 

သို့ဖြစ်၍ ယခုအချိန်သည် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများနှင့် မီဒီယာများ ၏ သမ္မတလောင်း ခန့်မှန်းသံ အကျယ်လောင်ဆုံး အချိန်လည်းဖြစ်သည်။ 

သမ္မတလောင်း သုံးဦး ပေါ်ထွက် လာမည်ဖြစ်ရာ ဖြစ်နိုင်ခြေ အရှိဆုံး လူ သုံးဦးနှင့် ဒုတိယ ဦးစားပေး သုံးဦးတို့ အကြောင်း မိတ်ဆက်ဖော်ပြပေးလိုက်ပါသည်။



Saturday, March 5, 2016

ဆေးဖက်ဝင် ရှောက်သီးနှင့် ရှောက်မြစ် အကြောင်း

 

 

(၁) အုန်းနို့ ခေါက်ဆွဲ၊ ဒံပေါက်၊ မုန့်ဟင်းခါး အ၀ စားမိသည့် အခါတွင် ရှောက်ဖျော် ရည် ကို သောက်ပေးခြင်းဖြင့် သွေး တိုး၊ သွေးတက်၊ အစာမကြေ ခြင်းမှ ပြေပျောက် စေသည်။

(၂) အစာ အဟာရ များ ကို မမှီဝဲ ချင်ဘဲ လေခံနေခြင်း။ လေများ မကြာခဏ ပျို့အန်ခြင်းနှင့် အစာမကြေခြင်း များ ဖြစ်နေ ပါက ရှောက်သီး တစ်စိတ် ကို နုပ်နုပ် စဉ်းကာ ထန်းလျက် တစ်ဆယ်သား ခန့်ဖြင့် ကျကျကျိုပြီး မနက် တစ်ကြိမ်၊ ည တစ်ကြိမ် လက်ဖက်ရည် အကြမ်း ပန်းကန် တစ်ဝက်ခန့် သောက်ပေး ရသည်။

 ပြီးလျှင်  မနက် တစ်ကြိမ်၊ ည တစ်ကြိမ် လက်ဖက်ရည် အကြမ်း ပန်းကန် တစ်ဝက်ခန့် သောက်ပေး ရသည်။ ရင် မရှင်း မလင်း ခြင်းများ၊ အစာမကြေ၊ လေအန် လေဆန် နေခြင်းများ သက်သာ သွားမည်။

(၃) ခန္ဓာကိုယ် ရှိ အကြောများ အခံမရပ် နိုင်အောင် တက်ခြင်း။ အကျိတ် အဖု များထွက်ခြင်း၊ ပြင်းထန်စွာ ထိခိုက်လျက် အတွင်းကြေ ဒဏ်ရာ ရရှိခြင်းများ ဖြစ်ခဲ့လျှင် ရှောက်ရည် တစ်ဆ၊ နနွင်းမှုန့် တစ်ဆ၊ ထုံး တစ်ဆ တို့ကို ရောလျက် မနက် ည တစ်ကြိမ်စီ လိမ်းပေးဖြင့် သက်သာ ပျောက်ကင်းသည်။

(၄) မီးယပ် အဆင်းများလျှင် မှူးဝေတတ်သည်။ ရှောက်သီးနှင့် ထန်းလျက် ရောကာ ကျွေးပေး ရသည်။


အဆင်းရဲဆုံး သမ္မတ များ



    


 နိုင်ငံတစ်နိုင်ငံ တွင် သမ္မတ ၏ အုပ်ချုပ်ရေး စွမ်းရည် သည် အရေးပါသည့် နေရာ၌ ရှိ နေသည်။ ထို့ကြောင့် သမ္မတ များသည် အားလုံး ၏ စံပြ ဖြစ်အောင် ပြုမူနေထိုင်လေ့ ရှိသည်။ ဥရုဂွေး သမ္မတဟောင်း မူဂျီကာ သည် ရ ရှိ သည့် လစာ ၏ (၉၀) ရာခိုင်နှုန်းကို ပြန်လည် လှူဒါန်းခဲ့သည်။ 

အဆောင်အယောင် များနှင့် နေထိုင်လေ့ မရှိဘဲ မော်တော်ကား အစုတ် ကိုသာ စီးလေ့ရှိသည်။ မူဂျီကာ သည် သမ္မတ များ အတွက် စံပြ ဖြစ်ခဲ့ပြီး အဆင်းရဲဆုံး သမ္မတ အဖြစ်လည်း သတ်မှတ် ခံထား ရသည်။ မူဂျီကာ ကဲ့သို့ တာဝန် ထမ်းဆောင် ခဲ့သည့် သမ္မတ များစွာ ရှိခဲ့ပြီး ယင်းတို့ကို အဆင်းရဲဆုံး သမ္မတ များ အဖြစ် ခေါ်ဆို ခဲ့သည်။ 

အဆင်းရဲဆုံး သမ္မတ များ စာရင်း ကို ရရှိသည့် လစာ အပေါ် မူတည် တွက်ချက် ထားခြင်း ဖြစ်သည်။ အဆင်းရဲဆုံး သမ္မတ များကို ဖော်ပြ ရာတွင် အချို့ သမ္မတ များမှာ တာဝန် မှ အနားယူသွားသူ များလည်း ပါဝင်နေမည် ဖြစ်သည်။


