Saturday, March 26, 2016

ဖောက်သည် တိုးပွားစေနိုင်သည့် ဖုန်းရွှေ အဆောင် ကြေးမုံ

ဖောက်သည်တိုးပွားစေနိုင်သည့် ဖုန်းရွှေအဆောင် ကြေးမုံ


ဖုန်းရွှေ အဆောင်ကြေးမုံ သည် သင့် ဘ၀ တွင် ရောင်ပြန်ဟပ်မိ သည့် မည်သည့် အရာ ကို မဆို ၂ ဆ တိုးစေနိုင် ပါသည်။ သင့် ကိုယ်တိုင် မည်သည့် အရာကို ၂ ဆတိုး စေချင်သလဲ ဟု ကိုယ်တိုင်မေးကြည့်ပါ။
 

သို့မဟုတ် သင့် အရောင်းအ၀ယ် ၂ ဆ တက်စေပြီး ဖောက်သည် တိုးပွားစေလိုပါ သလား သို့မဟုတ် ရတနာရွှေငွေ ပစ္စည်း ဥစ်္စာ တိုးပွားများပြားစေချင်ပါသလား။ သင့် အနေဖြင့် ဖုန်းရွှေ ကြေးမုံပြင်ကို အသုံးပြုပြီး သင့် ဘ၀က မည်သည့် အရာ မဆို ရောင်ပြန်ဟပ်စေခြင်းဖြင့် တိုးတက် ပွားများစေနိုင်ပါသည်။
 

အိမ်အတွင်း က နေရာလွတ်များ ကြည့်လိုက်လျှင် ပိုမိုကြီးမား ကျယ်ပြန့်လာ အောင် မည်ကဲ့သို့ လုပ်ရ မည် နည်း ဟု အိမ်တွင်း အလှဆင် သည့် ဒီဇိုင်နာကောင်း များကို မေးကြည့်ပါ။ ကြေးမုံပြင်များ ကို အသုံးပြုပါဟု အမြဲ တမ်းပြန်ဖြေသည်ကို တွေ့ရှိ ရပါလိမ့်မည်။ 

အဘယ်ကြောင့်ဆိုသော် ကြေးမုံပြင်များ သည် နေရာလွတ်များ ၂ ဆ ရရှိအောင် ပြုလုပ်ပေးနိုင်မည်ဟု ခံ စားစေနိုင်ပါသည်။



ဖောက်သည်တိုးပွားစေနိုင်သည့် ဖုန်းရွှေအဆောင် ကြေးမုံ


ဆိုင် အတွင်း၌
ဤကဲ့သို့ ဆိုလျှင် မည်သည့် ဖုန်းရွှေ အကြံပေးကို မဆို အရောင်း သွက်၍ စီးပွား ကောင်းမွန်အောင် မည်ကဲ့ သို့ လုပ်ဆောင် ရမည်နည်း ဟု မေးကြည့်လျှင် ကြေးမုံပြင် ကို အသုံးပြုပါဟု အမြဲပြန်ဖြေကြပါလိမ့်မည်။ 


ဥပမာ အားဖြင့် သင်သည် ဆိုင်အတွင်း အရောင်းသွက်စေချင်လျှင် သင်၏ ငွေပေး ငွေယူပြု လုပ် သည့် ကောင်တာ စားပွဲကို ကြေးမုံရိပ်ရောင်ပြန်ထင်ဟပ်အောင် ပြု လုပ်ပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် စီးပွား ၂ ဆ တိုးစေခြင်း ၏ အမှတ်လက္ခဏာ ပင် ဖြစ်သည်။




အကယ်၍ သင့် ဆိုင်သည် ကမ်္ဘာ့စီးပွား ရေး တိုးတက်နှေးကွေးခြင်းကြောင့် အရောင်း ကျဆင်းသည့် ဒဏ် ခံနေရသည် ဆိုပါက ဖုန်းရွှေကြေးမုံ အဆောင် ကို အသုံးပြုပြီး အရောင်း တက်အောင် ပြုလုပ်နိုင်ပါသည်။
 

