Thursday, March 31, 2016

ဘုရား ဆွမ်းတော် ကပ်ရာတွင် နေ့လည် (၁၂) နာရီကျော်တဲ့ အထိ ၊ မစွန့်ပဲ ထားပါက အပြစ်ရှိ / မရှိ



11393164_919379764766912_1030339789833778428_n



ဘုရားရှင် ကိုယ်တော်မြတ်ကြီး က ၀ိကာလ အခါမှာ အစာ စားခြင်း မှ ရှောင်ကြဉ် တာကို လိုလားတော် မူပါတယ်။

ဒါကြောင့် ၁၂-နာရီကျော် တဲ့ အခါ အစာ မစားခြင်းဟာ ဘုရားရှင် ရဲ့အလိုတော်ကျဖြစ်ပါတယ်။
ဆွမ်းတော်ပွဲ ကို ဘုရား အဆောင်မှာ ဘာ အကြောင်းကြောင့်ပဲဖြစ်ဖြစ် ၁၂-နာရီ ကျော်တဲ့ အထိ ထားမယ် ဆိုရင် ဘုရားရှင် အလိုတော်ကျ မဟုတ်တော့ပါဘူး။

ဘုရားရှင် ရဲ့အလိုတော်ကျဖြစ်အောင် နေ့ ၁၂-နာရီ မကျော်ခင် ဆွမ်းတော် စွန့်တာက ပိုမိုကောင်းမွန် ပါလိမ့်မယ်။

ဒါ့ပြင် ဆွမ်းတော် ကို နေ့ ၁၂-နာရီကျော်လွန် လို့  ညနေ အချိန်အထိ ထားမယ် ဆိုရင် ယင်ကောင်တွေ၊ ပုရွက်ဆိတ်တွေ နဲ့ ဘုရားအဆောင် ဟာ ရှုပ်ပွနေတော့မှာပါ။

ဒါဆိုရင်တော့ ဘုရားရှင် ကို အဂါရ၀ မရိုသေရာလဲ ရောက်နေ ပါတယ်။ အကောင်းဆုံး ကတော့ ၁၂ -နာရီ မထိုးမီ အချိန်လေး အထိသာ ထားပြီး ဆွမ်းတော် စွန့်က အကောင်းဆုံးဖြစ်ပါတယ်။

ဒါပေမဲ့ အခက်အခဲ အရ မနက် အစောကြီး အလုပ်သွားရမယ် ဆိုရင်တော့ နေ့ ၁၂-နာရီ အထိ ဆွမ်းကပ်ဖို့က မဖြစ်နိုင်တဲ့ အတွက် အကောင်းဆုံး အနေနဲ့ အကြံပေး ရမယ်ဆိုရင် နံနက် စောစော အိပ်ရာက ထတဲ့ အကျင့် လုပ်ပြီး၊ စောစော ဆွမ်းထချက်လို့ရပါတယ်။


 
ပြီးရင် နံနက် အရုဏ်ဆွမ်း အဖြင့် နံနက် ၆-နာရီလောက် မှာ ဆွမ်းတော် ကပ်ပြီး၊ နံနက် ၆း၃၀-နာရီ သို့မဟုတ် ၇-နာရီလောက် ဆွမ်းတော် စွန့်မယ် ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ဆိုတာ ဖြေ ကြားပေး လိုက်ပါတယ်။


စာရေးသူ- ဦးကောဝိဒ(မြိတ်)
မှတစ်ဆင့်
ဗုဒ္ဓဘာသာဝင် အားလုံး အသိဥာဏ် ပညာ တိုးပွား၍ အကောင်းအဆိုး ခွဲခြားနိုင်စေရန် ရည်သန်၍ တင်ပြအပ်ပါသည် ခင်ဗျာ။


(ကျွန်တော့်၏ Post  များမှ ဓမ္မ တရားတော်များ ကို အများသူငါ ဖတ်ရှုလေ့လာ ကုသိုလ်ပွားနိုင်ရန် အတွက် ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ် ယူနိုင်ကြပါသည် ခင်ဗျာ)

 http://www.myanmarlatestnews.com/archives/105864


No comments:

Post a Comment