၁။ မူဂျီကာ (ဥရုဂွေး )
မူဂျီကာ သည် တစ်လ ကို ဒေါ်လာ (၁၂၀၀၀) ရရှိနေ သော်လည်း ဥရုဂွေး ပြည်သူ များ၏ ပျမ်းမျှ လစာ သည် ဒေါ်လာ (၇၇၅) သာ ရှိသည်။ ထို့ကြောင့် မူဂျီကာ သည် ရရှိသည့် လစာ ၏ (၉၀) ရာခိုင်နှုန်း ကို ပြန် လည် လှူဒါန်းခဲ့သည်။ 

အသေးစား စီးပွားရေး လုပ်ငန်းများ၊ ဆင်းရဲသားများနှင့် လူမှုရေး အဖွဲ့အစည်း များကို အဓိက လှူဒါန်း ခဲ့ခြင်း ဖြစ် သည်။ မူဂျီကာ သည် သမ္မတ တာဝန်ကို ၂၀၁၀ မှ ၂၀၁၅ အထိ ထမ်းဆောင် ခဲ့ပြီး ဘ၀ ကို အရိုးသားဆုံး ဖြတ်သန်း ခဲ့သည်။ 

သမ္မတ အဆောင်အယောင် များကို ရယူခြင်း မရှိဘဲ လယ်တောအိမ် တွင်သာ နေထိုင် ခဲ့သည်။ ဇနီး ဖြစ်သူ မှာလည်း ရောင့်ရဲ တင်းတိမ်သူ ဖြစ်ပြီး  ၁၉၈၇ ထုတ် ဗောက်စ်ဝက် ဂွန်း ကားအစုတ် ကိုသာ အသုံးပြုခဲ့သည်။ 

Thursday, March 3, 2016

ဘိလပ်မြေ မြန်မြန်ခြောက်အောင် ခြောက်ဆေး ၃ ဆ ပိုထည့်သောအခါ

Capture
 



ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန ၏ ခွဲစိတ်စောင့်ကြည့်ဆောင်မှာ တာဝန်ကျနေစဉ် လူအုပ်တစ်စု ၀င်လာ ရာ ၀န်ထမ်းများ က လူနာ တစ်ယောက် ကို လူနာစောင့် တစ်ယောက်ပဲ ၀င်ဖို့ သတိပေးတော့ သူတို့ အားလုံး လူနာတွေဖြစ်ကြောင်းပြော၏။

ရေတွက်လိုက်တော့ စုစုပေါင်း ၈ယောက်။ ထိုနေ့ မနက်ခင်း ဆရာဝန်တွေရော သူနာပြုတွေပါ အားလုံး လှုပ်လှုပ် ရှားဖြစ်သွားကြသည်။ 


ဘယ်လိုတွေဖြစ်ကြတာလဲ ဆိုတော့  … သူတို့ အား…လုံး ဆောက်လုပ်ရေး လုပ်သားများဖြစ်ပြီး ဘိလပ်မြေဖြင့် လမ်း ပလက်ဖောင်း လုပ်ရာတွင် သဲ နဲ့ ဘိလပ်မြေဖျော်စပ် ထားသည့် အထဲ သို့ ဆင်းကာ လမ်းညှိရင်း မှ ဖြစ်လာလေသည်။ 

ယခင်က ထို အဖြစ်မျိုး မဖြစ်ဘူးပေ။ ဘိလပ်မြေ နဲ့ စတင် ထိတွေ့ ပြီး မိနစ်ပိုင်း အတွင်း မှာ ပူစပ်စပ်ဖြစ်လာ သည်။ မခံမရပ်နိုင်ဖြစ်လာလို့  ကန်ထိရိုက် ကိုပြောတော့ မြန်မြန်ခြောက်အောင် ခြောက်ဆေး ၃ ဆရော ထားကြောင်း သိကြရလေသည်။ 

သို့ ပေမယ့် နေ့ စား လုပ်သားတွေမို့  အလုပ်ပြီးမြောက်အောင် သည်းခံအောင့်အီးပြီး ဆက်လုပ်ခဲ့ ရလေ သည်။ လယ်သာ Boot ဘိနပ် အရှည်တွေ ၀တ်ထားကြပေမယ့် လမ်းက မြင့်တဲ့  အတွက် ဘိနပ်ထဲ ကိုပါ ဘိလပ်မြေတွေ ၀င်လာလို့ မတတ်နိုင်ခဲ့ ကြ။ 

အချို့  လုပ်သားများ ဘိနပ်လောက် ငှအောင် မစီးနိုင်ကြပေ။ လမ်းခင်းပြီးတဲ့ အခါ ရေနဲ့ ချက်ချင်းဆေးပေမယ့် အသားတွေ က ပဲ့ ကျ ကုန်ပြီ။ အပြင်ဆေးခန်း မှာ ခေါ်၍ဆေးထည့်သည်ဟု ဆိုသည်။ သူတို့ ၈ ဦး အပြင် အခြား လုပ်သားများလည်း အလားတူ မျို့  ဖြစ်ကြသော်လည်း မပြင်းထန်လို့ နေခဲ့ ကြလေသည်။