Tuesday, March 22, 2016

အလွန် အကျူး စားသုံးခြင်း ကို ကာကွယ်ပေးမည့် လည်ဆွဲ ဖန်တီး


မြ၀တီ's photo.
အမေရိကန်နိုင်ငံ ဘတ်ဖဲလိုး ကွန်ပျူတာ သိပ္ပံ မှ ပညာရှင်များသည် အစားအသောက် အလွန်အကျူး စားသုံးခြင်း ကို ကာကွယ်ပေးမည့် လည်ဆွဲ ကို ဖန်တီးလျက် ရှိကြောင်း Zdnet သတင်းဌာန ကဖော်ပြ ထား သည်။

Auto Dietary ဟု အမည်ပေးထားသော အဆိုပါ လည်ဆွဲ တွင် မိုက်ခရိုဖုန်း များ ထည့်သွင်း တည်ဆောက် ထား ကာ အစားအစာ စားသုံးခြင်း၊ အရည်သောက်ခြင်း များ ပြုလုပ်စဉ် ထွက်ပေါ်လာသည့် အသံကို ဖမ်းယူ ကာ အစားအစာ စားသုံးမှု အခြေအနေ ကို အဆုံး အဖြတ် ပေးသွားမည်ဖြစ်သည်။ 

ဖမ်းယူ ရရှိသော အသံ များကို မိုဘိုင်းလ်ဖုန်း အတွင်း ၌ ထည့်သွင်း ထားသည့် Application ထံသို့ ပေးပို့ကာ အဆုံး အဖြတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ 

ခန္ဓာကိုယ် အလေးချိန် ကို Application အတွင်း ထည့်သွင်းပေး ထားရမည်ဖြစ်ကာ ခန္ဓာကိုယ် အလေးချိန် ထက် ပိုသော စားသုံးမှု ပြုလုပ်ခြင်း၊ စားသင့် သည့် ပမာဏထက် ပိုသော စားသုံးခြင်း များ ပြုလုပ်မိ ပါက လည်ဆွဲ တွင် တပ်ဆင်ထားသော Vibration ဖြင့် သတိပေးမည်ဖြစ်သည့် အပြင် အသံဖြင့်လည်း သတိ ပေး မှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 



ခန္ဓာကိုယ် အလေးချိန် မတက် လိုသူများ၊ ခန္ဓာကိုယ် အလေးချိန် လျှော့ချလို သူများ အတွက် ရည်ရွယ်ကာ လည်ဆွဲ ကို ဖန်တီးနေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အစားအစာ စားသုံးမှုနှင့် ပတ်သက်၍ အဆုံး အဖြတ် ပေးရာတွင် ၈၅ ရာခိုင်နှုန်းခန့် မှန်ကန်ကြောင်း တွေ့ရှိထားသည်။

ယခုနှစ် နှစ်ကုန်ပိုင်းတွင် ရာနှုန်းပြည့် အသုံးပြုနိုင်သည့် အနေ အထားရောက်ရှိအောင် ဖန်တီးနိုင်မည် ဟု လည်း တီထွင်သူ အဖွဲ့က အတည်ပြုထားသည်။


 မြ၀တီ
 

No comments:

Post a Comment