Friday, March 18, 2016

နံ့သာဖြူ နှင့် ဆေးဖက် အသုံးဝင်ပုံ

အရှင် သုမင်္ဂလ's photo.


မိတ်ဆွေများ အားလုံး မင်္ဂလာပါ.................


* နံ့သာဖြူ  အကြောင်း တင်ပေးပါ ဆိုတဲ့ မိတ်ဆွေများ အတွက်ပါ ။ကျန်းမာရေး ဗဟုသုတ အဖြစ် ဖတ်မိသမျှ
ကို တစ်ဆင့်ပြန်လည် မျှဝေလိုက်ပါတယ် ။


* မြန်မာ ~ နံ့သာဖြူ  (စန္ဒကူးဖြူ  )
* အင်္ဂလိပ် ~ Sandal Wood
 

* ပေါက်ရောက်ရာဒေသ ~ အိန္ဒိယ (မိုက်ဆိုးနယ်)၊
~ မလေးကျွန်းဆွယ်၊
~ အင်ဒိုနီးရှားနိုင်ငံ၊
~ မြန်မာနိုင်ငံ ၊ ကမ္ဘာအေး လှိုဏ်ဂူ ပတ်ဝန်းကျင် တစ်ဝိုက်၊
~ မေမြို့၊ ပုပ္ပါးတောင်ခြေ၊


* နံ့သာဖြူ   သည် မြန်မာ တိုင်းရင်းဆေးလောက တွင် နံ့သာဖြူ၊  နံ့သာနီ၊ အကျော်၊ စမ္ပာ၊ ကရမက် ဟု နံ့သာ
(၅) မျိုး စာရင်းဝင် အဖိုးတန် အပင်ထွက် ဆေး ပစ္စည်းမျိုး ဖြစ်ပါသည် ။ 


၎င်း အပင်သည် အမြဲ စိမ်းလန်းသော ပင်လတ်မျိုးဖြစ်ပြီး ပေ (၃၀) မှ (၄၀) ထိမြင့်ဧ။် ။ သေးသွယ် ၍ တွဲ ကျသော အကိုင်းအခက် ရှိပြီး အကာသားဖြူ   ဧ။် ။ အနှစ် မှာ အ၀ါရောင် သန်းဧ။် ။ အရွက်သည် (၁.၅)" မှ(၂.၈)" ထိ ရှိပြီး တစ်ခါ တစ်ရံ ရွက်လွှဲ ထွက်ဧ။် ။ အရွက် ချောဧ။် ။ ထူဧ။် ။ လွန်သွား သဏ္ဍာန်ရှိဧ။် ။


* အိန္ဒိယ၊ သီဟိုလ် စသော တိုင်းပြည် များ၌ ဆေးပစ္စည်း အဖြစ် အသုံးပြုကြပြီး မြန်မာပြည် ၌ လည်း ဆေး ဖက်ဝင် ပစ္စည်း အဖြစ်၎င်း၊ အမျိုးသမီး အများစု အသုံးပြုကြသော အမွှေးအကြိုင် နံ့သာ ပစ္စည်း အဖြစ်၎င်း၊ ပန်းပု ဆရာများ က နံ့သာဖြူ    ပုတီး၊ နံ့သာဖြု   ယပ်တောင်၊  အခြား  အနုပညာ လက်ရာ
မြောက် လှပသော လူ့အသုံး အဆောင် ပစ္စည်းများအဖြစ် အမျိုးမျိုး ထုထွင်းကြပါဧ။် ။


* နံ့သာဖြူ  ပင်၏  ပင်စည် မှ ရရှိသော အနှစ်သား သည် အကိုင်း အခက်မှ ရရှိသော အသားထက် ပိုမိုကောင်းမွန် ဧ။်။


{ နံ့သာဖြူကောင်း ဧ။် အင်္ဂါ (၅) ရပ် }
~~~~~~~~~~~~~~~~~~~~~~~~

(၁) အရသာ သည် ခါးသက်ဧ။် ။
(၂) သွေးပါ က အ၀ါရောင် ထွက်ဧ။် ။
(၃) ဖြတ်သော ထိပ်ဝ ၌ အနီရောင် သန်းဧ။် ။
(၄) အတုံးလိုက်ကြည့်လျှင် အပြင်ဘက် အသားဖြူနေဧ။် ။
(၅) အတုံး တွင် အဖုအထစ်နှင့် အခေါင်းပေါက်များ ပါရှိရမည်။ ထို လက္ခဏာ (၅) ရပ်နှင့် ပြည့်စုံသော
နံ့သာဖြူ  သည် အကောင်းဆုံးဖြစ်ပါဧ။် ။



{ ဂုဏ် နှင့် စွမ်းရည် }
* မြန်မာဆေးကျမ်းများ အလိုအရ နံ့သာဖြူ  သည် ခါးဧ။်။ အေးဧ။် ။ ၀ိပါက ၌ စပ်ဧ။် ။ ကြေကျက်လွယ်ဧ။် ။ လူကို နှစ်သက်စေဧ။် ။ နှလုံး ကို အကျိုးပြုဧ။် ။ အသား အရေ ကောင်းစေဧ။် ။ သလိပ် သည်းခြေ ကို နိုင်ဧ။် ။ အဆိပ်၊ ရေငတ်၊ သွေးအန်၊ သွေးကျ၊ အပူရောဂါ စသည်တို့ကို ပျောက်ကင်းစေဧ။် ။

{ ဆေးဖက် အသုံးဝင်ပုံ }
~~~~~~~~~~~~~~~
~ အပူအားကြီးသောရောဂါ ~