သင့် အနေဖြင့် ဆိုင် အ၀င်ဝ ကြမ်းပြင် ကနေ မျက်နှာကျက် အထိ ကြေးမုံပြင်တစ် ချပ်ထား ကာ ရောင်ပြန် ဟပ်စေခြင်း အားဖြင့် ဖောက်သည် ၂ ဆ တိုးတက် ရရှိစေနိုင် ပါသည်။ ထို အစီအရင် သည် လက်လီ အရောင်း ဆိုင်များ အတွက် ဖောက်သည် အသစ်များ ကို ဆွဲဆောင်နိုင်ပါသည်။ ထို့အတူ ဆိုင် အတွင်း ပိုင်း၌ ဖုန်းရွှေကြေးမုံ အစီအရင် ကို ထားရှိ မည် ဆိုလျှင် စင်တွေပေါ်တွင် ခင်းကျင်း ထားသည့် ကုန်ပစ်္စည်းများကို  ၂ ဆ ရောင်းအား တက်စေပါသည်။



ဖောက်သည်တိုးပွားစေနိုင်သည့် ဖုန်းရွှေအဆောင် ကြေးမုံ


ထမင်းစားခန်းနှင့် ဧည့်ခန်း ထဲတွင်
အိမ်များ တွင် ဖုန်းရွှေကြေးမုံ အဆောင် ထားမည် ဆိုလျှင် အိမ် ၏ ဧည့်ခန်းနှင့် ထမင်းစားခန်း များသည် အကောင်းဆုံးနေရာ များဖြစ်ပါသည်။ ထမင်း စားပွဲပေါ် ဖုန်းရွှေ ကြေးမုံရောင်ပြန် ဟပ်စေခြင်းသည် စားရေး၊ ရိက်္ခာ အလျှံပယ်ဖြစ်ခြင်းနှင့် ဓနဥစ်္စာ ၂ ဆ တိုးတက်စေခြင်း၏ နိမိတ်ပုံပင်ဖြစ်ပါ သည်။ 


ထို့ကြောင့် သင့် အိမ်က အမှိုက်ပုံး နှင့် ညစ်ပတ်နေသည့် ရေမြောင်းများ အပေါ် ဖုန်းရွှေကြေးမုံပြင် အရိပ် မကျရောက်စေရန် သတိပြုရပါမည်။ အကယ်၍ သင့်အိမ် အပြင် ဘက်က မြင်ကွင်း များသည် ကောင်းမွန်စွာ ရှိမနေလျှင် လိုက်ကာ များကို အသုံးပြုပြီး ပြင်ပမြင်ကွင်း ကို ပိတ်ဆို့ထားရပါမည်။

အကယ်၍ သင့် နံရံကြေးမုံတွင် ပြင်ပ က မြစ်တစ်စင်း ၏ မြင်ကွင်း သို့မဟုတ်၊ သန်စွမ်းဖြစ်ထွန်းနေသည့် အပင် (သို့မဟုတ်) တောင်ကုန်း စသည့် မြင်ကွင်း ပုံရိပ်များ ရောင်ပြန်နေသည် ဆိုရင်လျှင် ကောင်းမွန် သည့် စွမ်းအား များ ဖြစ်ပေါ်စေမည်ဖြစ်ပါ သည်။ 


သစ်ပင်မြင်ကွင်း သည် စွမ်းအားများ တိုးတက်စေပြီး တောင်ကုန်းမြင်ကွင်းသည် ကောင်းမွန်သည့် ဆက်ဆံရေး ကို ဖြစ်ထွန်း စေနိုင်ပါသည်။ ရေ ပုံရိပ်မြင်ကွင်း သည် ပိုင်ဆိုင်မှုများကို တိုးပွားစေနိုင်ပါသည်။
 

