Tuesday, March 22, 2016

အယ်နီညို အတွက် ပြင်ဆင်သည့် အနေဖြင့် သင်္ကြန် ကို တစ်ရက် ၉ နာရီ သာ ရေ ကစားခွင့်ပြုမည်


မဟာအတာသင်္ကြန်တွင် ပျော်ရွှင်စွာ ရေကစားနေသော ရေပတ်ခံ ကားတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)


သင်္ကြန် တွင် ယခင် နှစ်များက ပုံမှန်ရေကစား ချိန်ကို တစ်ရက်လျှင် ၁၁ နာရီ ခွင့် ပြုခဲ့ ရာမှ ယခုနှစ်တွင် တစ်ရက် လျှင် ကိုးနာရီ သာ ရေ  ကစားခွင့် ရရှိမည်ဖြစ်သည် ။

 ယခင်ကရေကစား ချိန် ကို နံနက် ၇ နာရီ မှ မွန်းတည့်  ၁၂ နာရီ အထိ ၊ မွန်းလွဲ ၂ နာရီ မှ ညနေ ၆ နာရီ အထိ သတ်မှတ်ထားရာ မှ ယခုနှစ် တွင် သင်္ကြန် မဏ္ဍပ်များ ၌ ရေကစားချိန် ကို နံနက် ၈ နာရီ မှ မွန်းတည့်  ၁၂ နာရီ ၊ ညနေ ၃ နာရီ မှ  ညနေ ၆ နာရီ အထိ ပြောင်း လဲမည်ဖြစ် ကြောင်း  ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့် ရှင်းမှု ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သင်္ကြန် ကာလ တွင် ထိုကဲ့သို့ မြို့ နယ်များ ကို ရေပေးဝေမှု အချိန်များနှင့်  ရေကစားချိန် လျှော့ချခြင်း တို့မှာ အယ်လ်နီညို  ရာသီဥတု အတွက် ပြင်ဆင်ခြင်းဖြစ်ပြီး သင်္ကြန် အပြီးတွင် ရေပြန်လည် သိုလှောင် ရေး ကိစ္စ များ ကိုလျင် မြန်စွာပြုလုပ်မည်ဖြစ်ကြောင်း၊ ရေကစား နိုင်ရန် ရေလှောင်ကန်များ ရှိ ရေ ပမာဏကို ယခင်နှစ် များက ထက် ပိုမို သိုလှောင်ထားပြီး လှော်ကား၊ ဂျိုးဖြူရေ နှင့်  ဖူးကြီး ရေလှောင်ကန် တို့၌ ၂၀၁၅ ခုနှစ်က ထက် ရေ ပမာဏ ၅ လက်မ ခန့်  ပိုမို သိုလှောင်ထားကြောင်း သိရသည်။


 
ယခုနှစ် သင်္ကြန် ကာလတွင် ရန်ကုန်မြို့ တွင်း ရှိ မြို့နယ် များသို့  ပုံမှန်ရေပေးဝေနေ ကျ အချိန် ထက် လျှော့ ၍ရေပေးဝေမည်ဖြစ် ပြီး တစ်ခြားမြို့နယ် များသို့ လည်း ယခင်နှစ်များ ကထက် တစ်နာရီလျှော့ ချ ၍ ရေပေးဝေ သွား မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ တွင်း မြို့နယ် များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်း မတော်၊ ဗဟန်းနှင့်  ဒဂုံမြို့နယ် တို့ ကို နံနက် ၈ နာရီ မှ ၁၁ နာရီ အထိ၊ ညနေ ၃ နာရီ မှ  ၆ နာရီ အထိ ပုံမှန်ရေပေးဝေနေကျ အချိန် ထက်လျှော့ချ၍ ပေးဝေမည်ဖြစ်ပြီး အလုံ၊ ကြည့်မြင်တိုင် နှင့်  စမ်းချောင်းမြို့နယ် တို့ကို နံနက် ၈ နာရီမှ ၁၀ နာရီ အထိသာ ရေပေး ဝေမည်ဖြစ်ကြောင်း ၎င်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။  

(Xinhua)
 http://www.searchmyanmar.com/link/frame/cid/57468


No comments:

Post a Comment