ဖျား ၍ အပူရှိန် အားကြီးခြင်း၊ ကိုယ်သား ကိုယ်ရေ ပူလောင်ခြင်း စသော အပူလွန်ရောဂါများ အတွက် နံ့သာဖြူ   နှင့် ပရုပ်  ကိုသွေး  ၍ ဦးခေါင်း၌  လိမ်းပေးပါ။ အပူအခိုး များ ထွက်သွားပါလိမ့်မည်။

~ ယားယံခြင်း အတွက် ~
နံ့သာဆီ နှင့် သံပုရာရည် ဖျော်၍ လူးပေးပါ။

~ ဆီးအောင့်ခြင်း၊ ၀မ်းသွားခြင်း အတွက် ~
ဆန်ဆေးရည်နှင့် နံ့သာဖြူသွေး ၍ ပျားရည်၊ သကြား အသင့် အတင့် ရောစပ်၍ သောက်ပေးပါ။

~ ဒက်ပေါက်ခြင်း အတွက် ~
ကလေးများခေါင်း ၌ အပူလွန်၍ ဒက်ပေါက်ခြင်း၊ အနာစက်များပေါက်ခြင်း အတွက် နံ့သာဖြူ  ကို နှင်းဆီရည်
နှင့်သွေး ၍ နံနံစေ့၊ မြက်မွှေး အနည်းငယ်ရော၍ လိမ်းပေး ပါက ပျောက်ကင်း ပါဧ။် ။
(တစ်နည်း) နံ့သာဖြူ  တစ်မျိုးတည်း လိမ်းနိုင် ပါဧ။် ။


~ အပူလွန်ခြင်း၊ ကြို့ထိုးခြင်း အတွက် ~
ဆန်ဆေးရည်နှင့် နံ့သာဖြူရောသွေး။ သကြား ခဲနှင့် ရော၍သောက် ပါက ပျောက်ကင်းနိုင်ဧ။် ။

~ ခေါင်းကိုက်လျှင် ~
နံ့သာဖြူ  ကို ဓားဖြင့် အနည်းငယ်ခြစ်ယူ။ ရရှိသော အမှုန့် နှင့် နံနွင်းမှုန့် ကို မီးတွင် ထည့်၍ ထို အငွေ့ကို ရှူပေးပါ။ ခေါင်းကိုက်ခြင်း သက်သာပျောက်ကင်းစေပါသည်။

~ ကိုယ်ပူ၊ ချွဲပူ ကျစေရန် ~
ကွမ်းရွက်နှင့် ခွေးသေးပန်းရွက် လက်တွင်း တစ်ဆုပ်ခန့် အားထုထောင်းပါ ၊ ယင်း သတ္တုရည် ထဲသို့ ဆား အနည်းငယ် နှင့် နံ့သာဖြူ   မကျည်းစေ့  တစ်စေ့ စာခန့် ပျစ်ပျစ်သွေး၍ ထည့်။ စတီးခွက်သေး ( သို့) ကြွေဇွန်း တွင် ထည့်။ မီးခဲ(သို့) ဖယောင်းတိုင် မီးဖြင့် အနည်းငယ် ဆူပွက် လာအောင် မီးအပူပေးပါ။ 

ထို သတ္တုရည်နွေးနွေး အား လူကြီး( သို့) ကလေး အား တစ်နေ့ (၃) ကြိမ်တိုက်ပေးပါက ကိုယ်ပူ၊ ချွဲ ပူ ကျစေ ပါဧ။် ။ (မှတ်ချက်) ကျွန်မ တို့ ကလေး ဘ၀ မှ ယနေ့ထိ အသုံးပြုလျှက် ရှိသော မိသားစု အိမ်သုံးဆေးနည်း။

{ ညွှန်း } ~ မြန်မာ့ဆေးဝါး ပင်များ ။

အရှင် နာဂသိန် ပုံပြဆေး အဘိဓာန်
( ဒုတိယတွဲ)

ဦးလှခင်(ဆန်းညွန့်ဦး)
ရွက်၊ခေါက်၊မြစ်၊သီး ဆေးနည်း (၁၀၀၀) ဆေးစာအုပ်များ မှ ကူးယူဖော်ပြပါသည်။



Crefit to >>Nandar Myint
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
မျိုးချစ်သူ(မြောက်လူးကန်ရွာ) - ပခုက္ကူ)



 အရှင် သုမင်္ဂလ

No comments:

Post a Comment