အိမ် ၏ ဧည့်ခန်းတွင်း မိသားစု ဆုံတွေ့ လေ့ ရှိသည့်နေရာ သို့မဟုတ် ပျော်ပွဲရွှင်ပွဲ ကျင်းပလေ့ရှိ သည့် နေရာ ၌ ကြေးမုံပြင် ချိတ်ဆွဲ ထားခြင်းဖြင့် ဧည့်ခန်းတွင်း က မိသားစုဝင်များ ၂ ဆ တိုးပွားစေနိုင် သလို ပျော်ရွှင်မြူး တူး သည့် ချီ စွမ်းအားများ ကိန်းဝပ်နေစေမည် ဖြစ်ပါသည်။


ဖောက်သည်တိုးပွားစေနိုင်သည့် ဖုန်းရွှေအဆောင် ကြေးမုံ


အိပ်ခန်း အတွင်းတွင်
အကယ်၍ သင်သည် တစ်ကိုယ်တည်း နေရသူ ဆိုလျှင် သင့် အိပ်ခန်းထဲက ကြေးမုံ ပြင်မှာ သင့် အိပ်ယာ၏ ပုံရိပ်ရောင်ပြန်ဟပ် နေခြင်းသည် သင့် ၏ အထီးကျန်မှုကို ပိုမို ဖြစ်ပေါ်စေပါသည်။ အကယ်၍ သင့် သည် အိမ်ထောင်ပြုပြီးသား ဖြစ်ခဲ့လျှင် ထိုသို့ ရောင်ပြန်ဟပ်နေခြင်း က သင့် ၏ အချစ်များကို ၂ ဆ တိုးစေမည် မဟုတ်ဘဲ သင့် ၏ အိမ်ထောင်ရေး အတွင်း တတိယ လူ ပေါ်ပေါက်လာပြီး ယုံကြည်မှု ပျက်ပြား စေပါသည်။ 


အိပ်ခန်း ထဲတွင် ကြေးမုံပြင် မထားခြင်း သည် အကောင်းဆုံးပင်ဖြစ်ပါ သည်။ သို့မဟုတ် သင့် အနေဖြင့် ရွေးချယ် စရာ မရှိ ခဲ့လျှင် ညဘက် အချိန် များတွင် ကြေးမုံပြင်ကို ဖုံးအုပ် ထားသင့်ပါသည်။


ဖောက်သည်တိုးပွားစေနိုင်သည့် ဖုန်းရွှေအဆောင် ကြေးမုံ


ရေချိုးခန်းနှင့် မီးဖိုချောင် အတွင်းတွင်
အိမ်သာ အတွင်းတွင် ကြေးမုံပြင် ထားရှိ ပြီး အိမ်သာခုံ များကို ရောင်ပြန် ဟပ်စေခြင်း မဖြစ်စေသင့်ပါ။ ထို့အတူ သတင်းစာ အဟောင်း များ၊ ဘီလ် စာရွက် အဟောင်း များကိုလည်း ရောင်ပြန် မဟပ်စေသင့်ပါ။ 


ထို့ အတူ မီးဖိုခန်း အတွင်း ကြေးမုံ ထားရှိ ခြင်းသည် အပူမီး ၂ ဆ တိုးစေပါသည်။
 


သင့်ကြေးမုံပြင် တွင် မည်သည့် အခါမျှ ရောင်ပြန်ဟပ် မထင်စေသင့် သည့် အရာ ၁၀ မျိုး
 

- တံခါးများ နဲ့ ပြတင်းပေါက်များ
- အိပ်ယာ
- အိမ်သာခုံ
- မီးဖိုချောင် သုံးပစ်္စည်းများ
- နောက်ထပ်ကြေးမုံ ပြင် တစ်ချပ်
- ရှုပ်ပွနေသည့် ပစ်္စည်း များ
- ညစ်ပတ်နေသည့် ရေမြောင်းများ
- အဆိပ်လူးမြှားများ သို့မဟုတ် ပရိ ဘောဂ များ၏ ချွန်ထက်နေသည့် ထောင့် များ သို့မဟုတ် နံရံ
- သင့် ၏ ပျက်စီးနေသည့် ဓာတ်ပုံများ
- ခေါင်း မပါသည့် ရှည်လျား သည့် အရာ ၀တ်္ထုများ




ဖောက်သည်တိုးပွားစေနိုင်သည့် ဖုန်းရွှေအဆောင် ကြေးမုံ


မှားယွင်းနေသည့် ထောင့်ချိုးများ
သင့်အိမ် အတွင်းက မှားယွင်းနေသည့် ထောင့်ချိုး များသည် ကြေးမုံပြင် ကျိန်စာ ဖြစ်ပေါ်လာနိုင်ပါ သည်။ အိမ် အတွင်းက ထောင့်ချိုး များသည် မှီတင်းနေထိုင်နေသူ များ အတွက် ပြိုင်ဘက်ကင်း သည့် ကံများ ရှိနေ ပါသည်။ 


ဥပမာ .. အားဖြင့် သင့်အိမ် အရှေ့ဘက် ထောင့်ချိုး သည် မှားယွင်းနေပါ က စည်းစိမ် ချမ်းသာ များ စုဆောင်းနိုင် ရန် ခဲယဉ်းပါသည်။ အနောက်တောင်ထောင့် ချိုးမှားယွင်းနေပါ က သင့် အနေဖြင့် စိတ် သဘောတူ အိမ်ထောင်ဘက် ရရှိရန်ခဲယဉ်း ပြီး အိမ်တွင်း ဆက်ဆံရေးမှာ စိတ်ကျေနပ် မှုရစေနိုင်မည် မဟုတ်ပါ။  

မှားယွင်း နေသည့် ထောင့်ချိုး တစ်ခုသည် သင့် အလုပ် အကိုင်နှင့် အသက်မွေး ၀မ်းကျောင်း တွင် မပျော် ရွှင်မှုဖြစ်စေနိုင်ပါသည်။


ကြေးမုံပြင် သည် မှားယွင်းနေသည့် ထောင့်ချိုး များက နေရာလွတ် များကို ၂ ဆဖြစ်ပေါ်စေပါ သည်။ ကြေး မုံပြင်ပေါ် တွင် အိပ်ယာ သို့မဟုတ် မည်သည့် တံခါးပေါက် မျှ ရောင်ပြန်ဟပ်ခြင်း မဖြစ်ပေါ်စေရန် သေချာ စွာပြု လုပ် ထားပါ။ 


အိမ်သာနှင့် မီးဖို ချောင် အရိပ်များ ကြေးမုံပြင်ပေါ်တွင် မပေါ်ပါစေနှင့်။ တံခါးမကြီး ၏ ပုံရိပ်ကြေး မုံ ပြင်ပေါ်ပေါ်ခြင်း သည် ချီ စွမ်းအားများကို နောက်ပြန်လှည့်စေပါသည်။ သင့်အိမ် အခန်း ကျဉ်း ကလေး က မကောင်းသည့် စွမ်းအင်များ မသက်ရောက်စေရန် အတွက် နေရာလွတ် အကျယ် ရရှိအောင် ကြေးမုံပြင် ကို အသုံးပြု နိုင်သော်လည်း တံခါး အရိပ်များ မကျရောက် အောင် ပြုလုပ် ထားသင့်ပါသည်။ ၊



ဖောက်သည်တိုးပွားစေနိုင်သည့် ဖုန်းရွှေအဆောင် ကြေးမုံ 




ဘုန်းမင်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
 

Credit: iMyanmarHouse.com
 http://www.imyanmarhouse.com/feng-shui-view?id=429

No comments:

Post a Comment